Saturday, March 14, 2009

တောင်းပန်စာ

13
မ၀ါ(မ၀ါဝါခိုင်မင်း)ကို အားကျလို့ တောင်းပန်တဲ့ပို့စ်လေးရေးလိုက်တာပါ။ မ၀ါဘလော့မှာက အားတိုင်း ဟိုလူ့တောင်းပန်၊ဒီလူ့တောင်းပန်နဲ့ သူဘလော့တခုလုံး တောင်းပန်စာတွေနဲ့ ပြည့်နေသလိုဖြစ်နေတာဗျ။ သူ့ခမျာတောင်းပန်ရတာနဲ့ စကောပန်ရတာနဲ့ ခြင်းပန်းရတာနဲ့ နောက်ဆိုစလောင်းပါ ပန်မလားမသိဘူး။ အဟီး
ထားတော့ ကျနော်စာမရေးဖြစ် လိုင်းပေါ်မတက်ဖြစ်တာက နက်မကောင်းလို့ပါ ပြောင်းဖို့လုပ်ထားတာလဲ ခုထိ
မလုပ်ဖြစ်သေးဘူးဗျာ။ နက်ကမကောင်းတော့ အွန်လိုင်းပေါ်တောင် မတက်ဖြစ်တော့ဘူး။ အလုပ်ရှုပ်နေတာလဲ ပါတာပေါ့နော။ ဒီတော့ အလည်လာသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ တကူးတက လာရောက်မေးမြန်းသူများကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော့်ဘက်က နက်ကောင်းတာနဲ့ အားလုံးဆီ
ကို အလည်လာပါ့မယ်လို့ ကတိပေးပါတယ်။ အခုလောလောဆယ်တော့ နက်လိုင်းပြောင်းဖို့ စောင့်နေတာရော
အလုပ်လဲ ရှုပ်နေတာကြောင့် ဘယ်လိုမှ မအောက်မေ့ပါနဲ့လို့ တောင်းပန်ပါတယ်ဗျာ။
အားလုံးကို လေးစားလျှက်

13 Response to တောင်းပန်စာ

14 March 2009 at 03:57

တောင်းပန်တယ်ဗျာ..တစ်လောကလုံးဗျောင်ဆန်နေတာပဲ..
ကိုအိမ်ပျောက်နေတာ..တကယ်တော့အလုပ်မအားလို့ ပါတဲ့..
နက်ကမကောင်း..စိတ်ကပြောင်း..
အဟေးးဟေး..

14 March 2009 at 05:38

ဟွမ် ဟွမ်.. ရမ ရားဂျ..။ နက်မကောင်းတာ ဟုတ်ရို့ ရား..။
ကို အိမ်ကြီး အချစ်ဦးအကြောင်းလည်းရေး ပြီးရောက် ပျောက်သွားတယ်.။

အဟတ်အဟတ်... သိနေဒရ်နော်.. ကို အိမ် ကြိတ်ကွဲ နေ တာ မဟုတ်ဘူး လား..။ အသဲ ကွဲ တာပြောပါတယ်..။

နောက်တာနော်..။ အဆင်ပြေပါစေဗျာ..။

14 March 2009 at 07:23

ရပါတယ်။ ငှငှ်းှငှင်း ငှင်ဒ (လူကြမ်းရယ်သံ) ကြိတ်ပြီးတော့တောင် ဝမ်းသာသွားသေးတယ်။ ဒီက လည်း ဖတ် လို့မနိုင်လို့စိတ်ငြစ်နေတယ်

Anonymous
14 March 2009 at 07:47

ရားပါတယ် ရားပါတယ် အဲ...ရပါတယ် ရပါတယ် အဆင်ပြေသလိုပေါ့ အဆင်ပြေတဲ့အချိန်ကျမှရေး လာလာကြည့်ဖြစ်ပါတယ်း)

14 March 2009 at 09:50

အုန်းပွဲ ငှက်ပျောပွဲ မပါလို့ မကျေနပ်တနပ်ပဲ... :P

Anonymous
14 March 2009 at 15:25

တောင်းပန်စာ ဆိုလို့... အလုပ်အားရင် ပြန်လာပေါ့နော်

14 March 2009 at 15:34

အလုပ်အားရင်ပြန်လာခဲ့ပါကိုအိမ်...

:P
15 March 2009 at 10:08

နက်ပေါ်တက်မရကြောင်း နက်ပေါ်တက်ပြီးလာပြောသွားတယ်ပေါ့...... ငှင်းငှင်း....
ဟတ်ထိနေတာပါ.. ဝန်ခံလိုက်စမ်းဘာာာာာာာ

15 March 2009 at 20:09

တကူးတက လာမြှောက်ပင့်တယ်။
အဆင်ပြေပါစေ ဆရာလေးရေ
ဆရာလေးနဲ့ မတွေ့ရတာတောင်ကြာပေါ့

16 March 2009 at 13:22

တောင်းပန်တိုင်း ရမလားဗျ လုပ်တုန်းကတော့ လုပ်သွားပြီမှ ဟွန်းးးးးး
ထင်တော့ ထင်တယ် အကို နက်မကောင်းလို့ နေမှာလို့ အဟဲ ၀င်ရောသွားတာ တောင်းပန်ပါတယ်နော့်


လေးစားလျက်
တောင်ပေါ်သား

16 March 2009 at 20:34

အောင်မယ် ဒင်းက လဲ ငါ့ကိုတုပြီး မအားလို့ ပိုစ့်မတင်နိုင်ဘူး ဘလော့ဂ် မလည်နိုင်ဘူး လေး ဘာလေးနဲ့ ဂျီတော့ပေါ်တော့ ခိုးခိုးတက်တယ် မဟုတ်လား..။

18 March 2009 at 17:19

ငါဒီမှာ အလုပ်တွေ ရှုပ် မင်းကတော့အရှုပ်တွေလုပ်
ဟုတ်လား.....ဂလိုလား..ဟာဟ

28 May 2009 at 17:32

ကိုယ့်အကိုကြီးကလဲ တောင်းကိုတော့မပန်ပါနဲ့ဂျ
ပန်ချင်ရင် စံပယ်ပန်း ခဏငှားမယ်
မီဆိုင်မှန်းတော့သိ၏
သို့သော်လည်း စသွား၏
ဟတ်ဟတ်
း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း