Thursday, April 08, 2010

စနိုးတာဝါ(သို့) ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်း ၁၃

21
ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ရေးတာ ဒါနဲ့ဆို ၁၃ပုဒ်ရှိပါပြီ။ ဒါပေမဲ့ အခုကျနော်ရေးမဲ့ အကြောင်းက ဟိုး..လွန်ခဲ့တဲ့ ၁၁နှစ် နိုင်ငံခြားကိုရောက်ခါစ အချိန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ။ ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး.... အကြောင်းကတော့ ရှက်လို့ပါ .... ပြီးတော့လဲ လူမသိ၊ သူမသိဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုတော့လဲ ... လူမသိ၊ သူမသိပဲ သိမ်းထားလိုက်ချင်တာလဲ ပါတာပေါ့လေ... ပြောပြရအောင်ကလဲ အတော့်ကို ရှက်စရာ ကောင်းတယ်၊ အခုလိုရေးဖြစ်ဖို့ကလဲ အတော်လေး အားယူရပါတယ်၊ ဒါကလဲ နဂိုကမှ အကောင်းပြောတဲ့သူက ခပ်ရှားရှား မဟုတ်လား .... အင်းလေ... ကိုယ်တိုင်ကလဲ ကောင်းမှမကောင်းတာဆိုတော့ ..... ကဲ .. ဘာဖြစ်ဖြစ် လာပြီး အားပေးကြတဲ့ သူတွေအတွက် အသက်တရက် ပိုရှည်သွားအောင် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒတခုနဲ့ (တခါရယ်ရင် အသက်တရက် ပိုရှည်တယ်လို့ ပြောကြလို့ပါ) ရှေ့မျက်နှာ ရှေ့မှာပဲ ထားပြီး ရေးလိုက်ပါပြီ.. တခုတော့ ကြိုပြောထားပါရစေဗျာ ... ကိုယ်ဖတ်ပြီးလဲ ဘယ်သူမှ လျှောက်မပြောနဲ့နော်.. ကျနော် ရှက်တတ်လို့ပါဗျာ။

ကျနော်ရွာမှာတုန်းကဆို စနိုးတာဝါကို အရမ်းသဘောကျတယ်ဗျ၊ သိကြမှာပါ၊ ရေခဲသေတ္တာထဲထည့်သိမ်းထားပြီး လိုတဲ့အခါ ထုတ်ပြီး မျက်နှာမှာ သုတ်သည်ဖြစ်စေ၊ ကိုယ်လက်မှာ သုတ်သည်ဖြစ်စေ အေးတဲ့ အရသာလေး ခံစားရပြီး မျက်နှာ၊ ကိုယ်လက်တွေလဲ သန့်ရှင်းသွားလို့ပါပဲ။ ကျနော်ကြိုက်တယ်ဆိုတာကလဲ ကျနော်က မျက်နှာ အဆီပြန်တတ်တယ်ဆိုတော့ စနိုးတာဝါကို အမြဲမဟုတ်ပေမဲ့ တခါတလေတော့ သုံးဖြစ်ပါတယ်။ ကျနော် ရွာမှာတုန်းကဆို အိမ်မှာ ၃၊ခု၎ခုလောက် အမြဲထားတတ်ပါတယ်။

ဒီလိုနဲ့ အမိမြေကိုခွဲခွာပြီး သင်္ဘောစလိုက်တော့ သံချေးခေါက်၊ ဆေးသုတ်၊ ကုန်းပါတ်တိုက်၊ ကြိုးချည်၊ ကြိုးဖြုတ်၊ ကာဂိုဟိုး( ကုန်တင်ရန်ထားသော သင်္ဘောဝမ်းဗိုက်) တွေထဲဆင်းပြီး သန့်ရှင်းရေးလုပ်၊ ဆိုတော့ ဘယ်လိုပြောမလဲ ပင်ပန်းတဲ့ အလုပ်ပေါ့နော်... အဲလိုလုပ်ရတော့ တခါတလေ မျက်နှာဆိုတာ အဆီပြန်ရုံမကဘူး ညစ်ပါတ်ပေရေနေတာ ကိုယ့်မွေးထားတဲ့ အမေတောင် အဲဒီအချိန်တွေ့ရင် သူ့သားမှန်းတောင် မှတ်မိပါ့မလား မသိဘူး။ ဆိုတော့ အလုပ်နားတဲ့ အခါလေးမှာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စနိုးတာဝါကို မျက်နှာပေါ် အသာလေးအုပ်ပြီး ခဏလောက်ဖြစ်ဖြစ်လှဲပြီး အနားယူချင်စိတ်က ပေါ်လာတာပေါ့...။ ဒါနဲ့ စိတ်ထဲမှာ ဒီတခါ ကမ်းကပ်ရင်စူပါမားကပ် မှာသွားဝယ်မယ်ဆိုပြီး တေးထားလိုက်ပါတယ်။

ဒီလိုနဲ့ ကမ်းကပ်တော့ စူပါမားကပ်ကိုပြေးပါတယ်။ မှတ်မှတ်ရရ တူရကီနိုင်ငံ မာရာမာရစ်မြို့ ခေါနဲ့တူရကီနယ်စပ်မြို့လေးပေါ့ဗျာ .... စူပါမားကပ်ရောက်တော့ ကိုယ်သွားနေကျနေရာမဟုတ်တော့ ဟိုရှာ၊ ဒီရှာနဲ့ တနေရာရောက်တော့ တွေ့တယ်၊ တွေ့တာမှ အများကြီးပဲ၊ အဲဒီစနိုးတာဝါအတွက်ကိုပဲ သီးသန့် ဈေးတန်းလေးတတန်း ထားပေးထားတာ၊ နာမည်တွေကလဲ အစုံပဲ၊ တချို့ဆို ဘာနာမည်မှန်းတောင် မသိဘူး။ ဒီလိုနဲ့ ဈေးအပေါဆုံး ဟာလေးလိုက်ရှာပြီး တထုတ်ယူပြီး ပိုက်ဆံပေးဖို့ ကောင်တာသွားတာပေါ့ဗျာ။ ကျနော်ဝယ်လာတဲ့ စနိုးတာဝါလေးရဲ့ ဒီဇိုင်းက လှတယ်ဗျ ပုံစံက ဘယ်လိုလဲဆိုတော့ ကျနော်တို့ ညအိပ်ရင် သုံးတဲ့ မျက်စေ့ပဲ အုပ်တဲ့ဟာမျိုးလေးလိုပဲ၊ မျက်စေ့ထဲမြင်အောင် ပြောရရင်တော့ဗျာ နေကာမျက်မှန်လို ဒီဇိုင်းပေါ့နော် .... ကျနော်ဝယ်တဲ့ စနိုးတာဝါလေးက ဘူးအပြင်မှာ ကြည့်တာတော့ ပုံစံလေးက ဖောင်းကြွလေးဗျ အထဲမှာ ဖော့ပါတယ်နဲ့ တူပါရဲ့ဗျာ။ ကျနော်လိုချင်တာက ၄၊ ၅ထုတ်လောက် ဝယ်သိမ်းထားချင်တာ ဒါပေမဲ့ သင်္ဘောက ကိုယ့်အခန်းမှာ သိမ်းထားပြန်ရင်လဲ တခြားရွှေတွေ တွေ့သွားလို့ ယူသုံးရင် ပြောရလဲအခက် ပိုက်ဆံတောင်းပြန်လဲ အခက်၊ ကိုယ်ရတဲ့လစာကလဲ နှစ်ပြား၊တပဲ ကိုယ့်ရှိရဲ့သားနဲ့ ပေးမသုံးပြန်ရင်လဲ စိတ်ဆိုးတာခံရဦးမယ်၊ ပြီးတော့ ကိုယ်တိုင်ကလဲ သုံးရင် အေးအေးလေးမှ သုံးချင်တာလေ ဒီတော့ တထုတ်ပဲ ဝယ်မယ်လို့ ဆုံးဖြတ်ပြီး တထုတ်ပဲယူလာတာပေါ့။ ပိုက်ဆံရှင်းဖို့ ကတ်ရှာ ရောက်တော့ ကတ်ရှာက ကောင်မလေးတွေကတောင် ကျနော့်ကို လူမျိုးခြားမို့လို့လားတော့ မသိဘူး အထူးအဆန်းနဲ့ ကြည့်နေတာ၊ ဒါနဲ့ ကျနော်ကလဲ " i'm seaman. i'm working on ship" ဆိုပြီးတော့တောင် ကောင်မလေးနဲ့ မိတ်ဆက်လိုက်သေးတယ်ပေါ့ဗျာ..။

ဒီလိုနဲ့ စူပါမားကပ်ကထွက်လာပြီး သင်္ဘောပြန်တာပေါ့ဗျာ.... အပြန်လမ်းမှာ ဒီစနိုးတာဝါကို ဘယ်မှာဖွက်ထားရမလဲလို့ တလမ်းလုံး စဉ်းစားရတာပေါ့ဗျာ၊ ကိုယ့်အခန်းထဲမှာကလဲ ရေခဲသေတ္တာက မရှိဘူးလေ၊ ဒီတော့ ထမင်းစားခန်းမှာထားတဲ့ ရေခဲသေတ္တာမှာ ထားရင်ထား၊ ဒါမှမဟုတ် အသားငါးတွေ ထည့်ထားတဲ့ ရေခဲသေတ္တာ အကြီးမှာထားမလားဆိုပြီး စဉ်းစားလာခဲ့တယ်။ ထမင်းစားခန်းမှာထားရင် လူတိုင်းသုံးနေတာဆိုတော့ တွေ့ဖို့က မိနစ်တောင် ခံမှာမဟုတ်ဘူး၊ အသားငါးထားတဲ့ ရေခဲသေတ္တာမှာ ထားရင် ချက်ကြီးနဲ့ မီးဖိုချောင်မှာ လုပ်တဲ့ လူတွေပဲ သုံးတာ၊ ပြီးတော့ရေခဲသေတ္တာကြီးကလဲ အကြီးကြီးဆိုတော့ ဘယ်နေရာ ဖွက်ဖွက် အေးဆေးဖွက်လို့ရတယ် ဒီတော့ အဲဒီမှာ ထားမယ်လို့ ဆုံးဖြတ်ပြီး သဘောင်္ ပြန်လာတာပေါ့။

သင်္ဘောပေါ်ရောက်တော့ အားလုံးအလစ်ကိုချောင်းပြီး တနေရာပေါ့ဗျာ သွားထည့်ထားလိုက်တာပေါ့။ ဒီလိုနဲ့ နောက်နေ့မနက်ရောက်လို့ မနက်စာစားဖို့ မတ်ရွန်း(ထမင်းစားခန်း) ရောက်တော့ ကျနော်မနေ့က ဝယ်လာတဲ့ စနိုးတာဝါကြီးက စားပွဲပေါ်မှာ ခန့်ခန့်ကြီးဗျား.... အဲဒါတွေ့တော့ ကျနော်လဲ အံ့သြသွားတာပေါ့နော်.. ဒါနဲ့ စိတ်ထဲမှာ

"ဘယ်ကောင်များ ရှာတွေ့လို့ ဒီပေါ်လာတင်ထားလဲ မသိဘူး၊ ဘယ်သူမှတော့ မသုံးသေးဘူးဟ ... ဘူးကအသစ်အတိုင်းပဲ ရှိသေးတယ်၊ ဘယ်လိုယူရင်ကောင်းမလဲ ... အင်း.... ထူးပါဘူးကွာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာပဲ ဘယ်သူ့အားနာနေရမှာတုန်း"
လို့ စိတ်ထဲက ဆုံးဖြတ်ပြီး ထမင်းစားခန်းထဲအဝင်မှာ ....................... ...........................

ချက်ကြီးကနေပြီး " ဟေး.. အိမ်... အဲဒီမှာ မိန်းမတွေ လစဉ်သုံးတဲ့ အောက်ခံတဲ့ဟာကို ဘယ်ကောင်ဝယ်လာပြီး ငါ့ရေခဲသေတ္တာထဲ ထည့်ထားတာလဲမသိဘူး၊ မင်းတို့ ရွှေတွေထဲကများ... ဝယ်လာတာလား" လို့မေးတော့ ကျနော်တောင် အတော်လေးကို မျက်စေ့လည်သွားတယ်၊ စိတ်ထဲမှာတော့ ဟုတ်လို့လားပေါ့... ဒါနဲ့ ချက်ကြီးကို ကျနော်က
"ကောင်းပြီ ဒါဆိုရင် ဒီဟာကို ငါယူသွားပြီး သွားမေးပေးမယ်" လို့ ပြောပြီး ယူသွားတာပေါ့ဗျာ... သွားရင်းနဲ့လဲ ရွှေတွေကို သေချာအောင် မေးမယ်ဆိုပြီး စိတ်ထဲထားတာပေါ့နော်....။ အဲဒီရောက်တော့ ပိုသေချာသွားတာပေါ့ဗျာ... ဒါတောင် ကျေးဇူးရှင်ရွှေတွေက မင်းဝယ်လာတာလား ဆိုပြီးလုပ်သေးတာ၊ ကျနော်ကလဲ ဟန်ကိုယ့်ဖို့ ဆိုသလိုပေါ့
" ဟာဗျာ.... ကျနော်က ဒီဟာကြီး ဘာလုပ်ရမှာလဲ ... အခုတောင် ချက်ကြီးက လာမေးခိုင်းလို့ လာမေးတာ .. ခင်ဗျားတို့ထဲက တယောက်ယောက်ထင်လို့တဲ့ အဲဒါ မဟုတ်ရင် ချက်ကြီးကို သွားပြောကြချေ" ဆိုပြီး ပြောလိုက်တာပေါ့။ ဒီလိုနဲ့ ထမင်းစားခန်းကို ရွှေတွေနဲ့ အတူ ပြန်ရောက်သွားတော့ ဟီးလေးဟားလေးနဲ့ တယောက်ကိုတယောက် အပြန်အလှန် စွပ်ဆွဲနေကြတာဗျ၊ အဲဒီလို စွပ်ဆွဲတဲ့ အထဲမှာ ဘယ်သူအဆိုးဆုံးလဲ သိလား.... ... အဟီးဟီး .. ကျနော်ပေါ့ဗျာ၊ သူများချောက်ချရမယ်ဆို၊ မှိုချိုးမြှစ်ချိုး ပြောရမယ်ဆိုလို့ကတော့ ရှေ့ဆုံးကပဲ။

နောက်တော့ ပြန်စဉ်းစားမိတယ် သိလား .... ဘာလဲဆိုတော့ တကယ်လို့များပေါ့လေ ချက်ကြီးသာ မတွေ့ခဲ့ရင် ကျနော်ကလဲ အဲဒီစနိုးတာဝါလေးကို လူရှေ့သူရှေ့ ယူသုံးမိရင်တော့လား ...... အင်း... ပင်လယ်ထဲ ခုန်ချသေမလား .... ရှက်လွန်းလို့ အခန်းထဲမှာပဲ အောင်းနေမလား တော့ မပြောတတ်ဘူးနော် ...... ထင်တော့ မထင်ပါဘူးလေ သောက်ရှက်မရှိလို့လဲ အခုတောင် ဘလော့ပေါ်တင်လိုက်တာပဲဟာကို၊ လူမိသွားလဲ၊ သိသိကြီးနဲ့ " ဒီစနိုးတာဝါလေးက သုံးရတာ နူးညံ့တယ်ဟ၊ အသုံးလဲခံတယ်ဆိုပြီး ပြန်ခံပြောနေလို့၊ သင်္ဘောပေါ်ရှိတဲ့လူတွေလဲ လိုက်သုံးကြည့်ချင် သုံးကြည့်ကြဦးမလားတောင် မပြောတတ်ဘူး။ မှတ်မိသေးတယ် ကျနော်ဝယ်တဲ့ စနိုးတာဝါ နာမည်က " EVERY DAY" တဲ့... အောင်မာ .... အဲဒါဝယ်တုန်းက စိတ်ထဲကတောင် အဲဒီစာတန်းလေး ဖတ်ပြီးတော့ အဲဗရီးဒေးတော့ မသုံးနိုင်ဘူးဟ တခါတလေပဲ သုံးနိုင်တယ်ဆိုပြီးတောင် ပြောလိုက်မိသေးသဗျ...။
သေချာမှာတယ်နော်... ဘယ်သူမှ လျှောက်မပြောနဲ့...။ ပြောလို့ကတော့ မိန်းကလေးဆို ပါးချည်းဘဲ ဘယ်ပြန်ညာပြန် ရိုက်ပစ်မှာ နှာခေါင်းနဲ့ပြောတာ...။ ယောကျာင်္းလေးဆိုလို့ကတော့ ဒုတ်နဲ့ကို လိုက်ရိုက်မှာ တကယ့်ဒုတ်နော် ဘေ့ဘောရိုက်တဲ့ သစ်သားဒုတ်... ဟီးဟီးဟီး...။

21 Response to စနိုးတာဝါ(သို့) ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်း ၁၃

8 April 2010 at 22:48

အရေးအသားကတော့ စံတင်လောက် ပါတယ် ဟိဟိ
ရယ်စရာလည်းကောင်းတယ်
ဆက်လက်မျော်နေမယ်နော်

8 April 2010 at 22:50

ဟီး ဆရာလေး မျက်နှာပေါ့ တင်မိလိုက်လား ဘာနံရလဲး)

Anonymous
8 April 2010 at 22:53

သိချင်လား ကိုဂျယ်ကြီး ကိုယ်တိုင် ဝယ်ပြီးတင်ကြည့်လိုက်လေ...။

8 April 2010 at 23:10

ဟားဟားဟား..... အဲ့လိုတောင် အသံထွက်ပြီးရယ်မိတယ်။ ကိုအိမ်တို့များ..

ဒီလိုဆိုတော့လဲ ကောင်းတာပေါ့။။ ကိုယ့်မိန်းမ သို့မဟုတ် ကောင်မလေးအတွက် ၀ယ်ပေးတတ်သွားတာပေါ့.... ဟတ်ဟတ်


(အဲဒါဖတ်ရင်း နမ္မတူက အကြောင်းကို သတိရမိတယ်။ အဲဒီအချိန်တုန်းက သိပ်ခေတ်မစားသေးတဲ့အခါကပေါ့... အစ်ကိုကြီးတစ်ယောက် တစ်ရှူးထင်ပြီး ၀ယ်ပြီးတော့ကို မျက်နှာသုတ်နေတာလေ......

ဟားဟား...အဲဒီအဖြစ်နဲ့ ခပ်ဆင်ဆင်ဖြစ်နေသလိုပဲ...း)))

နောက်ဆို ဦးအိမ်ကို ကြော်ငြာခိုင်းရမယ်။

း))

တော်နေ..နှာခေါင်းနဲ့ ပါးလာချနေမှာစိုးလို့ ပြေးပြီဗျိုးးးးးးးးးးးးးးးးးးး တာ့တာ

8 April 2010 at 23:15

ရှက်ပေလို့ပဲ မရှက်များ မရှက်ရင်တော့လား...

9 April 2010 at 00:17

ကိုအိမ်တို့ကတော့ဗျာ၊ ရယ်နေရ၏ ဟီးးဟီးး
ဖြစ်လည်းဖြစ်တတ်ပါပေ့ဗျာ...
တော်သေးတယ်နော် လူရှေ့မှာ သုံးမိလို့ကတော့ ၀ိုင်းဟားတော့မှာပဲ၊ :)


ZaunG

9 April 2010 at 07:02

:p ( လာရီသွားတယ်ဗျ )

9 April 2010 at 10:39

ကိုအိမ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ :)

9 April 2010 at 14:38

ဖြစ်မှဖြစ်ရလေ... နောက်ဆိုသတိထား..
အဲ.. ရှေ့ဆိုသတိထားပြောတား))))

9 April 2010 at 22:13

ဖြစ်ရမယ်... =)

10 April 2010 at 00:28

ဖြစ်ရမယ်.. ကံနိမ့်တာလဲ မပြောနဲ့.. ။ သူ့လောက် ပေါက်ကရလုပ်တာ သူပဲ ရှိတယ်။ လူဇိုး..။

10 April 2010 at 06:16

တော်သေးတာပေါ့ ချက်ကြီးကသိလို့သိသာမသိရင် ကိုအိမ်တော့ ......
လွဲမှလွဲတတ်လေတယ် ကိုအိမ်ရယ်း)))

10 April 2010 at 19:27

ဖြစ်ရမယ်....

ဒါပဲပြောမယ်

=)

23 April 2010 at 07:23

အဟား ကိုအိမ်တို့ကတော့ စံပဲ
အဟီး ဘယ်သူမှာ မပြောဘူး
ဘေ့ဘော ရိုက်တဲ့ ဒုတ်ကြောက်လို့ပြေးပြီ ဗျို့........

5 May 2010 at 00:30

ဖြစ်ရလေတယ်ဗျာ...
ကက်ရှာကကောင်မလေးက မျက်နှာကိုအထူးအဆန်းလုပ်ပြီး သေချာကြည့်တာ ဒါကြောင့်ကိုး...

းဝ)

.
5 May 2010 at 14:33

အော်ဗျာ ..... ဖြစ်မှဖြစ်ရလေ ......

:) :D .. .

ရီရတော့ မောပါ့

6 May 2010 at 13:38

:D

Anonymous
6 May 2010 at 14:00

အ‌တောင်ပံ‌လေးနဲ့ လား စနိုးတာဝါ‌လေးက ဟိ

7 May 2010 at 00:03

ဖောင်းကြွလေးဆိုကတည်း ရိပ်မိသွားတာ :P :P

7 May 2010 at 22:00

ကိုတင်အောင်ပြောတော့ ခင်များ နှမျောလို့ ညအိပ်ခါနီးတိုင်း သုံးတယ်ဆို ။ ဘယ်နေရာမှာ သုံးတယ်တော့ သူမပြောသွားဘူးဗျ

9 May 2010 at 07:42

တကယ်ရယ်ရတဲ့အဖြစ်လေးပဲ..ဖြစ်တတ်ပါတယ်..ခုလိုမျိုးကိုယ့်
တကယ့်အဖြစ်လေးကိုသူများတွေမဖြစ်လာအောင်ရှက်ရှက်နဲ့
မျှဝေပေးလို့လာဖတ်သွားတယ်နော်..ဘယ်သူမှမပြောဘူး..
စိတ်ချ..။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း