Wednesday, May 27, 2009

ရွှေပြည်တော်မျှော်တိုင်းဝေး

19
ဒီနေ့ဝေမိုးနဲ့ အွန်လိုင်းပေါ်တွေ့တာနဲ့ စကားစမြည်ပြောကြရင်း ရွာပြန်ရတဲ့ အတွေ့အကြုံလေးတွေဆီ ရောက်သွားတယ်ဗျ။ ပြီးတော့ ကိုတောင်ပေါ်သား ကလဲ တက်တာနဲ့ မရေးမဖြစ်ရေးရတော့မှာပေါ့ဗျာ။
ဒီအကြောင်းရေးမယ်.. ရေးမယ်နဲ့ ရေလဲရေးချင်တယ် ရေးလဲမရေးရဲဘူး(မရေးရဲဘူးဆိုတာ သဘောပေါက်မှာပါ..ဟီ)။
တခြားသူတွေတော့ မသိဘူးဗျ ကျနော်အတွက်တော့ ရွှေပြည်တော်ပြန်တိုင်း လူကြီးတွေကန်တော့ရင် ဆုပေး
တတ်ကြတဲ့ ဆုတောင်းစကားတခုထဲကလို ဘယ်ဘက်ကတပုလင်းလှုလို့ ညာဘက်ကလဲ တပုံးကျဲနိုင်ပါစေဆိုတဲ့
ဆုကတော့ မတောင်းဘဲနဲ့ကို ပြည့်တာဗျ(တပုလင်း=တသောင်း၊ တပုံး=တသိန်း)။ မယုံရင်တော့ ဆက်သာဖတ်ကြည့်ပေတော့..........................။

Sunday, May 24, 2009

အိမ်

17
အိမ်..ဆိုတဲ့နာမည်ကို ဘာကြောင့်များ ပေးသလဲဆိုတာ ကိုဂျယ်ကြီး က tag ရင်းမေးလာလို့ရေးလိုက်တာပါ။ ဒီလိုဗျ... ကျနော့်မှာ အိပ်မက်တခုရှိတယ် အိမ်တလုံး
လောက်ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်ပေါ့..။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ခြံဝန်းလေးနဲ့ ပျဉ်ထောင်အိမ်လောက်ပါပဲ။ အေးချမ်းတဲ့ရာသီမှာ နွေးထွေးစေတာ၊ ပူပြင်းတဲ့ရာသီမှာ အေးမြစေတာ၊ ပြီးတော့ တနေ့တာ ပင်ပန်းသမျှကို နွေးထွေးလုံခြုံစွာ အိပ်စက်အနားယူစရာနေရာအဖြစ်နဲ့ပါ။ ဒါပေမဲ့ဗျာ.. ဘ၀ကပဲမလှတာလား၊ကံကပဲမလိုက်တာလားတော့ မသိဘူး ယနေ့အထိ စိတ်ကူးအိပ်မက်ထဲက ပျဉ်ထောင်အိမ်မပြောနဲ့ ကလေးကစားတဲ့ ပလတ်စတစ် အိမ်လေးတောင်မပိုင်ဆိုင်ဘူးသေးဘူး။ သမင်မွေးရင်းကျား
စားရင်းပဲ ပြောရမလား၊ ပလိုင်းပေါက်နဲ့ ဖားကောက်တယ်ပဲ ဆိုမလား၊ ကိုယ်ရှာသမျှဟာ စုမိတယ်ကိုမရှိဘူး၊
ပြီးတော့ အိမ်ဈေးတွေကလဲ သိတဲ့အတိုင်းပဲ တနေ့နဲ့တနေ့က တက်လာလိုက်တာ အိမ်ဝယ်ဖို့မပြောနဲ့ အိမ်အရိပ်
တွေတောင် မနင်းနိုင်လောက်အောင်ကို ခေါင်ခိုက်နေကြတာဆိုတော့..........................။