“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင် ဖြစ်သည်။
ယေဘုယျအားဖြင့် မှန်ကန်သော စကားလည်း ဖြစ်ပါ၏။
အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံးသတိမရသော အခြေအနေမျိုး ဖြစ်လာတတ်သည်။
ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သက်၍ ချွင်းချက်တော့ ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈) နှစ် (၁၉၄၇) ခုနှစ်၊ ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန် အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
Saturday, March 05, 2011
Tuesday, March 01, 2011
လမ်းပြရဲမေ
1
မင်းရဲ့အကြည့်တချက်၊
လျှပ်တပြက်၊
လက်တဖက်နဲ့အတားမှာ
ငါ့မှာလေ ရင်တွေတုန်လှိုက်မောပြီး
ဆွံ့အသွားသူ တယောက်လို
မင်းအကြည့်အောက်မှာ
နစ်မျောနေမိတဲ့ ငါ ......... ။
လျှပ်တပြက်၊
လက်တဖက်နဲ့အတားမှာ
ငါ့မှာလေ ရင်တွေတုန်လှိုက်မောပြီး
ဆွံ့အသွားသူ တယောက်လို
မင်းအကြည့်အောက်မှာ
နစ်မျောနေမိတဲ့ ငါ ......... ။
Subscribe to:
Posts (Atom)