Wednesday, April 20, 2011

နာရေးကူညီမှုအသင်း (ရန်ကုန်)

2
ကျနော်ဟာ မွေးနေ့တိုင်းလိုလို သံဃာ့ဆေးရုံ ဒါမှမဟုတ် ဘိုးဘွားရိပ်သာမှာ ကျနော့်ချွေးနဲစာနဲ့ တတ်နိုင်သလောက် လှုနေကျပါ။ သိပ်များများစားစားတော့ မဟုတ်ပါဘူး၊ ၅ထောင်၊ ၁သောင်း၊ ၂သောင်း စသည်ဖြင့်ပေါ့ ကိုယ်တတ်နိုင်သလောက်လေးကို မွေးနေ့တိုင်းမှာ ကျနော့် ချွေးနဲစာနဲ့ လှုဖြစ်အောင် လှုနေကျပါ။

နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ရုပ်ရှင်မင်းသား ကိုကျော်သူဦးဆောင်ပြီး နာရေးကိစ္စ အခမဲ့ လုပ်ဆောင်ပေးနေတယ် ဆိုတာ ကျနော်ကြားဖူးနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ တခါမှ မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရတာကြောင့် နားရေးကူညီမှု အသင်းဆီမှာ လှုဖို့ အခွင့် မသာခဲ့ပါဘူး။ မှတ်မှတ်ရရ facebook စသုံးတဲ့ လွန်ခဲ့တဲ့ ၁နှစ်လောက်မှာ ကိုကျော်သူနာမည်နဲ့ account တခုကိုတွေ့လို့  add လိုက်တော့မှ နာရေးကူညီမှု အသင်းရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ သေသေချာချာ မြင်တွေ့လိုက်ရတော့မှ နာရေးကူညီမှု အသင်းသူ ၊ အသင်းသား အားလုံးရဲ့ ကိုယ်ကျိုးမငဲ့ပဲ အတားအဆီးတွေ ကြားက လုပ်ရဲ၊ ကိုင်ရဲတဲ့ စိတ်ဓာတ်ကို လေးစား အားကျမိပါတယ်။ ဒီအလုပ်မျိုးဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ လုပ်ဖို့ မလွယ်တာ အမှန်ပါ။ ခပ်ရိုင်းရိုင်း ပြောကြေးဆိုရင် ဒီအလုပ်ဟာ သုဘရာဇာ အလုပ်မို့လို့ တော်ရုံ ဇွဲ၊ သတ္တိနဲ့တော့ ဒီအလုပ်လုပ် ဖြစ်မယ် မထင်ပါဘူး။