Friday, September 04, 2009

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

20
ဒီမှာဖတ်ရတာ အဆင်မပြေရင် ဒီလင့်မှာ သွားရောက် ဖတ်ရူနိုင်ပါတယ်။

ဒီခေါင်းစဉ်နဲ့ ဖော်ဝပ်မေးတခု ဝင်လာလို့ စိတ်ဝင်စားတာနဲ့ ဖတ်ကြည့်တာမှာ အတော်လေးကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ဝင်တစား အချက်ကျကျ ဝေဖန်ရေးထားတာလေးတွေတွေ့ရပါတယ်။ တချို့အချက်အလက်တွေဟာ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ မှန်ကန်တဲ့ အချက်တွေပါပဲ။ ဒါပေမဲ့ တချို့ အချက်အလက်တွေဟာ တဖက်စွန်းရောက်နေတယ်လို့ ထင်မိပါတယ်။ ဒါကလဲပြောမယ်ဆို စာရေးသူရဲ့ ဘာသာရေး အမြင်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာတွေမို့ အပြစ်မပြော သာပါဘူး။ သို့ပေမဲ့ ဒီစာကိုရေးသားသူ သတိမထားမိတာလေးတွေ ရှိတယ်လို့ ထင်မိပါတယ်။ ဒီတော့ ကျနော့်အနေနဲ့ ဒီစာရေးသူနဲ့ သဘောထား ကွဲလွဲနေတာလဲ ဖြစ်ကောင်းဖြစ်ပါမယ်၊ သို့တည်းမဟုတ် ဒီစာကို ပြန်လည်ဝေဖန်ဆန်းစစ်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော့်အနေနဲ့ ဒီစာရေးသူကို ပုတ်ခတ် နှိမ့်ချလိုတဲ့ စိတ်နဲ့ ပြန်လည်ရေးသားခြင်း မဟုတ်ဘူးဆိုတာ နားလည်ပေးကြပါ။

Tuesday, September 01, 2009

သြော်... မိန်းမ ၅

20
မိန်းမတွေများပြောပါတယ်... ရှုပ်ကိုရှုပ်တယ်...။ အောက်ကပုံပဲကြည့်.. သူတို့လိုချင်တာတွေက များနေတော့ ရီမု တောင်မဆန့်ဘူး..။ ဟော... ကျနော်တို့ ယောကျာင်္းတွေကိုကြည့်လိုက်.. ရှင်းမှရှင်း လိုချင်တာ ၂ခုထဲ ဘာမှအပိုစာသား မပါဘူး...။ ဟီးဟီး.....