Saturday, November 08, 2008

ကမ္ဘာတ၀ှမ်းမှာလှူဒန်းတဲ့သူတွေအောင်ပါစေ

12
ဘ၀ဆိုတာဘာလဲ????
ဘ၀ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားကြပါတယ်။ ဘ၀ဇာတ်ဆရာ၊ဘ၀သံသရာ၊
ဘ၀ဇာတ်ခုံစသည်ဖြင့်ပေါ့ဗျာ။ ကျနော်တို့တတွေဟာ အဖော်မပါတကိုယ်တည်း၊ လက်ချည်းဗလာ၊ ကိုယ်လုံးတည်း
လူ့ဘ၀ထဲကိုဝင်ခဲ့ကြတာပါ။ အဖြည်းဖြည်းနဲ့ အသက်အရွယ်၊ အချိန်ကာလ၊ ပတ်ဝန်းကျင် ကျယ်ပြန့်လာတာနဲ့
အမျှ ဘ၀မှာ အတက်အကျ၊အနိမ့်အမြင့်နဲ့ကိလေသာရဲ့သွေထိုးလှုံ့ဆော်မှုကြောင့်ချစ်ကြ၊ မုန်းကြ၊ပျော်ကြ၊ ငိုကြ၊ ပြုံးကြ၊ မဲ့ကြ၊ ဒေါသဖြစ်ကြ၊ လောဘဖြစ်ကြနဲ့ ဘ၀ဇာတ်ခုံပေါ်မှာကကြိုးတွေလဲ စုံခဲ့ပြီးပါပြီ....................
ရှေ့ဆက်ပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာလဲ မသိကြပါဘူး။ဘယ်နေ့သေမယ်ဆိုတာလဲမသိကြပါဘူး။
ရှေ့လျှောက်ဘ၀မှာ အကောင်းလားအဆိုးလား။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီမှာပဲ အနိစ္စ
သဘောနဲ့ ကိစ္စချောမလား ဘယ်သူမှ မသိပါဘူး။ကျနော်ဖတ်ဖူးတဲ့ကဗျာလေး လိုပေါ့ဗျာ ဘာတဲ့.............
လာတုန်းကလည်း
တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး
ကိုယ်ထည်းတီး။
ပြန်သွားတော့လဲ
တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး။
လာပြီးတော့နား၊ မသွားသေးခင်
ချိန်လေးတွင်မှ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ မလိုဒေါသ၊
လိုလောဘနှင့် ဘ၀ဇာတ်ခုံ
ကကြိုးစုံခဲ့။
ဒါဆို ကျနော်တို့တတွေ ဘာလုပ်သင့်ပါသလဲ????????????
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ လူဆိုတာသေမျိုးပါ ဒါပေမဲ့ မသေခင်ဇာတ်သိမ်းကောင်းအောင်တော့ လုပ်ရမှာပေါ့နော်
ဇာတ်သိမ်းမလှရင် ပြစ်တင်ခံရမယ်မဟုတ်လားဗျာ..... ဒီတော့ အခုချိန်ကစပြီး စိတ်ကောင်းစေတနာကောင်း
ထားပြီး အလှူအတန်းမှာလဲ တွန့်တိုခြင်းမရှိဘူးဆိုရင် နိဗ္ဗာန်လမ်းကို မလျှောက်လှမ်းနိုင်ရင်တောင်မှ
ှ အခုလက်ရှိဘ၀မှာရော၊ နောင်ဘ၀မှာပါ ကောင်းကြိုးချမ်းသာ ခံစားရမှာ မလွဲပါဘူး။

ဆိုတော့ကာ........ အခုမှပဲလိုရင်းရောက်တော့တယ် ဒီလိုဗျ ကျနော် အခုတလော တစ်ရာရပြီး........................
မှားလို့ တရားရပြီး လောကနိဗ္ဗာန်လမ်းလျှောက်လှမ်းနိုင်ဖို့ကို သက်မွန်မြင့်လေးရယ်၊ မယ်လိုဒီလေးရယ်၊ခရစ္စတီးနားလေးရယ်ကို ခေါ်ပြီး တောထွက်မလားလို့ပါ။ ၃ယောက်ထဲပါသိပ်မများပါဘူး။
ဒီတော့ ဘလော့ဂ်ဂါအပေါင်းအနေနဲ့ သင်္ဒါတတ်အား များများ မဆို ယူရို ၁၀၀၀တတ်နိုင် တတ်နိုင်၊ ၂၀၀၀ တတ်နိုင် တတ်နိုင် ကုသိုလ်တော် ပါဝင်လှူဒန်းကြဖို့ကို နိဗ္ဗာန် အကျိုးမျှော်လို့ နှိုးဆော်လိုက်ပါတယ်။
ဆုမွန်ကောင်းလဲတောင်းပေလိုက်ပါတယ်
္က့္ကဤသို့လှူဒန်းရသော အကျိုးအားကြောင့် ဇောတိက၊ ဇတိလ၊ ကကုည၊ ဦးတေဇ ဆိုတဲ့ ဘော့စ်ကြီး ၄ဦးကဲ့သို့
ဘယ်ဘက်က တမှုန်ကြဲလို့ ညာဘက်က ဆယ်စီး(၁၀ဘီးကား)၀င်ကြပါစေ။


အိမ်ကလူ အိမ်ပြန်ရောက်ခြင်း

10
ဟုတ်ကဲ့...... ကျနော်မရှိချိန်မှာ တကူးတကလာရောက်ခဲ့သူများ၊ သတင်းလာရောက်မေးသူများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပထမဦးဆုံးအနေနဲ့ စာမရေးဖြစ်တာကတော့ ပြဿာနာတက်လို့ပါ။ ပြောချင်တော့ပါဘူးဗျာ......................
ပြောချင်တော့ပါဘူးဗျာ..... ဆိုတာပြောချင်လွန်းလို့ စကားခံတာပါ၊ မပြောချင်နေလို့တော့ မပြောလိုက်ပါနဲ့နော်
သိပ်ပြောချင်လွန်းအားကြီးလို့ကို ဒီလို စကားခံလိုက်တာပါ။ ပြောခွင့်ပေးနော်..... အစ်ကိုကြီး၊ အမကြီးတို့ ပြောခွင့်ပေးမှ ကျနော်စာဆက်ရေးလို့ရမှာမို့လို့ပါ။
ပြောမယ်နော်...............ပြောရမှာလား?????????
မပြောခိုင်းလည်းပြောမယ်ဗျာ၊ ပြောခိုင်းလဲပြောမယ်ဗျာ...ရေးရင်းနဲ့ကို လိုရင်းမရောက်တော့ဘူး။
ကဲ ကဲ... စလိုက်ရအောင်

ဒီလိုဗျ.... ပြီးခဲ့တဲ့လက အင်တာနက်ဖိုး ယူရို ၃၇၉.၅၄ ကျသွားလို့ဗျို့။
ဘယ်လိုကနေ ဘယ်လိုဖြစ်လဲ ဆိုတော့ ဒီလိုဗျ၊ ဟိုလိုမဟုတ်ဘူးသိလား ရှင်းလားမသိဘူး မရှင်းရင်ဆက်ဖတ်
ကျနော်နေ.. နေတာက မြို့မကျတောမကျနေရာ ဆိုတော့ အွန်လိုင်းအတွက်ဒုက္ခရောက်တယ်ဗျ အရင်ကတော့
မြို့မှာပေါ့ဗျာ အကြောင်းအမျိုးမျိုးကြောင့်အဲဒီ နေရာရောက်သွားရောဆိုပါတော့။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၃လလောက်က မိုဘိုင်း ကုမဏ္ဏီတခုကနေ ပြီးလိုင်းတခုယူလိုက်တယ်။ဘယ်လိုလဲဆိုတော့ စင်းကဒ်နဲ့ အွန်လိုင်း
ချိတ်တာပေါ့ဗျာ....ဒီကောင်က တလကို ၃၀ဂီဂါ ပေးတယ် တလ ယူရို၅၀ပေးရမယ် ဆိုတာ သဘောတူပြီးယူလိုက်တာ မတူလို့လဲမရဘူး ဒါပဲရှိတာလေ။
သုံးတော့ အဆင်ပြေပါတယ် မဆိုးဘူးပေါ့ ကွန်နက်ရှင်အားက ၃.၆ မီဂါလောက် ရှိတော့သိပ်အညံ့ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။
အဲဒီလိုနဲ့ တရက်မှာ အန္ဒိယ ကုလားတယောက် သူ့လက်တော့လေးဘာဖြစ်မှန်းမသိလို့ ပြင်းခိုင်းရောပေါ့ဗျာ
ဒါနဲ့ ကြည့်လိုက်တော့ သူ့ဟာက ဘာမှကိုဖွင့်မရတာ အေးရော... ပါဝါတော့ပွင့်တယ် ဘာတခုမှ မတက်လာဘူး
ဒီလောက်ဆိုသိကြမှာပါ............. ဒါနဲ့ လုပ်ပေးမယ် အချိန်ပေးရမယ်ထားခဲ့ပြောရတာပေါ့ အတိုချုပ်ပြောရရင်
လုပ်တော့ ပြန်ရတယ် ဒါပေမဲ့ သူ့ရဲ့ ဟတ်ဝဲတွေအတွက် ပရိုဂမ် ပြန်ထည့်ပေးဖို့ကျတော့ မရှိဘူး ဒါနဲ့ သူ့ဆီဖုန်းဆက်ပြီး စီဒီတွေတောင်တော့ မရှိဘူး မသိဘူးတဲ့ .......ကောင်းရော
ဒါနဲ့ပဲ ကိုယ့်ရဲ့ စင်းကဒ်လေးနဲ့ချိတ်ပေးပြီး အွန်လိုင်းပေါ် ပရိုဂမ်တွေ လိုက်ရှာပေးရတော့တာပေါ့နော် အဲဒီပရိုဂမ်တွေ ဒေါင်းပေးရတာ ၂၄နာရီကြာတယ် ယုံလားတော့မသိဘူး တကယ်ကိုကြာတာပါ ကွန်နက်ရှင်ကလဲ ခပ်ကောင်းကောင်း ဆိုတော့ သိတဲ့ အတိုင်းပဲပေါ့ဗျာ။ ဒေါင်းပေးရတာလဲ ကြည့်ဦး ၄ဂစ်တောင်ရှိတယ်။ အခုလိုပြောလို့ အထင်တော့ မကြီးပါနဲ့ ကျနော်ဘာကောင်မှ မဟုတ်ပါဘူး ဘယ်လိုပြော
ရမလဲ အနူတောမှာတော့ လူချောပေါ့ဗျာ မတတ်တဲ့လူတွေကြားမှာတော့ ဆရာပေါ့နော်...ဟီးးးး
ပြဿာနာ ဘယ်မှာဖြစ်လဲဆိုတော့ အင်တာနက်ဘေလ် လာတော့မှ ဖြစ်တာဗျား။ ဘေလ်လာလို့ ကြည့်လိုက်တော့ ၃၇၉.၅၄ ယူရိုကျနေသဗျ ဒါနဲ့ ဆိုင်သွားမေးရတာပေါ့ ဆိုင်ကပြောလိုက်တာကတော့ မင်းဒေါင်းတာတွေ ကလစ်မစ်ကျော်သွားလို့တဲ့ အဲဒါနဲ့ ကုလားကိုပြောရတာပေါ့ ဟေ့ကောင် မင်းငါ့ကို ၅၀လောက်တော့ပေးသင့်တယ်ဘာညာပေါ့ ဆရာသမားက ရှုးချင်ယောင်ဆောင်နေသဗျ။
ဒါတောင်နော် သူ့လက်တော့ကို အလကားပြင်ပေးတာ အပြားမှကို မယူဘူး။ သူမှ မဟုတ်ဘူး ဘယ်သူဖြစ်ဖြစ်
ပက်သတ်ရာ ပက်သတ်ကြောင်းတွေဆိုတော့ မတောင်းပါဘူး ကိုယ်တောင်ပညာရတယ်လို့ပဲ သဘောထားပြီး
လုပ်ပေးတယ်။ ဒါပေမဲ့ ဒီကုလားနဲ့ကျတော့ မတောင်းလို့မရတော့ဘူးလေ ကိုယ်လုပ်ပေးထားတာ ကိုယ်အသိဆုံးဆိုတော့ တောင်းရတာပေါ့ ဒါပေမဲ့ လေသာကုန်ပါတယ် မရပါဘူးဗျာ။
ကျနော်ကလဲ တခွန်း နှစ်ခွန်းပြောကြည့်လို့ မရရင် မတောင်းတော့ဘူး အတောင်းခံရတဲ့သူ မရှက်ပေမဲ့
ကိုယ်ကရှက်လာတယ်ဗျ။ အဲဒီလို အားနာတတ်လို့လဲ ကုန်ပေါင်းမနည်းဘူး ဒါလဲ အမှတ်မရှိဘူးဗျ။
မှတ်မှတ်ရရ မြန်မာတယောက်ဒုက္ခရောက်နေလို့ ကူညီပေးတာ ယူရို ၁၀၀၀ ကျော်ကုန်တယ် ယနေ့အထိ
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလဲ မကြားခဲ့ဖူးဘူး။ ထားပါ အခုတော့ သူ့နေရာသူပြန်ရောက်နေပါပြီ
လမ်းဘေးရောက်တာကိုပြောတာပါ။ ဒီအကြောင်းကို နောက်မှ အေးဆေးရေးပါ့မယ်။
နိဂုံးချုပ်ရရင်တော့ ပေခေါက်နေတာပါခင်ဗျား............................
ဟီး........................ "ဟင်.... ပေခေါက်နေတာပါပြောလိုက်ပြီးရောပေါ့လို့" တိုတိုတုတ်တုတ်ရေးရင် အိမ်ဆိုတဲ့
ကောင်က ဘီးစိပ်ပဲလို့ထင်သွားမှာ စိုးလို့ အခုလို ရှည်ရှည်နဲ့ ဝေးဝေးကိုရှင်းပြတာပါ ဆဲတော့ မဆဲကျပါနဲ့ဗျာ
ကျနော် ဆိုလိုရင်းကတော့ ဒီစာဖတ်ပြီး သင်ခန်းစာယူဖို့ပါ ဘာတခုမှမလုပ်ခင် မေးမြန်းပါ လုပ်ပြီးမှမေးရင်ကိုယ်ခံရတတ်တယ် ဆိုတဲ့ မက်ဆေ့စ် လေးပေးချင်တာပါ။
ဒါပါပဲ အားလုံးပျော်ရွှင်ပါစေ