Saturday, February 12, 2011

ကူညီပါရစေ (၂)

2
တချို့လူတွေက ခွေးလောက်တောင် သစ္စာမရှိဘူးလို့ ပြောရင် ရိုင်းတယ်များ ထင်မလား ... တကယ်ပါ ခွေးကမှ တလုပ်စားဖူး သူ့ကျေးဇူးကို အလွန်သိတတ်တဲ့ သတ္တဝါပါ။ သိပ်ရှည်ရှည်ဝေးဝေးမကြည့်နဲ့ ကျနော်တို့ ရပ်ကွက်တော်တော်များများမှာ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ ခွေးလေ၊ ခွေးလွင့်တွေတပုံကြီးပါ။ အဲဒီခွေးတွေကို တချို့အိမ်တွေက သနားလို့ ထမင်းကျန်၊ ဟင်းကျန်လေး ချကျွေးရင်းနဲ့ အဲဒီခွေးက ဘယ်မှမသွားတော့ဘဲ ဒီအိမ်နားမှာပဲ တဝဲဝဲလည်နေတာ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလိုတဝဲဝဲလည်နေရင်းနဲ့ ဘယ်သူကမှ တာဝန်မပေးပဲနဲ့ လူစိမ်းလာရင် ဟောင်တာ၊ ညရေး၊ညတာမှာ သူခိုး၊ သူဝှက် မပူရအောင် စိတ်ချရတဲ့ အထိ ဒီခွေးတွေက တာဝန်ယူတတ်ကြပါတယ်။ ဒါဟာ ပြောမယ်ဆို တလုပ်စားဖူး သူ့ကျေးဇူးကို အသိဥဏ်မဲ့တဲ့ သတ္တဝါပေမဲ့ သိတတ်တာကို ပြနေတာပါ။

ကျနော်အခု လက်တလော အချိန်မှာ ကြုံတွေ့လိုက်ရတဲ့ သတ္တဝါကျတော့ အသိဥဏ်ရှိတဲ့ လူဖြစ်ရက်သားနဲ့ ခွေးလောက်တောင် ကျေးဇူးတရား မသိတဲ့ လူ၊ ခွေးလောက်တောင် သစ္စာမရှိတဲ့လူနဲ့ ကြုံခဲ့ရတာပါ။

ကျနော်အခုရေးမှာကတော့ ကျနော့်ပြဿာနာကိုပြောပြမယ် ဆိုတာထက် မသိသေးသူများအတွက် လူတွေအကြောင်း တစေ့တစောင်း ပြောပြတာလို့ ယူဆရင် ပိုမှန်ပါတယ်။ ကြိးကြီးကျယ်ကျယ်ပြော ရရင်တော့ဗျာ သင်ခန်းစာ ယူလို့ရအောင်လို့ပါ။