Monday, August 15, 2011

အမေ့ကြိမ်စာ

0
ကျနော့်အသက် ၁၈မှာ ကောင်မလေးတယောက်နဲ့ သိတယ်ဗျာ ...

ငယ်ငယ်ကလေ သူအလွန်လှ ကြွေရုပ်ကလေးနဲ့ တူတယ်ဗျ။


အိမ်နီးခြင်းမို့ ခင်မင်တာ ကျနော့်မှာ ဝမ်းတွေသာ...

ဝမ်းသာပေမဲ့ ဖွင့်မပြောရဲ ကျနော့်မှာ ကြိတ်ခါကွဲ(အသည်း)

မခံစားနိုင်လို့ ရင်ဖွင့်တာ အမေ့ကို သွားတိုင်တယ်ဗျာ ...။


အမေသိတော့ ဒေါသပုန်ထ ကြိမ်စာကျွေးတယ် ခင်ဗျ ..။

အသားနာတာထက် ကျနော့်အသည်းမှာ ပိုလေနာမိတာ

ရှက်သွားတာလဲ ပါတယ်ဗျ ... ဝေးဝေးကပဲ လွမ်းတယ်ခင်ဗျ။


အမေ့ကြိမ်စာလဲ ကြောက်လို့ဗျာ ကျနော်သူ့ကို ရှောင်မိတာ ...

ဒီလိုနဲ့လေ မတွေ့တော့ ... ၁၀နှစ်ကျော်တောင် ရှိပြီပေါ့ ...။


မထင်မှတ်တဲ့ တနေ့မှာ သူနဲ့တွေ့တာဗျာ ...

ငယ်ရုပ်ကိုလေ မနဲဖမ်းရ ဝက်မကြီးနဲ့တူလို့ဗျ။

သူ့ခမျာတော့ ပြုံးပြတာ ကျနော့်မှာ ကြောက်နေတာ ...

ကြောက်ကြောက်နဲ့ပဲ သူ့ကိုလဲ နှုတ်ဆက်ရတာပဲ။


အများကတော့ ထင်ကြမှာ အမေ့ကြိမ်စာကို ကြောက်လို့သာ ...

မဟုတ်ရပါ ဘုရားစူး ကျိမ်တွယ်ပြောရဲတယ် ကျမ်းတွေစူး ..။

Saturday, July 30, 2011

ပန်းပန်လျှင် နန်းဆန်တယ် ဆိုလို့

0
မဝယ်ဘူး အချစ်ဦးရယ်မို့
ရည်စူးကာ သူပန်ဆင်စေရယ်လို့
မောင်ကိုယ်တိုင် ပန်းစုံတောမှာ
သူခိုးခြေလှမ်းနဲ့ရယ်ပ ညုာတံကို
ကိုင်ကာ ခူးမယ်လို့ လက်ရွယ်ကာ
နေတုန်း ... တုပ်လိုက်တယ်ဗျား ..
အား..ဟား ... အားဟား ...။

ပျားတုပ်တာကိုပြောတာနော် တလွဲမတွေးနဲ့။ မြန်မာဆန်ဆန် လေးချိုးခေါ်မလား ... ဒါမျိုးလေးတွေ သိပ်မတွေ့ရတော့လို့ စိတ်ကူးပေါက်ရာ ကောက်ရေးလိုက်တာ ...


Friday, July 29, 2011

အောင်ဆန်းပေးတဲ့ ဗမာပြည်

0
အညာသား-အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း
ကိုအောင်ဆန်း
ဦးအောင်ဆန်း
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

Monday, July 18, 2011

အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း

0
                                                             အာဇာနည်နေ့ အမှတ်တရ


Sunday, July 10, 2011

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

1


 
  မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။ တပ်အင်အားသုံးထောင်ကျော်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့က လက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေး တပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေး တပ်မတော်ကို ဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။

Friday, July 01, 2011

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ

0
  ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ စာအုပ်ရှိလို့ မဖတ်ဖူး သေးသူများအတွက် ဗဟုသုတရစရာ၊ လေးစားအတုယူစရာ ကောင်းလွန်းတဲ့ ဗိုလ်ချုပ်အကြောင်း ဖတ်ဖူးတယ်ရှိအောင် ပြန်လည်တင်ပြလိုက်ပါတယ်။ ကျန်တဲ့ အပိုင်းတွေလဲ အချိန်ရရင် ရသလို ဆက်ပြီး တင်သွားပါမည်။

Wednesday, June 29, 2011

ကြာပြီ

1
ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဘယ်ကစရမှန်းမသိရင် အစကနေပြန်စပြောလို့တော့ မပြောလိုက်ပါနဲ့ အဲဒီအစက ဘယ်မှာမှန်း မသိတာကိုက ခက်နေတာ။ အင်း ... ပြောရရင်တော့စာတွေသိပ်မတင်ဖြစ်တာက စရမှာပါ။ ဘာလို့ မတင်ဖြစ်လဲဆိုတော့ အရိုးဆုံးနဲ့ အလွယ်ဆုံး လူသုံးအများဆုံး လူအထင်ကြီးဆုံး စကားနဲ့ ပြောရရင်တော့.. ဟုတ်ကဲ့ ကျနော်မအားလို့ပါ လို့ပဲပြော ရမှာပါပဲ။ ဘာတွေများ မအားနေတာတုန်းဆိုတော့ ... ကဗျာဆန်ဆန် စာဆန်ဆန်လေး ပြောရရင် ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းတွေ တွေးဆမျှော်မှန်း လုပ်ကိုင်ရင်း၊ မျှော်လင့်မထားတဲ့ ဘဝဇာတ်ဆရာရဲ့ မထင်မှတ်တဲ့ ဒေါင့်တွေကနေ အရှိုက်ကို ပစ်ပစ်သွင်းလားတဲ့ လက်သီးပုန်းတွေရဲ့ဒဏ် အလူးအလဲ ခံစားရင်း တန်ပြန် ထိုးနှက်ဖို့ ကာကွယ်ဖို့အတွက် လုံးပန်းနေရလို့ပါ။ ဒါတွေက တကယ်တော့ အဆန်းမဟုတ်ပါဘူး၊ လူတိုင်းကြုံတွေ့နေရတဲ့ ဘဝပါ။ ဒါဆို ဘာလို့ လျှာရှည်ပြီး ရှင်းပြနေသလဲဆိုရင်တော့ .. ဟုတ်ကဲ့ ပြစရာ အကြောင်းမရှိလို့ပါ။ ပြီးတော့ အထင်ကြီးခံရ နဲလား ...။

Friday, June 17, 2011

online ချစ်သူ

0
GTALK ထဲမှာတွေ့ကြတာ

လက ဒီဇင်ဘာ

နှလုံးသားထဲမှာ တန်းတန်းစွဲ

သူ့နာမည်လေးပဲ ..။

နေရာ၊ ညရော အတွေးကမ္ဘာ

အိပ်မက်ထိအောင်ပါ

သူ့နာမည်လေး ခေါ်ကာငေး

ချစ်ဖို့ အရေးဝေး .. ။

မမြင်ဖူးခဲ့ သူ့ရူပါ

FACEBOOK မှာလေ သွားကြည့်တာ

မျက်လုံးကလေးက ဝိုင်းဝိုင်းပြူး

မောင့်အသည်းထဲမှာ ရူး ..။

အိပ်ရေးပျက်တဲ့ ဝေဒနာ

သူပေးခဲ့ပြီကွာ ..

ဆုံနိုင်ဖို့ အရေး မလွယ်သေး

ဆွေးပြီးရင်းသာဆွေး ..။

ဖူးစာရေးနတ်မပါ ခမျာ

ကျနော့်ပြဿာနာ

အချစ်ဆူးပေးတဲ့ ကောင်မလေး

အပြင်မှာ တွေ့စို့ မနှေး ..။

ချိန်းမိလေတဲ့ တရက်မှာ

သူလေရောက်ခါလာ ..

FACEBOOK ထဲကနဲ့ တခြားစီပဲ

ကွဲပြီးရင်းသာ ကွဲ .. ။

စာအုပ်ထဲက ကဗျာလေးတပုဒ် သဘောကျလို့ အွန်လိုင်းနဲ့ လိုက်ဖက်အောင် နဲနဲ ပြန်ပြင်ရေးလိုက်တာပါ။ မူရင်းရေးသူကတော့ ဇွဲနေရောင်ခြည်ပါ။

Saturday, May 14, 2011

သိမ်းပိုက်သွားသူ

0
ခံစစ်နဲ့ အတန်တန် မချစ်ဖို့
ဦးနှောက်က သတိပေးလိုက်ချိန်မှာ
ရင်ထဲကို ကျူးကျော်၊
နှလုံးသားကို သိမ်းပိုက်၊
လွမ်းဆွတ်ခြင်းမှာ မင်းမူ
အတင်းယူသွားတဲ့
ကောင်မလေးရေ ....
ဒီလူမှာ အရှုံးသမားမို့၊
အမုန်းစကားတော့ မဆိုလိုက်ပါနဲ့
ငါ့နှလုံးသားလေး ကြေမွသွားမှာ စိုးလို့
အပြုံး စကားလေးပဲ ကြားပါရစေ။

ရေးသားသူ
ဘယ်မဒီကညာကိုမှ ပလီပလာ မပြောရသေးတဲ့

Thursday, May 12, 2011

ကျနော့်မိန်းမ

1
ခန္ဒာဝဖီး စဥ့်အိုးကြီး
ဝက်ကြီးတမျှကွယ်။
အသားအရေကျ မှောင်ကာကျ
လှမျိုး အနက်ထည်။
မျက်နှာမြင်ရင် ပြေးရိုက်ချင်၊
ထူးသည့် ကုသိုလ်နှယ်။
သို့ပေမဲ့ဗျာ လွန်ချမ်းသာ
သူ့မှာ ဂုဏ်ရှိန်ထည်။
ဒီကာလဝယ် ငွေကကွယ်၊
အဓိက ကျတယ်ကွယ်။
ထို့ကြောင့်သာပ ကျနော်ယူရ၊
မောင့် .. အချစ်သည်းလယ်....။

ရေးသားသူ
(ဘယ်ဇယားနှင့်မှ မကပ်သေးသည့် ....

Tuesday, May 10, 2011

ကူညီပါ အချစ်လေး

1
လကွယ်ညသန်းခေါင်ယံမှာ
မဟူရာ ကျောက်ရိုင်းတုန်းကို
အမီနာကို ကောက်ခိုင်းတော့
လူပါ ပျောက်ဆုံးသွားနိုင်ပေမဲ့
ကိုယ့်အချစ်က
ဘယ်သောအခါမှ မပျောက်ရှမှာမို့
ထောက်ဆပြီး ပြန်ချစ်ပါလား ... ဟင်
အဲဒါဆို ကတောက်ကဆ ဖြစ်နေတဲ့
ကိုယ့်ဘဝ၊ မင်းလေးကြောင့်
ခဏပျောက်သွားမှာသေချာပါတယ်
အချစ်ရယ် ......။

Friday, May 06, 2011

ရှုရှုပေါက်ချိန်တောင် မရဘူးတော်ရေ့

1
 ကြားဖူးတဲ့ ပုံပြင်တပုဒ်ပါ၊ နဲနဲတော့ ရိုင်းနေမယ်ထင်ပါတယ်၊ မိန်းကလေးများ ဖတ်ရန် မသင့်၊ ဖတ်ချင်တယ်ဆိုလဲ ဖတ်နိုင်ပါတယ်၊ အတတ်နိုင်ဆုံးတော့ စကားလုံးများ မရိုင်းအောင် ရေးသွားပါ့မယ်၊ ဒါပေမဲ့ အတွေးကတော့ ရိုင်းနေမှာ သေချာတဲ့ အတွက် မိန်းကလေးများ မဖတ်ရန် တားမြစ်တာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်ချင်တယ်ဆိုလဲ ဖတ်နိုင်ပါတယ်၊ မဖတ်ဘူး ဆိုလဲ ရပါတယ်၊ ဖတ်ဖတ်၊ မဖတ်ဖတ် (ရှင်းပြရင်းနဲ့တောင် တွေးစရာတွေ ဖြစ်ကုန်ပြီ ထင်ပါရဲ့) ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုတော့ ဖတ်ချင်လဲဖတ်၊ မဖတ်ချင်လဲ မဖတ်ပဲ နေနိုင်ပါတယ်။ ကဲ ... ပုံပြင်လေးကတော့ ဒီလိုပါတဲ့ကွယ် ........

Thursday, May 05, 2011

ကျနော် မသတ်ဘူးဆရာ

1
တနေ့ ကျောင်းတကျောင်းကို မြို့နယ်ပညာရေးမှုး ရောက်လာပြီင်္း စစ်ဆေးစရာ ရှိတာများကို စစ်ဆေးလို့ ပြီးတော့ ကလေးတွေရဲ့ ပညာရေး အခြေအနေကို လေ့လာအကဲခတ်ချင်တာနဲ့ အတန်းတခုထဲ ဝင်ပြီး မေးခွန်းတချို့ကိုမေးပါတယ်။
"ကဲ .... ဆရာက သားတို့၊ သမီးတို့ ကိုမေးခွန်းလေး နဲနဲပါးပါး မေးချင်လို့ပါ၊ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူးကွယ် ... ကဲ ... ဟိုဒေါင့်မှာ ထိုင်နေတဲ့ ကောင်လေး ထပါဦး .... ဘုရင့်နောင်ကို ဘယ်သူသတ်သလဲ ??? "
ဒီလိုမေးတော့ ကောင်လေးက ကြောက်ကြောက်ရွံ့ရွံ့နဲ
့ "ကျနော် မသတ်ဘူး ဆရာ"
ဒီလိုဖြေတော့ မြို့နယ်မှုးက သူ့ကိုနောက်တယ် ထင်လို့ " ကောင်းကောင်းမွန်မွန်မေးနေတာ ကောင်းကောင်းဖြေ ဘုရင့်နောင်ကို ဘယ်သူသတ်သလဲ ??? "
"ကျ ..ကျနော့် တကယ်မသတ်ဘူးဆရာ"
မြို့နယ်မှုးလဲ စိတ်မရှည်တာနဲ့ အတန်းပိုင် ဆရာဘက်ကိုလှည့်ပြီး
" ဆရာ့ကလေးကို ကြည့်ပြောပါဦး အမှန်အတိုင်းဖြေစေချင်တယ်ဗျာ"
ဒီတော့ အတန်းပိုင်ဆရာကနေပြီး
" ဆရာ .. ကျနော် ဒီကောင်လေးအကြောင်း ကောင်းကောင်းသိပါတယ်၊ လူရိုး၊လူအေးလေးပါ၊ သူ့မိဘအသိုင်း အဝိုင်းကိုလဲ သိပါတယ် အားလုံး ရိုးရိုးသားသား ထဲကပါပဲ၊ သူမသတ်တာ သေချာပါတယ်ဆရာ "
မြို့နယ်မှုးလဲ စိတ်ညစ်သွားပြီး မဖြစ်သေးဘူး၊ ဒီပုံစံ အတိုင်းဆို ကျောင်းအုပ်ကြီးဆီ တင်ပြမှ ဖြစ်မယ်၊ ကလေးတွေ ဒါလေးတောင် မသိရကောင်းလားဆိုပြီး ကျောင်းအုပ်ကြီးနဲ့ အတန်းပိုင် ညံ့ဖျင်းတာပဲ ဆိုပြီး ကျောင်းအုပ်ကြီးဆီ သွားတိုင်ရန် ထွက်လာခဲ့ပါသည်။ ကျောင်းအုပ်ကြီး ရုံးခန်းရောက်တော့ ဖြစ်ကြောင်း ကုန်စင်ပြောပြပြီး ကျောင်းအုပ်ကြီးဆီက ထွက်လာမဲ့ စကားကို မျှော်လင့်နေတုန်း၊ ကျောင်းအုပ်ကြီးမှ
" ဆရာ .. သူတို့ပြောတာ ဖြစ်နိုင်ပါတယ်၊ ကျနော့် ဆရာကလဲ လိမ်ပြောမှာ မဟုတ်သလို ကလေးကလဲ ဆရာ့လို မြို့နယ်မှုးကြီးကို လိမ်ပြောရဲမယ် မထင်ပါဘူး"
ဒီအဖြေကို ကြားတော့ မြို့နယ်မှုးလဲ စိတ်အပျက်ကြီး ပျက်သွားပြီး တိုင်းပညာရေးမှုးဆီ တင်ပြမှ ဖြစ်မယ်လို့ တွေးမိပြီး၊ တိုင်းပညာရေးမှုးဆီ ချက်ခြင်းသွားပါတယ်။ ဟိုရောက်တော့ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး ဒီလိုမျိုး မဖြစ်သင့်ကြောင်း ကိုသေချာရှင်းပြပါတယ်။ ရှင်းပြလို့ ပြီးတော့ တိုင်းပညာရေးမှုးဆီက ဘယ်လို အရေးယူမှုများ လုပ်မလဲလို့ စောင့်နေလိုက်ပါတယ်။ တိုင်းပညာရေးမှုဆီက ထွက်လာတဲ့ စကားက
" ဆရာ ... ဘုရင့်နောင်လဲ သေတာ ကြာလှပါပြီ ဒီအမှုကို ဆက်လိုက်မနေပါနဲ့တော့ သူတို့လဲ တကယ်မသိလို့ နေမှာပါ ဆရာ"
 ကြားဖူးတဲ့ပုံပြင်တပုဒ်ကို မှတ်မိသလောက် ပြန်ရေးထားတာပါ။



Wednesday, April 20, 2011

နာရေးကူညီမှုအသင်း (ရန်ကုန်)

2
ကျနော်ဟာ မွေးနေ့တိုင်းလိုလို သံဃာ့ဆေးရုံ ဒါမှမဟုတ် ဘိုးဘွားရိပ်သာမှာ ကျနော့်ချွေးနဲစာနဲ့ တတ်နိုင်သလောက် လှုနေကျပါ။ သိပ်များများစားစားတော့ မဟုတ်ပါဘူး၊ ၅ထောင်၊ ၁သောင်း၊ ၂သောင်း စသည်ဖြင့်ပေါ့ ကိုယ်တတ်နိုင်သလောက်လေးကို မွေးနေ့တိုင်းမှာ ကျနော့် ချွေးနဲစာနဲ့ လှုဖြစ်အောင် လှုနေကျပါ။

နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ရုပ်ရှင်မင်းသား ကိုကျော်သူဦးဆောင်ပြီး နာရေးကိစ္စ အခမဲ့ လုပ်ဆောင်ပေးနေတယ် ဆိုတာ ကျနော်ကြားဖူးနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ တခါမှ မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရတာကြောင့် နားရေးကူညီမှု အသင်းဆီမှာ လှုဖို့ အခွင့် မသာခဲ့ပါဘူး။ မှတ်မှတ်ရရ facebook စသုံးတဲ့ လွန်ခဲ့တဲ့ ၁နှစ်လောက်မှာ ကိုကျော်သူနာမည်နဲ့ account တခုကိုတွေ့လို့  add လိုက်တော့မှ နာရေးကူညီမှု အသင်းရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ သေသေချာချာ မြင်တွေ့လိုက်ရတော့မှ နာရေးကူညီမှု အသင်းသူ ၊ အသင်းသား အားလုံးရဲ့ ကိုယ်ကျိုးမငဲ့ပဲ အတားအဆီးတွေ ကြားက လုပ်ရဲ၊ ကိုင်ရဲတဲ့ စိတ်ဓာတ်ကို လေးစား အားကျမိပါတယ်။ ဒီအလုပ်မျိုးဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ လုပ်ဖို့ မလွယ်တာ အမှန်ပါ။ ခပ်ရိုင်းရိုင်း ပြောကြေးဆိုရင် ဒီအလုပ်ဟာ သုဘရာဇာ အလုပ်မို့လို့ တော်ရုံ ဇွဲ၊ သတ္တိနဲ့တော့ ဒီအလုပ်လုပ် ဖြစ်မယ် မထင်ပါဘူး။

Thursday, April 14, 2011

မိဘမေတ္တာ

1
မိဘမေတ္တာကို သီချင်းနဲ့တမျိုး၊ စာနဲ့တဖုံ၊ ရုပ်ရှင်အဖြစ် တနည်း၊ အနုပညာရှင်များက အမျိုးမျိုး ပုံဖော်တတ်ကြတာ နားထောင်ဖူး၊ ဖတ်ဖူး၊ ကြည့်ဖူးကြမှာပါ။ လက်တွေ့ ဘဝတွေမှာလဲ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ မိဘရဲ့ သားသမီးတွေအပေါ်ထားတဲ့ ဂရုဏာနဲ့ မေတ္တာဟာ တခါတလေမှာ လွဲမှားနေတယ်လို့ ကျနော်ပြောရင် လွန်များသွားမလား .....။ ဒီလို ပြောတာ ကျနော့်မှာ ခိုင်လုံတဲ့ အကြောင်း ၂ချက်ရှိပါတယ်။ ကိုယ်တိုင်ကြုံတွေ့ ခဲ့လို့ ခုလို ရဲရဲကြီး ပြောရဲတာပါ။
တကယ်တော့ ဒါဟာလဲ သား၊သမီးအပေါ်ထားတဲ့ ကြီးမားလွန်းတဲ့ မေတ္တာပါ၊ စေတနာအမှားလို့ ဆိုရင်လဲ မမှားပါဘူး။ ပြီးတော့ မိဘအနေနဲ့ သူတို့ရဲ့ သား၊သမီးတွေဟာ ဘယ်လို ပါတ်ဝန်းကျင်မှာ ကျင်လည် လှုပ်ရှားပြီး ဘဝကို ရုန်းကန်နေတယ် ဆိုတာ မသိလို့ နေမှာ။ နောက်တခုက မိဘတွေအနေနဲ့ သူတို့ ပါတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ဒုက္ခမျိုး သူတို့ သား၊သမီးတွေဆီမှာလဲ ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်မျိုးနဲ့ စိုးရိမ်တတ်ကြပါတယ် .. ... ဒီတော့ မိဘအနေနဲ့ ငါ့သား၊ ငါ့သမီးလေးတော့ ဒါမျိုးဖြစ်နေရင်တော့  ...... ဆိုတဲ့ အတွေးတခုနဲ့တင် မိဘတိုင်းရဲ့ ရင်ထဲမှာ နေ၁၀စင်းပူသလို ခံစားရပါတယ်။

ကျနော့်ရဲ့ ခိုင်လုံတဲ့ အကြောင်း၂ချက်ကတော့ ...........

Saturday, March 19, 2011

ငရဲကြီးရှစ်ထပ်

4
ကျနော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေဟာ ငရဲခံရတာ ငရဲကြီးတာ စတာတွေ ဝဠ်လည်ခံစားရဖို့ ငရဲကြီး ရှစ်ထပ်ဆိုတာ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုဝဠ်လည်ဖို့ ဆိုတာကလဲ အလွယ်ပြောရရင် မြတ်စွာ ဘုရား ချမှတ်ထားတဲ့၊ သူ့အသတ်မသတ်ရ၊ သူများသားသမီး မစော်ကားရ၊ အရက်သေစာ မသောက်စားရ၊ လိမ်လည်မှုမပြုရ၊ ခိုးယူခြင်းအမှု မပြုရ စသည်ဖြင့်ပေါ့ ရှိပါတယ်။ ဒါတွေကို ကျူးလွန်ခဲ့ရင် ဘယ်လိုဝဠ်လည်ခံစားရမယ်၊ ဆိုတာလဲ တချို့ တရားစာအုပ်တွေမှာ ဖတ်မှတ်ဖူးကြမှာပါ၊ တချို့လဲ ပန်းချီသရုပ်ဖော်ပုံတွေနဲ့ ရေးဆွဲပြတတ်ကြပါတယ်။ စာတွေ ပုံတွေထဲမှာတော့၊ ဂျိုကြီးတွေ ပေါက်နေတဲ့ လူနီနီကြီးတွေက ဆူးချွန်လို လှံကြီးတွေ ကိုင်ပြီး  ဝဠ်ခံရတဲ့ လူတွေကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ အရှင်လတ်လတ် ထည့်ပြုတ်တာတို့၊ ဆီပူအိုးထဲ အရှင်လတ်လတ် ထည့်ကြော်တာတို့၊ မီးကျီ၊ မီးခဲပေါ် ဖြတ်လျှောက်ခိုင်းတာတို့စသည်ဖြင့်ပေါ့ ဖတ်ဖူးပါတယ်။

ကျနော့်အနေနဲ့ တခုစဉ်းစားမိတယ်၊ အဲဒါက ငရဲကြီးရှစ်ထပ်ဆိုတာ ဘယ်နေရာလဲ ဆိုတာပဲ၊ တချို့ကတော့ ပြောကြတယ် မဟာပထဝီ မြေကြီးအောက်မှာလို့ ဆိုကြတယ်၊ ကျနော်ကတော့ ဒီလိုမယူဆဘူး၊ ငရဲကြီးရှစ်ထပ် တကယ်ရှိနေတာ ကျနော်တို့ လက်ရှိနေ နေတဲ့ ကမ္ဘာကြီးပေါ်မှာပဲ ရှိတယ်လို့ ယုံကြည်ထားတယ်။ ဘာကြောင့် ဒီလိုပြောသလဲ ဆိုတာ ရှင်းပြနေရင် ရှည်နေမှာ စိုးလို့ အောက်မှာရှိတဲ့ ဗီဒီယိုလေးသာ ကြည့်လိုက်ပါ။

Friday, March 11, 2011

တခဏ

0
ခဏတွေ့ခဲ့တဲ့ ဘဝတကွေ့မှာ
သူ့ရဲ့ အကြည့်တချက်နဲ့ စည်းချက်မညီတော့တဲ့
ငါ့ရင်ခုန်သံတွေ ကြိုးညိုဖို့
ကံကြမ္မာရေ ဖန်တရာတေအောင် မတွေ့ရရင်နေပါစေ
သံသရာတကွေ့မှာ ခဏတော့ တွေ့လိုက်ချင်သေးတယ် ....။

Monday, March 07, 2011

ဦးအောင်ဆန်း၏ မိခင် ဗိုလ်ချုပ်မိခင် (တက္ကသိုလ်ဆုမြိုင်)

0
ဒီဘလော့မှ ကူးယူဖော်ပြပါသည်ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘခင်ကြီးဖြစ်သူ (၀ါ) မြန်မာနိုင်ငံ၏ ဗိသုကာ ဆရာကြီးဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အမေစုတည်းဟူသော ကျေးဇူးရှင် မိခင်ကြီး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတဦး ဖြစ်လာသည်ဟု ယူဆက မှားမည်မဟုတ်ပေ။ ဗိုလ်ချုပ် ၏ အထုပ္ပတ္တိကို ရေးသားရာ၌ ဗိုလ်ချုပ်၏ မိခင် အမေစု၏ အထုပ္ပတ္တိ ပါရှိမှသာ ပြည့်စုံသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် အမေစု၏ အထုပ္ပတ္တိကို တတ်နိုင်သမျှ ရှာဖွေ စုဆောင်း၍ မြ၀တီမှ တင်ဆက်ရပါကြောင်း။

Saturday, March 05, 2011

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (တက္ကသိုလ်နေ၀င်း)

0
“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင် ဖြစ်သည်။

ယေဘုယျအားဖြင့် မှန်ကန်သော စကားလည်း ဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံးသတိမရသော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သက်၍ ချွင်းချက်တော့ ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈) နှစ် (၁၉၄၇) ခုနှစ်၊ ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန် အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

Tuesday, March 01, 2011

လမ်းပြရဲမေ

1
မင်းရဲ့အကြည့်တချက်၊
လျှပ်တပြက်၊
လက်တဖက်နဲ့အတားမှာ
ငါ့မှာလေ ရင်တွေတုန်လှိုက်မောပြီး
ဆွံ့အသွားသူ တယောက်လို
မင်းအကြည့်အောက်မှာ
နစ်မျောနေမိတဲ့ ငါ ......... ။

Sunday, February 20, 2011

ကလေးမွေးတာ မမြင်ဖူးရင်ကြည့်

3
တချို့ ကလေးအဖေတွေတောင် ကလေးမွေးတာ မမြင်ဖူးကြဘူး၊ ကျနော်လဲ ခုမှသေချာ မြင်ဖူးတာ .. ဟီး
တဏှာအကြည့်နဲ့ မကြည့်ကြဖို့ ကြိုတော့ ပြောပါရစေ၊ ဗဟုသုတ ရအောင်လို့ တင်လိုက်တာပါ။




Saturday, February 19, 2011

မြန်မာတို့၏ ကိုယ်ပိုင် အတိုင်းအထွာနှင့် ခရီးအကွားအဝေးများ

1
ဆံခြည်ပင် ဆယ်ပင် စီထားတာကို နှမ်းတစ်လုံး၊
နှမ်းခြောက်လုံးကို မုယော တစ်လုံး၊
မုယောလေးလုံးကို တစ်လက်သစ်၊
လက်ရှစ်သစ်ကို တစ်မိုက်၊
သုံးမိုက်ကို တစ်တောင်၊
လေးတောင်ကို တစ်လံ၊
ခုနှစ်တောင်ကို တစ်တာ၊
တာနှစ်ဆယ်ကို တစ်ဥဿဘ၊
ဥဿဘနှစ်ဆယ်ကို တစ်ကောသ၊
လေးကောသ၊ တစ်ဂါဝုတ်၊
လေးဂါဝုတ် တစ်ယူဇနာ ....။

နှမ်းလုံးတို့၊ မုယောတို့ အမြင်ဖူးရင် လူကြီးတွေသာ မေးကြည့်ပေတော့။
သစ်၊ မိုက်၊ တောင်၊ လံ၊ တာ၊ ဥဿဘ၊ ကောသ၊ ဂါဝုတ်၊ ယူဇနာတွေ မသိရင်လဲ လူကြီးတွေသာ မေးကြည့်ပေတော့ ... ကိုယ်တိုင်လဲ မသိလို့ ပြောနေရတာလေ ...။ သိရင်တော့ ပြောပြမှာပေါ့ ...။



Sunday, February 13, 2011

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ

1
 ဗိုလ်ချုပ်မွေးနေ့ထက် ဗယ်လင်တိုင်းဒေးကို သတိရနေသူများအတွက်


 

Saturday, February 12, 2011

ကူညီပါရစေ (၂)

2
တချို့လူတွေက ခွေးလောက်တောင် သစ္စာမရှိဘူးလို့ ပြောရင် ရိုင်းတယ်များ ထင်မလား ... တကယ်ပါ ခွေးကမှ တလုပ်စားဖူး သူ့ကျေးဇူးကို အလွန်သိတတ်တဲ့ သတ္တဝါပါ။ သိပ်ရှည်ရှည်ဝေးဝေးမကြည့်နဲ့ ကျနော်တို့ ရပ်ကွက်တော်တော်များများမှာ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ ခွေးလေ၊ ခွေးလွင့်တွေတပုံကြီးပါ။ အဲဒီခွေးတွေကို တချို့အိမ်တွေက သနားလို့ ထမင်းကျန်၊ ဟင်းကျန်လေး ချကျွေးရင်းနဲ့ အဲဒီခွေးက ဘယ်မှမသွားတော့ဘဲ ဒီအိမ်နားမှာပဲ တဝဲဝဲလည်နေတာ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလိုတဝဲဝဲလည်နေရင်းနဲ့ ဘယ်သူကမှ တာဝန်မပေးပဲနဲ့ လူစိမ်းလာရင် ဟောင်တာ၊ ညရေး၊ညတာမှာ သူခိုး၊ သူဝှက် မပူရအောင် စိတ်ချရတဲ့ အထိ ဒီခွေးတွေက တာဝန်ယူတတ်ကြပါတယ်။ ဒါဟာ ပြောမယ်ဆို တလုပ်စားဖူး သူ့ကျေးဇူးကို အသိဥဏ်မဲ့တဲ့ သတ္တဝါပေမဲ့ သိတတ်တာကို ပြနေတာပါ။

ကျနော်အခု လက်တလော အချိန်မှာ ကြုံတွေ့လိုက်ရတဲ့ သတ္တဝါကျတော့ အသိဥဏ်ရှိတဲ့ လူဖြစ်ရက်သားနဲ့ ခွေးလောက်တောင် ကျေးဇူးတရား မသိတဲ့ လူ၊ ခွေးလောက်တောင် သစ္စာမရှိတဲ့လူနဲ့ ကြုံခဲ့ရတာပါ။

ကျနော်အခုရေးမှာကတော့ ကျနော့်ပြဿာနာကိုပြောပြမယ် ဆိုတာထက် မသိသေးသူများအတွက် လူတွေအကြောင်း တစေ့တစောင်း ပြောပြတာလို့ ယူဆရင် ပိုမှန်ပါတယ်။ ကြိးကြီးကျယ်ကျယ်ပြော ရရင်တော့ဗျာ သင်ခန်းစာ ယူလို့ရအောင်လို့ပါ။ 

Sunday, January 16, 2011

ရန်စ ငအိမ်

3
ဒီနေ့တော့ ပျင်းရိလာတာနဲ့ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်ပင်းကြိုးတပ်ပြီး လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ ဒီမှာက ဒီလိုပဲ ဘာစတိုင်လဲတော့ မသိဘူး ခွေးနဲ့ လမ်းလျှောက်ထွက်ရင် စမတ်ကျကျဝတ်စားတတ်ကြသလို၊ အားကစားဝတ်စုံလေး ဝတ်ပြီး သွားလာတတ်ကြပါတယ်။ ဒီတော့ ကျနော်လဲ အိမ်မှာမွေးထားတဲ့ ခွေးကိုကြိုးလေးတပ်ပြီး လမ်းသလားဖို့ ပြင်ဆင်လိုက်ပါတယ်။