Monday, July 13, 2009

သံစဉ် တေးသွား သီဆိုနားဆင်ရာတွင်

15
သံစဉ်၊တေးသွားတွေဟာ လူတွေရဲ့ စိတ်ကိုနူးညံ့စေတယ်။ စိတ်ဓာတ်ကျနေရင်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ် ခက်ထန်နေရင်ပဲ ဖြစ်ဖြစ်၊ စိတ်ညစ်ငြီးငြူနေရင်ပဲ ဖြစ်ဖြစ် သံစဉ်တေးသွားလေးတွေကို နားဆင်လိုက်ရင်ကိုပဲ လုံးဝ မဟုတ်တောင် ခဏတော့ စိတ်ကို ကြည်လင်စေတာတော့ အမှန်ပါပဲ။ ဒါမှမဟုတ် သံစဉ်တေးသွားလေးနဲ့ အတူ ကိုယ်ပါစီးမြောလိုက်လံ သီဆိုလိုက်ရင်ကိုပဲ ရင်ထဲက ရှိတာတွေ အတော်လေး ပေါ့ပါးသွားတတ်တာ လူတိုင်းကြုံဖူးမှာပါ။ သီဆိုလိုက်ခြင်းအားဖြင့် အတော့်ကို လန်းဆန်းသွားတယ်ဗျ၊ ရေချိုးနေရင်းပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းပဲ ဖြစ်ဖြစ် သီဆိုလိုက်ရင် တကယ်ကို ထူးထူးခြားခြား လန်းဆန်းစေပါတယ်။