Thursday, January 07, 2010

ခရီးသွားမှတ်တမ်း

20
၃၁ရက်နေ့ကနေ ၄ရက်နေ့ ညနေအထိ ဂျာမဏီမှာရှိတဲ့ ဘလော့ဂါကြီး ကိုလင်းထက်ဆီ အလည်သွားရောက်ခဲ့ပါတယ်။ သူ့ဆီရောက်တာနဲ့ ဒီမှာထူးခြားတာ ဘာရှိလဲလို့ မေးကြည့်တော့ ဦးနေဝင်း ဆောက်လုပ်ခဲ့တဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ ဇရပ်တဆောင် ရှိတယ်ဆိုလို့ အတော့်ကို စိတ်ဝင်စားသွားပါတယ်။ ဘယ်လိုကျောင်းမျိုးလဲလို့ မေးကြည့်တော့ မြန်မာမှု၊ မြန်မာ့ဟန် အပြည့်နဲ့ ခိုင်ခိုင်မာမာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းတကျောင်းပါလို့ သိလိုက်ရတော့ ပိုပြီး စိတ်ဝင်စားသွား ပါတယ်။