Saturday, December 05, 2009

သေခြင်းရဲ့ အခြားတဖက်

27
ရေးမယ်..ရေးမယ်နဲ့ ဘယ်ကစရေးရမှန်း မသိဘူးဖြစ်နေတယ်။ ဘယ်လိုမှယုံကြည်နိုင်စရာ အကြောင်းမရှိတဲ့ ကိစ္စတစ်ခုက ကျတော့ကို ယနေ့အထိ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးထင်နေဆဲပါပဲ။ တကယ်လည်း မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မယုံကြည်ချင်သော်လည်း ပြောင်းလဲလို့မရတဲ့ အမှန်တရားတစ်ခု။ သူနဲ့ မတွေ့တာကြာလို့ SMS ပို့ကြည့်တော့ တဖက်က ပြန်ဖုန်းဆက်လာတာနဲ့ ဖုန်းဖြေလိုက်တော့မှ တဖက်က ဒီဖုန်းနံပါတ်ပိုင်ရှင် မဟုတ်တဲ့သူ တစ်ယောက်က ပြန်ဖြေတော့ ဖုန်းများ ပြောင်းသွားသလားလို့ ထင်မိပါသေးတယ်။