Friday, January 23, 2009

ဘလော့ဂါ တစ်ဦး၏ ဒုက္ခ

38
ဒီပို့စ်လေးရေးထားတာ ကြာပါပြီ ၂၅.၀၉.၂၀၀၈ ကရေးထားတာလေးပါ။ မဖတ်ရသေးသူတွေ ဖတ်ရအောင်ပြန်
တင်ရင်း အပျင်းလဲထူရင်းနဲ့ပါ ခင်ဗျား ဟီးဟီး
ဒီအကြောင်းဘယ်သူမှ မတွေးမိဘူးထင်လို့ ရေးလိုက်တယ်ဗျို့။
ဒီလိုပါ ဘလော့တစ်ခုပိုင်ဆိုင်ထားရတာဟာ မလွယ်ပါဘူး ပြစ်ရမှာလဲ ဆီတ၀င်း.. ၀င်း စားရမှာလဲ သဲတရှပ်ရှပ် ဆိုတဲ့ စကားပုံလိုပါပဲ။ ဘာကြောင့်ဒီလိုပြောနိုင်ရသလဲဆိုတော့ အချက်နှစ်ချက်ရှိပါတယ်။

၁- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် ကိုယ်ရေးချင်တာ၊ ကိုယ်ပြချင်တာ(ဓာတ်ပုံနဲ့ ဗီဒီယိုနော် တမျိုးမထင်နဲ့) ကိုယ်လုပ်ချင်တာကို အားမနာလျှာမကျိုးဖော်ပြနိုင်ခြင်း၊ ဘယ်သူ့ကိုမှ အားနာစရာမလို၊ ဘယ်အယ်ဒီတာဆီကိုမှသွားပြီး စာမူပေးတာ၊ ကိုယ့်စာမူလေး ပါဖို့အရေး မျက်နှာချိုသွေးတာ၊ ကိုယ်စာမူလေး ပါတော့လဲ ဘယ်တော့ထွက်မလဲဆိုတာ စောင့်ဖို့မလိုခြင်း၊
အွန်လိုင်းမိတ်ဆွေ တိုးပွားခြင်း၊ ဗဟုသုတ ဖလှယ်နိုင်ခြင်း အခြားအွန်လိုင်းနှင့်သက်ဆိုင်သော ဗဟုသုတများ ရရှိခြင်း အချိန်ေ
တွ ကုန်မှန်းမသိကုန်သွားခြင်း တို့ဖြစ်ပါတယ်။
၂- ဘလော့ပိုင်ဆိုင်ထားခြင်းအားဖြင့် မျက်စေ့ထိခိုက်ခြင်း၊ ကြာရင်ချည့်ကုံးပါဖြစ်နိုင်ခြင်း(တရုတ်ရသေ့ ချိကုန်းမဟုတ်ပါ)၊ စာတစ်ပုဒ်တင်ဖို့အတွက် အခြားစာအုပ်၊စာတမ်းများကို ဖတ်မှတ်ရခြင်း(အမှန်တော့ ခိုးချတာ :D ကူးချတာပါ ရေးချင်ဇောနဲ့မှားသွားတာ) စာတင်ပြီးပြန်တော့လဲ ကိုယ့်စာလေး လာဖတ်ပြီး မှတ်ချက်လေးရဖို့ ဟို ဘလော့ဝင်၊ ဒီဘလော့ထွက် အရပ်တကာလျှောက်လှည့် ကြေငြာမောင်းခတ်ရခြင်း၊ ဟော ပြီးတော့လဲ ဘယ်သူများ ၀င်ဖတ်ပြီး မှတ်ချက်လေးပေးသွားလဲ ဆိုတာ အွန်လိုင်းပေါ်တက်တက်ကြည့်ရပြန်ရော၊

ရပြန်တော့ရော ပြီးမယ်ထင်လား.... မပြီးပါခင်ဗျာ ၀င်ဖတ်သွားတဲ့သူက ဟုတ်မဟုတ်တော့မသိ အရမ်းကောင်းတာပဲတို့၊ ဆက်ရေးပါအားပေးနေပါတယ်တို့၊ ဘာညာနဲ့ မြှောက်ပေးရင် အောင်မလေး ပျော်လိုက်တာ မျောက်မီးခဲ ကိုင်မိသလိုကို လူက နေမထိ၊ထိုင်မထိ နဲ့ နောက်တစ်ပုဒ်ရေးဖို့ အားထုတ်ရပြန်ရော။
အဲ ပြီးပြီမထင်နဲ့ ကိုယ့်ကို အားပေးသွားတဲ့ တခြားဘလော့တွေပြန်သွားပြီး ပြန်မြှောက်ထိုးပင့်ကော်လုပ်ရပြန်တယ်(ဒါက မလုပ်မဖြစ် ကိုယ့်အလှည့်ကျတော့ ဒီလိုလုပ်လို့ မကောင်းဘူးလေ)
နားလည်တာ၊ နားမလည်တာ အပထား ဥပမာ။ ။ဟိုက နေမင်းကြီး ငါးရိုးစူးတာတို့ ရင်တွင်းပုန်းအောင်နေတဲ့ ပန်းဥယာဉ်ကြီးတို့ ငါ့ဝေဒနာတွေ ရယ်သံတွေနဲ့ဆူညံသွားမှာတို့ အရိုင်ပန်းတပွင့်ဆီက နှလုံးသားစကားတို့ စသဖြင့်ပေါ့နော် နားလည်..လည် မလည်... လည် ကောင်းလိုက်တဲ့ ကဗျာလေး ဆက်ရေးပါ အားပေးပါတယ်ပေါ့။ (နောက်တာနော် ဆရာ၊ ဆရာမတို့ :D )
အဲလိုနဲ့ပဲ နောက်ဆုံးတော့ ငွေကုန်(တချို့် က ဆိုင်မှာသုံး၊ တချို့က အိမ်မှာအင်တာနက်ချိတ်ခပေး၊ တချို့က အိမ်မှာ အင်တာနက်ဖရီး) လူပင်ပန်းတာပဲ အဖတ်တင်ပါတယ်။

ဟုတ်ကဲ့ ဘာပဲပြောပြောကျွန်တော် ဖြတ်မရတော့ပါဘူး။ စားလဲဒီစိတ် သွားလဲဒီစိတ် ကိုယ့်ရည်းစာကိုတောင် ဒီလောက်အထိ မတမ်းတမိပါဘူး။ တမ်းတမိရင်လဲ မိန်းမရတာကြာလှပေါ့(ရတုန်းလေး ကြော်ငြာဝင်တာပါ :D )
ဒါပါပဲ ခင်ဗျာ လွန်တာရှိရင် ၀န္ဒာမိနော် ဘလော့ဂါအပေါင်းတို့ ပျော်စေပျက်စေ သဘောနဲ့ တကယ် ကျွန်တော်ခံစားမိတာကိုရေးလိုက်တာပါ စိတ်မဆိုးကြေး။
ဟောဒီလိုလေး :r တချက်ရယ်လိုက်ရင်ကိုပဲ ရေးရကျိုးနပ်ပါပြီ။

Tuesday, January 20, 2009

အဖေ(ခေါ်)ဖေဖေ

20
အမေ...အမေ..အမေ ဆိုပြီးအမေ့အကြောင်းကဗျာတွေ၊စာတွေနဲ့ တဖွဲ့တနွဲ့ရေးဖွဲ့နေကြတာ တကယ်ကိုအားရ
စရာပါပဲ တကယ်ပဲအမေ့ကျေးဇူးသိလို့လား အပျင်းပြေစာဖွဲ့တာလားတော့ မသိဘူးဗျရေးလိုက်ကြတာ ဘလော့
အတော်များများမှာတွေ့ရတယ်ဗျ ဒီအထဲမှာကျနော်လဲ အပါအ၀င်ပဲပေါ့။ တကယ်လဲအမေ့ကျေးဇူးတွေက မြင့်မိုလ်တောင်မကကြီးမားတာပေကိုးဗျ။ ဒါပေမဲ့ ကျနော်တို့တွေ သတိမထားမိတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကို မနေ့ကသွားသတိထားမိတယ်ဗျ ဒါကလဲ ဦးပေါ်ဦးရဲ့ စာတွေဖတ်မိရင်း သတိထားမိတာပါ။ အဲဒီစာလေး ဖတ်မိမှဟုတ်ပါရဲ့ ငါတို့တွေ တကယ့်အရေးကြီးတဲ့ အချက်ကြီးကို မေ့နေကြတယ်ဆိုတာ သတိထားမိတယ်ဗျ။အဲဒါဘာလဲဆိုတော့ ခုရေးပြမဲ့ ပုံပြင်လေးကိုဖတ်လိုက်တာနဲ့ သဘောပေါက်ကြမှာပါ ဒီလိုဗျ...............................
ဟိုး..ရှေးရှေးတုန်းက ထင်းခုတ်ရင်း အသက်မွေးကြတဲ့ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ ဒီလိုနဲ့တနေ့တော့ သားအဖနှစ်ယောက်ဟာ တောထဲထင်းခုတ်သွားကြတာပေါ့ ဒီလိုနဲ့ ထင်းခုတ်နေတုန်း ဗြုန်း
ဆို ကျားကြီးတစ်ကောင်ပေါ်လာပြီး အဖေကိုကိုက်မယ် အလုပ်မှာသားလုပ်သူဟာ အဖေအတွက်စိုးရိမ်ပြီး ဓားနဲ့
ကျားကြီးကို ၀င်ခုတ်တဲ့အတွက် ကျားကြီးဟာ စင်းစင်း သေသွားပါလေရော။ အဲဒီမှာ ထင်းခုတ်သမားဖခင်ကြီး
ဟာ ကျားကြီးရုတ်တရက်ရောက်လာတဲ့အတွက် ကြောင်တောင်တောင်နဲ့ ကြက်သေ သေနေတော့ မုချသေရ
မှာပဲလို့ တွက်ထားပေမဲ့ မသေဘူး။ခုလိုမသေအောင် သူ့သားကယ်တာပဲ ဒီတော့ ကျေးဇူးရှင်ဖြစ်တဲ့ သားကို
ကန်တော့လိုစိတ်တွေ တဖွားဖွားပေါ်လာတာနဲ့ အဖေလုပ်သူဟာ သားကိုခေါ်ပြီး သစ်ငုတ်တခုပေါ်ထိုင်ခိုင်းလိုက်
ပါတယ်။အဖေလုပ်သူကတော့ မြေပေါ်ထိုင်ရင်း ကန်တော့မဲ့ပုံလုပ်တော့ သားဖြစ်သူဟာ အဖေ ဒါဘာလုပ်တာလဲ
လို့မေရင်း မကန်တော့ဖို့ တားပါတယ် ဒါနဲ့ အဖေထင်းခုတ်သမားကြီးက ဟ... သားရ အသက်သခင်ကျေးဇူးရှင်
ကို ကန်တော့ရတယ် မကန်တော့ပဲ မနေကောင်းဘူး လို့ ပြောရင်း ထပ်ကန်တော့ဖို့ ကြိုးစားပါတယ် ဒါနဲ့ သား
ဖြစ်သူလဲ တားဆီးရင်း အကြံထုတ်ရတာပေါ့ ဒီလိုနဲ့ အကြံရတော့ အဖေကျေးဇူးတင်တာမှားနေပြီဗျ တကယ်က
အဖေ့ကို ခုလိုကယ်နိုင်အောင် အမေကကျနော့်ကို မွေးခဲ့တာလေ အမေသာမမွေးခဲ့ရင် အဖေ့ကို ခုလိုကယ်နိုင်
မှာ မဟုတ်ဘူးဗျ ဒီတော့ တကယ် ကျေးဇူးရှိတာ အမေပါ ကျေးဇူးတင်ချင်ရင် အမေ့ကိုသာ တင်ပါ အမေ့ကိုသာ
ကန်တော့ပါလို့ ပြောလိုက်ပါတယ်။ အဖေထင်းခုတ်သမားကြီးဟာ လူရိုးလဲဖြစ်ပြန် ကွေ့ကွေ့ကောက်ကောက်လဲ
မစဉ်းစာတတ်တော့ သားပြောတာကို ခေါင်းလေး တညိမ့်ညိမ့်နဲ့ လက်ခံရင်း ခုတ်ပြီးသားထင်းတွေ ကောက်ပြီး
ရွာကို ပြန်ကြပါတယ်။ ဒီလိုနဲ့ အိမ်ရောက်တော့ အဖေထင်းခုတ်သမားကြီးကနေပြီး ရှင်မရေ လာပါဦးဟလို့ ခေါ်
လိုက်ပြီး အိမ်ခေါင်းရင်းက သင်ဖြူးဖျာပေါ်ထိုင်းခိုင်းလိုက်ပါတယ်။ဒီတော့ အိမ်ရှင်မလဲ ယောင်နနနဲ့ ထိုင်လိုက်ပါ
တယ်။ ထင်းခုတ်သမားကြီးဟာ အိမ်ရှင်မရှေ့မှာ ပုဆစ်တုတ်ထိုင်ရင်း ကန်တော့ဖို့ပြင်တော့ အိမ်ရှင်မလဲသဘော
ပေါက်ပြီး အူးယားဖားရားနဲ့ တားတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မက ဘာကြောင့်ရှိခိုးတာလဲ မေးတော့ ထင်းခုတ်သမား
ကြီးက တောထဲကအဖြစ်သနစ်တွေ ရှင်းပြတာပေါ့ ရှင်မသာ ဒီသားကို မမွေးခဲ့ရင် ငါတော့ကျားကိုက်သေမှာပဲ
လို့ပြောပြတာပေါ့ ဒီတော့မှ အိမ်ရှင်မကနေပြီး ဟက်ဟက်ပက်ပက်ရယ်ရင်း ကိုရင်ရယ် ရှင်ကများ ကျမကိုများ
ကြံဖန်ကျေးဇူးတင်ရတယ်လို့တော် အံ့ပါရဲ့ တကယ်က ကျမတစ်ယောက် အစွမ်းထဲနဲ့ ဒီသားကိုမွေးနိုင်ပါ့မလား
တော်ရဲ့ ရှင်ကြောင့်ဒီသားလေးရလာတာတော့်.................ပုံပြင်လေးကတော့ဒါပါပဲဗျာ။
ကဲ....ဒီတော့ ...... အကိုကြီး၊အမကြီး၊ညီလေးညီမလေးတို့ရေ အဖေ့ကျေးဇူးလဲ မမေ့ကြနဲ့ဦးဗျ သူသာမရှိရင်
ကျနော်တို့ လူဖြစ်လာမှာမဟုတ်ဘူးဗျနော်။