ခုတလော ကျနော် ဘာတွေလုပ်၊ဘယ်တွေသွားပြီး၊ ဘယ်ကိုများသဝေးထိုးနေသလဲဆိုတော့ ......... ပြောရမှာတော့ ခက်သားဗျ ဘာမှမယ်မယ်ရရ မရှိတော့ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဆီကို တကူးတကလာမေးတဲ့ သူတွေကို ဘာမှအရေးမလုပ်သလို ဖြစ်နေမှာစိုးလို့ ဘယ်လိုအကြောင်းပြရမလဲဆိုပြီး စဉ်းစားလိုက်တော့ ဘယ်ကစပြီး ရေးပြရမှန်းတောင် မသိဘူး။ ဒါနဲ့ ဘယ်လိုရေးရင် ကောင်းမလဲစဉ်းစားတော့လဲ ဘာအကြံမှ ထွက်မလာဘူး။ ဒါနဲ့ မရေးဘူးလို့ နေမယ် စိတ်ကူးတော့လဲ ခုနက ပြောသလို ဘလော့ဆီ လာလည်တဲ့ ကိုယ့်ဘလော့ရဲ့ ပရိတ်တွေကို ဘာမှအရေးမထားသလို ဖြစ်နေမှာစိုးတာနဲ့ ဘာရယ်၊ ညာရယ်တော့ မဟုတ်ဘူး ဘ ၁၀၀ ခေါင်းစဉ်နဲ့ ဘာမဟုတ်တာတွေကို ဘာမှအရည်မရ၊ အဖတ်မရဘဲ လျှောက်ရေးနေမိတယ်။ ... ဘာပဲဖြစ်ဖြစ် အပျင်းပြေရင်ကိုဘဲ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။
တကယ်တော့် ကျနော်ဟာ ဘာမှမဟုတ်တဲ့ သာမာန် လူသားပါပဲ။ ဘာပညာမှမတတ်သလို၊ ဘာဘွဲ့မှလဲ မရဘူးပါဘူး။ ဘာကောင်မှလဲ မဟုတ်ဘူး၊ ဘာတခုမှအလေးမထားသလို၊ ဘာမှလဲ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်လာ ဖြစ်လာ၊ ဘာပဲဖြစ်သွားဖြစ်သွား၊ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှမဖြစ်သလိုနေပြီး၊ ဘာမှမသိသလိုနေတယ်၊ ဘာသိဘာသာလဲ နေတတ်တယ်၊ အဲဒါကြောင့်ထင်တယ် ဘာမှမရှိဘူး။ ဘာမှလဲ မသိဘူး၊ ဘာအပူအပင်မှလဲ မရှိဘူး။ မကောင်းဘူးလား??????
တမိပေါက်တယောက်ထွန်းတယ် ပြောရမလား၊ မတထောင် တကောင်ဘွားလို့ပဲ ပြောရမလား၊ ဘူးတဲ့နေရာမှာလဲ သူများနဲ့ မတူဘူး၊ ဘူးတယ်ဆိုလို့ တမျိုးမထင်နဲ့ .... မသိဘူး၊ မရှိဘူး၊ ဆိုတဲ့ ဘူးတွေပဲ အများဆုံးသုံးတတ်လို့ပါ၊ ဘူးတလုံးဆောင် အိုတောင် မဆင်းရဲဘူး ဆိုတဲ့ စကားပုံလိုပေါ့နော်။ နှာဘူးတော့ မဟုတ်ပါဘူး၊ နှာဘူးကျတာကတော့ သူလိုကိုယ်လိုပါပဲ ... ဟီး ... နှာဘူးမကျတတ်ပါဘူးလို့ ပြောရင်လဲ အခြောက်ထင်မှာစိုးရသေးတယ် ... ။
ဒါနဲ့ ဘာမဟုတ်တဲ့ စာတပုဒ်အတွက် ဘလော့လာပြီး အားပေးကြတဲ့ သူများ ဘာအလုပ်မှမရှိရင် ဘ ၁၀၀ပြည့်မပြည့် ရေတွက်ပေးသွားကြပါဦး။ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အပျင်းပြေအောင်ပါ။

18 Response to ဘ ၁၀၀
၂၀၀၉ အတွက် “ဘ”ဆု ကို ကိုအိမ်က ဆွတ်ခူးသွားပါတယ်ခင်ဗျား...... :P
=---------------------------------------------------------------------------------=
ကိုအိမ်ရေ အားရင်အားသလိုရေးဗျ၊
ဘာဖြစ်ဖြစ်
ဘာလုပ်လုပ်
ဘယ်ရောက်ရောက်
ဘာ တွေကို အားပေးနေမယ်ဗျး)
ZaunG
ဘ ၁၀၀ pyae' ma pyae ' tot ma thi buu
lu tot muu twar p :)
လမ်းကြုံရင်းနဲ့ တွေ့လို့
လာဝင်ဖတ်သွားတယ် ဆိုပါရစေတော့ ..
ဘာပဲဖြစ်ဖြစ်ပေါ့ ..
ဘလော့ရေးတာ
ကိုယ့်ရဲ့ စိတ်အပန်းဖြေမှု့ တစ်ခုပဲ ဆိုတော့
ဆက်ရေးပါ ...
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အားပေးတယ် ဆရာလေး
ပျောက်နေတာ ကျွန်တော် မအားတဲ့ ကြားက မေးပါတယ်ဗျား)
"ဘ" ပေါင်း ၁၁၈ (118) လုံး တိတိ ရှိကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ... ဘာရယ်မဟုတ် တစ်လုံးချင်းစီလဲ လိုက်မရေပဲ MS word က Find and Replace လေးကို အသုံးချပြီး ရေတွက်လိုက်ကြောင်း ..(ငှဲငှဲ.. မပိုင်လား) :)
ပထမတခေါက် ရေတော့ ၁၀၀ ကျော်တယ်။
နောက်တခေါက် ပြန်ရေကြည့်တော့ ၁၀၀ မပြည့်ပြန်ဘူး။
စာရေးသူ ကိုယ်တိုင်ပဲ ပြန်ရေကြည့်လိုက်ပါအုံးဗျာ...
းဝ)
အိမ်တို့ အခုတလော ဘယ်တွေရောက်ပြီး၊ ဘာတွေလုပ်လို့၊ ဘယ်ကိုများ သဝေထိုးနေသလဲလို့ လာမေးသွားပါတယ်.း))
ဘိုင် .
ဘလော့ဂင်ရင်း ဆက်လက်ပျော်ရွှင်နိုင်ပါစေ အိမ်ရေ။
အစ်မ၀ါ
ဘဘအိမ် ဘာတွေလည်းဆိုပီးဖတ်လိုက်တာ ဘာမှမဟုတ်တဲ့ ဘဘအိမ်ကြီး အကြောင်းရေးထားတာကို ....ဘယ်လိုကွန်မန်းပေး၇မှန်းမသိပေမဲ့ ဘာမှမဆိုင်ဘဲပြန်မသွားချင်လို့ ဘာလိုလိုညာလိုလိုနဲ့ ဘုမပြောရက်လို့ ဘာဘဲဖြစ်ဖြစ်ဆိုရေးလိုက်တယ်။
ဘာတွေများရေးထားတုန်းဆို လာဖတ်ပါတယ် ဘာမှလဲ မတွေ့ရပဲ ဘ တွေကြီးတွေ့နေရလို့ ငါ့တို့ ဘကြီး ကိုအိမ်တယောက် ဘဘကြီးများကို ဘလိုင်းကြီး ကြိုက်ခိုက်နေလားလို့ ဘာဘာညာညာ စဉ်းစားနေသေးတယ် ဘာမှ မဆိုင်ဘူးမပြောနဲ့နော် ဘာပဲဖြစ်ဖြစ် ဒီလိုရေးတာ ကောင်းတာပေါ့နော့်
ဘလာကြီး
တောင်ပေါ်သား
ဘာမှမဟုတ်ဘူး ဘာမှလဲ မဖြစ်ဘူး အပေါ်က ကောမန့်တခုက ကျနော် ဘာမှန်းမသိပဲ ရေးမိလို့ ဘယ်သူမှ မသိအောင် ကိုယ့်ဘာသာ ကိုယ်ဖြစ်လိုက်တာ ဘာမှမဖြစ်သွားဘူးမလား အဟေးးးး
လေးစားလျက်
တောင်ပေါ်သား
ဘ ထဲမှာ ဘူတာနားကို သွားပြီး ဘာဘူကြီးရောင်းတဲ့ ဘရာကြော်စားတာမပါဘူး လား :P
ကိုအိမ်ရဲ့ ဘကုန်းများနဲ့ ခေါင်းမူးအောင်ရေရင်း အမှန်မရလို့ ပြန်သွားပါပြီ
ဘ
ဘူ.......... =P
ဘယ်လိုရေးရေး
ဘယ်လိုတွေးတွေး
ဘာမှန်းမသိ
ဘာမှနားမလည်တဲ့
ခပ်ပိန်းပိန်းတစ်ယောက် လာဖတ်ပါတယ်...
=)
ဘ၁၀၀ကိုဖတ်ပြီး ၁၀၀ပြည့်မပြည့်တောင် မရေတွက်နိုင် တော့ဘူး။ ဘာပြောရမှန်းမသိအောင် ဘယ်လိုကြီးဖြစ်သွား မှန်းမသိလို့ ဘာမှမပြောတော့ဘူးလို့ဆိုချင်ပေမယ့် ဘာပဲဖြစ်ဖြစ် ဘာမှမစဉ်းစားပဲ ဘ၀မှာပျော်ပျော်နေပါ။း))
အဆင်ပြေပျော်ရွှင်ပါစေ ။
ဘကုံးတွေကို ဘုတောမလို့ လာတာပဲ။ ဘာမှ ဘုန်းလို့မရတာနဲ့ ဘူခနဲ မြည်ပြီး ဘန်းပစ်လိုက်တယ်
ဘဘ နေကောင်းလား ???? ဘဘပျောက်နေတယ်ကော?? :))
ဘ ဆရာ ဘာတွေ ပြောမှန်းမသိလို့ ဘာမှ မမန့်ခဲ့ချင်ပေမယ့် ဘာမဟုတ်တာနဲ့ ပြသနာ မဖြစ်ချင်လို့ ဘ ဆရာအတွက် ဘာမဟုတ်တဲ့ ကော့မန့်ပေးခဲ့တယ်.. ဘဝမှာ ဘာမှ ရေရေရာရာမရှိသေးတာကို ဘာပဲဖြစ်ဖြစ် ဘာမှ မဖြစ်ပါနဲ့ဗျာ.. နော်... ဘာမှ အားမပေးခဲ့တော့ဘူးဗျား.
ဘ အကြောင်းတွေကို ဘာတွေများရေးထားမလဲလို့ ဘာမသိ ညာမသိ ဘယ်နေရာကနေ ဘယ်လိုရောက်လာပြီး လာဖတ်မိမှန်းတောင် မသိတော့ပါဘူး ဘာပဲဖြစ်ဖြစ် ဖတ်လိုက်ရတာ အပျင်းပြေသွားတာပဲ ဘာတွေပဲလုပ်လုပ် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ဘလော့တော့ ဆက်ဂင်းပေးပါနော် ဟဲဟဲ....
ခင်မင်စွာဖြင့်
ဝိုင်း
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း