Friday, August 21, 2009

အဆစ်

26
ဈေးဝယ်ရင် အဆစ်တောင်းတတ်တာမျိုး ကြုံဖူးကြမှာပါ။ တချို့လဲ ကိုယ်တိုင် ဈေးဝယ်ရင်း အဆစ်တောင်းဖူးကြ မှာပါ။ ဒီလိုအဆစ်တောင်းကြတာကလဲ ဈေးဝယ်သူဘက်က ပြောမယ်ဆိုရင် တချို့က အလေးခိုးသလို၊ တချို့ကျ ဈေးတင်တတ်ကြတော့ ဝယ်သူအနေနဲ့က အလေးခိုးတာလဲ မသိ၊ ဈေးတင်ထားတယ်ဆိုတာလဲ မသိဘူးလေ ဒီတော့ ဝယ်သူစိတ်ထဲ ဝယ်လဲဝယ်ချင်တယ်၊ မတန်မှန်းလဲ သိတယ်၊ အကယ်၍ အလေးခိုးထားတို့၊ ဈေးတင်ထားတာတို့ ရှိခဲ့ရင်လဲ ထေမိ၊ကာမိအောင် လုပ်တဲ့သဘောနဲ့ အဆစ်တောင်းတာတို့ ဈေးဆစ်တာတို့ လုပ်တတ်ကြပါတယ်။
အဲဒီလိုပဲ ရောင်းသူဘက်ကလဲ အမြတ်များများ ကျန်အောင်ရယ်၊ တချို့ဈေးဝယ်တွေက အဆစ်တောင်းတာတို့၊ ဈေးဆစ်တာတို့၊ အလေးခိုးမခိုး ကြည့်တာတို့၊ ဈေးမှန်ကို သိနေတာတို့ကြောင့် သူတို့ဘက်ကလဲ ထေမိ၊ကာမိပြီး အမြတ်ကျန်အောင် နည်းမျိုးစုံ သုံးကြပါတယ်။
ဒါကလဲ ပြောမယ်ဆို သူတို့လဲ ဒါနဲ့ စီးပွားရှာနေတာဆိုတော့ အပြစ်တော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ ဝယ်သူဘက်ကလဲ ပေးရတာနဲ့တန်အောင် နည်းမျိုးစုံသုံးပြီး ဈေးဆစ်တာတို့ အဆစ်တောင်းတာတို့ စသည်ဖြင့်ပေါ့ဗျာ လုပ်တတ်ကြပါတယ်။