Saturday, November 08, 2008

အိမ်ကလူ အိမ်ပြန်ရောက်ခြင်း

10
ဟုတ်ကဲ့...... ကျနော်မရှိချိန်မှာ တကူးတကလာရောက်ခဲ့သူများ၊ သတင်းလာရောက်မေးသူများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပထမဦးဆုံးအနေနဲ့ စာမရေးဖြစ်တာကတော့ ပြဿာနာတက်လို့ပါ။ ပြောချင်တော့ပါဘူးဗျာ......................
ပြောချင်တော့ပါဘူးဗျာ..... ဆိုတာပြောချင်လွန်းလို့ စကားခံတာပါ၊ မပြောချင်နေလို့တော့ မပြောလိုက်ပါနဲ့နော်
သိပ်ပြောချင်လွန်းအားကြီးလို့ကို ဒီလို စကားခံလိုက်တာပါ။ ပြောခွင့်ပေးနော်..... အစ်ကိုကြီး၊ အမကြီးတို့ ပြောခွင့်ပေးမှ ကျနော်စာဆက်ရေးလို့ရမှာမို့လို့ပါ။
ပြောမယ်နော်...............ပြောရမှာလား?????????
မပြောခိုင်းလည်းပြောမယ်ဗျာ၊ ပြောခိုင်းလဲပြောမယ်ဗျာ...ရေးရင်းနဲ့ကို လိုရင်းမရောက်တော့ဘူး။
ကဲ ကဲ... စလိုက်ရအောင်

ဒီလိုဗျ.... ပြီးခဲ့တဲ့လက အင်တာနက်ဖိုး ယူရို ၃၇၉.၅၄ ကျသွားလို့ဗျို့။
ဘယ်လိုကနေ ဘယ်လိုဖြစ်လဲ ဆိုတော့ ဒီလိုဗျ၊ ဟိုလိုမဟုတ်ဘူးသိလား ရှင်းလားမသိဘူး မရှင်းရင်ဆက်ဖတ်
ကျနော်နေ.. နေတာက မြို့မကျတောမကျနေရာ ဆိုတော့ အွန်လိုင်းအတွက်ဒုက္ခရောက်တယ်ဗျ အရင်ကတော့
မြို့မှာပေါ့ဗျာ အကြောင်းအမျိုးမျိုးကြောင့်အဲဒီ နေရာရောက်သွားရောဆိုပါတော့။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၃လလောက်က မိုဘိုင်း ကုမဏ္ဏီတခုကနေ ပြီးလိုင်းတခုယူလိုက်တယ်။ဘယ်လိုလဲဆိုတော့ စင်းကဒ်နဲ့ အွန်လိုင်း
ချိတ်တာပေါ့ဗျာ....ဒီကောင်က တလကို ၃၀ဂီဂါ ပေးတယ် တလ ယူရို၅၀ပေးရမယ် ဆိုတာ သဘောတူပြီးယူလိုက်တာ မတူလို့လဲမရဘူး ဒါပဲရှိတာလေ။
သုံးတော့ အဆင်ပြေပါတယ် မဆိုးဘူးပေါ့ ကွန်နက်ရှင်အားက ၃.၆ မီဂါလောက် ရှိတော့သိပ်အညံ့ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။
အဲဒီလိုနဲ့ တရက်မှာ အန္ဒိယ ကုလားတယောက် သူ့လက်တော့လေးဘာဖြစ်မှန်းမသိလို့ ပြင်းခိုင်းရောပေါ့ဗျာ
ဒါနဲ့ ကြည့်လိုက်တော့ သူ့ဟာက ဘာမှကိုဖွင့်မရတာ အေးရော... ပါဝါတော့ပွင့်တယ် ဘာတခုမှ မတက်လာဘူး
ဒီလောက်ဆိုသိကြမှာပါ............. ဒါနဲ့ လုပ်ပေးမယ် အချိန်ပေးရမယ်ထားခဲ့ပြောရတာပေါ့ အတိုချုပ်ပြောရရင်
လုပ်တော့ ပြန်ရတယ် ဒါပေမဲ့ သူ့ရဲ့ ဟတ်ဝဲတွေအတွက် ပရိုဂမ် ပြန်ထည့်ပေးဖို့ကျတော့ မရှိဘူး ဒါနဲ့ သူ့ဆီဖုန်းဆက်ပြီး စီဒီတွေတောင်တော့ မရှိဘူး မသိဘူးတဲ့ .......ကောင်းရော
ဒါနဲ့ပဲ ကိုယ့်ရဲ့ စင်းကဒ်လေးနဲ့ချိတ်ပေးပြီး အွန်လိုင်းပေါ် ပရိုဂမ်တွေ လိုက်ရှာပေးရတော့တာပေါ့နော် အဲဒီပရိုဂမ်တွေ ဒေါင်းပေးရတာ ၂၄နာရီကြာတယ် ယုံလားတော့မသိဘူး တကယ်ကိုကြာတာပါ ကွန်နက်ရှင်ကလဲ ခပ်ကောင်းကောင်း ဆိုတော့ သိတဲ့ အတိုင်းပဲပေါ့ဗျာ။ ဒေါင်းပေးရတာလဲ ကြည့်ဦး ၄ဂစ်တောင်ရှိတယ်။ အခုလိုပြောလို့ အထင်တော့ မကြီးပါနဲ့ ကျနော်ဘာကောင်မှ မဟုတ်ပါဘူး ဘယ်လိုပြော
ရမလဲ အနူတောမှာတော့ လူချောပေါ့ဗျာ မတတ်တဲ့လူတွေကြားမှာတော့ ဆရာပေါ့နော်...ဟီးးးး
ပြဿာနာ ဘယ်မှာဖြစ်လဲဆိုတော့ အင်တာနက်ဘေလ် လာတော့မှ ဖြစ်တာဗျား။ ဘေလ်လာလို့ ကြည့်လိုက်တော့ ၃၇၉.၅၄ ယူရိုကျနေသဗျ ဒါနဲ့ ဆိုင်သွားမေးရတာပေါ့ ဆိုင်ကပြောလိုက်တာကတော့ မင်းဒေါင်းတာတွေ ကလစ်မစ်ကျော်သွားလို့တဲ့ အဲဒါနဲ့ ကုလားကိုပြောရတာပေါ့ ဟေ့ကောင် မင်းငါ့ကို ၅၀လောက်တော့ပေးသင့်တယ်ဘာညာပေါ့ ဆရာသမားက ရှုးချင်ယောင်ဆောင်နေသဗျ။
ဒါတောင်နော် သူ့လက်တော့ကို အလကားပြင်ပေးတာ အပြားမှကို မယူဘူး။ သူမှ မဟုတ်ဘူး ဘယ်သူဖြစ်ဖြစ်
ပက်သတ်ရာ ပက်သတ်ကြောင်းတွေဆိုတော့ မတောင်းပါဘူး ကိုယ်တောင်ပညာရတယ်လို့ပဲ သဘောထားပြီး
လုပ်ပေးတယ်။ ဒါပေမဲ့ ဒီကုလားနဲ့ကျတော့ မတောင်းလို့မရတော့ဘူးလေ ကိုယ်လုပ်ပေးထားတာ ကိုယ်အသိဆုံးဆိုတော့ တောင်းရတာပေါ့ ဒါပေမဲ့ လေသာကုန်ပါတယ် မရပါဘူးဗျာ။
ကျနော်ကလဲ တခွန်း နှစ်ခွန်းပြောကြည့်လို့ မရရင် မတောင်းတော့ဘူး အတောင်းခံရတဲ့သူ မရှက်ပေမဲ့
ကိုယ်ကရှက်လာတယ်ဗျ။ အဲဒီလို အားနာတတ်လို့လဲ ကုန်ပေါင်းမနည်းဘူး ဒါလဲ အမှတ်မရှိဘူးဗျ။
မှတ်မှတ်ရရ မြန်မာတယောက်ဒုက္ခရောက်နေလို့ ကူညီပေးတာ ယူရို ၁၀၀၀ ကျော်ကုန်တယ် ယနေ့အထိ
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလဲ မကြားခဲ့ဖူးဘူး။ ထားပါ အခုတော့ သူ့နေရာသူပြန်ရောက်နေပါပြီ
လမ်းဘေးရောက်တာကိုပြောတာပါ။ ဒီအကြောင်းကို နောက်မှ အေးဆေးရေးပါ့မယ်။
နိဂုံးချုပ်ရရင်တော့ ပေခေါက်နေတာပါခင်ဗျား............................
ဟီး........................ "ဟင်.... ပေခေါက်နေတာပါပြောလိုက်ပြီးရောပေါ့လို့" တိုတိုတုတ်တုတ်ရေးရင် အိမ်ဆိုတဲ့
ကောင်က ဘီးစိပ်ပဲလို့ထင်သွားမှာ စိုးလို့ အခုလို ရှည်ရှည်နဲ့ ဝေးဝေးကိုရှင်းပြတာပါ ဆဲတော့ မဆဲကျပါနဲ့ဗျာ
ကျနော် ဆိုလိုရင်းကတော့ ဒီစာဖတ်ပြီး သင်ခန်းစာယူဖို့ပါ ဘာတခုမှမလုပ်ခင် မေးမြန်းပါ လုပ်ပြီးမှမေးရင်ကိုယ်ခံရတတ်တယ် ဆိုတဲ့ မက်ဆေ့စ် လေးပေးချင်တာပါ။
ဒါပါပဲ အားလုံးပျော်ရွှင်ပါစေ


10 Response to အိမ်ကလူ အိမ်ပြန်ရောက်ခြင်း

8 November 2008 at 12:02

ငါ့အကိုက ဒေါင်းတဲ့ ဆော့ဝဲတွေ မတင်ထားဘူးလား... Internet Download Manager တို့ ဘာတို့နဲ့ဆို အကို ပိုအကုန်အကျ သက်တာတာပေါ့... ကျနော်တော့ ဖိုင်ဆိုဒ် ကြီးရင် IE နဲ့လုပ်တယ် သူက မြန်သလိုပဲ.. ငါ့အကို သူများကို ကူညီလိုက်တာပဲ ဒုက္ခမရောက်ပါဘူး တနေ့ ကိုယ်ကို့ ပြန်ကူညီတဲ့လူတွေ တွေ့မှာပါ စိတ်မညစ်နဲ့ အကိုရေ ဟီးးးးးးးးးး

8 November 2008 at 13:15

အမလေးလေး... လွမ်းနေတာ..
အဟမ်းဟမ်း...
စာတွေရေးတော
ငပေါဂိုဏ်းကနေစောင့်နေတယ်

Anonymous
8 November 2008 at 15:28

ဒို့အကိုကတော့ ခံလိုက်ရပြန်ပြီ နိပ်ဟ ဒါကြောင့်လည်းပျောက်ချက်သားကောင်းနေတာကိုးဗျ
ဘယ်လိုလည်းအကိုအိမ် လိန်ပိန်ခွေခေါက်နေတာ ခုမှသက်သာသလားဗျ အဟဟ
မှတ်သားသွားပါတယ် အကိုအိမ်ကိုတွေ့ရင် ဝေးဝေးကရှောင်ရအောင်လို့ ဟဟားဟားး

8 November 2008 at 16:01

ဖြစ်မှ ဖြစ်ရလေ ဦးအိမ်ရယ်...
အလှူလုပ်လိုက်တယ်လို့သဘောထား..
ဟုတ်ပြီလား.. သာဓု သာဓု သာဓု
ဟီးဟီး.....

8 November 2008 at 21:18

အော်.... ဒါနပါရမီဖြည့်တယ်ပဲ သဘောထားပေါ့
အရင်ဘ၀ ကသူဆီမ ဦးအိန်ယူထား
တဲ့ငွေ အခုပြန်ဆပ်လိုက်တယ်လို့သဘောထားလိုက်ပေါ့

9 November 2008 at 20:18

ဖြစ်ရလေလို့ တောင်မပြောချင်ဘူး။ သူငယ်ချင်းတစ်ယောက်လေ တယ်လီဖုန်းဘီလ် တလထဲကို ယူရို ၆၀၀၀ ကျလို့ ။ အဲ့ဒါ သူက ဖုန်းလိုင်းကို တရားပြန်စွဲဖို့ လုပ်တာ သူပဲရှုံးဖို့ သေချာလို့ ငွေ ၆၀၀၀ အပေါင်းရှေ့ နေတိုင်ပင်ခ အပေါင်း နောက်ကျလို့ တရားရုံးက တဆင့်ငွေတောင်းခံစာရောက်လာတော့ တရားရုံးရဲ့ ဝန်ဆောင်ခ ၅၁ ယူရို စုစုပေါင်း ၆၅၀၀ယူရိုနီးပါးပေးလိုက်ရတယ်။ သူကိုယ်တိုင်က စိတ်ရောဂါကုဆရာဝန်လေ။ ခုသူကိုယ်တိုင် လူနာဖြစ်တော့မယ် တစားနိုင်မသောက်နိုင်ဖြစ်နေတယ်။

အယ်ဇီ

10 November 2008 at 20:12

အားပါးပါး မနည်းမနောကို လှူလိုက်တယ်ပေါ့လေ။ အဲဒါကြောင့် ပြီးခဲ့တဲ့လက အလှူဒါနပြုကြသူငါ အစီအစဉ်မှာ ဆရာကြီးအိမ်ကို တွေ.လိုက်ပါတယ် မှတ်တာ။

12 November 2008 at 10:23

အင်း ကိုယ့်သူငယ်ချင်း တစ်ယောက်လဲ သူ့လက်တော့ပ် က တရုပ်ဗားရှင်း ဖြစ်နေလို့ အင်္ဂလိပ် ဗားရှင်း ပြောင်းချင်နေတယ် ပြောတယ် သူ့မှာက လဲ ဆော့ဖ်ဝဲလ် စီဒီ မရှိဘူး အင်တာနက်ထဲက ဒေါင်း ရမယ် ဒီတော့ လိပ်စာလေး ပေးပါလား သူ့ကို ညီ့ဆီ လွှတ်လိုက် ချင်လို့ ...။

ကြိုတင် ကျေးဇူးတင်လျှက်....

13 November 2008 at 12:41

အကိုအိမ်ရေ...
အတော်ပဲ... အတော်ပဲ...
အိမ်ကစက်လေးလည်း ဘာဖြစ်နေမှန်း မသိ...
ပို့လိုက်ရမလား... အဟိ... :P

17 November 2008 at 00:57

အစစ်ဗျို့။ ခံစားချက်တွေ၊ ခံထားရချက်တွေချင်းလည်း တူပါပေတယ်ဗျာ။ ကိုတောင်ပေါ်သားပြောသလို download manager တို့ အိုင်အီးတို့ နဲ့ လုပ်ကြည့်ပါလားဗျာ။ ကျနော်ကတော့ လောလောဆယ် အင်တာနက် ဖရီးရနေပြီ။ ဒါပေမယ့် အိပ်ချိန်နည်းသွားတယ်ဗျာ။ အလုပ်ပြီးတာနဲ့ အင်တာနက်သုံးနေတော့ ဒီလိုပဲပေါ့ဗျာ။ ရောဂါက မသေးဘူးလေ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း