Friday, December 18, 2009

ကလေးဘဝ အမှတ်တရလေးများ

27
စိုင်းထီဆိုင် ဆိုခဲ့သီချင်းလေး နားထောင်ရင်း ငယ်ငယ်က ကလေးဘဝကို ပြန်လည် အမှတ်ရနေမိတယ်ဗျာ...။ သီချင်းစာသားထဲကလိုပဲ ငယ်စဉ်က ကလေးလေးဘဝမှာ အပူအပင်ကင်းကင်းနဲ့ အိပ်ချိန်တန်အိပ်၊ စားချိန်တန်စား၊ ကစားချိန်တန် ကစားခဲ့တာလေးတွေ ပြန်စဉ်းစာတိုင်း လွမ်းမောမိသလို၊ ပြုံးစရာလဲ ကောင်းခဲ့ပါတယ်။ တကယ်လဲ လွမ်းမောတမ်းတ စရာပါပဲ၊ ငယ်ဘဝမှာ ဘာအပူအပင်မှ မရှိခဲ့သလောက် အရွယ်ကြီးပြင်းလာတာနဲ့ အမျှ ပူပင်သောကတွေ၊ လိုလောဘတွေ၊ ချစ်ခြင်း၊မုန်းခြင်း စတာတွေကြီးစိုးလာပြီး ဖြူစင်နေတဲ့ ဘဝလေးဟာ အရောင်တွေ စွန်းထင်းလာပါတယ်။

Sunday, December 13, 2009

အမောင်သတို့သားနှင့် စကားပုံ

24
လူမျိုးခြားတွေမှာတော့ မသိဘူး၊ ကျနော်တို့ မြန်မာမှာတော့ စကားပုံတွေ အများကြီးပဲ၊ ဒီစကားပုံတွေကို ဘယ်သူက ဘယ်လို စထွင်ခဲ့သလဲဆိုတာတော့ သေချာမသိပါဘူး။ ကျနော်သိသလောက်ကတော့ စလေဦးပုညက စတာလို့ ထင်ပါတယ်၊ သူ့စာတွေ ဖတ်ကြည့်တာမှာ ခိုင်းနှိုင်းတင်ပြထားတာလေးတွေ တွေ့မိလို့ပါပဲ။ ကျနော်စဉ်းစားမိတယ် ဒီလိုဘာကြောင့် သုံးကြသလဲဆိုတာကိုပေါ့ .......။
ကျနော့်အထင်ပေါ့လေ တဖက်လူ နားလည်လွယ်အောင်၊ မှတ်မိလွယ်အောင်လို့ ပြောဆိုကြတာလို့ ထင်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပဲလေ တချို့လူတွေက လည်မလိုလိုနဲ့အူတူတူ တွေလေ၊ ပြီးတော့ အဲဒီလို ခိုင်းနှိုင်းပြောဆိုလိုက်မှ သိကြမြင်ကြတာ ဆိုတော့ မခက်ဘူးလား။

Thursday, December 10, 2009

ဂွင်(ခွင်)

20
ဘယ်ကနေ၊ ဘယ်လိုစပြော ရမှန်းတောင် မသိတော့ဘူး။ ကိုယ့်ဘလော့တောင် ကိုယ်မလာနိုင်တဲ့ ၁လကျော်မှာ အတော်လေးတိုင်ပါတ် သွားတာကနေ စပြောမှပဲ လိမ့်ပါတ်လည်မယ်ထင်တယ်။
ဒီလိုပါ လွန်ခဲ့တဲ့ တလလောက်က ကျနော့်ရဲ့ စက်အကြီးက ဗီဒီယိုကဒ်(vag) ဂန့်သွားပါတယ်။ အဲဒါဖြစ်တာ မသိဘူး၊ ဗိုင်းရပ်ပဲ ထင်ပြီး စကန်ပဲ လှိမ့်ဖတ်တာပေါ့။ အဲလိုနဲ့ အပြစ်လိုက်ရှာတာ တပါတ်လောက်ကို ကြာသွားတယ်။ ကိုယ့်ရှိတဲ့ စက်အသေးနဲ့ ဘလော့တွေ လိုက်လည်၊ စာလေးဘာလေး ရေးရင်တော့ ရပါရဲ့ ဒါပေမဲ့ စက်ကြီးက ဝက်ဆိုဒ်တွေ လျှောက်လည်တာ၊ ရုပ်ရှင်တွေ ဒေါင်းတာ၊ ဂိမ်းဆော့တာ စသည်ဖြင့်ပေါ့ သွက်သွက်လက်လက် အလုပ် လုပ်တယ်လေ။ ဒီတော့ စက်ကြီးကိုပဲ ပိုကြိုက်တယ်။ ကျနော့်အကျင့်ကလဲ မရ၊ ရအောင်လုပ်တတ်တဲ့ အကျင့်ကလဲ ရှိတယ်။ ဒီဟာက အကြောင်းတချက် ပဲဆိုပါတော့။

Saturday, December 05, 2009

သေခြင်းရဲ့ အခြားတဖက်

27
ရေးမယ်..ရေးမယ်နဲ့ ဘယ်ကစရေးရမှန်း မသိဘူးဖြစ်နေတယ်။ ဘယ်လိုမှယုံကြည်နိုင်စရာ အကြောင်းမရှိတဲ့ ကိစ္စတစ်ခုက ကျတော့ကို ယနေ့အထိ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးထင်နေဆဲပါပဲ။ တကယ်လည်း မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မယုံကြည်ချင်သော်လည်း ပြောင်းလဲလို့မရတဲ့ အမှန်တရားတစ်ခု။ သူနဲ့ မတွေ့တာကြာလို့ SMS ပို့ကြည့်တော့ တဖက်က ပြန်ဖုန်းဆက်လာတာနဲ့ ဖုန်းဖြေလိုက်တော့မှ တဖက်က ဒီဖုန်းနံပါတ်ပိုင်ရှင် မဟုတ်တဲ့သူ တစ်ယောက်က ပြန်ဖြေတော့ ဖုန်းများ ပြောင်းသွားသလားလို့ ထင်မိပါသေးတယ်။

Thursday, October 22, 2009

ပီယဆေး (စော်ကြည်၊ ဘဲကြည်ဆေး)

23
မန်ကျည်းမှည့်ကို၊ ကနခို၊
ရောစွက်လို့ကျို
ဖန်းခါး၊ သျှိသျှား၊ ဆတူထား
ဆားခါးနည်းနည်းပို။
တလုံး၊တလုံး သပိတ်လုံး၊
သုံးလုံးတခါမျို
မျို၍မကျ ရေမျှောချ
ဒုက္ခ တခါပို။
ဆေး၏အစွမ်း၊ မြင်ရာငမ်း၊
ပင်ပန်းမရှိဗျို။
မျက်နှာကိုမြင်၊ လွန်ချစ်ခင်
ချစ်လျှင် သနားပို။
ချစ်ကြိုက်သူများ၊ ဝိုင်းရံထား
ပြေးသွားရမလို။
ချစ်သူများစွာ၊ လိုချင်ရာ၊
သောက်ပါထိုဆေးကို။

ရေးသားသူ ...... ဟိန်းထက်စိုး သဘောကျလို့ တင်ပေးလိုက်တာ ဟီး...။ ဆေးညွှန်းကတော့ ရှယ်ပဲနော် ချစ်တဲ့သူများစွာ ရှိနေလို့ ထွက်တောင်ပြေးရတယ် ဆိုပဲ..... ဆေးဖော်ပြီး သောက်ကြည့်မှနဲ့တူတယ်....။
ပီယဆေး လိုချင်သူများ ထိုဆေးညွှန်း ဆေးဖော်စပ်ကြပြီး သုံးစွဲတော်မူကြပါဗျား... စေတနာနဲ့ ဖော်ပြတာ ယုံသူဖော်စား၊ မယုံသူကျော်သွား ဒီမောင်တော့ တကယ်စွံနေတယ်ဗျား...(မျက်စေ့)..။


Saturday, October 17, 2009

ကျားဆိုမှကျား ၂

27
တခါတလေ စဉ်းစားမိတယ်... ကျနော်တို့ ယောကျာင်္းတွေအကြောင်း အထူးသဖြင့် မြန်မာပြည်က ယောကျာင်္းလေးတွေ အကြောင်းပါ။ ဘာတွေစဉ်းစားမိသလဲဆိုတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ကြင်ယာဖက်ရွေးတဲ့ အခါမှာ ကျနော်တို့ချည်းပဲ ခံရလို့ပါ။ ဘာတွေခံရသလဲလို့ သေချာတွေးကြည့်လိုက်တော့ .............

Thursday, October 15, 2009

အီး ဖော် အိမ်

17
မခရေညို နဲ့ ကိုသံလွင်ဟီးရိုး တို့က တက်ထားတယ်ဆိုလို့ ဘာများလဲ သွားကြည့်တာ... ပေါက်ပေါက်ရှာရှာ အင်္ဂလိပ်လို အီး စာလုံးပါတဲ့ အကြောင်း ရေးရမယ်တဲ့.... ။ ကဲ... ဟုတ်မဟုတ်တော့ မသိဘူး အတတ်နိုင်ဆုံးတော့ ရေးလိုက်ပါတယ်....။

Thursday, October 08, 2009

ဆုရရှိသူများ

23
အခုဆိုရင်.. မဲပေးခွင့်ရှိတဲ့ ရက်ပြည့်သွားပါပြီ။ ဒီတော့ ဆုရမဲ့သူကို ကြေငြာပေးရ ပါတော့မယ်။ ဒီအစီအစဉ်မှာ မဲအရေအတွက် စုစုပေါင်းဘယ်လောက်ရတယ်ဆိုတာ၊ ဘယ်သူတွေ မဲဘယ်လောက်ရတယ် ဆိုတာကို ကြေငြာပေးဖို့ မဝါဝါခိုင်မင်းကို စင်မြင့်ပေါ်သို့ကြွရောက်ပါရန်.. လေးစားစွာနဲ့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ..။ (ဖြောင်း.. ဖြောင်း.. ဖြောင်း )

Monday, October 05, 2009

မဲပေးကြမယ်

24
ပြိုင်ပွဲဝင်တဲ့ ရက်ပြည့်သွားပြီဆိုတော့ မဲပေးရမဲ့ရက်က ရောက်ရှိုလို့လာပါပြီ။ ပါဝင်ယှဉ်ပြိုင် သူများကတော့ ကိုလူထွေး၊ ကိုဖိုးစိန်၊ ကိုချမ်းရဲ၊ ကိုကျော်ညိုသွေး၊ အဖြူရောင်ညီမလေး၊ jeujue ၊ မီးလေးနဲ့ ကျနော်ပဲ ဖြစ်ပါတယ်။ ထိုအထဲမှ ကိုလူထွေး၊ကိုချမ်းရဲ နဲ့ မီးလေးတို့ဟာ စည်းကမ်းနှင့် မကိုက်ညီပါသောကြောင့် စာများ ကောင်းမွန် ပါသော်လည်း စိတ်မကောင်းစွာနဲ့ ပယ်ချလိုက်ရပါတယ်။ ကျန်တဲ့သူများကတော့ အောက်ပါ အတိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားပါတယ်။ မဲများပေးကြပါ။ မဲပေးမဲ့ရက်က ၂ရက် သတ်မှတ်ထားပါတယ်။ ထိုအတောအတွင်းမှ မဲများသာ ထည့်သွင်း စဉ်းစားပေးမှာပါ။ ကျန်တဲ့အပိုင်းကတော့ ဒိုင်တွေ ညိုနှိုင်းဆွေးနွေးပြီး ဆုရမဲ့သူကို ကြေငြာပေးပါမယ်။

Friday, October 02, 2009

ပြိုင်ပွဲဝင်ခြင်း

16
ဟုတ်ကဲ့.. အခုဆိုရင် ပြိုင်ပွဲဝင်ဖို့အလှည့်ကျသူကတော့ ကျနော်ပါပဲ။ အတော်များများကလဲ သိပ်သိချင်နေကြတယ် ဒိုင်ကဘာတွေများဝင်ပြိုင်မလဲဆိုတာ...။ ကျနော်ကလဲ ကိုယ်ဦးဆောင်တဲ့ ပြိုင်ပွဲမှာ တခြားသူတွေကို ဦးစားပေးတဲ့သဘောနဲ့ရော ကိုယ်တိုင်ကလဲ ဒိုင်ဖြစ်နေတော့ အရင်ဦးဆုံး ဝင်ပြိုင်လို့ မကောင်းဘူးမဟုတ်လား... ... ဒါကြောင့် ဝင်မပြိုင်သေးဘဲ အသာလေး ငြိမ်နေရတာပေါ့ဗျာ..။ ခုတော့ ဝင်မပြိုင်လို့က မဖြစ်တော့ဘူး ပြိုင်ပွဲပိတ်ဖို့က သိပ်မလိုတော့ဘူးဆိုတော့ ဝင်ပြိုင်မှ ဖြစ်တော့မယ်.......။

Monday, September 21, 2009

အကြွားပြိုင်ပွဲ

41
တိတ်ဆိတ်နေတဲ့ ဘလော့လောကအတွက် ပြိုင်ပွဲလေး တခုလုပ်ပါ့မယ်။ ပြိုင်ပွဲက အကြွားပြိုင်ပွဲပါ။ ယုတ္တိရှိရှိနဲ့ လှလှပပ ကြွားနိင်တဲ့သူကို အမှန်တကယ် ဆုချီးမြှင့်ပါ့မယ်။
ဆုကြေးက ယူရိုငွေ ၁၀၀ ပါ။ဒီပြိုင်ပွဲကို ရုရှားမှကိုအလှတရား ၊ မြန်မာပြည်မှ ကိုအရုပ်ကလေး ၊ စင်္ကာပူမှ ကိုဂျူလိုင်ဒွင်း ၊ ဂျပန်မှ မဝါဝါခိုင်မင်း
ထိုင်ဝမ်မှ ကိုမြစ်ကျိုးအင်း နှင့် ကျနော်က ဒိုင်အဖြစ်ဆောင်ရွက်ပါမှာ ဖြစ်ပါတယ်။ ဆုရရှိတဲ့သူတွေကိုလည်း ဒိုင်လုပ်သူတွေရှိတဲ့ နိင်ငံမှ ရခဲ့လျင် ကျနော်က ဒိုင်တွေမှ တဆင့် ငွေပို့ပေးပါ့မယ်။ တခြားနိင်ငံက ရခဲ့လျှင်ကျနော်က တာဝန်ယူ ပို့ပေးပါ့မယ်။ ဆုအမျိုးအစားက တမျိုးပဲဖြစ်ပါတယ်။ အကောင်းဆုံး ကြွားနိင်တဲ့သူတစ်ဦးသာ ဆုရရှိမှာပါ။

Friday, September 18, 2009

ကားမောင်း လိုင်စင်

15
ခုတလောတော့ မအားဘူးဗျာ.... လိုင်စင်ဖြေဖို့ စာကျက်နေရတယ်။ ကျောင်းလဲ သွားနေရတယ်။သွားသာ သွားနေရတာပါ သူတို့စကားနဲ့ သင်တဲ့ကျောင်းဆိုတော့ တလုံးမှကိုနားမလည်ဘူး။ အင်္ဂလိပ်လို သင်တဲ့ကျောင်းတော့ ရှိပါရဲ့ ကိုယ်နေတဲ့ နေရာနဲ့ အဝေးကြီးမှာဆိုတော့ သွားတက်ဖို့က မဖြစ်နိုင်ဘူး.... ဒါပေမဲ့ ကံကောင်းတာက ကိုယ်ကိုင်ထားတဲ့ စာအုပ်က အင်္ဂလိပ်လို ဆိုတော့ ဒီစာအုပ်ပဲ အားကိုးရတာပေါ့ဗျာ။ ဒီတော့ ရှိတဲ့ ကျောင်းပဲ နားလည်တာ၊ မလည်တာ အပထား နေ့တိုင်း ၂နာရီလောက်တော့ သွားအချိန်ဖြုန်းပြီး ကောင်းမလေးတွေ သွားငမ်းရတာ တခုတော့ အကျိုးရှိတယ်ပေါ့ဗျာ.. ဟီး။

Thursday, September 10, 2009

ကျနော် စစ်သား

14
ခုတေလာ မအားဘူးဗျာ စစ်တိုက်ဖို့ အကူအညီလိုတယ် ဆိုလို့ သွားပြီး တိုက်ပေးနေရတယ်။ ကိုယ်ကလဲ စစ်တိုက်ဖို့ဆို ထမင်းမေ့၊ဟင်းမေ့ကို တိုက်တာ တခါတလေ ညလုံးပေါက်.. တခါတလေ တနေကုန် စစ်တိုက်တယ်။ လက်ထဲ သေနတ်ရောက်တာနဲ့ မျောက်လက် သေနတ်အပ်လိုက်သလိုပဲ ပစ်လိုက်တာမှ တဒိုင်းဒိုင်း၊ တဒုန်းဒုန်းနဲ့ကိုချတာ။ ပစ်ပေမဲ့ တွေ့ကရာ ပစ်လို့တော့ မရဘူးပေါ့ တော်ကြာ ကိုယ့်လူကိုယ် ပစ်မိမှာလဲ စိုးရသေးတယ် မဟုတ်လား။ အရမ်းစိတ်ပါလာရင်..နေရရော ညရောတိုက်တာ။ ရန်သူမှန်သမျှ တယောက်မှ အရှင်မထားဘူး။ ပစ်ရင်လဲ အတတ်နိုင်ဆုံး ခေါင်းချည်းပဲ ရွေးပစ်တာ တခါထဲ ပွဲသိမ်း..နို့မို့ဆို သူခံစားနေရမှာ စိုးလို့လေ... ။ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတော့ ကျနော် လူသတ်တာ အပစ်တော့ မဟုတ်ပါဘူးနော်......။

Sunday, September 06, 2009

သွားလည်နေကျ blog ၅ခု

22
ဝက်မလေး အဲလေ... ဝက်ဝံလေး tag ထားတာပါ။ ဘာတဲ့ သွားလည်နေကျ blog ၅ခုတဲ့..။ ခက်တော့..ခက်နေပြီဗျာ.. ကျနော်သွားလည်တာ နဲမှမနဲပဲ... အဲဒီထဲက ရွေးပေးရမယ်ဆိုတော့ ဒါသက်သက် ချွန်တွန်းလုပ်တဲ့ tag ပဲ။ ဟုတ်တယ်လေ.. တယောက်နဲ့တယောက် မျက်နာ နာစရာတွေ ဖြစ်ကုန်မှာပေါ့ဗျာ.. ဟုတ်ဘူးလား..။ ဒါပေမဲ့ အမေးရှိတော့လဲ အဖြေရှိရမှာပေါ့နော်။ ဒီတော့ ရှေ့မျက်နှာနောက်ထားပြီးရေးလိုက်တယ်ဗျာ..။ သာတယ်၊နာတယ်တော့ မထင်စေချင်ပါဘူး။ ပဟေဠိဖွက်တဲ့သဘောလဲ ဖြစ်အောင် blogger နာမည်တွေ ထည့်မရေးတော့ဘူးဗျာ။ လင့်လေးတွေပဲ ချိတ်ပေးထားလိုက်မယ်ဗျာ... ဒီတော့ ကျနော်လဲ မျက်နှာပူရ သက်သာ သွားသလို လာလည်တဲ့ blogger များလည်း ငါ့ဆီများလား၊ သူ့ဆီကိုများလားနဲ့ သို့လော...သို့လော ဖြစ်ပြီး ရင်ခုန်စွာနဲ့ လင့်လေးကို နှိပ်ကြည့်ကြမှာပါ။ ထိုကံကောင်းသူ ၅ယောက်ကို ကျနော် အစီအစဉ်လေး တခု လုပ်ထားပါတယ်.။ အဲဒါကတော့...................................................................

Friday, September 04, 2009

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

20
ဒီမှာဖတ်ရတာ အဆင်မပြေရင် ဒီလင့်မှာ သွားရောက် ဖတ်ရူနိုင်ပါတယ်။

ဒီခေါင်းစဉ်နဲ့ ဖော်ဝပ်မေးတခု ဝင်လာလို့ စိတ်ဝင်စားတာနဲ့ ဖတ်ကြည့်တာမှာ အတော်လေးကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ဝင်တစား အချက်ကျကျ ဝေဖန်ရေးထားတာလေးတွေတွေ့ရပါတယ်။ တချို့အချက်အလက်တွေဟာ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ မှန်ကန်တဲ့ အချက်တွေပါပဲ။ ဒါပေမဲ့ တချို့ အချက်အလက်တွေဟာ တဖက်စွန်းရောက်နေတယ်လို့ ထင်မိပါတယ်။ ဒါကလဲပြောမယ်ဆို စာရေးသူရဲ့ ဘာသာရေး အမြင်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာတွေမို့ အပြစ်မပြော သာပါဘူး။ သို့ပေမဲ့ ဒီစာကိုရေးသားသူ သတိမထားမိတာလေးတွေ ရှိတယ်လို့ ထင်မိပါတယ်။ ဒီတော့ ကျနော့်အနေနဲ့ ဒီစာရေးသူနဲ့ သဘောထား ကွဲလွဲနေတာလဲ ဖြစ်ကောင်းဖြစ်ပါမယ်၊ သို့တည်းမဟုတ် ဒီစာကို ပြန်လည်ဝေဖန်ဆန်းစစ်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော့်အနေနဲ့ ဒီစာရေးသူကို ပုတ်ခတ် နှိမ့်ချလိုတဲ့ စိတ်နဲ့ ပြန်လည်ရေးသားခြင်း မဟုတ်ဘူးဆိုတာ နားလည်ပေးကြပါ။

Tuesday, September 01, 2009

သြော်... မိန်းမ ၅

20
မိန်းမတွေများပြောပါတယ်... ရှုပ်ကိုရှုပ်တယ်...။ အောက်ကပုံပဲကြည့်.. သူတို့လိုချင်တာတွေက များနေတော့ ရီမု တောင်မဆန့်ဘူး..။ ဟော... ကျနော်တို့ ယောကျာင်္းတွေကိုကြည့်လိုက်.. ရှင်းမှရှင်း လိုချင်တာ ၂ခုထဲ ဘာမှအပိုစာသား မပါဘူး...။ ဟီးဟီး.....



Saturday, August 29, 2009

ကျားဆိုမှကျား

21
ယောကျာင်္းဆိုတာ ........................။



Friday, August 28, 2009

?????????????????

24
ငှက်ငယ်လေး တက်ထားတာပါ။ မေးခွန်း သုံးခုမေးရမယ်ဆိုလား...။ အခုတော့ ဘာမှမေးစရာ မရှိလို့ အဟောင်းထဲက ဟာကိုပဲ ပြန်တင်ရင်း မေးလိုက်ပါတယ်။ မေးထားတာ ၃ခုတော့ ကျော်ပါတယ်.. ဖြေနိုင်ရင်ဖြေးပေးကြပါဦင်္းဗျာ..။ မေးထားတာ အရမ်းရိုးရှင်းသလို၊ လွယ်လဲ လွယ်ပါတယ်။ ခက်ခက်ခဲခဲ မရှိပါဘူး......။
ကဲ မေးထားတာလေး ဖတ်လိုက်ပါဦးဗျာ.......။

Thursday, August 27, 2009

မူစလင်ပန်း

33
ကိုဂျုလိုင်ဒွင်း တက်ထားတာဗျ..။ ဘာတဲ့ ....... ဖင်ထဲက ပန်းဆိုလား၊ ရင်ထဲက ပန်းဆိုလား။ ဖင်ထဲက ပန်းတာတော့ မဖြစ်နိုင်ဘူး၊ ရင်ထဲက ပန်းပဲဖြစ်မှာပါ......။ ရင်ထဲကပန်းဆိုတော့ ခက်နေတယ်ဗျ ဘယ်တုန်းက ပွင့်ခဲ့တဲ့ ပန်းကို ဆိုလိုမှန်း မသိဘူးဖြစ်နေတယ်....။ ပွင့်ခဲ့တဲ့ ပန်းတွေက မနဲဘူးလေ...။ ဒီလိုပြောလို့ ဒီကောင် ဖွန်ကြောင်လို့ မထင်စေချင်ပါဘူး.. အမှန်တော့ တဖက်သတ်ပွင့်ခဲ့တာက ပိုများပါတယ် (ပန်းကိုပြောတာနော် တလွဲမတွေးနဲ့) ထားပါတော့...... ဒီအထဲက အဖြူစင်ဆုံး၊ အရိုးသားဆုံးနဲ့ သံယောဇဉ်ဖြစ်ခဲ့၊ ချစ်ခဲ့ရသူလေး အကြောင်းပဲ ပြောပြပါ့မယ်။ လူရယ်လို့ စသိတဲ့ အချိန်ကစပြီး စာသင်သားအရွယ်အထိ အတူသွား၊ အတူစား၊ အတူပျော်ခဲ့၊ အတူ ကစားဖူးတဲ့ သူပါ။ ဘယ်လောက်ထိ သံယောဇဉ် ဖြစ်ခဲ့ကြလဲဆိုတော့ တယောက်နဲ့တယောက် မျက်စေ့အောက်က အပျောက်မခံနိုင်လောက်အောင်ကို သံယောဇဉ် ဖြစ်ခဲ့ကြပါတယ်။ ဒီပန်းလေးရဲ့ နာမည်ကတော့ ဘယ်သူမှကြားဖူးမယ် မထင်ပါဘူး၊ ကျနော်ငယ်ငယ်က ရင်ထဲပွင့်ခဲ့တဲ့ ပန်းကလေး၊ အဦးဆုံးပွင့် ခဲ့တဲ့ပန်း၊ အရိုးသားဆုံး၊ အဖြူစင်ဆုံးနဲ့ ချစ်ခဲ့ရတဲ့ ပန်းကလေးဆိုတော့ နာမည်ထူးခြားတာ မဆန်းပါဘူးနော်... ... အဲဒီပန်းလေး နာမည်က မူစလင်ပန်း..... ဟုတ်တယ်.... သူလေးက မူစလင်မို့လို့ပါ။

Friday, August 21, 2009

အဆစ်

26
ဈေးဝယ်ရင် အဆစ်တောင်းတတ်တာမျိုး ကြုံဖူးကြမှာပါ။ တချို့လဲ ကိုယ်တိုင် ဈေးဝယ်ရင်း အဆစ်တောင်းဖူးကြ မှာပါ။ ဒီလိုအဆစ်တောင်းကြတာကလဲ ဈေးဝယ်သူဘက်က ပြောမယ်ဆိုရင် တချို့က အလေးခိုးသလို၊ တချို့ကျ ဈေးတင်တတ်ကြတော့ ဝယ်သူအနေနဲ့က အလေးခိုးတာလဲ မသိ၊ ဈေးတင်ထားတယ်ဆိုတာလဲ မသိဘူးလေ ဒီတော့ ဝယ်သူစိတ်ထဲ ဝယ်လဲဝယ်ချင်တယ်၊ မတန်မှန်းလဲ သိတယ်၊ အကယ်၍ အလေးခိုးထားတို့၊ ဈေးတင်ထားတာတို့ ရှိခဲ့ရင်လဲ ထေမိ၊ကာမိအောင် လုပ်တဲ့သဘောနဲ့ အဆစ်တောင်းတာတို့ ဈေးဆစ်တာတို့ လုပ်တတ်ကြပါတယ်။
အဲဒီလိုပဲ ရောင်းသူဘက်ကလဲ အမြတ်များများ ကျန်အောင်ရယ်၊ တချို့ဈေးဝယ်တွေက အဆစ်တောင်းတာတို့၊ ဈေးဆစ်တာတို့၊ အလေးခိုးမခိုး ကြည့်တာတို့၊ ဈေးမှန်ကို သိနေတာတို့ကြောင့် သူတို့ဘက်ကလဲ ထေမိ၊ကာမိပြီး အမြတ်ကျန်အောင် နည်းမျိုးစုံ သုံးကြပါတယ်။
ဒါကလဲ ပြောမယ်ဆို သူတို့လဲ ဒါနဲ့ စီးပွားရှာနေတာဆိုတော့ အပြစ်တော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ ဝယ်သူဘက်ကလဲ ပေးရတာနဲ့တန်အောင် နည်းမျိုးစုံသုံးပြီး ဈေးဆစ်တာတို့ အဆစ်တောင်းတာတို့ စသည်ဖြင့်ပေါ့ဗျာ လုပ်တတ်ကြပါတယ်။

Saturday, August 15, 2009

ဘလော့ဂါ အငြိမ့်

38
ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား ယခုအချိန်မှစပြီး ဘလော့ဂါ အငြိမ့်ပွဲကိုစတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရူစားတော်မူကြပါ......။
ကတ္တီပါ ကားလိပ်ဖွင့်သည်နှင့် ရွာစားကျော် ကိုဖိုးစိန်ကနေပြီး အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ပါတယ်။ အတီးပြီးတော့ လူရွှင်တော်များဖြစ်ကြသော ပေါင်ပေါ်သား တဖြစ်နဲ့ ကိုတောင်ပေါ်သားအရုပ်တမာ အဖြစ်နဲ့ ကိုအရုပ်ကလေးကိုအရမ်းပန်းတယ် ပြောတဲ့ ကိုရမ်းသမ်း.. အဲလေ.. ကိုရမ်းဂန်းဘုစုခရုကလေး အဖြစ် ကိုပုလုကွေး ကိုခြေကျိုးခြင်း အဖြစ်နဲ့ ကိုမြစ်ကျိုးအင်း တို့ကနေပြီး ပရိတ်သတ်ကို လက်အုပ်ချီမိုး ကန်တော့ပြီးသကာလ စတင်ယုတ်မာပါတော့မယ်.... ဟုတ်ပေါင် ယောင်လို့ ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပါတော့မယ်....။
တစ်ရာ့တစ်ပါး ခစားကြစို့ စုံစုံညီညီ ဘလော့ဂါသည် ဝတ္တရားရယ်က ထားသင့်ပေသည်။ လာဖတ်သူ စိတ်ကြည်ရွှင်စေဖို့ ဂုဏ်ထူးဆောင် ခိုးချပါလို့ ပို့စ်တင်သည်။ လာသမျှလူ မေတ္တာပို့စေဖို့..... သူငယ်ချင်းတို့ရေ ဝေ...... အားစိုက်လို့နွှဲ...ဟဲ့ဟဲဟဲ...။

Saturday, July 25, 2009

လည်လည်သွားမယ် လိုက်မလားကွယ်

7
ကြွားတယ်တော့ မထင်နဲ့ ဘာပို့စ်တင်ရမှန်းမသိလို့ ရှိတဲ့ဟာလေး လူပုံမပေါ်အောင် ဖြတ်ညုပ်ကပ် လုပ်ပြီး တင်လိုက်တာပါ။ အလုပ်ကလဲ အရမ်းရှုပ်နေတော့ လောလောဆယ်တော့ ဘယ်မှကို လိုက်မလည်နိုင်သေးတာ နားလည်ပေးကြပါ။ နောက်လ ကုန်ထိတော့ အားမယ်မထင်ဘူးဗျာ။ ဘာဖြစ်ဖြစ်လေ အားတာနဲ့ အကုန်လုံးဆီ ပြန်လာလည်ပါတ်ပါ့မယ်။ သြော်.. ဒါနဲ့ ဗီဒီယိုထဲက ကားက ခုလောလောဆယ် သုံးနေတာလေ..... ဟဲဟဲဟဲ .... ယုံလား... ?????????????? ဟဲဟဲဟဲ ချင့်ယုံ.... ချင့်ယုံ........။ ဒီလို ယူရို၎သောင်းကျော်တန် ကားကြီး ကိုယ်ပိုင်ဝယ်စီးနိုင်မှတော့ဗျာ.... ရွာပြန်တော့မှာပေါ့ ဟုတ်ဘူးလား...။



Wednesday, July 22, 2009

ဗိုလ်ချုပ်အောင်ဆန်း၏အားကျဖွယ်၊ထူးခြားချက်များ ၂

5
ကျနော် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတာမှာ တချို့နေရာတွေမှာ လိုအပ်မယ်ထင်လို့ ထပ်ဖြည့်တဲ့သဘောနဲ့ ဆက်ရေးလိုက်တာပါ။ အချက်အလက်တွေကို အလျှင်မှီအောင် ဖတ်မှတ်ရတော့ တချို့ကို သတိမထားမိလိုက်ပါဘူး..။ အလုပ်များနေတာ တကြောင်း၊ ဇူလိုင်၁၉ အမှီ ပို့စ်တင်ချင်တာကတကြောင်း၊ စသည်များကြောင့် ကျန်ရစ်ခဲ့တာပါ။ ကျနော့်အနေနှင့် စာအုပ်တခုလုံးကို ပီဒီအက်ဖ် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စာအုပ်က အရမ်းထူတော့ အတော့်ကို ကြိုးစားရေးမှ ဖြစ်မှာက တချက်၊ တချို့စာတွေက ကီးဘုတ်နဲ့ ရေးလို့ မရ...ဒါကြောင့် အရေးကြီးပြီး သိသင့်တယ် ထင်တဲ့ စာလေးတွေပဲ ဖြတ်ညုပ် ရေးလိုက်တာပါ။
ဆက်လက် ဖတ်ရူ အားပေးကြပါဦး............။


Monday, July 20, 2009

ဗိုလ်ချုပ်အောင်ဆန်း၏အားကျဖွယ်၊ထူးခြားချက်များ

7
ကျနော့်ဆီမှာ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ် ရေးသားပြုစုခဲ့တဲ့ last & first in burma ကို ဦးခင်မောင်ကြီးက ဘာသာပြန်ဆိုရေးသားထားတဲ့ အင်္ဂလိပ်၊မြန်မာ နောက်ဆုံး တိုက်ပွဲ ထဲက (ထိုအချိန်က တန်ခိုးအကြီးထွားဆုံး ဖြစ်တဲ့ အင်္ဂလိပ်လူမျိုးတွေကိုယ်တိုင် လေးစားချီးကြူးခဲ့တဲ့) ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားဖွယ်ရာ၊ အားကျအတုယူဖွယ်ရာ၊ အံ့သြဖွယ်ရာ အမူအရာ၊ ပြောဆိုဆက်ဆံ ပုံများကို ကောက်နှုတ်ဖော်ပြသွားပါမယ်။ ထိုခေတ် အရေးအသားများနှင့်သာ ရေးသွားပါ့မယ်။ ပြီးတော့ စာတွေကို အရမ်းရှည်နေမှာ စိုးလို့ အနည်းအကျဉ်း ဖြတ်တောက် ထားတဲ့ အတွက် စာတကြောင်းနဲ့ တကြောင်း အဆက်အဆပ် ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကလဲ ဗိုလ်ချုပ် အကြောင်းပဲ အသားပေး ထားတဲ့ အတွက် ဒီလိုဖြစ်နေတာကို နားလည်ကြပါ ခင်ဗျား..........................။

Sunday, July 19, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားဖွယ်ရာ မိန့်ခွန်းများ

16

Bo Gyoke Aung San - Poems



Monday, July 13, 2009

သံစဉ် တေးသွား သီဆိုနားဆင်ရာတွင်

15
သံစဉ်၊တေးသွားတွေဟာ လူတွေရဲ့ စိတ်ကိုနူးညံ့စေတယ်။ စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ် ခက်ထန်နေရင်ပဲ ဖြစ်ဖြစ်၊ စိတ်ညစ်ငြီးငြူနေရင်ပဲ ဖြစ်ဖြစ် သံစဉ်တေးသွားလေးတွေကို နားဆင်လိုက်ရင်ကိုပဲ လုံးဝ မဟုတ်တောင် ခဏတော့ စိတ်ကို ကြည်လင်စေတာတော့ အမှန်ပါပဲ။ ဒါမှမဟုတ် သံစဉ်တေးသွားလေးနဲ့ အတူ ကိုယ်ပါစီးမြောလိုက်လံ သီဆိုလိုက်ရင်ကိုပဲ ရင်ထဲက ရှိတာတွေ အတော်လေး ပေါ့ပါးသွားတတ်တာ လူတိုင်းကြုံဖူးမှာပါ။ သီဆိုလိုက်ခြင်းအားဖြင့် အတော့်ကို လန်းဆန်းသွားတယ်ဗျ၊ ရေချိုးနေရင်းပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းပဲ ဖြစ်ဖြစ် သီဆိုလိုက်ရင် တကယ်ကို ထူးထူးခြားခြား လန်းဆန်းစေပါတယ်။

Friday, July 03, 2009

စားကြမယ်ဟေ့ မကောင်း၊တကောင်း

20
ခုတလော ဘယ်လိုဖြစ်နေတယ် မပြောတတ်ဘူး။ ထမင်း၊ဟင်းတွေ ချက်ခြင်၊ ပြုတ်ခြင်တဲ့ စိတ်လေးရှိနေတယ်ဗျ။ ဒါနဲ့ ချက်မယ်ဆိုပြီး စဉ်းစားပြန်တော့ ဘာချက်ရမှန်းလဲ မသိဘူး။ သေခြာ ပြန်စဉ်းစား ကြည့်ပြန်တော့ ရာသီစာလေး စားချင်စိတ်က ပေါက်လာတယ်။ ဥတုဘောဇနသင်္ဂဟကျမ်း ကိုပြုစုတဲ့ ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့ အဆိုအရ ရာသီစာကို မှီဝဲပါက အသက်ရှည်၏ ကျန်းမာ၏ ဥဏ်ကိုပွားများစေ၏ ...... ပွား၏ (အစက်လေးတွေ ချထားတာ ဘာစာလဲသိချင်ရင် လာမေး.. ဒါပဲ...) လို့ဆိုပြန်တော့လဲ မစားမဖြစ် စားရတော့မှာပေါ့ဗျာ ဟုတ်ဘူးလား။

Wednesday, July 01, 2009

ဘာသာတရားကို စော်ကားသူများ

20
ဒီအောက်က ဗီဒီယိုကို ကြည့်ကြပါဦးဗျာ...။ လုပ်မှ လုပ်ရက်ကြပါပေ့ သင်းတို့ စိတ်ထဲ မြတ်စွာဘုရား ပုံတော်ကို ကစားစရာများထင်မှတ်နေသလားတော့ မသိဘူးဗျာ...။ တကယ်တော့ ဒီလိုမျိုးတွေကို နိုင်ငံခြားရုပ်ရှင်တွေ အတော်များများမှာ တွေ့ဖူးပါတယ်။ ဒီလိုမျိုး ထင်ထင်ရှားရှားကြီးတော့ မဟုတ်ပါဘူး။ မထင်မရှားလေးတွေပါ။ ဥပမာပေါ့ဗျာ ဧည့်ခန်းမှာ အလှထားတာကို ရုတ်တရက် တွေ့လိုက်တာမျိုးတို့၊ ပန်းခြံထဲမှာ ထားတာကို တွေ့လိုက်တာမျိုး စသည်ဖြင့်ပေါ့ဗျာ... ဒါပေမဲ့ ခုတော့ဗျာ ထင်ထင်ရှားရှားကြီးကို စော်ကားထားတာတော့ တဆိတ်လွန်လွန်းပြီ ထင်တာပဲဗျ။ ကိုယ်မယုံရင်နေပါ မစော်ကားပါနဲ့ ဒါကျနော့်အယူအဆပဲ ဟုတ်တယ်လေ ကိုယ်မယုံကြည်ပေမဲ့၊ ယုံကြည်သူတွေ ရှိတယ်လေဗျာ။ ပြီးတော့လဲ ဘယ်ဘုရားပဲဖြစ်ဖြစ်ပါ ဥပမာပေါ့ ဗုဒ္ဓမြတ်စွာဘုရားပဲဖြစ်ဖြစ်၊ ခရစ်ယာန်တွေရဲ့ ဘုရားပဲဖြစ်ဖြစ်၊ မူစလင်တွေယုံကြည်တဲ့ ဘုရားပဲ ဖြစ်ဖြစ်၊ ဘယ်ဘုရားမှ မကောင်းတဲ့လမ်း မညွှန်ထားပါဘူးလို့ ယုံကြည်ထားတယ်ဗျ ဒီတော့ ကိုယ်မယုံကြည်လို့ မကိုးကွယ်ရင်နေ ဘယ်တော့မှ စိတ်နဲ့သော်၎င်း၊ နှုတ်နဲ့သော်၎င်း၊ ကိုယ်အမူအရာနဲ့သော်၎င်း တခါမှ မစော်ကားခဲ့ဘူး။ ခုတော့ဗျာ လူသိထင်ရှားကြီးကို လုပ်တာတော့ လွန်လွန်းပြီးထင်တယ်။

Sunday, June 28, 2009

စစ်တမ်းကောက်ယူခြင်း

12
myutthutun: ကိုကြီးအိမ်ရေ စစ်တမ်းကောက်နေတယ်ခင်ဗျ
စစ်တမ်းကောက်ယူခြင်း
ခေါင်းစဉ် ရန်ကုန်မြို့တွင်နေထိုင်သူတို့ဧ။် ရန်ကုန်မြို့အပေါ် သဘောထား
ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။
(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း
(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ်
- အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်
(၃) သွားလာမှု
- ဘက်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်
(၄) ဆက်သွယ်မှု
- မိုဘိုင်းဖုန်း အသုံးပြုခြင်း
- Dial ဖုန်း အသုံးပြုခြင်း
- အင်တာနက် အသုံးပြုခြင်း
(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်
(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်
(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့်
ထို ဆက်ဆံရေးပုံအမြင် ၊
- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်
ဆိုသည့် အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။ (တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး )

me:ဘာတခုမှ မကောင်းတာကို ရေးခိုင်းနေတယ် ဆိုတော့ ကိုယ့်ဆရာ အဖမ်းခံရအောင် လုပ်နေတာလား
myutthutun: အာ ပြောင်းပြန်မပြောနဲ့လေဗျာ။ မဟုတ်ဘူးဗျ အဲဒါ တကယ့်စစ်တမ်းကောက်နေတာဗျ
ကျနော် စာတမ်းရေးမှာမို့လို့ အကို့ရဲ့အမြင်ကိုတောင်းတာပါ
me: အင်းလေ တခုမှ မကောင်းတာချည်း ရေးကြမှာပေါ့ ဘာတခုမှ မှ မကောင်းတာ
myutthutun: ဒီနေ့ညနေ အပြီးတင်ပေးပါလားဗျ..
myutthutun: မကောင်းရင်မကောင်းတာရေးပေးပါဗျ
me: ကျနော်ရေးရမယ် မလုပ်နဲ့ဗျာ
myutthutun: ဘလော့မှာ မတင်ရင်လည်း ကျနော့်ဆီမေးလ်ပို့ပေး
me: ရွာပြန်ရင် အစိခံနေရမယ်
myutthutun: ကျနော်က မနက်ဖြန်မနက် အပြီးစာတမ်းတင်ရမှာမို့လို့ဗျ
me: ဘယ်ကိုတင်ရမှာလဲ ကျောင်းကိုလား
myutthutun: ဟုတ်တယ်ဗျသင်တန်းတတ်နေတာ
me: မလုပ်နဲ့ မတင်နဲ့ ကျနော်ရေးတာ
myutthutun: Social research လေဗျ တင်ခွင့်ရှိတယ်ဗျ
me: ကြိမ်းသေပေါက် အစိခံရမှာ
myutthutun: ကြိုက်သလို ရေးခွင့်ရှိတယ်မစိဘူးဗျ
me: ပြောတာပဲ
myutthutun: စိမယ့် စိလည်း ကျနော့်ပဲစိမှာ အကို့ကိုမစိဘူး...စိတ်ချ
me: တော်ကြာ မှတ်ထားပြီး ဖမ်းရင် ဘယ်နဲ့ လုပ်မလဲ
01:36 myutthutun: အာာ
me: စိတ်မချရဘူး
myutthutun: အစိုးရနဲ့ လုပ်တဲ့ Research မဟုတ်ဘူးဗျ ကျနော် ကျောင်းသွားတက်မယ့် ဆီက လုပ်တဲ့ Research သူတို့က ပွင့်ပွင့်လင်းလင်း ရေးလေ ကြိုက်လေပဲ
01:37 me: အင်း
myutthutun: အမြင်အတိုင်းရေး ဟီးးး
me: ရွာနဲ့ ကွာဟနေတာလဲ ၃နှစ်ဆိုတော့ ရေးတော့ ကြည့်မယ်လေ ...ဒါနဲ့
myutthutun: ကိုဂျဲ ကြီးလည်း ရန်ကုန်ရောက်လာတုန်း ဇွတ်ရေးခိုင်းထားတယ်ဗျ ဟုတ်အကို
me: ကိုယ့်ဆရာ ထောက်လှမ်းရေးတို့ ရဲအထူးတပ်ဖွဲ့တို့ကတော့ မဟုတ်ပါဘူးနော်
myutthutun: လုပ်ပြန်ပြီဗျာ
me: လုပ်နဲ့ဗျ ကြောက်တယ် ဆရာ
myutthutun: ကဲပါဗျာ အမြင်အတိုင်းလေးတော့ရေးပေးပါ
me: အင်းအင်း........ တခုခြင်း ချရေးကြည့်တာပေါ့
myutthutun: မရေးရင်တော့ လုံးဝမရေးနဲ့ဗျ ရေးရင်တော့ မြင်တဲ့အတိုင်းရေးပေးပါဗျ။ ဟုတ်အကို.. ကျေးဇူး

အဲဒီလို မရမက ရေးခိုင်းတော့လဲ.. ကြောက်ကြောက်နဲ့ ရေးပေးလိုက်ရပါတယ်ဗျာ။ အကြောင်းအရာ တခုခြင်းကိုပဲ အတိုချုပ်ပြန်ရေးလိုက်ပါတယ်။ တကယ်ရေးမယ်ဆိုရင်တော့ ကုန်မှာတောင် မဟုတ်ပါဘူး ဒီတော့ အတိုချုပ်ပဲ ရေးလိုက်ပါတယ်ဗျာ။

Tuesday, June 23, 2009

ကူညီပါရစေ

18
"စေတနာသည် လူတိုင်းနှင့်မတန်" ဟုတ်တယ်တကယ်ကို လူတိုင်းနှင့်မတန်တာပါ။ ကိုယ်တွေ့ကြုံတွေ့ခဲ့လို့ ရဲရဲကြီးပြောရဲတာပါ။ တခုတော့ရှိတာပေါ့၊ ကိုယ်ပေးတဲ့ စေတနာနဲ့ တဖက်သားလိုခြင်တဲ့ အရာ မတူခဲ့ရင်တော့ ဒါဟာ နားလည်မှုလွဲတယ်ပဲခေါ်ခေါ်၊ ပေးတဲ့သူအနေနဲ့ ကိုယ်တတ်နိုင်တာပဲ ပေးတယ်ပြောပြော အထက်ပါစကားပုံနှင့် လုံးဝမသက်ဆိုင်ပါဘူး။

Saturday, June 20, 2009

မင်းတော့....သေပြီသာမှတ်ပေတော့

13
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."
အီးမေးကတဆင့် ကိုရဲရင့်နီပေးပို့လိုက်တာပါ။ ရီရတာနဲ့ မဖတ်ဖူးသေးသူများကို ဖတ်စေချင်တာရော၊ ကိုယ်တိုင်ကလဲ ဘာရေးရမှန်းမသိလို့ပါ အချောင်ခိုရင်း.................................................။

Thursday, June 11, 2009

ကျနော့် သူငယ်ချင်း အကြောင်း

16
ကျနော့်မှာ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်။ကျောင်းနေဖက်သူငယ်ချင်းတွေပါ၊ ကျနော်နဲ့ အတွဲလဲညီတယ်၊ ဘယ်လောက်ထိလဲဆိုရင် ကျနော့်အိမ်မှာ လိုက်နေပြီး ကျောင်းတက်တဲ့ အထိပါပဲ။ အမှန်က သူတို့အိမ်က ကျောင်းနဲ့ပိုနီးပါတယ်၊ ကျနော့်အိမ်နဲ့က နာရီဝက်ကြာ ကားစီးသွားရလောက်အောင် ဝေးပါတယ်။ ပြီးတော့ သူတို့ မိသားစုတွေကလဲ ကျောင်းစရိတ်မတတ်နိုင်လို့ ကျနော့်အိမ်မှာ လိုက်နေတာလဲ မဟုတ်ပါဘူး။
အမှန်က ကျနော်တယောက်ထဲ ကျောင်သွားကျောင်းပြန် လုပ်နေရတာ ပျင်းလာလို့ သူတို့ကို အိမ်ခေါ်ထားလိုက်တာပါ။ အမေကတောင် ကြားထဲက သူတို့ အတွက်မုန့်ဖိုးပေး၊ အဝတ်အစားလျှော်ပေးနဲ့ သူတို့ အိမ်ကတောင် သူတို့ကို အလိုရှိရင် ကျောင်းလာပြီး ခေါ်ရတဲ့ အထိပါပဲ။ယုတ်စွအဆုံး ရေချိုးခန်း ရေဝင်ချိုးတာတောင် ၃ယောက် အတူတူချိုးကြတဲ့ အထိကို တယောက်ကို တယောက် ချစ်ကြပါတယ်၊ ကိုယ့်ရှိတဲ့ ညီအကိုတွေတောင် ဒီလောက် သံယောဇဉ် မဖြစ်ပါဘူး။ ပြီးတော့ ကျနော်လုပ်ချင်တာဆို နှစ်ခါမပြောရဘူး သဘောတူပြီးသား၊ ဒီလိုပဲသူတို့လုပ်ချင်တာဆို ကျနော့်ကိုနှစ်ခါမပြောရဘူး၊ သဘောတူပြီးသား ဆိုတော့ သုံးယောက်ပေါင်းမိတာမထူးဆန်းဘူးပေါ့။ ထူးဆန်းနေတာက သုံးကောင်စလုံးက သောက်တလွဲကောင်တွေဆိုပါတော့။ အော်... သူတို့နာမည်တွေကတော့ ကျော်နန္ဒ၊ သန်းဦး ပါ။ ဒီနှစ်ကောင်ထဲက ကျော်နန္ဒ အကြောင်း ပြောပြမယ်။

Tuesday, June 09, 2009

ဆရာသမားမွေးနေ့

12
ဟုတ်ကဲ့ ဒီနေ့ဟာ ဆိုရင်ဖြင့် ဘာနေ့လဲဆိုတော့ကာ.. အင်္ဂါနေ့... ၉.၆.၂၀၀၉ ပါ။ ဟဲ့.... ဒါတော့နင်ပြောမှလား ငါတို့လဲ သိတာပဲလို့ပြောကြမှာပဲ....။ ဟုတ်ပါတယ် လူတိုင်းသိပါတယ်... ဒါပေမဲ့ ကျနော်နဲ့ ကျနော့် ဘလော့နဲ့ပက်သက်ပြီး လမ်းကြောင်းပေါ်တင်ပေးတဲ့ ကျနော့်ဆရာပေါ့ဗျာ သူပဲ ဘလော့ဆိုတာဘာ၊ tag ဆိုတာ ဘာကိုပြောတာ၊ ဆိုဒ်ဘားမှာ ဘာတွေထည့်သင့်တယ်က အစ၊ ကိုယ်ရေးမဲ့အကြောင်းအရာကို တခုခုကို ဦးတည်ဖို့ ဆိုလိုတာက ရသရေးမလား၊ သုတရေးမလား၊ စသည်ဖြင့်ပေါ့ဗျာ...တခုခုကိုဦးတည်ဖို့ လမ်းကြောင်းချပေးအဆုံး အားလုံးကို ခရေစေ့တွင်းကျ သေချာရှင်းပြခဲ့သူကိုလင်းထက်ရဲ့ မွေးနေ့မို့လို့ပါ။

Saturday, June 06, 2009

နှစ်ပေါင်း ၃၀

32
ကျနော့်မွေးနေ့မှာတခြားဘလော့ဂါတွေလို မွေးနေ့ကိတ်တွေ၊ စားစရာ၊သောက်စရာတွေနဲ့တော့ ဧည့်မခံတော့ဘူးဗျာ.. ဒါပေမဲ့ စာတပုဒ်နဲ့တော့ ဧည့်ခံလိုက်ပါ့မယ်.. ထူးခြားမှုရှိတဲ့ စာတပုဒ် မဟုတ်တောင် အပျင်းပြေပြီဆိုရင် ကျေနပ်ပါပြီ။ စာတွေစကားလုံးတွေ တောရောက်တောင်ရောက်ဖြစ်နေရင် နားလည်ပေးပါဗျာ။

Monday, June 01, 2009

ကျနော်နှင့်ချစ်ခဲ့ကြသူများ

17
ကိုဂျယ်ကြီး tag ထားတဲ့ ဒုတိယမြောက်ပို့စ်လေးပါ။ အကြောင်းအရာက ဘာတဲ့... ချစ်ခဲ့ဖူးတဲ့ ရည်းစားများ အကြောင်းဆိုလား....။ ခက်တော့ခက်နေပြီ ကိုဂျယ်ကြီးကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခိုင်းပြန်ပါပြီလို့ ပြောရမလိုပဲဗျာ..။ ဒီကကောင်ကလဲ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းကြေးဆို ဘယ်တုန်းကမှ အရှက်ရှိတာ မဟုတ်တော့ ရေးရဦးမှာပေါ့။ ဟုတ်တယ် ကိုယ့်အကြောင်းပဲ ကိုယ်မကောင်းရေးရဲတာ သူများအကြောင်းသွားရေးရင် အဆဲခံရမှာပေါ့ဗျ..ဟုတ်ဘူးလား။ ဒါပေမဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပေမဲ့လဲ ကြည့်တော့ထောင်းရတာပေါ့နော..... ဥမကွဲသိုက်မပျက်လဲ နေချင်သေးတာကိုးဗျ..ဟီးဟီးဟီး......။

Wednesday, May 27, 2009

ရွှေပြည်တော်မျှော်တိုင်းဝေး

19
ဒီနေ့ဝေမိုးနဲ့ အွန်လိုင်းပေါ်တွေ့တာနဲ့ စကားစမြည်ပြောကြရင်း ရွာပြန်ရတဲ့ အတွေ့အကြုံလေးတွေဆီ ရောက်သွားတယ်ဗျ။ ပြီးတော့ ကိုတောင်ပေါ်သား ကလဲ တက်တာနဲ့ မရေးမဖြစ်ရေးရတော့မှာပေါ့ဗျာ။
ဒီအကြောင်းရေးမယ်.. ရေးမယ်နဲ့ ရေလဲရေးချင်တယ် ရေးလဲမရေးရဲဘူး(မရေးရဲဘူးဆိုတာ သဘောပေါက်မှာပါ..ဟီ)။
တခြားသူတွေတော့ မသိဘူးဗျ ကျနော်အတွက်တော့ ရွှေပြည်တော်ပြန်တိုင်း လူကြီးတွေကန်တော့ရင် ဆုပေး
တတ်ကြတဲ့ ဆုတောင်းစကားတခုထဲကလို ဘယ်ဘက်ကတပုလင်းလှုလို့ ညာဘက်ကလဲ တပုံးကျဲနိုင်ပါစေဆိုတဲ့
ဆုကတော့ မတောင်းဘဲနဲ့ကို ပြည့်တာဗျ(တပုလင်း=တသောင်း၊ တပုံး=တသိန်း)။ မယုံရင်တော့ ဆက်သာဖတ်ကြည့်ပေတော့..........................။

Sunday, May 24, 2009

အိမ်

17
အိမ်..ဆိုတဲ့နာမည်ကို ဘာကြောင့်များ ပေးသလဲဆိုတာ ကိုဂျယ်ကြီး က tag ရင်းမေးလာလို့ရေးလိုက်တာပါ။ ဒီလိုဗျ... ကျနော့်မှာ အိပ်မက်တခုရှိတယ် အိမ်တလုံး
လောက်ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်ပေါ့..။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ခြံဝန်းလေးနဲ့ ပျဉ်ထောင်အိမ်လောက်ပါပဲ။ အေးချမ်းတဲ့ရာသီမှာ နွေးထွေးစေတာ၊ ပူပြင်းတဲ့ရာသီမှာ အေးမြစေတာ၊ ပြီးတော့ တနေ့တာ ပင်ပန်းသမျှကို နွေးထွေးလုံခြုံစွာ အိပ်စက်အနားယူစရာနေရာအဖြစ်နဲ့ပါ။ ဒါပေမဲ့ဗျာ.. ဘ၀ကပဲမလှတာလား၊ကံကပဲမလိုက်တာလားတော့ မသိဘူး ယနေ့အထိ စိတ်ကူးအိပ်မက်ထဲက ပျဉ်ထောင်အိမ်မပြောနဲ့ ကလေးကစားတဲ့ ပလတ်စတစ် အိမ်လေးတောင်မပိုင်ဆိုင်ဘူးသေးဘူး။ သမင်မွေးရင်းကျား
စားရင်းပဲ ပြောရမလား၊ ပလိုင်းပေါက်နဲ့ ဖားကောက်တယ်ပဲ ဆိုမလား၊ ကိုယ်ရှာသမျှဟာ စုမိတယ်ကိုမရှိဘူး၊
ပြီးတော့ အိမ်ဈေးတွေကလဲ သိတဲ့အတိုင်းပဲ တနေ့နဲ့တနေ့က တက်လာလိုက်တာ အိမ်ဝယ်ဖို့မပြောနဲ့ အိမ်အရိပ်
တွေတောင် မနင်းနိုင်လောက်အောင်ကို ခေါင်ခိုက်နေကြတာဆိုတော့..........................။

Thursday, May 14, 2009

လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်း

21
လူတွေအကြောင်း ပြောရရင်တော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ဒီအထဲကကျနော်သိခဲ့၊ကြုံခဲ့ရတဲ့
လူအထင်ကြီးအောင် ပြောဆိုနေထိုင်နည်းလေး ပြောပြချင်တယ်။
တချို့လူတွေဟာ ၀ မရှိပဲ ၀ိလုပ်ချင်ကြတယ်။ ကိုယ်ဘယ်သူလဲ၊ ဘာလဲ ဆိုတာလုံးဝမေ့ထားတတ်ကြပြီး မရှိကို
အရှိလုပ်ပြောတတ်ကြတယ်။ ခက်တာက လူတွေကလဲ အဲဒီလို ဟိတ်လုံး၊ဟန်လုံး မရှိတဲ့သူဆို နဲနဲလေးမှ အထင်မကြီးတတ်ကြဘူးဗျ။ အဲဒါကြောင့်လဲ ရွာမှာ ဘယ်သူတော့ ဘယ်လောက် အလိမ်ခံလိုက်ရပြန်ပြီ၊ ဘယ်ကုမဏ္ဏီတော့ ဘယ်လောက်လိမ်သွားပြန်တာနဲ့၊ ပွဲစားက လူဘယ်နှစ်ယောက်ဆီက လိမ်သွားရတာနဲ့၊ စသည်ဖြင့်ပေါ့ဗျာ။
ပြီးတော့ လူတွေကြားထဲစကားပြောရင် အင်္ဂလိပ်စကား ညှပ်ပြောတတ်တဲ့ အကျင့်ပဲ..ဘာရယ်ညာရယ်တော့
မဟုတ်ဘူး လူအထင်ကြီးတာအမှန်ပဲ။ အဲလိုပြောတတ်တဲ့သူနဲ့တွေ့ဖူးတယ်ဗျ ဒီလို.......

Monday, May 11, 2009

သြော်....မိန်းမ ၃

13
မြန်မာစကား အတော်ရှုပ်တယ်ဗျ ၂လုံးထဲနဲ့ အတော်စဉ်းစားရကြပ်တယ် တကယ်ပြောတာ ဟုတ်၊မဟုတ်အောက်ကစာသာ ဆက်ဖတ်ကြည့်(ဆက်ဖတ်ကို ဖတ်ရင်သေချာဖတ်ပါ တော်ကြာ အိမ်တို့မိုက်ရိုင်း
တယ်ထင်မှားစိုးလို့ပါနော်)
ဒီတခါတော့ ကျနော်ရဲ့ညီလို၊ သူငယ်ချင်းလိုခင်မင်ခဲ့ရတဲ့ ကောင်လေးရဲ့ ကောင်မလေးအကြောင်းပြောပြမယ်။

Thursday, April 30, 2009

သင်္ဘောသား ဘ၀ ၂

16
သင်္ဘောသားဘ၀ တွေကတကယ်စဉ်းစားကြည့်ရင် သနားစရာလဲကောင်းသလို၊ ရိုက်ခြင်စရာလဲကောင်းတယ်။ သိတော်မူကြတဲ့အတိုင်းပဲလေ သင်္ဘောသားတွေလဲ မတစ်ထောင်သားတွေပဲဆိုတော့ ကောင်းတဲ့သူလဲရှိသလို၊ မကောင်းတဲ့သူလဲရှိပါတယ်။ ဒီလိုပဲ အူကြောင်ကြောင်နိုင်တဲ့သူလဲရှိသလို၊လူရည်လည်တဲ့သူလဲ ဒုနဲ့ဒေးပါ။
အဲ... တချို့ကျတော့လဲ သင်္ဘောသားဖြစ်ဖို့ အရင်းအနှီးကြီးကြီးမားမားပေးဆပ်လိုက်ရတာ ရှိသလို၊ လွယ်လွယ်ကူကူနဲ့ သင်္ဘောသားဘ၀ရောက်လာတဲ့သူလဲ ရှိကြပါတယ်။
တချို့ကျတော့လဲ ကမ်းကုန်လို့ ရေထဲရောက်လာတဲ့သူတွေလဲ ပါလာတတ်သေးသဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ရဲ့ ဘယ်အရပ်မှာပဲနေနေ သံပြားနင်းပြီ ဆိုတာနဲ့
(သင်္ဘောပေါ် စတက်တာကို တင်စားပြောလိုက်တာပါ) ရွှေအတော်များများက ညီအကိုတွေလို တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ တိုင်တိုင်ပင်ပင်နဲ့ စည်းလုံးတတ်ကြ
ပါတယ်။ ဒါကလဲအတော့်ကိုရှားတယ်လို့ ပြောရမလားတော့ မသိဘူး။ ကျနော်သံပြားနင်းခဲ့တဲ့ သက်တမ်းနဲ့ တွေ့ဖူးသမျှ သင်္ဘောသားတွေ မှာတော့ စည်းလုံးမှုသိပ်မရှိကြပါဘူး။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မရှိလို့ ပေါင်းနေရတဲ့ သဘောမျိုး အတော်များများ တွေ့ခဲ့ရလို့ပါ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အလွန်ကြပ်တတ်တဲ့ အကျင့်ကလဲ
ရှိသေးတယ်ဗျ။ အလုပ်နဲ့ ပတ်သက်ရင်ပဲ ဖြစ်ဖြစ်၊ ရွာမှာကျန်ခဲ့တဲ့ ဇနီး၊ ရည်းစား တွေအကြောင်းကြပ်တာပဲဖြစ်ဖြစ်၊ စသည်ဖြင့်ပေါ့။
တစ်ယောက်နဲ့တစ်ယောက်ကလဲ ခွင်ကြုံရင်၊ ကြုံသလို ချွန်လိုက်၊ ကျပ်လိုက်၊ မြှောက်ပေးလိုက်၊ ရိုက်ချလိုက်၊ ဖောက်ခွဲလိုက်၊ရိုက်ခွဲလိုက်နဲ့ တကယ့်ကိုအစုံပါပဲ။တော်ရုံလူဆို ရှုးသွားနိုင်တယ်ဗျ။ ဒီအထဲက ကျနော်ကိုယ်တိုင် အကြပ်ခံခဲ့ရတာလေး ပြောပြခြင်တယ်ဗျာ။ ပြောပြရရင်တော့
ကျနော်အကျပ်ခံခဲ့ရတာတွေက အတော့်ကိုများတယ်
ဗျ သံပြားနင်းခါစ လူသစ်လေးဆိုတော့ ဘာမှမသိဘူးလေ၊ ဒီတော့ ကိုယ့်ထက်အရင်ရောက်နေတဲ့ သူတွေကို ဆရာတင်ရတာပေါ့နော။ ဒီအထဲက ဒီနေ့အထိမေ့မရသေးတဲ့ ပြဿာနာတခုရှိတယ်ဗျ၊ ဒီဟာလေးတခုလောက်ပဲ ပြောမယ်ဗျာ....

Tuesday, April 28, 2009

သြော်.မိန်းမ.၂(သို့)နေရင်းထိုင်းရင်းအမှုပါတ်ခြင်း

26
ဒီစာကို သေချာဖတပြီးအဆုံးထိဖတ်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ်ကိုထူးခြားတဲ့ ဖြစ်စဉ်မို့ပါ။ အံ့သြစရာလဲ ကောင်းသလို စိတ်ပျက်စရာ မို့လို့ပါ။ ဒီနေ့ထူးထူးခြားခြား ကောင်မလေးတယောက် ကျနော့် e-mail account မှာ လာ add လုပ်ပါတယ်။ ကျနော်တွေ့တော့ဘယ်သူမှန်းမသိတော့ လက်ခံလိုက်ပါတယ်။ အဲဒီကစပြီး သူပြောတာနဲ့ကျနော်ပြောတာကို အောက်မှာ ဆက်လက်ဖတ်ရူနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိန်းကလေး ဂုဏ်သိက္ခာကို ငဲ့သောကြောင့် သူ့ရဲ့ မေးလိပ်စာ အမှန်ကိုမဖော်ပြတာ နားလည်ပေးစေချင်ပါတယ်။

Saturday, April 25, 2009

သတင်းကောင်း တခု

11
ကြားဖြတ်သတင်း တခုလောက်ပြောပြချင်ပါတယ်။ ကျနော်
ကိုရဲရင့်နီဆီကနေ ဒီလင့်လေး ရလို့ ၀င်ကြည့်မိတာမှာ
အတော့်ကို ထူးခြားတယ်ဗျ။ သူ့ထူးခြားချက်ကတော့ မိမိနာမည်နဲ့ နိုင်ငံကိုဖြည့်လိုက်ပြီး ရှာရင် ဘယ်နိုင်ငံမှာ ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ကို အ၀င် မခံဘူးဆိုတာ ကြိုတင်သိရှိနိုင်ပါတယ်။ ဒီလိုသိရှိခြင်းအားဖြင့် မိမိအနေနဲ့ နိုင်ငံ
တခုခုကို သွားလာချင်တယ်ဆိုရင် မသွားခင် အဲဒီဆိုဒ်လေးမှာ ကြည့်ခြင်းအားဖြင့် မိမိအတွက် လေယာဉ်လက်မှတ်ခ၊ ဗီဇာဖိုး၊ သွားလာစရိတ် စသည်ဖြင့် အတော်လေးကို ချွေတာမိသွားမှာပါ။ ဒီလိုပြောနိုင်တာ ကလဲ မိမိနာမည်နဲ့ နိုင်ငံ ရေးထည့် ရှာထဲက တခါထဲ သွားလို့ ရတဲ့ နိုင်ငံ၊ မရတဲ့ နိုင်ငံ စသည်ဖြင့် အကုန်ပြထားလို့ပါပဲ။ ကြော်ငြာနေတာနဲ့တင် စိတ်ဝင် စားသွားပြီ ထင်ပါ့ ..............
စိတ်ဝင်စားရင် ဒီမှာသွားရောက်ကြည့်ရူနိုင်ပါတယ်။

Tuesday, April 21, 2009

သြော်.... မိန်းမ ၁

23
ခေါင်းစဉ်ကြည့်ပြီး အတော်စိတ်ဝင်စားသွားမှာပဲနော်။တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။မိန်းကလေးတွေဟာ
အရှက်ကြီးတယ်၊ သိက္ခာရှိတယ်၊မိန်းမတို့ အိမ်ဒရေ ရွှေပေးမရ၊ ခြေတလှမ်းကုဋေ တစ်သန်း၊ ဗိုင်းကောင်း ကျောက်ဖိ စသည်ဖြင့် ပြောကြသလို တော်လေး၀၀င်အဖြင့်လဲ တင်းစားတတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်နဲ့ စကားပြောဖူးတဲ့သူအတော်များများက
တော့ တော်လေးဝ ၀င်မ၀င်တော့ မသိဘူး အတော့်ကိုပြောရဆိုရ လက်ပေါက်ကပ်ပြီး၊ တွေးလိုက်ရင်လဲတလွဲချည်း
ပါပဲ။ ကျနော်သိသမျှ မိန်းကလေးအကုန်လုံးကိုမဆိုလိုပါဘူး တချို့ကိုပြောတာပါ။
ဒါမှမဟုတ် ကျနော်ကပဲ စကားအပြောမတတ်တာလားဆိုတာ ပြောကြပါဦးဗျာ။ လိုရင်း၊ တိုရှင်းပဲ ရေးမယ်ဗျာ။ ဒီလိုပါ............

Thursday, April 09, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၂

11
ကောင်လေးတက်ထားတာကြာပြီဗျ။ပြီးတော့ မီးမီးငယ်(ထည်ဝါချို)ကလဲထပ်တက်ပြန်တော့ မရေးမဖြစ်ရေးလိုက်ရပြီပေါ့။ သူတက်ထားတာက ဘာတဲ့.... တရားဘာဝနာ
အကြောင်းထင်တယ်ဗျ။ သူတက်ထားတယ်ဆိုတာ လာပြောတော့ သူ့ဘလော့သွားဖတ်ရင်း ကျနော့်မှာ အတော်စဉ်းစားရတယ်ဗျ ဘာလို့လဲဆိုတော့ ကျနော်ဆိုတဲ့ကာင်ကသိတဲ့အတိုင်းပဲလေ ဗရုတ်သုတ်ခကောင်ဆိုတော့ ဒီအကြောင်း ရေးဖို့ သင့်တော်၏၊ မတော်၏၊ အတော်စဉ်းစားရတယ်ဗျ။ တော်ကြာ ကိုယ့်ဗုဒ္ဓဘာသာက နဂိုကမှနှိပ်ကွပ်ခံနေရတဲ့အထဲ(သိကြမှာပါနော်) ကျနော့်ကြောင့် ပိုသိက္ခာကျမှာ လဲစိုးရသေးတယ်ဗျ။ ဘာပဲဖြစ်ဖြစ် အတက်ခံထားရတော့ ရေးရတော့မှာပေါ့နော။
ဒီလိုဗျ......... ကျနော်ဘ၀မှာမှတ်မှတ်ရရ ကိုရင်၂ခါ နဲ့ပဇင်းတခါခံဖူးတယ်ဗျ။ ကိုရင်ဝတ်တုန်းကတော့ ကလေး
ဘ၀ဆိုတော့ သိပ်မမှတ်မိဘူး။ ပဇင်းခံတာတော့ကောင်းကောင်းမှတ်မိတယ်ဗျ ဘာကြောင့်လဲဆိုတော့ ကျနော့်
အသက်၁၉နှစ်ပြည့်ခါနီးလား၊ ၁၈နှစ်ပြည့်ခါနီးလားမသိဘူး အမေကဗေဒင်သွားမေးတာမှာ ကျနော့်ကိုဟောလိုက်
တာက ကျနော်လူဝတ်လဲရင်လဲ၊ မလဲရင်သေမယ်ဆိုလို့ မရမကအတင်းဝတ်ခိုင်းလို့ပါ။ အဲဒီတုန်းက ၁၈လား၊
၁၉လားမသိဘူးပြည့်ဖို့ ၉လလိုသေးတာကို ဗိုက်ထဲမှာသန္ဓေစတည်တာက စပြီးရေတွက်ရင် ၁၉ပြည့်ပြီဆိုပြီး၊
ကျနော်တို့ကိုးကွယ်တဲ့ဘုန်းကြီးနဲ့တိုင်ပင်ပြီး ၀တ်ပေးတာကြောင့်ပါ။ ကျနော်လဲ သေမယ်ဆိုတော့ ဟုတ်သည်ရှိ၊
မဟုတ်သည်ရှိ သေမှာတော့ကြောက်တာပေါ့ဗျ။ ဒါနဲ့ပဲပဇင်းခံဖြစ်သွားတယ်ဆိုပါတော့။

Monday, March 16, 2009

ခရီးသွားနေတဲ့ အိမ်

18
ပြီးခဲ့တဲ့ အပါတ်ကခရီးသွားခဲ့တာလေးကို အမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်။ သွားတဲ့မြို့
အမည်ကတော့ ပိုတိုဟဲလီ လို့ခေါ်ပါတယ်။ဒီမြို့လေးက ကျနော်တို့ရွာမှာဆို ချောင်းသာတို့လို၊ငပလီ၊တို့လိုနေရာ
မျိုးပေါ့ဗျာ။ မြို့ကနေ ကီလိုမီတာ ၂၀၀ဝေးပါတယ်။ ကားမောင်းရချိန်ကတော့
၁နာရီခွဲပါ။ကီလိုမီတာ၂၀၀ဆိုတော့ မိုင်နဲ့တွက်ရင် ၁၂၄.၂၈ မိုင်တိတိရှိပါတယ်။ကျနော့်အထင် ရန်ကုန်နဲ့
တောင်ငူ လောက်ရှိမလားမပြောတတ်ဘူး။ ဒီလောက်ဝေးတာ ၁နာရီခွဲပဲကြာတယ်။ ရွာမှာဆိုတညအိပ်သွားရ
မလားမပြောတတ်ဘူး။ ဒါကလဲကိုယ့်ရွာကို ကိုယ်နှိမ်ပြောတာတော့ မဟုတ်ပါဘူး။ သူများနိုင်ငံအထင်ကြီးတာလဲ
မဟုတ်ပါဘူး။ ဖြစ်သင့်နေပြီလို့ ပြောခြင်တာပါ။ ထားပါတော့ ပြောရင်နိုင်ငံရေးတွေပါလာမယ်ဗျ။
ကဲကဲ ပုံလေးတွေကြည့်ပြီး အားပေးသွားကြပါဦးဗျာ။

Saturday, March 14, 2009

တောင်းပန်စာ

13
မ၀ါ(မ၀ါဝါခိုင်မင်း)ကို အားကျလို့ တောင်းပန်တဲ့ပို့စ်လေးရေးလိုက်တာပါ။ မ၀ါဘလော့မှာက အားတိုင်း ဟိုလူ့တောင်းပန်၊ဒီလူ့တောင်းပန်နဲ့ သူဘလော့တခုလုံး တောင်းပန်စာတွေနဲ့ ပြည့်နေသလိုဖြစ်နေတာဗျ။ သူ့ခမျာတောင်းပန်ရတာနဲ့ စကောပန်ရတာနဲ့ ခြင်းပန်းရတာနဲ့ နောက်ဆိုစလောင်းပါ ပန်မလားမသိဘူး။ အဟီး
ထားတော့ ကျနော်စာမရေးဖြစ် လိုင်းပေါ်မတက်ဖြစ်တာက နက်မကောင်းလို့ပါ ပြောင်းဖို့လုပ်ထားတာလဲ ခုထိ
မလုပ်ဖြစ်သေးဘူးဗျာ။ နက်ကမကောင်းတော့ အွန်လိုင်းပေါ်တောင် မတက်ဖြစ်တော့ဘူး။ အလုပ်ရှုပ်နေတာလဲ ပါတာပေါ့နော။ ဒီတော့ အလည်လာသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ တကူးတက လာရောက်မေးမြန်းသူများကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော့်ဘက်က နက်ကောင်းတာနဲ့ အားလုံးဆီ
ကို အလည်လာပါ့မယ်လို့ ကတိပေးပါတယ်။ အခုလောလောဆယ်တော့ နက်လိုင်းပြောင်းဖို့ စောင့်နေတာရော
အလုပ်လဲ ရှုပ်နေတာကြောင့် ဘယ်လိုမှ မအောက်မေ့ပါနဲ့လို့ တောင်းပန်ပါတယ်ဗျာ။
အားလုံးကို လေးစားလျှက်

Friday, February 27, 2009

ချစ်တတ်တဲ့ အသည်းနှလုံးနှင့် ကျွန်တော်

38
ကျွန်တော်လဲ အသည်းကွဲဖူးပါသည်။ ဒီလိုပြောလို့ အတော့်ကိုအံ့သြသွားကြမှာပဲ။ ကျွန်တော်လဲ ခံစားတတ်တဲ့
အသည်းနှလုံးရှိတဲ့ လူသားတစ်ယောက်ပါပဲ။တကယ်ပါ ကျွန်တော့်မှာ ငယ်ငယ်ထဲကချစ်ခဲ့တဲ့
ငယ်ချစ်ဦးရှိခဲ့ဖူးပါတယ်။ချစ်ခဲ့ကြတာ ၁၀နှစ်ကျော်ကြာခဲ့တယ်ပြောရင်ပိုအံ့သြသွားကြမလားမသိဘူး။ တကယ်ပါပဲ ကျွန်တော် ၇တန်းကျောင်းသားဘ၀ထဲက သူနဲ့ချစ်ခဲ့တာပါ။


Thursday, February 19, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း၁၁

26
ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း၁၁(သို့်) ကျနော်နှင့် ချစ်ခဲ့သူများ အကြောင်းမရေးခင် အရင်ဆုံးပြော
ချင်တာကတော့ ခုတလောကျနော် ဘယ်ဘလော့ကိုမှ မလည်ဖြစ်ပါဘူး။ မလည်ဖြစ်တာကတော့ အလုပ်လဲ နဲနဲ ရှုပ်နေတာရော၊ ကွန်နက်ရှင်မကောင်းတာရောကြောင့် ဘယ်မှလဲ မလည်ဖြစ်သလို၊ ဘာစာမှလဲ မရေးဖြစ်ပါဘူး။ ခုတောင်မှ အသစ်၊အသစ်နဲ့ လာလာသတိပေး၊ ပြောနေကြလို့ ကွန်နက်ရှင် မကောင်းတဲ့ကြားကပဲ အားလုံးကို ပျော်ရွှင်စေခြင်၊ ဖတ်စေခြင်တဲ့ဆန္ဒနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်။ ကွန်နက်ရှင်မကောင်းတာကတော့ ကျနော် သုံးနေတာ သရီးဂျီကွန်နက်ရှင်ဆိုတော့ အတော့်ကိုညံ့ပါတယ် ခုတော့ တခြားတခုပြောင်းဖို့ လုပ်မယ်လို့ စဉ်းစား နေပါတယ်။ အဲဒါလေး ရတာနဲ့ အားလုံးဆီကို အလည်လာပြီး မဖတ်ရသေးတာတွေ အကုန်လာဖတ်ပါ့မယ်လို့ကတိပေးရင်း ........... .............. ............. .........။
ပြီးတော့ ကိုမောင်ဘီး တက်ထားတဲ့ အကြွေးလေးလဲ ဆပ်ရင်းေ၇းလိုက်ပါတယ်ခင်ဗျား။
ဒီအကြောင်းမရေးခင် ကျနော်နဲ့ ကြိုက်ခဲ့တဲ့ ကောင်မလေးတွေ နာမည်တော့ ထည့်မရေးတော့ဘူးဗျာ။ ဘာလို့လဲဆိုတော့ သိသွားရင်မေတ္တာ ၀ိုင်းပို့နေကြမှာစိုးလို့ရယ်၊ သူတို့သိက္ခာကျမှာစိုးလို့ရယ်ကြောင့် နာမည်ထည့်မရေးတော့ပါဘူး။ ကျနော်နဲ့ ကြိုက်ခဲ့တဲ့ကောင်မလေး ဘယ်နှစ်ယောက်ရှိလဲ သိခြင်မှာပေါ့၊ ပြောရမှာတော့ ခပ်ခက်ခက်ပဲဗျ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင် မမှတ်မိတော့လို့ပါ။ အခုလိုပြောလို့ ကျနော်ဟာ လူရှုပ်လူပွေလို့ ထင်ကြမှာပဲ၊ ဒါဆိုရင်တော့ တော်တော်မှားပါတယ်၊ အကုန်မှားတယ်လို့ မပြောပါဘူး၊ ဒီလိုပါ ကျနော့်အကြောင်းလဲသိတဲ့ အတိုင်းပဲလေ အမြဲလွဲချော်နေပြီး အခွက်က ပြောင်းလွန်းတော့ ဘယ်မိန်းကလေးမှ ကျနော့်ဒဏ်မခံနိုင် ကြလို့ပါ။ ဒီစာဖတ်ကြည့်ရင် သဘောပေါက်သွားမှာပါ။ ကဲ.... စလိုက်ကြရအောင်.............................

Tuesday, February 03, 2009

ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်အကြောင်း ၁၀

22
ကျနော့်အကြောင်းကို ရေးခဲ့တာ ဒီပို့စ်နဲ့ဆို ၁၀ခုမြောက်ပါပဲ။ ခုတော့ သူများအကြောင်းလျှောက်ဖွတာကို ကိုယ့်အကြောင်း ကိုယ်ရေးပါလို့ ၀ိုင်းချွန်နေတာနဲ့ပဲ ခုတော့ ၁၀ပုဒ်မြောက် ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၀ကိုရေးလိုက်ပါတယ်။ ဒီပို့စ်က အွန်လိုင်းကျုရှင်ရဲ့ သင်ခန်းစာ အမှတ်၃ပေါ့နော်။ သင်ခန်းစာ၁နဲ့ ၂မဖတ်ရသေးသူများ ၁ကဒီမှာ  ၂ကဒီမှာပါ။ ဖတ်ချင်တယ် ဆိုရင်ပေါ့ဗျာ။ ဆိုတော့ သင်ခန်းစာ ၃လေး စလိုက်ရအောင်ဗျာ။ မရေးခင်တခုလောက်တော့ ပြောချင်တယ်ဗျာ တချို့ စာတွေက အများသိပြီးသားနေမှာပါ ကြာလဲအတော်ကို ကြာပြီဗျ ဒီတော့ စာတချို့ဟာကျနော့်ကိုယ်ပိုင်
အတွေးမဟုတ်တာ ကိုကြိုဝန်ခံပါရစေဗျ ဘာလို့လဲဆိုတော့ တချို့က ကိုယ်လဲမရေးနိုင် သူများရေးတာလဲ မနာလို ရေးလဲမရေးတတ်ဘူး ဒီတော့ ဘေးထိုင်ဘုပြောပြီး အပြစ်လိုက်ရှာတတ်လို့ပါ။ ထားတော့ ဒီအကြောင်း နောက်အေးဆေးမှရေးမယ်ဗျာ တော်ကြာ သင်တန်းချိန်ကုန်သွားပြီး သင်တန်းသူ၊ သင်တန်းသားတွေ ဘာမှ မသင်လိုက်ရပဲနေမှာစိုးလို့ပါ။

Monday, February 02, 2009

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

24
ဒီတခါလဲ ကျနော့်အကိုဝမ်းကွဲအကြောင်း ထပ်ဖွမယ်ဗျာ။ ပြောရရင် တော့ဗျာ အတော်လေးကို တိုက်ဆိုင် သွားတာပါပဲ ညမဖတ်ရဆိုတဲ့ ပို့စ်ထဲက အတိုင်း တကယ်ကို တိုက်တိုက် ဆိုင်ဆိုင် ပါပဲ အဲဒီထက် ပိုဆိုးနေမလားတောင် မသိဘူး ဘာလို့လဲဆိုတော့ ဒီတခါက လူပုံလယ်အရှက်ဗျမ်းဗျမ်းကွဲလို့ပါ။ ဒီအကြောင်းရေးမယ်စဉ်းမိတော့  ရယ်မိပါတယ် တကယ်ပါပဲ။ ဒီအဖြစ်အပျက်ကလဲ ကျနော်တို့ မိသားစု င်္သချိုင်းသွားကန်တော့တဲ့နှစ်ပေါ့ဗျာ။ င်္သချိုင်းကန်တော့တယ် ဆိုလို့ အတော်အံ့သြသွားလား ကျနော့် အဖေရဲ့အဖေက ပြည်ကြီး တရုတ်အစစ်ပါ သူက အင်္ဂလိပ်လက်ထက်မှာ အင်္ဂလိပ်တွေနဲ့ဂျပန်တွေကို စစ်ကူတိုက်ဖို့ တရုတ်ကလွှတ်လိုက်တဲ့ စစ်တပ်နဲ့ ပါလာတဲ့ စစ်သားတဦးပေါ့ဗျာ အဲဒီမှာ အဖေ့အမေ ကျနော့်အဘွား အညာသူနဲ့(ဟီ... ကျနော့်အဘွားလို့ ပြောလိုက်ရသားနဲ့ ရှည်ပြီးရှင်းပြ နေတာနဲ့ ရှုပ်ကုန်ပြီ) တွေ့ပြီး ချစ်ကြိုက်မိပြီး ဒီအပါးက မောင်ကြီးမခွာနိုင်ဖြစ်ပြီး တရုတ်တပ်တွေ ပြန်သွားတာတောင် အဖိုးကနေခဲ့ပါတယ်။ ဒါပေမဲ့ဗျာ ကျနော့်အဖေကျတော့ တရုတ်ရုပ်နဲ့ လုံးလုံးကို မတူတာဗျ လုံးဝ အညာသားရုပ် (ဟီ အဖေရေသူများ အကြောင်းပြောရင်း အဖေ့အကြောင်းပါ ပါသွားတယ် ခွင့်လွှတ်တော့
ဒီသား ဗရုတ်သုတ်ခကို) ဒါပေမဲ့ သူ့အကိုနှစ်ယောက်ကတော့ တကယ့်ကို တရုတ်ဒီဇိုင်းပဲ အဖေနဲ့ သူ့အမ နှစ်ယောက်ပဲ အညာသူ၊ အညာသား ပုံတွေထွက်တာဗျ။ ထားပါတော့ဗျာ ဒါနဲ့ပဲ လိုရင်းမရောက်တော့ဘူး။

Tuesday, January 27, 2009

ညမဖတ်ရ

31
မနေ့ညက စာရေးဆရာကြည်ဦးရေးတဲ့ ထူးဆန်းအံ့ဖွယ်ပရလောကနယ် ကိုဖတ်မိပြီး ငယ်ငယ်က သရဲအခြောက်ခံရတာကို သွားသတိရမိတယ်။တကယ်ကိုခြောက်ခြားခဲ့ပါတယ်။ ဘယ်လောက်ထိလဲဆို အခြောက်ခံရပြီး တလလောက်အထိက ညနေစောင်းတာနဲ့ ဘယ်မှ မသွားမလာရဲတဲ့အထိကိုဖြစ်သွားတာပါ။ အခြောက်ခံရပုံကတော့ ....

Friday, January 23, 2009

ဘလော့ဂါ တစ်ဦး၏ ဒုက္ခ

38
ဒီပို့စ်လေးရေးထားတာ ကြာပါပြီ ၂၅.၀၉.၂၀၀၈ ကရေးထားတာလေးပါ။ မဖတ်ရသေးသူတွေ ဖတ်ရအောင်ပြန်
တင်ရင်း အပျင်းလဲထူရင်းနဲ့ပါ ခင်ဗျား ဟီးဟီး
ဒီအကြောင်းဘယ်သူမှ မတွေးမိဘူးထင်လို့ ရေးလိုက်တယ်ဗျို့။
ဒီလိုပါ ဘလော့တစ်ခုပိုင်ဆိုင်ထားရတာဟာ မလွယ်ပါဘူး ပြစ်ရမှာလဲ ဆီတ၀င်း.. ၀င်း စားရမှာလဲ သဲတရှပ်ရှပ် ဆိုတဲ့ စကားပုံလိုပါပဲ။ ဘာကြောင့်ဒီလိုပြောနိုင်ရသလဲဆိုတော့ အချက်နှစ်ချက်ရှိပါတယ်။

၁- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် ကိုယ်ရေးချင်တာ၊ ကိုယ်ပြချင်တာ(ဓာတ်ပုံနဲ့ ဗီဒီယိုနော် တမျိုးမထင်နဲ့) ကိုယ်လုပ်ချင်တာကို အားမနာလျှာမကျိုးဖော်ပြနိုင်ခြင်း၊ ဘယ်သူ့ကိုမှ အားနာစရာမလို၊ ဘယ်အယ်ဒီတာဆီကိုမှသွားပြီး စာမူပေးတာ၊ ကိုယ့်စာမူလေး ပါဖို့အရေး မျက်နှာချိုသွေးတာ၊ ကိုယ်စာမူလေး ပါတော့လဲ ဘယ်တော့ထွက်မလဲဆိုတာ စောင့်ဖို့မလိုခြင်း၊
အွန်လိုင်းမိတ်ဆွေ တိုးပွားခြင်း၊ ဗဟုသုတ ဖလှယ်နိုင်ခြင်း အခြားအွန်လိုင်းနှင့်သက်ဆိုင်သော ဗဟုသုတများ ရရှိခြင်း အချိန်ေ
တွ ကုန်မှန်းမသိကုန်သွားခြင်း တို့ဖြစ်ပါတယ်။
၂- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် မျက်စေ့ထိခိုက်ခြင်း၊ ကြာရင်ချည့်ကုံးပါဖြစ်နိုင်ခြင်း(တရုတ်ရသေ့ ချိကုန်းမဟုတ်ပါ)၊ စာတစ်ပုဒ်တင်ဖို့အတွက် အခြားစာအုပ်၊စာတမ်းများကို ဖတ်မှတ်ရခြင်း(အမှန်တော့ ခိုးချတာ :D ကူးချတာပါ ရေးချင်ဇောနဲ့မှားသွားတာ) စာတင်ပြီးပြန်တော့လဲ ကိုယ့်စာလေး လာဖတ်ပြီး မှတ်ချက်လေးရဖို့ ဟို ဘလော့ဝင်၊ ဒီဘလော့ထွက် အရပ်တကာလျှောက်လှည့် ကြေငြာမောင်းခတ်ရခြင်း၊ ဟော ပြီးတော့လဲ ဘယ်သူများ ၀င်ဖတ်ပြီး မှတ်ချက်လေးပေးသွားလဲ ဆိုတာ အွန်လိုင်းပေါ်တက်တက်ကြည့်ရပြန်ရော၊

ရပြန်တော့ရော ပြီးမယ်ထင်လား.... မပြီးပါခင်ဗျာ ၀င်ဖတ်သွားတဲ့သူက ဟုတ်မဟုတ်တော့မသိ အရမ်းကောင်းတာပဲတို့၊ ဆက်ရေးပါအားပေးနေပါတယ်တို့၊ ဘာညာနဲ့ မြှောက်ပေးရင် အောင်မလေး ပျော်လိုက်တာ မျောက်မီးခဲ ကိုင်မိသလိုကို လူက နေမထိ၊ထိုင်မထိ နဲ့ နောက်တစ်ပုဒ်ရေးဖို့ အားထုတ်ရပြန်ရော။
အဲ ပြီးပြီမထင်နဲ့ ကိုယ့်ကို အားပေးသွားတဲ့ တခြားဘလော့တွေပြန်သွားပြီး ပြန်မြှောက်ထိုးပင့်ကော်လုပ်ရပြန်တယ်(ဒါက မလုပ်မဖြစ် ကိုယ့်အလှည့်ကျတော့ ဒီလိုလုပ်လို့ မကောင်းဘူးလေ)
နားလည်တာ၊ နားမလည်တာ အပထား ဥပမာ။ ။ဟိုက နေမင်းကြီး ငါးရိုးစူးတာတို့ ရင်တွင်းပုန်းအောင်နေတဲ့ ပန်းဥယာဉ်ကြီးတို့ ငါ့ဝေဒနာတွေ ရယ်သံတွေနဲ့ဆူညံသွားမှာတို့ အရိုင်ပန်းတပွင့်ဆီက နှလုံးသားစကားတို့ စသဖြင့်ပေါ့နော် နားလည်..လည် မလည်... လည် ကောင်းလိုက်တဲ့ ကဗျာလေး ဆက်ရေးပါ အားပေးပါတယ်ပေါ့။ (နောက်တာနော် ဆရာ၊ ဆရာမတို့ :D )
အဲလိုနဲ့ပဲ နောက်ဆုံးတော့ ငွေကုန်(တချို့် က ဆိုင်မှာသုံး၊ တချို့က အိမ်မှာအင်တာနက်ချိတ်ခပေး၊ တချို့က အိမ်မှာ အင်တာနက်ဖရီး) လူပင်ပန်းတာပဲ အဖတ်တင်ပါတယ်။

ဟုတ်ကဲ့ ဘာပဲပြောပြောကျွန်တော် ဖြတ်မရတော့ပါဘူး။ စားလဲဒီစိတ် သွားလဲဒီစိတ် ကိုယ့်ရည်းစာကိုတောင် ဒီလောက်အထိ မတမ်းတမိပါဘူး။ တမ်းတမိရင်လဲ မိန်းမရတာကြာလှပေါ့(ရတုန်းလေး ကြော်ငြာဝင်တာပါ :D )
ဒါပါပဲ ခင်ဗျာ လွန်တာရှိရင် ၀န္ဒာမိနော် ဘလော့ဂါအပေါင်းတို့ ပျော်စေပျက်စေ သဘောနဲ့ တကယ် ကျွန်တော်ခံစားမိတာကိုရေးလိုက်တာပါ စိတ်မဆိုးကြေး။
ဟောဒီလိုလေး :r တချက်ရယ်လိုက်ရင်ကိုပဲ ရေးရကျိုးနပ်ပါပြီ။

Tuesday, January 20, 2009

အဖေ(ခေါ်)ဖေဖေ

20
အမေ...အမေ..အမေ ဆိုပြီးအမေ့အကြောင်းကဗျာတွေ၊စာတွေနဲ့ တဖွဲ့တနွဲ့ရေးဖွဲ့နေကြတာ တကယ်ကိုအားရ
စရာပါပဲ တကယ်ပဲအမေ့ကျေးဇူးသိလို့လား အပျင်းပြေစာဖွဲ့တာလားတော့ မသိဘူးဗျရေးလိုက်ကြတာ ဘလော့
အတော်များများမှာတွေ့ရတယ်ဗျ ဒီအထဲမှာကျနော်လဲ အပါအ၀င်ပဲပေါ့။ တကယ်လဲအမေ့ကျေးဇူးတွေက မြင့်မိုလ်တောင်မကကြီးမားတာပေကိုးဗျ။ ဒါပေမဲ့ ကျနော်တို့တွေ သတိမထားမိတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို မနေ့ကသွားသတိထားမိတယ်ဗျ ဒါကလဲ ဦးပေါ်ဦးရဲ့ စာတွေဖတ်မိရင်း သတိထားမိတာပါ။ အဲဒီစာလေး ဖတ်မိမှဟုတ်ပါရဲ့ ငါတို့တွေ တကယ့်အရေးကြီးတဲ့ အချက်ကြီးကို မေ့နေကြတယ်ဆိုတာ သတိထားမိတယ်ဗျ။အဲဒါဘာလဲဆိုတော့ ခုရေးပြမဲ့ ပုံပြင်လေးကိုဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာပါ ဒီလိုဗျ...............................
ဟိုး..ရှေးရှေးတုန်းက ထင်းခုတ်ရင်း အသက်မွေးကြတဲ့ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ ဒီလိုနဲ့တနေ့တော့ သားအဖနှစ်ယောက်ဟာ တောထဲထင်းခုတ်သွားကြတာပေါ့ ဒီလိုနဲ့ ထင်းခုတ်နေတုန်း ဗြုန်း
ဆို ကျားကြီးတစ်ကောင်ပေါ်လာပြီး အဖေကိုကိုက်မယ် အလုပ်မှာသားလုပ်သူဟာ အဖေအတွက်စိုးရိမ်ပြီး ဓားနဲ့
ကျားကြီးကို ၀င်ခုတ်တဲ့အတွက် ကျားကြီးဟာ စင်းစင်း သေသွားပါလေရော။ အဲဒီမှာ ထင်းခုတ်သမားဖခင်ကြီး
ဟာ ကျားကြီးရုတ်တရက်ရောက်လာတဲ့အတွက် ကြောင်တောင်တောင်နဲ့ ကြက်သေ သေနေတော့ မုချသေရ
မှာပဲလို့ တွက်ထားပေမဲ့ မသေဘူး။ခုလိုမသေအောင် သူ့သားကယ်တာပဲ ဒီတော့ ကျေးဇူးရှင်ဖြစ်တဲ့ သားကို
ကန်တော့လိုစိတ်တွေ တဖွားဖွားပေါ်လာတာနဲ့ အဖေလုပ်သူဟာ သားကိုခေါ်ပြီး သစ်ငုတ်တခုပေါ်ထိုင်ခိုင်းလိုက်
ပါတယ်။အဖေလုပ်သူကတော့ မြေပေါ်ထိုင်ရင်း ကန်တော့မဲ့ပုံလုပ်တော့ သားဖြစ်သူဟာ အဖေ ဒါဘာလုပ်တာလဲ
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူးရှင်
ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား
ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ဒီလိုနဲ့ အကြံရတော့ အဖေကျေးဇူးတင်တာမှားနေပြီဗျ တကယ်က
အဖေ့ကို ခုလိုကယ်နိုင်အောင် အမေကကျနော့်ကို မွေးခဲ့တာလေ အမေသာမမွေးခဲ့ရင် အဖေ့ကို ခုလိုကယ်နိုင်
မှာ မဟုတ်ဘူးဗျ ဒီတော့ တကယ် ကျေးဇူးရှိတာ အမေပါ ကျေးဇူးတင်ချင်ရင် အမေ့ကိုသာ တင်ပါ အမေ့ကိုသာ
ကန်တော့ပါလို့ ပြောလိုက်ပါတယ်။ အဖေထင်းခုတ်သမားကြီးဟာ လူရိုးလဲဖြစ်ပြန် ကွေ့ကွေ့ကောက်ကောက်လဲ
မစဉ်းစာတတ်တော့ သားပြောတာကို ခေါင်းလေး တညိမ့်ညိမ့်နဲ့ လက်ခံရင်း ခုတ်ပြီးသားထင်းတွေ ကောက်ပြီး
ရွာကို ပြန်ကြပါတယ်။ ဒီလိုနဲ့ အိမ်ရောက်တော့ အဖေထင်းခုတ်သမားကြီးကနေပြီး ရှင်မရေ လာပါဦးဟလို့ ခေါ်
လိုက်ပြီး အိမ်ခေါင်းရင်းက သင်ဖြူးဖျာပေါ်ထိုင်းခိုင်းလိုက်ပါတယ်။ဒီတော့ အိမ်ရှင်မလဲ ယောင်နနနဲ့ ထိုင်လိုက်ပါ
တယ်။ ထင်းခုတ်သမားကြီးဟာ အိမ်ရှင်မရှေ့မှာ ပုဆစ်တုတ်ထိုင်ရင်း ကန်တော့ဖို့ပြင်တော့ အိမ်ရှင်မလဲသဘော
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ်သမား
ကြီးက တောထဲကအဖြစ်သနစ်တွေ ရှင်းပြတာပေါ့ ရှင်မသာ ဒီသားကို မမွေးခဲ့ရင် ငါတော့ကျားကိုက်သေမှာပဲ
လို့ပြောပြတာပေါ့ ဒီတော့မှ အိမ်ရှင်မကနေပြီး ဟက်ဟက်ပက်ပက်ရယ်ရင်း ကိုရင်ရယ် ရှင်ကများ ကျမကိုများ
ကြံဖန်ကျေးဇူးတင်ရတယ်လို့တော် အံ့ပါရဲ့ တကယ်က ကျမတစ်ယောက် အစွမ်းထဲနဲ့ ဒီသားကိုမွေးနိုင်ပါ့မလား
တော်ရဲ့ ရှင်ကြောင့်ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ဒါပါပဲဗျာ။
ကဲ....ဒီတော့ ...... အကိုကြီး၊အမကြီး၊ညီလေးညီမလေးတို့ရေ အဖေ့ကျေးဇူးလဲ မမေ့ကြနဲ့ဦးဗျ သူသာမရှိရင်
ကျနော်တို့ လူဖြစ်လာမှာမဟုတ်ဘူးဗျနော်။

Thursday, January 15, 2009

သင်္ဘောသားဘဝ

22
သင်္ဘေားသားဘ၀တွေအကြောင်းသိသလောက်တော့ ဖွချင်တယ်ဗျာ။သင်္ဘောသားတွေကလဲ မတစ်ထောင်သားတွေဆိုတော့ အမျိုးမျိုးရှိကြတယ်ဗျ။အဲဒီထဲက ကျနော်တွေ့ဖူးတဲ့သူတွေကတော့ တကယ့်စူပါစတားတွေလို့ ပြောရမဲ့သူတွေပါပဲ။ ကျနော်တို့ ရွာ(ရန်ကုန်)မှာသင်တန်းတက်ရတုန်းက သင်တန်းဆရာပြောတဲ့စကားသလိုပါပဲ သင်္ဘောသားဆိုတာကမ်းကုန်လို့ရေထဲရောက်လာတဲ့
ကောင်တွေတဲ့ ဟုတ်လည်းဟုတ်လောက်တယ် ဘယ်သူမှမကြည့်နဲ့ ကျနော့်ကိုပဲကြည့် မဟုတ်က၊ ဟုတ်ကစကားဆိုအလွန်တတ်တာ အားလုံးအသိပဲလေ ဟီးဟီး။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပေါ့ဗျာသင်္ဘောသားတွေထဲမှာ ဘုရားတရာကိုင်းရှိုင်းတဲ့သူလဲပါတာပေါ့ဗျာ ဘီးစိပ်အရမ်းကျတဲ့လူလဲရှိရဲ့၊ နောက်ပြီးမြင်းဇောင်းထဲကလွှတ်လိုက်တဲ့ မြင်းလိုပဲ သုံးဖြုန်း ကဲတဲ့သူလဲရှိရဲ့(ရွာမှာ
အုပ်ထိန်းသူတွေကြောက်လို့ မကဲရသမျှ သင်္ဘောပေါ်ရောက်မှ ကဲကြတဲ့သူ)တချို့လဲ သုံးလဲသုံး စုလဲစုတဲ့သူလဲရှိ
ရဲ့ အမျိုးမျိုးပေါ့ဗျာ။ ဒီအထဲကကျနော်သိသလောက် လူတွေရဲ့စရိုက်လေးကို ပြောပြချင်တယ်။
တနေ့ပေါ့ စကားစပ်လို့ပြောကြရင်းလုပ်ဖော်ကိုင်ဘက် တစ်ယောက်က ရန်ကုန်ပြန်ရောက်တုန်းကအကြောင်း အခုလိုပြောပြတယ်ဗျ။ တနေ့သူရယ် သူ့မိန်းမရယ်နှစ်ယောက် ကမ်းနားလမ်းမှာ ရှိတဲ့ ၆ထပ်ရုံးကို သွားကြတာပေါ့ ၆ထပ်ရုံးအပေါ်ဆုံးထပ်ကနေ ဆိပ်ကမ်းကို လှမ်းမြင်ရပါတယ်း။
အဲဒီအပေါ်ဆုံးထပ်ရောက်တော့ သူကနေပြီး သူ့မိန်းမကို ဟိုးမှာတွေ့လား ကြယ်ငါးပွင့်သင်္ဘောခေါင်းတိုင်
မောင်တို့က အဲဒီထက်မြင့်တဲ့ သင်္ဘောခေါင်းတိုင်တွေပေါ်တက်ပြီး ဆေးသုတ်ခဲ့ရဘူးတယ် ပြုတ်ကျရင် အသေပဲ
ဘာညာနဲ့ မိန်းမ သနားသွားမလားဆိုပြီး ပြောပြပါတယ် အဲဒီမှာ မိန်းမ ပြောလိုက်တဲ့ စကားနဲ့ နှစ်ယောက်သား
ရန်တွေဖြစ်ခဲ့ရပါသတဲ့ ဖြစ်လဲဖြစ်ချင်စရာလေ ပြောပုံကြည့်ဦး အိုး.... ဒီလောက်တော့ လုပ်ရမှာပေါ့ ယောကျာင်္း
လေးပဲတဲ့ အမှန်က သူလိုချင်တာက (ဟယ်..မောင်ရယ် အန္တရာယ်များလိုက်တာ အလုပ်လုပ်ရင် သတိထားနော်) ဘာညာပေါ့ဗျာ အဲလိုစကားကို သူကကြားချင်တာလေ။
နောက်တခုကတော့ ရွာကိုဖုန်းဆက်ရင်း ဖုန်းထဲမှာရန်ဖြစ်တာပါ။ဖြစ်ပုံကတော့ ပင်လယ်ထဲမှာ ရက်ရှည်လ
များနေလာပြီး ကမ်းကပ်တော့ ရတဲ့အချိန်လေးအပြေးအလွှား ဖုန်းကဒ်ဝယ်ပြီး မိန်းမဆီဆက်ရင်း ဖြစ်ကြတာများ
ပါတယ် ဘယ်လိုဖြစ်လဲဆိုတော့ သင်္ဘောသားကလဲ ရတဲ့အချိန်လေးမှာ အလွမ်းသယ်ချင်တာပေါ့နော် ဖုန်းကဒ်
သွားဝယ်ရင်း စဉ်းစားသွားတာက ဘယ်လိုအလွမ်းသယ်လိုက်မဟဲ့ဆိုပြီး အားခဲသွားတာလေ တကယ်လဲဖုန်း
ဆက်ရော သင်္ဘောသားခမျာဘာမှတောင်မပြောရသေးဘူး မိန်းမက ပိုက်ဆံအရင်မေးတော့တာပဲ ပြောပုံလဲ
ကြည့်ဦး နေကောင်းလာအရင်မမေးဘူး ပိုက်ဆံဘယ်တော့ ပို့မှာလဲ ဒီမှာကုန်လို့ ချေးထားတယ် အကြီးကောင်
ကျုရှင်ဖိုးနဲ့ အငယ်မကျောင်းလခ ဘာညာနဲ့ အစုံကိုပြောတာလေ ဒီတော့ သင်္ဘောသားခမျာဒေါသမထွက်ခံနိုင်
ရိုးလားဗျာ။
နောက်တခု ကျနော်တို့ သင်္ဘောသားတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမြဲနောက်ပြောင်တတ်တဲ့စကား
တခုရှိပါတယ် ဘာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ရွာမှာပြန်တွေ့ကြရင် တစ်ယောက်အိမ်တစ်ယောက်
လိုက်လည်ရင်း ပြောကြတဲ့စကားလေးပေါ့ဗျာ။ (ခွေးမသားသင်္ဘောသား အဲကွန်းလေးတောင် မတပ်သွားဘူး) တဲ့
သဘောကတော့ဗျာ မိန်းမက လင်ငယ်ထားပြီး အဲဒီ လင်ငယ်က လင်ကြီးသင်္ဘောသားကို အိမ်မှာ အဲကွန်းလေး
တောင် မတပ်ပေးသွားလို့ ပြောတဲ့စကားပါ။ ဒါလဲ တကယ်ရှိလို့ ဒီစကားထွက်လာတာလို့ ထင်တာပဲခင်ဗျ။ကိုယ့်
ရဲ့လုပ်ဖော်ကိုင်ဖက်ထဲက ၂ယောက်အဲလိုအဖြစ်မျိုး ကြုံခဲ့ရတယ်ဗျ တစ်ယောက်ဆို ရှုးမလိုကိုဖြစ်သွားတာဗျ။
ဖြစ်ပုံက သူရွာပြန်ခါနီးမှာ သူ့မိန်းမအကြောင်းကြားထားလို့လားတော့ မပြောတတ်ဘူး ကျနော့်ဆီမှာ ဒေါ်လာ
၂၀၀၀တိတိကို တာဝန်မယူဘူး မထားခဲ့နဲ့ သုံးလိုက်မှာပြောလဲ ထားခဲ့တယ်ဗျ ကျနော်လဲ သူပြန်ပြီး သိပ်မကြာဘူး
ပြန်ရတယ်ဗျ ဒါနဲ့ ရန်ကုန်မှာပြန်တွေ့တော့ ပုံစံတွေ အတော်ကို ပြောင်းသွားတယ်ဗျ ပထမတော့ သူလဲကျနော့်
ကို မပြောသေးဘူး ကျနော့်ဆီအပ်ထားတဲ့ ငွေထဲက သူလိုသလောက်ပဲ လာလာယူတယ်ဗျ ဒါနဲ့ ကျနော်လဲ အကုန်ယူသွားပါဆိုလဲ မယူဘူးချည်းပြောတယ်။ကျနော်လဲ မသင်္ကာတာနဲ့ မရမကမေးတော့မှ သူ့မိန်းမက ၂လုံး
နံပါတ်ပေးတဲ့ ဘိုးတော်လိုလို ဘာလိုလိုကောင်နဲ့ မရှင်းရှင်းတဲ့ပြီးတော့ သူအရင်ကပို့ထားတာတွေလဲ ဘာစာရင်း
မှ မပြနိုင်ဘူးတဲ့။ သူကံကောင်းသွားတာက တကယ့်သူတော်ကောင်းတစ်ယောက်နဲ့သွားတွေ့လိုက်တာပဲပေါ့ ဘာ
လို့လဲဆိုတော့ အရင်သင်္ဘောလိုက်တုန်းကတောင် အရက်ကို နေ့ရောညရောလောက်ကို သောက်တဲ့သူက အဲလို
ဖြစ်နေချိန်မှာ လုံးဝမသောက်တော့ဘူးဗျ ကျနော်က တိုက်ပါ့မယ်ဆိုတာတောင် မသောက်တော့ဘူး။ သူတော်
ကောင်းတစ်ဦးရဲ့ကျေးဇူးနဲ့ ဘာအမှားတခုမှ မကျုးလွန်မိပေမဲ့ ရှုးမလိုဖြစ်သွားတာတော့ အမှန်ပဲဗျ အဲဒီနောက်
ပိုင်းဘာဆက်ဖြစ်လဲတော့ မသိတော့ဘူး ကျနော်က ပြန်ထွက်လာရလို့ မသိတော့တာပါ။အော်... ပြောဖို့မေ့နေ
တယ် သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်ဗျ အရွယ်လဲ ရောက်နေပြီ သူက ကျနော့်လုပ်ဖော်ကိုင်ဖက်လို့သာ
ပြောရတယ် ကျနော့်ထက် အသက်ကြီးတယ်ဗျ မကွားဘူးဆိုရင် နှစ်၂၀လောက်ရှိမလားမသိဘူး သင်္ဘောသား
အိုကြီးပေါ့ဗျာ။
အဲနောက်တစ်ယောက်ကျတော့ ကံကောင်းတယ် ပြောရမလားဘာလားတော့ မသိဘူး။ သူ့အဖြစ်ကဒီလိုဗျ.....
သူကျတော့ သင်္ဘောဖစ်လ်တာလုပ်တာ(၀ရိန်ဆော်တာလို့ အလွယ်ပြောရအောင်)လခလဲကျနော်တို့ထက်
ကောင်းတယ်ဗျ ထောင်ကျော်ရတယ်သူကျတော့ ရသမျှကို မိန်းမဆီပို့တယ်ဗျ မိန်းမကရွာမှာ ကားနဲ့တိုက်နဲ့ဟန်း
ဖုန်းနဲ့ထင်တိုင်းကျဲနေတာပေါ့ ကားမမောင်းတတ်လို့ ဒရိုင်ဘာတောင် ခေါ်ထားတာဗျ။ ဖြစ်ချင်တော့ သူ့မိန်းမ
ကအဲဒီ ဒရိုင်ဘာနဲ့ညှိရောဗျို့ အဲဒါကိုသိတဲ့ သူ့ဘက်ကဆွေမျိုးတွေကသူဖုန်းဆက်ချိန်ပြောကြတာပေါ့ဗျာ ဒါနဲ့
သူကလဲပြန်လာမှရှင်းမယ်ဆိုပြီး အသာငြိမ်နေလိုက်တယ်ဗျ။ သူ့မိန်းမကလဲ အပါးပဲဗျ သူယောကျာင်္းပြန်လာခါနီး
မှာ သူ့ရွာက ညီမတ၀မ်းကွဲကို လှမ်းခေါ်ပြီး အိမ်မှာနေခိုင်းလိုက်တယ်ဗျ ဒါနဲ့ သင်္ဘောသားကြီးပြန်လာတော့
မိန်းမက မသိမသာရော သိသိသာသာရော သူ့ညီမ၀မ်းကွဲနဲ့ သူ့ယောကျာင်္း မညှိ ညှိအောင်လုပ်ရောဗျို့။ဒီတော့
ဗျာ ရိုင်းရိုင်းပြောရရင် ဟိုကလဲရက်ရှည်လများက သင်္ဘောပေါ်မှာနေပြီး တနေ့တနေ့ ကိုယ့်လုပ်ဖော်ကိုင်ဘက်
လူတွေရဲ့ အခွက်ကြီးပဲမြင်လာခဲ့ရတဲ့သူဆိုတော့ ပျင်းတောင် ပျင်းသေးသတဲ့ဗျား။သူ့ဇာတ်သူ့အရပ်နဲ့ကတော့
ဟုတ်လို့ ဒါကလဲအခုဆို ၃နှစ်၊၄နှစ်လောက်ရှိပါပြီ ဆိုတော့ အခုလောက်ဆို ဘာတွေဘယ်လိုဖြစ်ကုန်သလဲဆို
တာတော့ မသိတော့ဘူးဗျ။ သူတို့နာမည်တွေတော့ မပြောတော့ဘူးဗျာ သူတို့သိသွားရင် ငါတို့အရှက်ခွဲတဲ့
ကောင်ဆိုပြီး ၀ိုင်းထုမှာကြောက်၇သေးတယ်ဗျ ပြီးတော့ ကိုယ့်ဆရာတွေဆိုလဲမမှားဘူးဗျ။ကိုယ့်ဆ၇ာတွေလဲ
ဘယ်သောင်တင်လို့ ဘယ်ကမ်းကပ်နေကြလဲ မသိတော့ဘူးဗျ။ကျနော်ကတော့ တခါကမ်းကပ်လိုက်တာ အခုဆို
ရေထဲ ပြန်မရောက်တာ၈နှစ်လောက်ရှိရောပေါ့။
ပြန်စဉ်းစားကြည့်ရင် သူများတွေဘ၀များ ပြောင်းလဲသွားကြတယ် ကျနော့်မှာတော့ ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ
မပြောင်းလဲပါဘူး ပြောင်လဲသွားတာဆိုလို့ အသက်ကြီးလာတာလေးတခုပါပဲ။(ကြော်ငြာဝင်ရတာလဲ အခါပေါင်း
မနည်းတော့ဘူး တစ်ယောက်မှလဲ မတစ်ယောက်ကြဘူးဗျာ)။


Tuesday, January 13, 2009

အဘွားရဲ့ တစ်နှစ်ပြည့် အမှတ်တရ

28
မ၀ါဝါခိုင်မင်းက တခါတလေ တည်တည်တံ့တံ့လေးေ၇းပါဆိုလို့ တိုက်ဆိုင်နေတာနဲ့ ဒီစာလေးရေးလိုက်တာပါ။
လာမဲ့ ၂၀.၁.၂၀၀၉ဆိုရင် အဘွားဆုံးတာတစ်နှစ်တင်းတင်းပြည့်ပါပြီ။ဒါပေမဲ့ ယနေ့အထိ အဘွားရဲ့ကျေးဇူးတွေ
မေ့မရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူရဲ့ဂုဏ်ရှိန်နဲ့ ကျနော်တို့မိသားစုတွေ မျက်နှာပွင့်လန်းခဲ့ကြတာဟာ အရင်ကရော လက်ရှိရော၊ နောင်ရောကြောင့်မို့ပါ။ ဘယ်နေရာသွားသွား ဒေါ်မေနွဲ့မြေးလို့ သိကြတာနဲ့ အနည်း
နဲ့အများတော့ သာမာန်လူထက် အခွင့်အရေးရခဲ့ကြပါတယ် ဘယ်လိုပြောရမလဲ အဘွားအရှိန်နဲ့ မျက်နှာပွင့်တယ်
ပြောရမှာပေါ့ဗျာ။ ဒီတော့ ကျနော့်အနေနဲ့ တစ်နှစ်ပြည့်အဖြစ် ပို့စ်ထပ်တင်တာ မလွန်ပါဘူးနော်။
ရေးလက်စနဲ့ဆက်ရေးမယ်ဗျာ အဘွားရဲ့ သားအငယ်ဆုံး ကျနော့်ဦးလေးဟာလဲ အဘွားရဲ့ မြန်မာလိုသက္ကရစ်
နဲ့ဆိုတစ်နှစ်ပြည့်တဲ့နေ့မှာ ဆုံးပါးသွားပါတယ် လည်ချောင်းကင်ဆာနဲ့ပါ။ဆိုတော့ မှတ်မှတ်ရရတွေ ဖြစ်ကုန်ပါ
တယ်။ဦးလေးရဲ့အဖြစ်ကလဲ အတော်ကိုဆိုးဝါးပါတယ် အဓိက အစာဝင်တဲ့ နေရာမှာ ကင်ဆာလာဖြစ်တော့ အစာ
မစားနိုင်တော့ပါဘူး အတော်ကိုတုန်လှုပ်ခြောက်ခြားစရာပါပဲ မတွေးဝံ့စရာပါပဲဗျာ။ မိသားစုတွေခမျာ ဘာမှမ
တတ်နိုင်ပဲ သူခံစားနေရတာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတယ်တာ အလွန်ပဲကြေကွဲစရာပါ။
အခုအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေ၊ဇာတ်လမ်းခွေနဲ့ ဟောပြောထားတာတွေဟ အဘွားရဲ့ သူဖြတ်သန်းခဲ့
တဲ့ ဘ၀ရဲ့ တချို့ အစိတ်အပိုင်းဆိုရင် မမှားဘူးပေါ့ဗျာ။
အဘိုးနဲ့အဘွားပုံပါ အဘိုးကတော့ရှုမ၀ဦးကြည်မောင်



ဒါကတော့ ငယ်ရွယ်စဉ်ကပုံလေးပါ



ဒီပုံလေးကတော့ ရုရှားကိုပညာတော်သွားသင်တုန်းက ရုရှားမှာရိုက်ခဲ့တာပါ



ဒါကတော့ ၂.၁၀.၇၆ မှာအကယ်ဒမီယူတုန်းကပုံလေးပါ ကျနော်ထင်တယ် ရွှေချည်ငွေချည်တန်းပါလို့ ဆိုတဲ့ရုပ်ရှင်နဲ့ရတာလို့



ဒါကလဲ အကယ်ဒမီရတုန်းကပုံပါ ရွှေရင်သိမ်းသစ်လို့ထင်တာပဲ ခင်ဗျ



ဒီပုံလေးကတော့ ရာမလက်ခဏာကတုန်းကပါ



ဒါလဲရာမလက်ခဏာကတုန်းကပုံးလေးပါပဲ



ဒါလဲရာမလက်ခဏာကတုန်းကပါပဲ




ဒီပုံကတော့ အမေများအဖွဲ့ပုံပါ အဲဒီမှာ အဘွားကခေါင်းဆောင်ပါ





ဒီဟာလေးကတော့ မင်းကတော်ကက်ဆက်ခွေဇာတ်လမ်းလေးပါ ဒီအခွေမှာအဘွားက အမေဒေါ်ခင်အဖြစ်အသံသရုပ်ဆောင်ထားပါတယ် မျက်ရည်ခိုင်မှနားထောင်နော် ဇာတ်လမ်းလေးကသနားစရာဇာတ်ပါ



ဒါလေးကတော့ ဘယ်ဟောပြောပွဲမှာလဲ မသိဘူးဟောခဲ့တဲ့ အားလူးဆိုတဲ့ခေါင်းစဉ်နဲ့ သူ့ဘ၀အကြောင်းပါ ဒါလေးကိုနားထောင်
ကြည့်ရင်ရယ်ရပါတယ် အိမ့်အဘွားလို့မပြောရဘူးဆိုတာ နားထောင်ကြည့်ရင်သိမှာပါ ခင်ဗျာ။ ရုပ်ရှင်လောကလဲ အကြောင်းသိချင်ရင်နားထောင်လေ့လာနိုင်ပါတယ်။ ပြီးတော့သူဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကိုဟာသလေးနှောပြီး ဟောထားတာဆိုတော့ နားထောင်ရတာမပျင်းဘူး နားထောင်လို့ကောင်းတယ်။

အပိုင်း ၁
အားလူး -ဒေါ်မေနွဲ့

အပိုင်း ၂

အာလူး - ဒေါ်မေနွဲ့

အဘွား၏နောက်ဆုံးခရီး



အားလုံးကိုအထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Friday, January 09, 2009

Queen

28
မ၀ါက သူ့ဆလိုက်ရှိုးမှာပါတဲ့ဘလော့သူတွေအတွက် ကဗျာလေးစပ်ပေးပါလို့ တောင်းဆိုထားတာ အခုမှပဲ ရေးဖြစ်တော့တယ်ဗျာ။
ကျမ်းမာပကတိ ချမ်းသာစေ၊ အိမ်ကလေး ဆုမွန်ချွေ
လောကဓံတရား ရှောင်ရှားခါ၊ Queenလေးဘေးကင်းစွာ၊
အဲဒါမှအဖြေရ၊ အိမ်ကလေး ပျော်ရွှင်ရ။
မ၀ါ(မ၀ါဝါခိုင်မင်း)ဘလော့တွင် ကြည့်လိုက်ရင်၊
မိန်းမလှလေးများစွာပင် စတိုင်အမျိုးမျိုးနဲ့ ကြည့်လို့မ၀ အိမ်ကလေး ရှုးပြီဗျ
ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ အသက်ရှုဖို့ပင်မေ့နေဗျာ။
ကြည့်တတ်ရင် ဘာဝနာဗျ တရားရသဗျ
ဒါပေမဲ့ဗျာ စွဲနေတာ ဘယ်လိုမေ့ရပါ။
အိမ်ကလေးအလွန်ထင်ပါရင်
ဆက်ဖတ်ကြပါ ရှင်(ကာရံကဒီလိုပဲရလို့ ရှင် ဖြစ်သွားတယ်ဗျ ဟီး)
ဆံတိုလေးနဲ့ မမဗျာ၊ အလွန်လှတယ်ဗျာ
စတိုင်ကလဲ မိုက်မှမိုက် အိမ်ကလေး အလွန်ခိုက်၊
မခိုက်ပါနဲ့ အိမ်ကလေးရာ၊ ဆံပင်ဈေးကကောင်းတယ်ကွာ၊
ဆံရှည်လေးကို ရွေးလို့ကြိုက်၊ အဲဒါတွက်သားကိုက်။
အားလုံးကလဲ ချောသဗျာ ဘယ်သူ့ရွေးရဗျာ
အိမ်ကလေးမှာ အာရုံနောက် စက္ကု(မျက်လုံး)အာရုံပျောက်။
စိတ်မဆိုးရင် ပြောပြချင် ဘာလော့သူအားလုံး
Queen ပေးလိုက်ချင် ဒါမှသာ အာလုံးပျော်ကြ အိမ်ကလေးလဲ အဖြေရ
ဟ...ဟ...ဟ..ဟ..ဟ။

Wednesday, January 07, 2009

After Wife 1.0 Program Install

24
ဆရာခင်ဗျား......
ကျွန်တော့်ရဲ့ကွန်ပျုတာ program ပြဿာနာနဲ့ပတ်သက်လို့ ဆရာ့ထံသို့တင်ပြအကြံဥာဏ်
တောင်းလိုပါတယ်။
ကျွန်တော့်မှာ girlfriend 1.0 ဆိုတဲ့ program ရှိခဲ့ပါတယ်။ မနှစ်ကအဲဒီ gilrfriend 1.0 ဆိုတဲ့ program
ကို wife 1.0 အဖြစ် upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင် မမျှော်လင့်ပဲ child processing ဖြစ်ခဲ့ပြီး space
အတော်များများနဲ့ အခြား valuable resources တွေကိုယူသုံးသွားခဲ့ပါတယ်။အဲဒီလို ရှုတ်ထွေးမှုတွေ ဖြစ်နိုင်
တယ်ဆိုတာ သူရဲ့ product brochure မှာရော read me document မှာပါ ထည့်သွင်းဖော်ပြထားခြင်း မတွေ့
ခဲ့ရပါဘူး။ ဒိအပြင် wife 1.0 ကအခြား program လေးတွေကိုအလိုအလျှောက် ထပ်မံရေးဆွဲ တပ်ဆင်ပြီး
နဂိုမူလ system ထဲရှိပြီးသား activities တွေကိုပါထိန်းကွပ်လာတော့တာပါပဲ။ ဥပမာ။ ။ kara ok night 10.3
ရယ် beer bash 2.5 နဲ့ massage 11.9, night club 12.2 စတဲ့ program တွေဟာလုံးဝ အလုပ်မလုပ်တော့
ပဲ ရပ်းဆိုင်းသွားအောင် လုပ်ဆောင်ပြစ်ပါတယ်။
ဒါတွေဟာ wife 1.0 ရဲ့စွမ်းဆောင်ချက်တွေပါပဲ။ ဒါကြောင့် wife 1.0 program ကို ကြိုးစားပြီး delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး။ ကျွန်တော်က girlfriend 1.0 ကိုပြန်သွားရင်း ကောင်းမလားဆိုပြီး uninstall
လုပ်ကြည့်ပါတယ် ဒါပေမဲ့ uninstall ကလည်း လုံးဝလုပ်လို့မရပါဘူး။ဒါကြောင့်ဒီပြဿာနာကို ဘယ်လိုဖြေရှင်း
ရမယ်ဆိုတာ ဆရာဖြေကြားပေးပါခင်ဗျား။
လေးစားစွာဖြင့်
ဒီစာကိုမေးကတဆင့်ရတာပါ ကိုမောင်လှေ၇းထားတာထင်ပါတယ်ခင်ဗျာ။မဖတ်ရသေးသူများ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်ခင်ဗျား။

Saturday, January 03, 2009

နှစ်တစ်နှစ်ရဲ့နောက်ဆုံးည

30
ကိုရှင်းသန့်တက်ထားတယ်ဆိုလို့ ရေးလိုက်ပါတယ်ဗျာ သူတက်ထားတာကနှစ်တစ်နှစ်ရဲ့နောက်ဆုံးညတဲ့ အခုရေးလိုက်တာ ဆိုင်လား မဆိုင်လားတော့ မသိဘူး ဇွတ်ချရေးလိုက်ပါတယ်ခင်ဗျာ။
သူများတွေတော့ အတော်ပျော်ကြမှာပဲ။နိုင်ငံတကာမှာလဲ ပျော်ပွဲရွှင်ပွဲကြီးတွေနဲ့ တကယ်လဲပျော်ဖို့ကောင်းပါ
တယ်။တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ ညဟာ နေ့ခင်းအလား ရောင်စုံမီးတွေထွန်းညှိလို့။နှစ်သစ်ကိုကူးသွားတော့
လဲမီးရှုးမီးပန်းကြီးတွေ ပစ်ဖောက်လို့ နှစ်သစ်ကို ကြိုဆိုကြပြန်ပါတယ်။
ကျနော်ကတော့ အိမ်အိုလေးထဲမှာပဲ တစ်ယောက်ထဲ နှစ်ဘယ်အချိန်ကသစ်သွားလိုက်မှန်းတောင် မသိလိုက်
ပါဘူး။ကျနော့်အတွက်တော့ အားလုံးရဲ့ အဝေးမှာ တကိုယ်ထဲအထီးကျန်စွာနေရတဲ့သူဆိုတော့ နှစ်သစ်မှရယ်
မဟုတ်ဘူး နေ့သစ်တိုင်းကို အဖော်မပါတကိုယ်ထဲ ကြိုဆိုခဲ့ရတာဆိုတော့ မထူးဆန်းတော့ဘူးပေါ့ဗျာ။
ပြီးတော့ နေ့သစ်တခါရောက်တိုင်း၊ နှစ်သစ်တခါကူးတိုင်း စဉ်းစားမိတာကတော့ .................................................
အော်.......... ငါသေဖို့ တစ်ရက်၊ တစ်နှစ်နီးလာပါပကော..... လို့ပဲတွေးမိတယ်ဗျ။တွေးမိတိုင်းလဲ တုန်လှုပ်ချောက်
ခြားမိတယ်ဗျာ။ ကိုယ့်ဘက်က သေဖို့ ဘာမှအဆင်သင့် မဖြစ်သေးဘူးလေဗျာ။သေရမှာကြောက်လို့တော့မဟုတ်
ပါဘူး လူဆိုတာသေမျိုးပါ တနေ့တော့ လူသားအားလုံးဟာ မိမိပိုင်ဆိုင်တာမှန်သမျှကို ကျောခိုင်းစွန့်ခွာသွားကြ
ရမှာပါ။ ဒါပေမဲ့ပေါ့........... သမိုင်းပေးတာဝန်မကျေသေးဘူးလေဗျာ ဒါလေးတော့ လူသားတစ်ယောက်အနေနဲ့
ကျေပြွန်စွာ ထမ်းဆောင်သွားချင်တာပေါ့နော် နို့မို့ဆို အသေမဖြောင့်ပဲနေမှာ။ ဒီသမိုင်းပေးတာဝန်မကျေပြွန်ရင်
ကျနော့်မျိုးရိုးဂုဏ်သိက္ခာညှိးမှာလဲ စိုးရသေးတာကိုးဗျ နော်မဟုတ်ဘူးလား။မြန်မာလူမျိုးတစ်ယောက်အနေနဲ့လည်းကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်အောင် တာဝန်ထမ်းရမှာ ကျနော်တို့တာဝန်ပဲလေဗျာ။

အဲဒါဘာလဲသိလား....................... ....ကျနော်မိန်းမယူတော့မယ်လို့ပြောတာ ဟီးဟီးဟီး
ဟုတ်တယ်လေ လူသားတစ်ယောက်ရဲ့သမိုင်းပေးတာဝန်က မျိုးဆက်တွေထားခဲ့ရမှာလေ နို့်မို့ဆို လူမျိုးတုံးသွားမှာပေါ့ဗျ ။ဟုတ်ပါတယ်နော်........ ငှီးငှီးငှီး။ ဒါပေမဲ့အခုထိရှာမတွေ့သေးတာခက်တယ်ဗျာ။ :D :D :D