Friday, November 14, 2008

ကယ်တော်မူကြပါ

24
Broken Heart Myspace Comments

သွားခေါကာ ဆံပင်ကောက်
ရင်မရှိလို့ တင်ပြား
ပါးစပ်ပြဲကာ မျက်စေ့ပြူး
အဲရိုစမစ်နဲ့ တူလေသူ
ခန္ဓာကို ကြည့်လိုက်ပါ
လိပ်ခါး ဖားဖင်
အဝေးကကြည့်ရင် ၀ါးခြမ်းပြားထင်
အဖုအထစ်တွေရှိပါရဲ့
မရှုရက်စရာ ၀က်ခြံများပေမို့
သူ့မျက်နှာ ရှက်ဟန်မပွားပါဘု
အော်.... ငါ့ဘ၀တယ်ဆိုးပါဘိ
သေခြင်းဆိုးမြှားနတ်မောင်
နင်လုပ်လို့ ငါ့မှာ ရတက်ပွေရတယ်
ကယ်နိုင်ရင် ကယ်ပါ
သက်မွန်မြင့်၊မယ်လိုဒီနဲ့ခစ္စတီးနားလေးရယ်
ဒီမောင်မှာ သောကတွေပွား။


စွန့်ပစ်ခံ

7
Broken Heart Myspace Comments


ဘ၀ကခါးသလား အချစ်ကခါးသလား
သေချာတာကတော့
ကိုယ့်ဒုက္ခကို ဖော်ပြတာတော့မဟုတ်ပါဘူး
နင့်အပေါ်ထားခဲ့တဲ့
ငါ့ချစ်မေတ္တာကိုသိစေချင်လို့ပါ
ကိုယ့်ဘက်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ကုသိုလ်ကံကလည်း
မျက်နှသာမပေးခဲ့ဘူး။
ဘာပဲဖြစ်ဖြစ်လေ
နင်လိုမင်းကုသ ကျောက်ပျဉ်ရွက်ပြီး
ရှောက်သီး၁၀လုံးလောက် စားထားတဲ့ရုပ်ကိုမှ
ချစ်ခဲ့တဲ့ငါ့ကို အားနာဖို့တော့ ကောင်းပါတယ်။
လှပစွာစွန့်ခွာသွားပြီး
တခြားသူရင်ခွင်မှာပျော်မွေ့နေတဲ့
မင်းဘ၀လေးကိုကြည့်ပြီင်္း
အားရပါးရဆဲဆို ပါးရိုက်လိုက်ခြင်ပေမဲ့
နင်လို ကောင်မျိုးက မှုတာမဟုတ်တော့လဲ
မင်းမထားခဲ့ပေမဲ့
အလိုလို ကျန်ရစ်ခဲ့ရမဲ့ဘ၀ပါ
သေချင်းဆိုးရယ်။