Sunday, March 07, 2010

အသည်းကွဲ ဇာတ်လမ်း

14
ဒီလိုမျိုး ဖြစ်လာမယ် ထင်ခဲ့တဲ့တာပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးလို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ အကောင်းဆုံးကို မျှော်လင့်ခဲ့တာပါ။ (ကိုယ့်ရုပ်မှ ကိုယ်အားမနာပြောထွက်တယ် ဒီစကား )

ချစ်တာ တခဏမဟုတ်ပါဘူး၊ တဘဝစာပါ။ ( အနူလက်နဲ့ ရွှေခွက်နိုက်ချင်တယ် ဆိုတာ အဲဒါပေါ့)

ယုံကြည်ပါလို့ အတင်းအဓ္ဓမ မပြောချင်ပေမဲ့၊ ယုံကြည်မယ်လို့ မျှော်လင့်မိပါတယ်။ (မယုံနဲ့ဟေ့... လျှာရိုးမရှိတိုင်း.. အဲလေ.. လက်အားတိုင်း လျှောက်ရေးနေတာ)




မလိမ်မညာပါဘူး၊ တကယ်အချစ်စစ်နဲ့ ချစ်တာပါ။ (ဖိုးသူတော်ကြီး ကြေးစည်ထုတာ ဘာသံထွက်သလဲ ဆိုတော့ မထင်... မထင် ..တဲ့)



စိတ်ကူနဲ့ရူးခဲ့ရတယ်။ စိတ်ကူးလေးနဲ့ မြူးခဲ့ရတယ်။ (အမှန်က နဂိုထဲက ရူးနေတာ)




ဒီလိုပြောရင် ယုံမှာလား.... ???????။ (မယုံနဲ့ အလကားလျှောက်ပြောနေတာ အဲလေ.. လျှောက်ရေးနေတာ)




ဆွတ်ယူဖို့ အခွင့်မရပေမဲ့ အဝေးကနေပဲ လွမ်းနေရတော့မယ်။ (အေးပေါ့ ... ရေးမှမကူးတတ်ဘဲဟာ)






အခုတော့ ........ (ဘာဖြစ်လဲ အခုတော့.... ဘာမှမဖြစ်မှန်း သိတယ် လိမ်မယ် မကြံနဲ့)


စိတ်ညစ်တယ် ...  (သေလိုက်လေ ဆွဲကြိုးချပြီး သွားသေလိုက်)




အမှန်က ဒီလိုနံ့နေတာဘာအသည်းမှ မကွဲဘူး....။









လောလောဆယ် လုံးဝကို မအားသေးတာနဲ့ ဘာမှမရေးဖြစ်သေးပါ။ ရေးထားတာ ကြာပြီဖြစ်တဲ့ ဒီပို့စ်လေး တင်ရင်း .... လာလည်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။


14 Response to အသည်းကွဲ ဇာတ်လမ်း

7 March 2010 at 20:07

အင်းအင်း....
မယုံဘူးးးးးးးးး

=)

စကားနားထောင်မယ်.... ခွိ

7 March 2010 at 21:45

မအားတာများ အွန်လိုင်းတက်ပြောရသေးတယ်နော်


အားအားနေပါ..

ရေလေးကူးလိုက်


အပြင်လေးထွက်လိုက်ပေါ့

7 March 2010 at 21:57

ငယ်ငယ်က ကိုယ့်ရည်းစားစာကို ကိုယ်တိုင်ပြန်သုံးသပ်ထားတာများလားဗျ...

းဝ)

8 March 2010 at 09:30

အော် ကိုအိမ် အသည်းကွဲနေတယ်..
ကွဲစရာ အသည်းရှိလို့လား ဗျ..။

9 March 2010 at 00:16

အယ် ဒီလူဂျီး ရေးထားတာ s ရမ်းမိုက်တယ် ကွာာာာ ဟားဟားးးးးးးးးးးး

9 March 2010 at 00:16

အသိပါဘူး ခေါင်းစဉ်ကြည့်လိုက်တော့ အယ် ကွဲပြန်ပဟ ဆိုပြီး ပျော်မလို့ရှိသေး အဲလေ အားပေးမလို့ရှိသေးတယ် ဟက်

9 March 2010 at 14:35

အသည်းကွဲရင် ကော်ရည်သောက်လို့ပြောမလို့ ဟုတ်လည်းဟုတ်ဘူး :P

10 March 2010 at 08:22

မယုံသလိုလိုပဲ :P

11 March 2010 at 23:51

ဆရာလေးရေ လည်လည် လာတယ် ပက်ပက် စက်စက် ရီသွားတယ်း)

12 March 2010 at 22:29

ကွဲတာတွေရှိရင် ပြန်စေ့နိုင်ပါစေ အစ်ကိုတော်..

18 March 2010 at 23:57

အသည်းကွဲဇာတ်လမ်းဆိုပြီး ကိုယ့်ကိုကိုယ်ပြန်ပြောနေတာ လားး))
သနားစရာလည်းမကောင်းဘူး။

21 March 2010 at 14:52

ဟိုက်ဒီလူ မဖြစ်သေးပါဘုး... ရည်းစားစာပြပြီး တိုင်ပင်မလို့ကို..တော်ပြီ.. ဟာဟ

မငုံ
26 March 2010 at 02:10

ကွဲနေတဲ့ အသည်းအတွက် ဆင်ကော် :)

7 April 2010 at 06:54

နောက်ဆုံးကြောင်ကြီး ကိုကြည့်ပြီး ရီချင်သွားတယ် ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း