Tuesday, December 28, 2010

NO pork

0

Monday, December 13, 2010

ကျနော်နိုင်ငံရေးသမား(သို့)ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၅

4
နိုင်ငံရေးသမားဆိုလို့ တကယ်နိုင်ငံရေး လုပ်တယ်မထင်နဲ့ဦး။ နိုင်ငံရေး အကြောင်းဘာမှမသိဘူး၊ နဲနဲပါးပါးတော့ လေ့လာမိတာပဲ ရှိတာပါ။ ဒါကလဲ ကိုယ့်နိုင်ငံ ကိစ္စ ကိုယ်နဲ့ သက်ဆိုင်တယ် ထင်လို့ပါ။ နိုင်ငံရေးသမားဆိုတာထက် နေရင်း ထိုင်ရင်း နိုင်ငံရေးသမားလို့ သတ်မှတ်ခံရတာဆို ပိုမှန်မယ်ထင်တယ်။ ဘယ်လိုကြောင့် သတ်မှတ်ခံရသလဲဆိုတာ ရေးပြရမယ်ဆိုရင်တော့ ......... .......

Thursday, November 25, 2010

အိမ်လွမ်းသူ

3
နေ့အိပ်မက် tag ထားတာပါ။ tagထားတာ ကြာပါပြီ ခုမှပဲ ရေးဖြစ်တော့တယ်။ ခေါင်းစဉ်က အိမ်လွမ်းသူတဲ့ ...။ အိမ်ဆိုပေမဲ့ ဘယ်လိုအိမ်မျိုးကို လွမ်းခိုင်းတာလဲ... မိဘအိမ်လား၊ ယောက္ခအိမ်လား၊ ကိုယ့်ကိုယ်ပိုင်အိမ်လား၊ လက်ရှိငှားနေတဲ့အိမ်ကိုလား၊ ဒါမှမဟုတ် အမိမြန်မာပြည်ကြီးကိုလား...... ဆိုတာ မရှင်းဘူး။ ဆိုတော့ကာ ဘယ်အိမ်ကို လွမ်းပြရမှာလဲ .... ကျနော့်အတွက် သေချာတဲ့ လွမ်းလောက်စရာ ၂ခုကတော့ မိဘအိမ်နဲ့ အမိမြန်မာပြည်ကြီးပါပဲ။ ဒါဆို ဘာတွေများ လွမ်းစရာ ရှိသလဲလို့ မေးရင်... လွမ်းမယ်ဆို လွမ်းစရာတွေက အများသားဗျ .. ဘာပဲဖြစ်ဖြစ် ပေါ့ .. လူအများခံစားနေရတဲ့ သုခ၊ ဒုက္ခလေးတွေကို ကျနော့်အမြင်နဲ့ ရေးလိုက်တာပါ။ မှားချင်လဲ မှားမယ်၊ မှန်ချင်လဲ မှန်မယ် .....။ ကမောက်ကမ ဖြစ်ချင်လဲ ဖြစ်နေပါ့မယ်၊ ဒါပေမဲ့ ခံစားနားလည်နိုင်မယ်လို့ ထင်ပါတယ်။

Saturday, November 20, 2010

အိမ်ပြန်ချင်တယ်ဗျာ ......

7
ဒီစာကတော့ ကျနော့်စိတ်ထဲက ခံစားရတာလေးပါ။ ခံစားချက်တွေ တူချင်လဲတူမယ်ပေါ့ ....။

Wednesday, November 03, 2010

အနာဂတ်ရဲ့ ကြယ်စင်လေးများ

3
ဗျာ ...... ဦးကကျနော့်အကြောင်း သိချင်လို့ ...!!!!!!!!!!!! ထူးထူးဆန်းဆန်းပါလား ဦးရဲ့ ... ။ သြော် ..... ဒီလိုပါ ကျနော်တို့ အကြောင်းတွေကို လူတွေက စိတ်ဝင်စားဖို့ မပြောနဲ့ သူတို့အနား ကပ်သွားရင်တောင် ရွံသလို၊ မတူသလို၊ မတန်သလို လုပ်ပြီး မောင်းထုတ်ကြတာဗျ ... အဲဒါကိုမှ ဦးက ကျနော်တို့ ဘဝတွေ အကြောင်း လာမေးလို့ အံ့သြသွားလို့ပါ။

Saturday, October 30, 2010

သြော်..... မိန်းမ ၆

0
ဒီတခါတော့ စာရေးပြီး မပြောတော့ဘူးဗျာ... ဒီမှာdownload လုပ်ပြီးသာ နားထောင်ကြည့်လိုက်ပါ.... ဆိုဒ်က ၂.၉၉mb ပဲရှိတာဆိုတော့ ဒေါင်းတာလဲ မြန်မှာပါ။ ဒီလို ဒေါင်းလုပ် လုပ်ဖို့ပြောတာကို တမျိုးတမြည် မထင်စေချင်ပါဘူး။ စာနဲ့ရေးပြရတာများလာတော့ လူအမြင်ကပ်လာမှာ စိုးလို့ပါ။

Wednesday, October 06, 2010

နောင်နှစ်၂၀

4
ဘာရယ်မဟုတ်ဘူး စဉ်းစားကြည့်တာ။ နောင်နှစ်၂၀ဆို ကျနော်တို့အားလုံး ဘာတွေဖြစ်မလဲ၊ ဘာတွေလုပ်နေကြမလဲ ဆိုတာကိုပါ။

Thursday, September 02, 2010

ကိုယ်တိုင်သီဆိုထားသော

2


လူတွေကို စာနဲ့လဲနှိပ်စက်ပြီးပြီ၊ ရုပ်နဲ့လဲနှိပ်စက်ပြီးပြီ၊ ဒီတခါ အသံနဲ့ပါနှိပ်စက်လိုက်တယ်ဗျား ...။ ဖြစ်သလိုလေး အသံသွင်းပြီး သီဆိုထားတာလေးပါ။ အမှတ်တရပေါ့။ ဒါတောင်နော် ဖြစ်သလိုလေး အသံသွင်းထားတာ သေချာ စတီယိုမှာ အသံသွင်းလို့ကတော့ ... ခုခေတ်နာမည်ကြီးတွေ အကုန် ထမင်းငတ်ကုန်မှာစိုးလို့ပါ။ 

မှတ်ချက် ။ ။ ပိုင်ရှင်ခွင့်ပြုချက်မရဘဲ တပုဒ်လုံး ဖြစ်စေ၊ တပိုင်းတစ ဖြစ်စေ ကူးယူပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်း ခံရမည်။ ထောင်ဒဏ်တသက် ဖြစ်စေ၊ ဒဏ်ငွေယူရိုသန်း၁၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ ကျခံရမည်။ ကောင်မလေး ချောချောဖြစ်က ... ပိုင်ရှင်စိတ်တိုင်းကျ ပြစ်ဒဏ်ပေးခံရမည်။

ပုံ/ 

အိမ်

Saturday, August 07, 2010

ကျွန်တော် မကောင်းဘူး(သို့) ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ၁၄

4
ကြာတာတော့ အတော့်ကိုကြာပါပြီ။ မရှိဘူးဆို ၁၂နှစ်၊ ၁၃နှစ်ပေါ့။ ဒါပေမဲ့ မေ့မရတာတော့ အမှန်ပါပဲ။ မေ့မရဘူးဆိုလို့ အချစ်အကြောင်းမထင်နဲ့ဦး အခုဖြစ်တာအချစ်နဲ့ဘယ်လိုမှ မပါတ်သက်တဲ့ ကိစ္စပါ။ အမှန်ပြောရရင်တော့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာဆို ပိုမှန်မယ်။ အင်းလေ .. ဒါကလဲ ကျနော့်ရဲ့ အကျင့်လိုဖြစ်နေတာလဲ ပါမှာပေါ့။ အဖြစ်က ဒီလိုပါ .....။

Wednesday, July 28, 2010

ရပ်လိုက်ရတော့မလား ... ဆက်ရေးမလား ...

12
 ဘလော့မှာ စာရေးတာ ရပ်လိုက်တော့မလားလို့ မအားတာရော .... ကွန်မန့်သိပ်မရလို့ရော ဆိုပါတော့ ..... ဘယ်လိုသဘောရလဲ ... မျက်စေ့နောက် သက်သာတော့မှာတော့ အမှန်ပဲ ... ။ ကြည့်မရသူတွေအတွက်တော့ သတင်းကောင်းတခုပဲ ဆိုပါတော့။ အခုအဲဒါ မဲခွဲဆုံးဖြတ်မလို့ ၂၀၁၀ ရွေးကောက်ပွဲကို အားကျတာလဲပါတာပေါ့နော် ..ကွန်မန့်လေးတွေ ထားခဲ့ကြပါ။ မဲခွဲဆုံးဖြတ်ချက်အရ မရေးနဲ့လို့ မဲပေးများလဲ ကိုယ့်ဟာကိုယ်ထုတ်တဲ့ ဥပဒေအရ ဆက်ရေးချင်ရေးမှာပဲ၊ ရေးချင်မှလဲရေးမှာပဲ၊ ဆက်ရေးပါလို့ မဲပေးသူများရင်တော့ အားနာလို့ ဆက်ရေးမယ်လို့ ဆုံးဖြတ်ထားပါတယ် ... ဟဲဟဲဟဲ
 

Wednesday, July 14, 2010

အမှိုက်ကစ ပြဿာမီးလောင်

3
အမှိုက်ကစပြဿာမီးလောင် တယ်ပြောရမှာပေါ့။ ကျနော်ပြဿာနာ တခု ဒီရက်ပိုင်းမှာ တက်လိုက်ပါတယ်။ ဒါကလဲ ကျနော်ကိုယ်တိုင်က မနေတတ် မထိုင်တတ်မို့လဲ ပါပါတယ်။ ဖြစ်တာကလဲ ဘလော့ဂါခြင်းဖြစ်တာပါ။ ဘယ်မှာဖြစ်တာလဲဆိုတာတော့ ဖတ်ရင်းနဲ့ သိသွားကြမှာ။ တခုတော့ ရှိတယ်နော် စာကတော်တော့်ကို ရှည်မှာ ဆိုတော့ အချိန်ပေးဖတ်မှ ဖြစ်ပါမယ်။ ဖတ်နိုင်ပါ့မလား.. ?????? စိတ်ဝင်စားရဲ့လား ???? ဖတ်နိုင်တယ် အချိန်ပေးနိုင်တယ်၊ စိတ်ဝင်စားတယ် ဆိုရင်တော့ read more ဆိုတာလေးကို နှိပ်လိုက်ပါ။ တခုတော့ ကြိုပြောမယ်နော် ကွန်မန့်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ လုံးဝမရေးပါနဲ့။ တော်ကြာ စာလာဖတ်သူပါ နေရင်းထိုင်ရင်း အမှုတွဲထဲ ပါနေမှာစိုးလို့ပါ။ ကျနော့်အတွက်ကတော့ ကြိုက်သလိုဝေဖန်နိုင်ပါတယ် မကျေနပ်လို့ ဆဲဦးမလား ရတယ်၊ ဒါပေမဲ့ အကြောင်းမဲ့တော့ မဟုတ်ဘူးပေါ့ အကျိုးနဲ့အကြောင်းနဲ့ သေချာပြောပြပြီး ဆဲရင် လက်ခံပါမယ်။ ကျနော်ကိုယ်တိုင်ကလဲ ဝင်ခံပြီးသားပါ။ ကျနော်မနေတတ်၊ မထိုင်တတ်ကောင်ပါလို့ ...... ။ အဲ.... ဒါပေမဲ့ ကျနော်နဲ့ ဖြစ်ခဲ့ကြသူတွေက အထိမခံ ရွှေပန်းကန်တွေလိုဆိုတော့... တော်ကြာ စာလာဖတ်သူပါ အမှုတွဲထဲ ပါနေမှာစိုးလို့ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ကျနော့်ကိုလဲ အားမနာတမ်း သူတို့ကိုလဲ အားမနာတမ်း ဝေဖန်မယ်၊ ကိုယ်မြင်တာလေး ကိုယ်ပြောချင်တယ် ဆိုရင်တော့ eainhome@gmail.com ကိုပေးပို့နိုင်ပါတယ်။ ဝေဖန်ပေးကြပါလို့လဲ တိုက်တွန်းပါတယ်။ စိတ်ချပါ စိတ်ဆိုးတတ်သူထဲ ကျနော် မပါပါဘူး ပွင့်ပွင့်လင်းလင်းကို ရေးကြပါ။ ကဲကဲ .. စကားဦးသန်းနေတာနဲ့တင် စာကရှည်နေပြီ ဒီတော့ .... read more ကိုလေးနှိပ်လိုက်ပါ စိတ်ဝင်စားတယ် ဆိုရင်ပေါ့ဗျာ။ စာဖတ်သူ ဖတ်ရတာ စိတ်မရှည်မှာ စိုးလို့ အဓိက ဖြစ်ရပ်လေးတွေပဲ ရေးပြီး အတတ်နိုင်ဆုံး စာကို ချုံ့ပြီးေ၇းသွားပါ့မယ်။ အပြည့်အစုံလေး ဖတ်ချင်တယ်ဆိုလဲ ပြောပါ၊ ကျနော့်ကိုမေးပို့လိုက်ပါ။

Sunday, July 11, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်း (အသံ)

1


Tuesday, July 06, 2010

ဗိုလ်ချုပ်ဆိုတာ ဘယ်လိုပါလိမ့်?????????

8
ကျရောက်လာတော့မည့် ၆၃နှစ်မြောက် အာဇာနည်နေ့ အမှတ်တရပါ။
အခုရေးမဲ့ စာပိုဒ်လေးကတော့ တက္ကသိုလ်ဦးစိန်တင် ရေးသားပြုစုခဲ့တဲ့ ချင်းအမျိုးသား ဗိုလ်ကြီးတိုက်ချွန်း၏ ဘဝဇာတ်ကြောင်း၊ တနည်းအားဖြင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်းကို ရေးသားခဲ့ရာမှာ ဗိုလ်ကြီးတိုက်ချွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တမဲ့ တွေ့ဆုံခန်းလေးကို တင်ပြမှာပါ။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်း အစအဆုံး ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ယူသွားကြပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းတို့ အမှတ်တမဲ့ တွေ့ဆုံခန်းကိုပဲ တင်ပြပေးမှာဆိုတော့ ဘာများထူးခြားမှုရှိလို့လဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့ မနှိုင်းကောင်း၊ နှိုင်းကောင်းလို့ပဲ ပြောရမှာပေါ့။ အင်းလေ နှိုင်းရအောင်ကလဲ နံ့သာဆီနဲ့ အီးလိုကွာတာကိုးဗျ။ ကျနော် ဘာကြောင့် ဒီလောက် စကားခံနေတယ်ဆိုတာ အောက်ကစာတွေ ဖတ်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကျန်တာတော့ စာဖတ်သူလဲ ငနုံ ငအမှ မဟုတ်တာ ဆိုတော့ ပြောမနေတော့ပါဘူးနော်....။

Thursday, June 10, 2010

ဘလော့ဂါ သိုင်းလောက အပိုင်း၂

2
"တောက် ... အရပ်ရပ်နေပြည်တော်မှ ကြားလို့ မသင့်တော်ဘူးဗျာ၊ ဒီလောက် အဖြူရောင်သိုင်းလောကရဲ့ ဂမူးရုးဒိုးသိုင်းမှာ ဒိတ်ဒိတ်ကျဲဖြစ်တဲ့ တောင်ပေါ်သား စောင့်တဲ့နေ့မှပဲ အခိုးခံရတယ်လို့ကွာ...။ အခုဒီသတင်းက လှည်းနေလှေအောင်း၊ မြင်းစောင်းမကျန် ပျံ့နှံ့နေပြီဗျ၊ အခုထိ သဲလွန်စ မပြောနဲ့ ဘယ်အချိန်ခိုးသွားမှန်းတောင် မသိလိုက်ဘူးဆိုတော့ ကျုပ်တို့တော့ တသက်လုံးဖုံးသမျှ ကုန်းမှပေါ်ကုန်ပြီ ထင်ပါရဲ့ဗျာ။"
"ဒီလောက်ထိလဲ အစိုးရိမ် မကြီးပါနဲ့ဗျာ ကျနော် အသိတယောက်ရှိပါတယ်"
"ဘာလဲ.. သူကစုံထောက်လား... "

Friday, May 21, 2010

computer အကြောင်း သိကောင်းစရာများ

12
computer အကြောင်း သိကောင်းစရာများ ဆိုလို့ ကျနော့်ကို ဒီကောင်ဘာလဲ ဆရာကြီးလား လို့မထင်လိုက်ပါနဲ့ ကျနော် ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်သိတဲ့ ကျနော်တတ်တဲ့ အရာ တွေကို မသိသေးသူများ သိအောင်လို့ရယ်၊ ကျနော့်လိုပဲ ဘယ်ကျောင်းမှ မတက်နိုင်၊ ဘာပညာမှလဲ မတတ်၊ computer အကြောင်းကလဲ သိချင်၊ သင်ပေးမဲ့သူလဲ မရှိဆိုတော့ ကျနော်လိုလူမျိုးတွေ အတွက် ရည်ရွယ်တာပါ။ computer အကြောင်း စလေ့လာတုန်းကဆိုရင် ...... တကယ်ပါ ကျနော့်ကိုဘယ်သူမှ မသင်ပေးခဲ့ပါဘူး၊ ကြားဆရာ၊ မြင်ဆရာတွေတော့ ရှိတာပေါ့နော်၊ သင်ဆရာရယ်လို့ မရှိခဲ့ပါဘူး။ ကိုယ်တိုင်ကလဲ စိတ်ဝင်စားတော့ လိုက်လေ့လာရင်းနဲ့ အခုဆို ဆရာဖြစ်မှန်း မသိ ဖြစ်နေပါပြီ (ကိုယ့်ဟာကိုယ် ကျောင်းဆင်းပြီး၊ ကိုယ့်ဟာကိုယ် ပြန်ပြီးဘွဲ့ပေးလိုက်တာပါ။)
ကဲ .... ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ .... အမှားတွေ့ရင်လဲ ဝေဖန်နိုင်ပါတယ်။ အမှန်ဆိုရင်လဲ နည်းပညာတွေ ယူသွားကြပေါ့ဗျာ......။ အခြေခံလေးတွေ အဓိထားပြီး ရေးသွားမှာပါ။

Thursday, May 20, 2010

ဘလော့ဂါ သိုင်းလောက

16
၁။ ။ဘာ................... ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ခွေးရူးပျံသိုင်းကျမ်း အခိုးခံရတယ်.. ဟုတ်လား...။ပြီးတော့ တာဝန်ကျတဲ့လူကို ဖင်ကြော၊ရင်ကြော တွေပါအတွင်းအားသုံးပြီး ပိတ်သွားတယ်... ဟုတ်လား.....။"ညကတာဝန်ဘယ်သူကျလဲ" "တောင်ပေါ်သားတာဝန်ကျပါတယ်။" "ဘယ်လိုဖြစ်တာလဲ ဂမူးရူးဒိုး သိုင်းမှာဆရာတဆူဖြစ်တဲ့လူရဲ့ တာဝန်ကျတဲ့ ညမှ သိုင်းကျမ်းကြီး အခိုးခံရတယ်လို့ဗျာ... ပြောနေကြာတယ် သွားကြည့်ရအောင်ဗျာ...
" ဟုတ်ကဲ့.. ဟုတ်ကဲ့"

Thursday, April 08, 2010

စနိုးတာဝါ(သို့) ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်း ၁၃

21
ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ရေးတာ ဒါနဲ့ဆို ၁၃ပုဒ်ရှိပါပြီ။ ဒါပေမဲ့ အခုကျနော်ရေးမဲ့ အကြောင်းက ဟိုး..လွန်ခဲ့တဲ့ ၁၁နှစ် နိုင်ငံခြားကိုရောက်ခါစ အချိန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ။ ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး.... အကြောင်းကတော့ ရှက်လို့ပါ .... ပြီးတော့လဲ လူမသိ၊ သူမသိဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုတော့လဲ ... လူမသိ၊ သူမသိပဲ သိမ်းထားလိုက်ချင်တာလဲ ပါတာပေါ့လေ... ပြောပြရအောင်ကလဲ အတော့်ကို ရှက်စရာ ကောင်းတယ်၊ အခုလိုရေးဖြစ်ဖို့ကလဲ အတော်လေး အားယူရပါတယ်၊

Wednesday, March 24, 2010

ဘ ၁၀၀

18
အိမ်တို့ အခုတလော ဘယ်တွေရောက်ပြီး၊ ဘာတွေလုပ်လို့၊ ဘယ်ကိုများ သဝေထိုးနေသလဲလို့ ဘယ်သူမှ ဘာမှလာမမေး ကြဘူး။ အင်းလေ .... ဒါကလဲ ဘယ်သူမှ ဘာမှအရေးမစိုက်လို့တော့ မဟုတ်ဘူးလို့ ဘယ်တော့မှ မထင်ပါဘူး၊ ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှလာမမေးတာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ ဘယ်သူပဲ ဘာလာမေးမေး၊ မမေးမေး ဘယ်တော့မှ ကောင်းမပြောတဲ့ သူဆိုတော၊့ ဘာပဲ လာမေးမေး၊ ဘာမဟုတ်တဲ့ ပေါက်ကရတွေ ပြောမယ်ဆိုတာ ဘယ်သူပဲ ဖြစ်ဖြစ် ကြိုသိနေကြလို့ နေမှာပါ။

Sunday, March 07, 2010

အသည်းကွဲ ဇာတ်လမ်း

14
ဒီလိုမျိုး ဖြစ်လာမယ် ထင်ခဲ့တဲ့တာပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးလို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ အကောင်းဆုံးကို မျှော်လင့်ခဲ့တာပါ။ (ကိုယ့်ရုပ်မှ ကိုယ်အားမနာပြောထွက်တယ် ဒီစကား )

Saturday, February 06, 2010

ကလေးဘဝ အမှတ်တရများ ၂

22
ကြာတော့အတော့်ကိုကြာပါပြီ ငယ်ဘဝအကြောင်းဆိုတော့ မေ့မရတဲ့အဖြစ်တွေမို့ သတိရနေဆဲပါပဲ။ တခါတလေ လူ့ဘဝရဲ့ စိတ်ပျက်ငြီးငြူစရာတွေ ကြုံတိုင်း ဘာအပူအပင်မှမရှိတဲ့ ငယ်ဘဝကိုပြန်တောင့်တမိရင်း လွမ်းမောနေမိတယ်။ လက်ရှိဘဝကို စိတ်ပျက်လို့တော့ မဟုတ်ပေမဲ့ စိတ်ပြေရာပြေကြောင်း ထွက်ပေါက်တခုအနေနဲ့ ပြန်တွေးမိတာပါ။ တွေးမိတဲ့ အထဲက အမေငယ်ငယ်က နတ်ကတဲ့အကြောင်းလေး ပြောပြချင်တယ်..။

Saturday, January 23, 2010

အလှသမားမဟုတ်တဲ့ ဘဝသမား ကျနော်

32
တခါတလေ ကိုယ့်ဘဝကိုယ် စိတ်ကုန်မိတယ်ဗျာ.. တနေ့တနေ့ အလုပ် လုပ်လိုက်၊ နားချိန်တန်နားလိုက်နဲ့ စက်ရုပ်တရုပ်လို လည်ပါတ်နေရတယ်။ တခါတလေ အားရပါးရကြီးကို နားပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျနော်က ပညာတတ်လဲမဟုတ်၊ သူဌေးလဲ မဟုတ်၊ ကိုယ်လက်ရှိလုပ်နေတာကလဲ သူများခိုင်းတာလုပ်၊ သူများစေရာ သွားပြီး၊ သူများ စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးနေရတဲ့ အလုပ်ဆိုတော့ စိတ်ထဲသာ ရှိတာပါ.. နားလို့ မရပါဘူး။ သူများတွေ ပျော်နေ၊ ပါးနေတာမြင်တွေ့နေရရင် စိတ်ထဲ ဝမ်းနည်းမိသလိုလို ဒေါသဖြစ်မိသလိုလို၊ မနာလိုဖြစ်မိသလိုလို ခံစားရတယ်ဗျာ...။
ဘဝကပဲဆိုးသလား၊ ကံကပဲဆိုးသလား ဆိုတာ........

Thursday, January 07, 2010

ခရီးသွားမှတ်တမ်း

20
၃၁ရက်နေ့ကနေ ၄ရက်နေ့ ညနေအထိ ဂျာမဏီမှာရှိတဲ့ ဘလော့ဂါကြီး ကိုလင်းထက်ဆီ အလည်သွားရောက်ခဲ့ပါတယ်။ သူ့ဆီရောက်တာနဲ့ ဒီမှာထူးခြားတာ ဘာရှိလဲလို့ မေးကြည့်တော့ ဦးနေဝင်း ဆောက်လုပ်ခဲ့တဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ ဇရပ်တဆောင် ရှိတယ်ဆိုလို့ အတော့်ကို စိတ်ဝင်စားသွားပါတယ်။ ဘယ်လိုကျောင်းမျိုးလဲလို့ မေးကြည့်တော့ မြန်မာမှု၊ မြန်မာ့ဟန် အပြည့်နဲ့ ခိုင်ခိုင်မာမာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းတကျောင်းပါလို့ သိလိုက်ရတော့ ပိုပြီး စိတ်ဝင်စားသွား ပါတယ်။