Thursday, September 25, 2008

ကိုယ်နှစ်ပိုင်း ဖြတ်ခြင်း(မျက်လှည့်)

2
ဒါလေးကတော့ လူကိုနှစ်ပိုင်းဖြတ်ပြတာပါ သွေးထွက်သံယို မဖြစ်ပါ။


တမလွန်ဆိုတာ တကယ်ရှိသလား

1
တမလွန်ဆိုတာ တကယ်ရှိသလား။
ကျွန်တော့်အထင် ရှိကောင်းရှိနိုင်ပါလိမ့်မယ်(တခါမှတော့ မတွေ့ဘူးပါ) အသံ အနံ့ တော့ ကြုံဖူးပါတယ်။
အဲဒါကတော့ အဘွားရဲ့အမ ဆုံးတုန်းကပါ ရက်မလည်ခင် နှစ်ရက်အလိုမှာ တော်တော်ပဲ ဆိုးဆိုးဝါးဝါးကြုံခဲ့တာပါ။
အဘွားအမဆုံးပြီးတော့ အဲဒီအိမ်ကို သူ့အမျိုးသားကရောင်းလိုက်ပါတယ်(သားထောက်သမီးခံမရှိပါ)
နောက်ပိုင်း မေ့မေ့ရော့ရော့ပါပဲ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၄လလောက်က အဘွားဆုံးတော့ အဲဒီပတ်ဝန်းကျင်ကလူတွေသွားဖိတ်ရင်းနဲ့ အဘွားအမအိမ်နား ကျွန်တော်ရဲ့အမပြန်ရောက်ပါတယ်။ အဲဒီအိမ်က ဘယ်သူမှမနေပဲ အိမ်အိုအိမ်ဟောင်းကြီးဖြစ်နေပါပြီ ခြေရင်းအိမ်က ပြောပြချက်အရ တခါတလေ ငြုပ်သီးထောင်းသံ ရေအိုးသံ စသဖြင့်ကြားရတယ်လို့ပြောပြပါတယ်။
အိမ်ကနေရာကောင်း ကာလပေါက်ဈေး သိန်းပေါင်းရာထောင်ချီတဲ့နေရာမှာ အခုလိုလူမနေ၊
အိမ်ကြီးကိုလဲမဖျက်တာဘာကြောင့်လဲ???????????
ဆက်ပြီးတော့ အောက်က ဗီဒီယိုဖိုင်လေးကိုလဲလေ့လာလိုက်ပါဦး အဲဒါကတော့ အင်တာနက်ပေါ်ကရတဲ့ဟာပါ။


Wednesday, September 24, 2008

ကျွန်တော်၏ပထမဆုံးများ

4
ကျွန်တော့်ဆရာက သူ့ရဲ့မုန်းတပည့်လေးကို တရိုတသေ တလေးတစားနဲ့ tag တော့လဲ ရေးရတော့မှာပေါ့ဗျာ။ :D
မေးထားတာကလဲ ကျွန်တော့် ပထမဆုံးများဆိုတော့ ဟိုးလောင်းလောင်းအဂိုးက အကြောင်းဆိုတော့ ဗျောင်းဗျောင်း.. ဗျောင်းဆိုရေးလို့ မဖြစ်ပြန်ဘူး။ သေသေချာချာ သင့်ခ် ပြီးမှ ရေးရမှာ။ စဉ်းစားကြည့်ရင်လွယ်မယောင်နဲ့ အတော်အီးစီးတဲ့ ကိစ္စပဲ။
ကဲကဲ တော်ကီပွားနေရင် အချိန်တွေစားကုန်မယ် ကဲ.... စိတ်ဝင်စားရင်အောက်မှာ ဆက်ဖတ်

ပထမဦးဆုံး လူ့လောကအလယ် ရောက်ရှိလာချိန်....... ၆.၆.၁၉၇၉
ပထမဦးဆုံး မှတ်မိသူ.........................................အမေ
ပထမဦးဆုံးနာမည်............................................ရိုးကလေး
ပထမဦးဆုံးမူကြို...............................................မရိုးဆန်းရုပ်ရှင်ရုံ ဘေးလမ်းထဲက မူကြို(နာမည်များ မသိတော့ပါ)
ပထမဦးဆုံးစတက်ခဲ့သည့်ကျောင်း.........................အမက၁၈ တာမွေ(သုံးတန်းအထိ တက်ပြီးနောက်တော့ သင်္ကန်းကျွန်းသို့ပြောင်း)
ပထမဦးဆုံးကျောင်းပြေးဖူးတာ.............................သူငယ်တန်း (ဇာတိကငယ်ငယ်ထဲကပြတာ) :v
ပထမဦးဆုံးရည်းစား.........................................မိုးမိုး (ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိတော့ပါ) :$
ပထမဦးဆုံးစာလိုက်ပေးသူ.................................အိအိ(သူကတော့ လက်သံပြောင်လို့ တခါပဲ စာလိုက် ပေးပြီးတဲ့နောက် ဝေါင်းဝေါင်းရှေး ဝေးဝေးကရှောင်တယ် ခွေးပြေးဝက်ပြေး ပြေးလိုက်ရတယ် ခဲနဲ့လိုက်ထုလို့လေ) :D
ပထမဦးဆုံးစီးကရက်သောက်သည့် အသက်............၁၃နှစ်၈တန်း :x
ပထမဦးဆုံးသောက်ဖူးသည့်ဆေးလိပ်....................မိုးလုံးဟိန်းတဲ့ဂျိုးသိန်း
ပထမဦးဆုံးအသည်းကွဲဖူးသည့်အချိန်....................၁၅နှစ် :c
ပထမဦးဆုံးသောက်သော ယမကာ......................ဘီယာ
ပထမဦးဆုံးနိုင်ငံခြားစထွက်ချိန်...........................၂၀.၃.၁၉၉၉
ပထမဦးဆုံးဘလော့ခ်လက်ဦးဆရာ......................ဦးလင်းထက်
ဟုတ်ကဲ့ဒါပါပဲ မှတ်မိသမျှရေးရရင် ပြီးမှာမဟုတ်တော့ဘူး။ ဒီတော့ဒီလောက်ပါပဲ သိချင်တာတခြားဆိုရင်တော့ မေးမြန်းနိုင်ပါတယ်။
ကဲဆက်ပြီး တက်ခံရမယ်သူတွေကတော့မှတ်စုရေးပြီး
ခေါင်ခေါင်ရေးပြီး
ကောင်လေးအိမ်
စိတ်ကူးကမ္ဘာလေးရေးပြီး
အိမ်မက်
ခိုင်ဘိုဘို
သံလုံငယ်
သက်တန့်ရောင်စိတ်ကူးများ
ရွှေပြည်သူ
အကြောင်းအရာတူရန်မလိုပါ ပထမဆုံးဖြစ်ရင် ရပါပြီ။

Tuesday, September 23, 2008

အိတ်သွန် ဖာမှောက်

2
အိတ်သွန် ဖာမှောက်ဆိုလို့ ဘာများလဲလို့ မထင်လိုက်ပါနဲ့.... ဘာမှမဟုတ်ပါဘူး... :D
ကျွန်တော်သိထားတဲ့ ဘလော့ခ် အတွက်ဆိုဒ်လေးတွေပါ။ အားလုံးသိပြီးသားနေမှာပါ ဒါပေမဲ့ မသိသေးတဲ့ သူတွေအတွက် အသုံးဝင်မယ်ထင်လို့ပါ။

http://btemplates.com/ ဒီဆိုဒ်လေးက templates တွေရှာဖို့ပါ တခြား ဘလော့နဲ့ သက်ဆိုင်တာတွေလဲ ရှာနိုင်ပါတယ်။
http://finalsense.com/index.htm ဒါလေးက templates တွေ games ၊software ၊hardware အကုန်ရှာနိုင်ပါတယ်။
http://www.glitter-graphics.com ဒါလဲ ဘလော့လ်ထဲ ထည့်ဖို့ ဒီဇိုင်းလေးတွေ ရှာလို့ရတယ်။
http://www.glitter-graphics.com/ဒါက templates ရှာဖို့
http://www.jackbook.com/ ဒါလဲ templates ရှာဖို့
http://trick-blog.blogspot.com/ဒါကတော့ စသုံးမဲ့ သူတွေအတွက်အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘလော့နဲ့ ပတ်သက်တာတွေ ကိုရှင်းပြထားတယ် သင်ရင်းတခါထဲ လုပ်သွားလို့ရတယ်။
http://www.bloggerbuster.com/ ဒါလဲ ဘလော့နဲ့ပတ်သက်တာတွေပါပဲ။
ကျွန်တော်သိတာဒါပါပဲ ကိုယ့်ဟာကိုယ် လည်သလိုသာ သုံးကြပါ။ ကျွန်တော်က သူများတွေလို မရှင်းပြတတ်တော့ အကောင်းဆုံးနဲ့ အလွယ်ဆုံးအနေနဲ့ ဆိုဒ်တွေ ပေးလိုက်တာပါ။
မြန်မာလို ရေးထားတဲ့ ဘလော့လ်ဂါလက်စွဲ လဲရှိပါတယ် လိုချင်သူများ မေးလိပ်စာပေးပါ ပို့ပေးမယ်။
ဆရာလုပ်တာတော့ မဟုတ်ပါ ကိုယ်သိတာတာလေးကို အားလုံးကိုလဲ သိစေချင်တာသက်သက်ပါ။
မိတ်ဆွေတို့မှာရှိရင်လဲ ဝေမျှပေးစေချင်ပါတယ်။ ဒါမှ မသုံးဘူးသေးတဲ့သူတွေအတွက် အသုံးဝင်မှာပါ။
အခုလို အချိန်ကုန်ခံ မျက်စေ့အညောင်းခံ ပိုက်ဆံအကုန်ခံပြီး ဖတ်ရှုပေးတာ ကျေးဇူးနော်။
လွန်တာရှိလဲ ၀န္ဒာမိပေါ့နော်။ :p

Sunday, September 21, 2008

ကျွန်တော့်မှာရှိတဲ့ပုံလေးတွေကို ဝေမျှလိုက်ပါတယ်

0

ကျေးဇူးတင်ပါကြောင်း

2
အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပမာဏအနေနဲ့ ပြောလိုပါတယ်။
ဘယ်နဲ့ကြောင့် အလကားနေရင်း ကျေးဇူးလိုက်တင်နေတယ် မထင်လိုက်ပါနဲ့ ခင်ဗျာ။
အကြောင်းကတော့ ကျွန်တော့်ဘလော့ဆီ တကူးတက လာလည်ကြတဲ့ အတွက်ပါ။
အထူးသဖြင့် comments နဲ့ cbox မှာ ဝေဖန်ချင်း ၊ အမြင်များ၊ မှတ်ချက်များ၊ အကြံပြုချင်းများ လာရောက်ရေးပေးသွားသူများကိုပါ ခင်ဗျာ။

အဲဒါလေးတွေ ဖတ်ရတာ အရမ်းကိုပဲ ကျေနပ် ၀မ်းမြောက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ တွေးမြင်ယူဆချက် ကလေးတွေကို စိတ်ဝင်တစား ဝေဖန်၊ အကြံပြုချက်တွေ တွေ့ရလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး တွေ့ရတော့ ကျွန်တော့်အတွက်လဲ အသိအမြင်ကျယ်လာသလို၊ စဉ်းစားတွေးတောစရာတွေ၊ ဗဟုသုတတွေ၊ ကိုယ်မတွေးမိတဲ့ အတွေးတွေ ကိုရရှိခဲ့လို့ပါ။
အလားတူ၊ လာရောက်လည်ပတ်သူများပါ ဒီအကျိုးခံစားရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
အရင်က ဒီလောက်အထိ ဝေဖန် အကြံပြုစာတွေ ၀င်လာလိမ့်မယ်လို့ လုံးဝ ထင်မထားပါဘူး။
အခုတော့ ထင်ထားတာထက် ပိုဝင်လာပါတယ်။
ဆိုတော့............ အားလုံးသော မိတ်ဆွေများကို အထူးထူးစပါယ်ရှယ် ကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားလိုပါတယ်။
နောင်လဲ အခုလို လာရောက်ဝေဖန်၊ အကြံပြုဖို့ကိုလဲ comments နဲ့ cbox ရေးပေးခဲ့သူရော မရေးခဲ့ဖူးသူအားလုံးကို ဖိတ်ခေါ်ပြီး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အမြင်ချင်းဖလှယ်ကြရအောင်ဗျာ။
အကယ်၍ မိတ်ဆွေတို့မှာဝေဖန်၊ အကြံပြုစရာလေးများရှိလဲ ဖိတ်ခေါ်နိုင်ပါတယ် ခင်ဗျာ။

အော်ပြီးတော့ ဘလော့ရဲ့အောက်မှာ မျှားလေးပြထားတာကိုနှိပ်ပြီး နောက်တစ်မျက်နှာမှာရှိတဲ့ ကျေးဇူး၊ သင်ဟာသုညလား ၀လုံးလား၊ ကျနော်ပြောပြချင်တဲ့ ကျနော့် အကြောင်း၁၊ အချိန်၊ အမေ့အိမ်နဲ့ အိမ်ကိုလဲ သွားရောက်ဖတ်ရှု ပြီး ဝေဖန်ပြောပြပေးပါဦး။
ထပ်ပြီး ထူးထူးရှယ် ကျေးဇူးတင်ပါကြောင်း