Thursday, June 10, 2010

ဘလော့ဂါ သိုင်းလောက အပိုင်း၂

2
"တောက် ... အရပ်ရပ်နေပြည်တော်မှ ကြားလို့ မသင့်တော်ဘူးဗျာ၊ ဒီလောက် အဖြူရောင်သိုင်းလောကရဲ့ ဂမူးရုးဒိုးသိုင်းမှာ ဒိတ်ဒိတ်ကျဲဖြစ်တဲ့ တောင်ပေါ်သား စောင့်တဲ့နေ့မှပဲ အခိုးခံရတယ်လို့ကွာ...။ အခုဒီသတင်းက လှည်းနေလှေအောင်း၊ မြင်းစောင်းမကျန် ပျံ့နှံ့နေပြီဗျ၊ အခုထိ သဲလွန်စ မပြောနဲ့ ဘယ်အချိန်ခိုးသွားမှန်းတောင် မသိလိုက်ဘူးဆိုတော့ ကျုပ်တို့တော့ တသက်လုံးဖုံးသမျှ ကုန်းမှပေါ်ကုန်ပြီ ထင်ပါရဲ့ဗျာ။"
"ဒီလောက်ထိလဲ အစိုးရိမ် မကြီးပါနဲ့ဗျာ ကျနော် အသိတယောက်ရှိပါတယ်"
"ဘာလဲ.. သူကစုံထောက်လား... "