Saturday, December 13, 2008

ဘောလုံးပွဲ

25
၂၀၀၉ကိုကြိုဆိုရန်နှင့်ချစ်ကြည်ရေးအတွက်ကျနော်တို့ ဘလော့ဂါတွေပေါင်းပြီး ဘောလုံးကန်ကြမှာပါ။
ဒီပွဲမှာ ဘလော့သူမလေးများအဖွဲ့နဲ့ဘလော့ထီးလေးများအဖွဲ့ ဆိုပြီးနှစ်ဖွဲ့ခွဲကန်ကြမှာ ပါခင်ဗျ
ပွဲကြေငြာပေးမဲ့ သူကတော့ လူသားအားလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံးအရာ ကျနော်ဆိုတဲ့ ဘလော့ဂါတွေ မေတ္တာခံယူမဲ့ အိမ် ပါခင်ဗျား။ မြန်မာ့အသံမှ ဦးလှဝင်းလေသံနှင့်ဖတ်ကြပါရန်....။

ကံမကောင်းအကြောင်းမလှခြင်း

14
မနေ့ကဖြစ်တာလေးပြောပြချင်တယ်ဗျာ။ကံမကောင်းအကြောင်းမလှတော့ ဘလော့သူတွေ ၀ိုင်းပို့တဲ့ကျိမ်စာမိတာလားတော့မသိဘူးဗျာ ရေချိုးခန်းထဲချော်လဲသွားတယ်ဗျ။ဖြစ်ပုံက ရေးချိုးမယ်ဆိုပြီး သားဆိုးရဲ့ရောသမမွှေသီချင်းခွေအကျယ်ကြီးဖွင့်တယ်ပြီးတော့ ရေချိုးခန်းထဲသီချင်းစည်းချက်အလိုက် ဒွန့်ရင်းဝင်သွားတာပေါ့.... အရှိန်လေးကလဲရလာတော့ ဒွန့်ရုံတင် အားမရတော့ဘူး ခုန်ပါခုန်ချင်လာတာနဲ့ ခုန်လိုက်တာ ချော်ပြီးရေချိုးဇလုံဇောင်းနဲ့ တင်းပါးရိုက်ထည့်လိုက်တာ ဆေးထိုးအပ်တုံးတုံးကြီးနဲ့ဆေးထိုးပြီး သေသေချာချာမချေမိရင် ဘာဖြစ်တတ်သလဲ..... အဲဒီအတိုင်းပဲဗျာ။ ဖြစ်ဖြစ်ခြင်း၅မိနစ်လောက်က အသံတောင် မထွက်နိုင်ဘူးဗျာ ခါးပါအစစ်တခြမ်းနာသွားတယ်။အဲဒီလိုဖြစ်တော့ ဘလော့သူတွေ သွားသတိရတယ်.... သူတို့များဝိုင်းကျိမ်စာတိုက်နေကြလို့လားဆိုပြီးတော့ပေါ့ဗျာ။ကိုယ်တိုင်ကလဲကမြင်းတာလဲပါတာပေါ့........
သီချင်းကလဲမြူးစရာ ဆိုင်းကြိုက်တဲ့မောင် ဆိုတော့ဗျာ......။ မနေ့ကမှ အဲဒီသီချင်းနားထောင်တာပါဗျာ အရင်ကဆိုရေးချိုးရင်း လေးဖြူ(သို့)မျိုးကြီး(သို့)တခုခုပေါ့ဗျာ နားထောင်ရင်းရေချိုးနေကြဗျ အံမယ်....ရေချိုးရင်း မာန်ပါလာရင် ရေပန်းကိုမိုက်လိုသဘောထား၊နံရံ၃ဘက်ကို ပရိတ်သတ်ကြီးတွေလို သဘောထားပြီး သီချင်းတွေဘာတွေ အော်ဆိုပစ်တာဗျ ဒိထက်မာန်ပါလာရင်တော့ ကွေးနေအောင်ကိုကပစ်တာဗျ။မနေ့ကမှ ရှည်ပြီးသားစိုးနားထောင်လိုက်ကာမှ ဖြစ်တော့တာပါပဲဗျာ။ ဒါပါပဲဗျာ။

Wednesday, December 10, 2008

ရွေးကောက်ပွဲ

31
ကြင်ဖော်ရွေးပွဲလေးတော့ ကျင်းပလို့ပြီးသွားပြီဆိုတော့ ရွေးကောက်ပွဲလေးကို ဆက်လက်ကျင်းပရတော့မှာပေါ့
နော်။ ဟုတ်ကဲ့အရွေးခံခဲ့တဲ့သူတွေများနေတော့ အတော်စဉ်းစားရတယ်ဗျ။
စိတ်ဖြေရာကသိပ်လဲပြာမနေနဲ့ အရွေးမှားမယ်တဲ့။
ဒီဇင်ဘာစင်ဒရဲလားကလဲဒီတင်ပွဲကျင်းပလိုက်ကြရအောင်တဲ့။
အိမ်မက်နိဒါန်းကလဲအချိန်ပဲကြည့်စမ်းပါဦးဆိုပြီး ဇွတ်အတင်းယူမယ်လုပ်နေတယ်ဗျ။
ချင်းမလေးကလဲအတင်းအရမ်းပြေးလာပြီး သမီးအရမ်းပါချင်တယ်ဆိုလို့ အိမ်သာအရင်လိုက်ပြရသေးတယ် ဟုတ်ပေါင်...မှားလို့ စာရင်းထဲထည့်လိုက်ရသေးတယ်။
ငှက်ငယ်လေးကလဲ အချက်တကယ်မနှေး လက်ထပ်မယ်တဲ့။
ညခင်းရဲ့လမင်းကလဲ လာအခုချက်ခြင်းတရာရုံးမှာ လက်မှတ်ထိုးမယ်ဆိုပြီး အတင်းဆွဲခေါ်နေလေရဲ့။
ဒရင်းကလဲအခြင်းခြင်းတွေပဲဆိုပြီး ဖောင်ပြည့်သွားတာတောင်ဇွတ်လာတင်သွားလေရဲ့။
အချိန်သက်သက်ကုန်လေခြင်းလို့ပြောနေတဲ့အိမ်မက်များနှင့်ရှင်သန်ခြင်းကလဲ တမျိုး။
ခေါင်ခေါင်ကတော့ပြောင်ပြောင်ပဲ သူ့ကိုတောင်ညာသက်ထားမမြှောက်စားရင်း နင့်အသက်ဖက်နဲ့ထုတ်ထားတဲ့
ဖလားဝါးဝေါ့ကလဲသွားသွားမပြောနဲ့လို့ မှားသွားလေရဲ့။သူကရှက်တတ်တယ်ဆိုပဲဗျ။
ပုလဲကလဲ ကဲကဲနဲ့သူမပါရင်သတ်မယ်တဲ့။
ချစ်ခြင်းခြေရာကလဲ အပြစ်အတင်းတွေကိုချစ်ခြင်းနဲ့ ခြေဖျက်မယ်ဆိုပဲဗျ။
မသက်ဇင်ကလဲအထဲထည့်ချင်တယ်တဲ့။တမျိုးမထင်ပါနဲ့
သူကတာနောယက္ခဘီလူးကိုအားကျလို့ အိမ့်ကို သူ့အာခံတွင်းထဲ ထည့်မယ်လို့ပြောတာပါ။
အဲဒီလိုပဲဂရင်းဂဲလ်ကအတင်းပဲလာပြီးပူဆာနေတယ်
ရောင်ပြန်ကလဲတောင်ပျံထမင်းစားပြီး လာနေမယ်အခုတဲ့။
ဒီကြားထဲမမဆုမွန်ကလဲအထပ်ထပ် ဆုမွန်တွေ တောင်းနေတာက သူ့ကိုလဲရွေးပါစေတဲ့ဗျာ။
အဲသက်တန့်ကလဲရှန့်ရှန့်လို့ ထူးပြီးရှက်ရှက်နဲ့ ၃နေရာပြည့်သွားလဲ ၄လောက်တော့ထားပါတဲ့ဗျာ။
အဲဒီလိုပဲဝေလေးကလဲအဖြေပေးသွားတယ်။
သဉ္စာကျတော့ ရှင်လာနေကြပဲတဲ့(သူ့ဘလော့ကို သွားလည်နေကြလို့ပြောတာပါနော်)
ငွန်ငယ်ကမွှန်တယ်ဆိုပြီး ငိုကြီးချက်မနဲ့ အကိုကြီး ကျမကိုယူပါလို့ မျက်ရည်ခံထိုးနေလေရဲ့။
မယ်ဂုကလဲ ဟယ်...အခုဆိုပြီး အထုပ်ဆွဲပြီးချီတက်လာနေပြီဗျ၊ ၀ိုင်းပြီးတားပေးကြပါဦးဒီမှာစဉ်းစားနေတုန်းမို့လို့ပါ။
ဒီအထဲစီပွားရေးအမြင်ကျယ်သူမ၀ါဝါခိုင်မင်းကလဲ အချက်လာလာကိုင်ပြီး မင်္ဂလာဆောင်ပွဲစားလုပ်မယ်ဆိုပြီး စာရင်းပေးသွားလေရဲ့ မ၀ါတို့အမြင်ကျယ်လိုက်ပုံများ ပြောချင်တော့ဘူး အဟိဟိ
ပန်းခရေကလှမ်းဖြေလိုက်တာက တို့လဲပါမယ်တဲ့။
ဒီကြားထဲအိဝေဖြိုးကလဲ အခုသဝေထိုးပြီး ဖိတ်စာကမ်းရတော့မလားဆိုပဲဗျ။သူ့ဘက်ကတော့ ဖိတ်စာတခြမ်း
ရိုက်ပြီးသားတဲ့။
အဲဒီလို... အဲဒီလို အရွေးခံနေကြတော့ အိမ်လဲခေါင်းတွေစားလို့ အကြောင်းတွေစဉ်းစားနေတာ ခေါင်းတွေပါဖြူ
ကုန်ပြီဗျ။ ဒါနဲ့ပဲ ဘလော့ညီအကိုတွေခေါ်ပြီး တိုင်ပင်တော့ ဘာမှတောင် မတိုင်ပင်ရသေးဘူး
တက်လူငယ်ကအပြတ်လှုမယ်ဆိုပြီး ဒေါ်လာ၂သန်းပေးကမ်းမယ်ဆိုပဲဗျ။
ဒီစကားကြားတော့ကိုကရင်လေးကလူကို အထင် သေးတာလားဆိုပြီး အားကျမခံ ဒေါ်လာ၃သန်းတဲ့ဗျား။
အဲဒီစကားကြားတော့တောင်ပေါ်သားကတော့ငေါင်ကာသွားသဗျ (ကြည့်ရတာ လက်ဖွဲ့ဖို့ ပိုက်ဆံမရှိဘူးထင်ပါ့ဗျာ)
အဲဒီလိုပဲမောင်ငယ်က အချောင်ထိုင်နေပြီး ပြောင်အောင်ပဲ
စားမယ်ကွလို့ ကြိမ်းဝါးနေလေရဲ့(ပွဲတောင်မစသေးဘူး..... လူဆိုး.....)
သံလွင်ဟီးရိုးကလဲ အပြန်ပင်ထီးရိုးကျိုးအောင်ကို ပါဆယ်ဆွဲဖို့ မောင်ငယ်နဲ့ ချောင်အကွယ်မှာ meeting လုပ်နေလေရဲ့။
ဇင်ယော်ကျတော့ထင်ပေါ်ချင်လို့
စင်ပေါ်တက်ပြီး သီချင်းဆိုမယ်တဲ့။
အဲဒီမှာကိုရမ်းဂန်းက ကိုအရမ်းပန်းနေလို့ မဆို
ပါရစေနဲ့လို့ တင်ပြလေရဲ့။(ဘာပန်းတာလဲသိချင်ရင်သူ့ကိုသွားမေးကြနော်)
ဒီကြားထဲအလှတရားကထ၊ ထပွားတယ် သူက
တော့လက်မဖွဲ့နိုင်ဘူးတဲ့။
သီဟညိမ်းကတော့ ဒီဘ၀ငြိမ်းအောင် ကူညီမယ်ဆိုပဲ။
လူပြိုကြိးဘ၀ကျွတ်သွားအောင်ကူညီမယ်ကိုပြောတာပါနော်။
လင်းထက်ကလဲ အတင်းထပ် ထပ်ပြီးတောင်းဆိုနေတာက ပွဲ
မှာ အပြင်းအရက်ထည့်ပေးပါတဲ့။
ကိုယ့်ဆရာတွေနဲ့တိုင်ပင်မှပဲ ပိုဆိုးနေတယ်။ ဒီတော့ ဒီပွဲကို ၀မ်းနဲခြင်း၊စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖျက်သိမ်းလိုက်ပြီး အိမ့်ကို အရင်ကထဲက စပွန်စာပေးတဲ့ အိမ်ဒရာကျော်ဇင်လေးကိုပဲယူရကောင်းမလား၊
အသက်လိုချစ်ရတဲ့ သက်မွန်မြင့်လေးကိုပဲယူရင်ကောင်းမလား၊
အချစ်အကြီးစားဖြစ်တဲ့ ခစ္စတီးနားပဲ ယူရကောင်းမလား၊ ဒါမှမဟုတ်၃ယောက်စလုံးယူရင်ကောင်းမလား စဉ်းစား
တော့မယ်ဗျာ။ အခုလိုငြင်းပယ်လိုက်တဲ့အတွက် ဘလော့သူလေးများနဲ့ အတူ ထပ်တူထပ်မျှဝမ်းနဲ နှမျောတသသ၊ယူကြုံးမရ အပူလုံးကြွပြီး ငါးခူပြုံးပြသလိုဖြစ်ရပါကြောင်း ပြောကြားရင်း ........ ........ ....... ..........................
လွန်တာရှိရင် ၀န္ဒါမိပါ ဘလော့ဂါအပေါင်းတို့ ပျော်စေပျက်စေနဲ့ ကိုယ်ဖြစ်ချင်တာတွေဇွတ်အတင်း ထည့်သွင်း
ရေးလိုက်တာဆိုတော့ ကာရံမညီတာလဲရှိမယ်၊ စော်ကားသလိုဖြစ်ချင်လဲဖြစ်သွားပါ့မယ်၊ ဒီတော့ ဘလော့ဂါ
အပေါင်းအနေနဲ့ ဒေါသအချောင်းလိုက်မထွက်ရအောင် ဒီနေရာကနေ ခွေးလွှတ်ဖို့ တောင်းပန်ရင်း ............. ဤတွင် သတင်းများကိုကျော်အောင်....ညာလို့ပြီးပါပြီ။
မှတ်ချက်။ ။ဘလော့ဂါအများကြီး ကျန်ပါသေးတယ် ဒါပေမဲ့လောလောဆယ် ကာရန်ကိုစဉ်းစားလို့ မရတာနဲ့ သူတို့တွေ သက်သာသွားပါတယ်။


Tuesday, December 09, 2008

ကြင်ဖော်ရွေးပွဲ

31
စိတ်ရှိတိုင်းသာပြောပြရရင်
ငါ့ဘ၀က လွမ်းလောက်စရာမရှိပါဘူး
ငါ့ဘ၀ငါထွင်းဖောက် ကြည့်မိတော့
ဘ၀မှာ နေမင်းလိုထွန်းလင်းတောက်ပခြင်းလဲမရှိ
လမင်းလို အရောင်မှိန်မှိန်လေးနဲ့ အေးမြခြင်းလဲမရှိ
ငါ့ကိုယ်ငါ ပြင်ဆင်ချင်တာတွေကတော့ အများကြီးပဲ
ကမ္ဘာကြီးကို ခါစောင်းတင်နိုင်လောက်အောင်
နေမင်းလိုမတောက်ပရင်လဲနေပါစေ
လမင်းလို မအေးမြရင်လဲ နေပါစေ
ဝပ်၁၀၀အားမီးသီးလောက်လင်းရင်ကိုပဲ ရပါပြီ။
ဒါပေမဲ့ပေါ့ ကိုယ်တိုင်က အားထုတ်မှုနည်းခဲ့သလို
အားပေးဖော် ကြင်နာသူလေး ကလဲမရှိတော့
ငါ့ကိုငါအားပေးရင်း
ရှေ့ဆက်ပြီး ဘ၀လမ်းခရီးကို
အားမာန်အပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ
ဘ၀ကြင်ဖော် သုံးယောက်လောက်တော့
လိုချင်မိပါရဲ့။
စိတ်ဝင်စားသူ ဘလော့ဂါသူလေးများ ကွန်မန့်တွင် အမည်၊အသက်၊အလုပ်အကိုင်နှင့်လစာများကို အမှန်အကန်
ဖော်ပြ၍ လျှောက်ထားနိုင်ပါသည်။ မပုတင်အစစ်နှင့်ရာကွတ်ထောက်ခံစာပါပူးတွဲတင်ပြပါရန်။
လစာနဲလျှင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ :D :D :D :D



သားဆိုးတစ်ယောက်၏နောင်တ

9
အဖေနဲ့အမေ
ကျနော့်ကိုလူ့လောကထဲ ဆွဲခေါ်လာတော့
သားယောကျာင်္းလေးရပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ရောင်ခြည်လေးတွေကွန့်မြူးခဲ့ကြတယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့ စိတ်ကူး၊ အိပ်မက်တွေထဲမှာ
ကျနော့်ကို သားရွှေအိုးထမ်းလာသလို(သို့)လူစွမ်းကောင်းအဖြစ်
မျှော်လင့်တောင့်တခဲ့ကြတယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့မျှော်လင့်ခြက်ရောင်ခြည်တွေဟာ
တနေ့တခြားကျနော်ကြီးပြင်းလာတာနဲ့အမျှ
တဖြေးဖြေးနဲ့တစ်စစီပျောက်ဆုံးကုန်ပေမဲ့
ကျနော့်အပေါ် နားလည်ခွင့်လွှတ်ခဲ့တယ်နော်။
အဖေနဲ့အမေ
အဖေနဲ့အမေရဲ့ဖြစ်စေချင်တဲ့ဆန္ဒနဲ့
ကျနော့်ရဲ့လုပ်ဆောင်ချက်နဲ့လွဲမှားခဲ့တာတွေကြောင့်
ကျနော့်ကိုစိတ်ကုန်နေပြီလား အဖေနဲ့အမေ........။
အဖေနဲ့အမေ
ခုတော့လေကျနော်ဟာ ဘ၀ကြိုးဝိုင်းပေါ်မှာ
ပညာဆိုတဲ့ ကိုယ်လက်ကြံ့ခိုင်ခြင်းနဲ့သင်ကြားမှုဆိုတဲ့ လေ့ကျင့်မှုမရှိခဲ့လို့
အရှိုက်ကိုထိုးခံလိုက်ရပြီ အဖေနဲ့အမေ......။
အဖေနဲ့အမေ
ခုတော့ကျနော်ဟာ ကိုယ့်ရဲ့မိုက်တွင်းနက်ခဲ့မှုရဲ့ဒဏ်ကို
အလူးအလဲခံနေရပြီ အဖေနဲ့အမေ...........။
အဖေနဲ့အမေ
ကျနော့်ကို စိတ်နာနေပြီလား..........
တကယ်တော့ကျနော်ဟာ အားကိုးလို့မရတဲ့
သားဆိုးလေးတစ်ယောက်ပါ အဖေနဲ့အမေ...........။
အဖေနဲ့အမေ
ကျနော့်ဘ၀ကို တစ်ကပြန်စလို့ရရင်
ယခုထက်ပိုပြီး ပညာကိုကြိုးစားသင်ယူခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘမေတ္တာကိုသိရှိခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘအနားမှာ နေခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘစကားနားထောင်ခွင့်ရခဲ့ရင်
ယခုထက်ပိုပြီး မိဘလုပ်ကျွေးခွင့်ရခဲ့ရင်.............
ကျနော်ပြင်ချင်တာတွေ အများကြီးပဲ
ယခုထက်ပိုပြီး ကောင်းနိုင်ရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊
ဒါပေမဲ့..............
အဖေနဲ့အမေ
ရယ်.... ဘာတခုမှပြင်ဆင်ဖြစ်မှာ မဟုတ်ဘူးဆိုတာ
ကြိုသိနေတယ်၊ စဉ်းစားကြံစည်သမျှ
ဘာတခုမှအကောင်အထည်မပေါ်တာ
ကျနော့်ဘ၀ရဲ့ အစဉ်အလာ တခုလိုဖြစ်နေပြီ
အဖေနဲ့အမေ ရယ်...........။

Sunday, December 07, 2008

ဒစ်(စ်)စကောင့်

19
ဘ၀တလျှောက်လုံးမှာ
မရပ်မနားပဲ တ၀မ်းတခါးအတွက်
လှုပ်ရှားရုန်းကန်ရင်း
ဒုက္ခကို ခလုတ်တိုက်၊ သောကလမ်းကိုဖြတ်သန်း
အန္တရာယ်ဆိုတဲ့ လှည့်ကင်းကို ရှောင်ရှားရင်း
နေ့စဉ်ရက်ဆက်၊ ဘ၀လမ်းခရီးကြမ်းကို
မောင်းနှင်ခဲ့ရတယ်။
ဒီလိုနဲ့ ဘ၀ကိုငြီးငွေ့လာတော့
ဗုဒ္ဓထံဆုတောင်း၊
နှစ်ပြားလှုဖူး ကောင်းမှုနဲ့၊ တောင်းဆုပြု၊
သံသရာဘေးမှကင်းလွတ်၍
နိဗ္ဗာန်မင်္ဂဖို ရက်တိုတိုကို
ဒစ်(စ်)စကောင့်ချပေးရင်တော့
လိုချင်ပါသေးတယ် ဘုရား........။




ဘလော့ဂါသူလေးများ

24
ဘလော့ဂါသူလှပျိုဖြူ
မြင်သူလူတိုင်းပြေး၊
ဝါးခြမ်းပြားနှယ် ခန္ဓာရယ်
နတ်မယ်အရှုံးပေး။
သူ့ဘလော့ကိုလာလည်ရန်
ဖိတ်မာန်သူခေါ်သေး၊
လည်လည်သွားပြီး ဖတ်ရပြန်
မဟုတ်တာ သူအလွန်ရေး။
ရည်းစားတစ်ထောင် လင်တစ်ကောင်
ယင်ဖိုတောင် မသန်းသေး၊
အဘယ်ကြောင့်ဟူ ပြောရမူ
ကိုယ့်လူမရယ်ကြေး
သွားလေးကခေါ တင်ကလျော
စွေသောမျက်ခွန်မှေး၊
တင်းတိပ်ဝက်ခြံ ၀န်းပတ်ရံ
နှုတ်ခမ်းမဲမဲလေး၊
ထို့ကြောင့်သာပ လင်မရ
သူမလှပဂေး၊
အဟေး..ဟေး..ဟေး။
အဟိဟိ..... မကျေနပ်ရင် ကျနော်တို့ ဘလော့ဂါကြီးတွေကို ပြန်လည် ရေးသားခြေပနိုင်ပါတယ်နော်။
ဒီလိုမှမဟုတ်ပဲ.. ကျမရုပ်မဆိုးပါ လှပါတယ်ဆိုရင်တော့ ယခုလက်ရှိ ရက်ပိုင်းအတွင်းက ရိုက်ကူးထားသော
တကိုယ်လုံးပုံ ၄လက်မ+၆လက်မ ကာလာပုံနှင့် ပတ်စ်စပို့ပုံကိုပူးတွဲ၍ အီးမေး(သို့)ကွန်မန့်တွင်ရေးသားတင်ပြ
နိုင်ပါကြောင်း.....................................။
အဟေးဟေး.... မပိုင်ဘူးလား ဘလော့ဂါညီ၊အကိုတို့ရေ။ :D
အော်..ဒါနဲ့ ဒီကဗျာလေးရဲ့မူရင်းရေးသားသူကတော့ ကဗျာဆရာရှင်ဟန်ဝင်းပါ ဒါပေမဲ့သူ့ကဗျာလေးကိုနဲနဲပြုပြင်
ထားတာကလွဲလို့ကျန်တာကတော့ ကူးချ(ခိုးချ)ထားတာပါခင်ဗျား။