Friday, July 01, 2011

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ

0
  ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ စာအုပ်ရှိလို့ မဖတ်ဖူး သေးသူများအတွက် ဗဟုသုတရစရာ၊ လေးစားအတုယူစရာ ကောင်းလွန်းတဲ့ ဗိုလ်ချုပ်အကြောင်း ဖတ်ဖူးတယ်ရှိအောင် ပြန်လည်တင်ပြလိုက်ပါတယ်။ ကျန်တဲ့ အပိုင်းတွေလဲ အချိန်ရရင် ရသလို ဆက်ပြီး တင်သွားပါမည်။

Wednesday, June 29, 2011

ကြာပြီ

1
ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဘယ်ကစရမှန်းမသိရင် အစကနေပြန်စပြောလို့တော့ မပြောလိုက်ပါနဲ့ အဲဒီအစက ဘယ်မှာမှန်း မသိတာကိုက ခက်နေတာ။ အင်း ... ပြောရရင်တော့စာတွေသိပ်မတင်ဖြစ်တာက စရမှာပါ။ ဘာလို့ မတင်ဖြစ်လဲဆိုတော့ အရိုးဆုံးနဲ့ အလွယ်ဆုံး လူသုံးအများဆုံး လူအထင်ကြီးဆုံး စကားနဲ့ ပြောရရင်တော့.. ဟုတ်ကဲ့ ကျနော်မအားလို့ပါ လို့ပဲပြော ရမှာပါပဲ။ ဘာတွေများ မအားနေတာတုန်းဆိုတော့ ... ကဗျာဆန်ဆန် စာဆန်ဆန်လေး ပြောရရင် ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းတွေ တွေးဆမျှော်မှန်း လုပ်ကိုင်ရင်း၊ မျှော်လင့်မထားတဲ့ ဘဝဇာတ်ဆရာရဲ့ မထင်မှတ်တဲ့ ဒေါင့်တွေကနေ အရှိုက်ကို ပစ်ပစ်သွင်းလားတဲ့ လက်သီးပုန်းတွေရဲ့ဒဏ် အလူးအလဲ ခံစားရင်း တန်ပြန် ထိုးနှက်ဖို့ ကာကွယ်ဖို့အတွက် လုံးပန်းနေရလို့ပါ။ ဒါတွေက တကယ်တော့ အဆန်းမဟုတ်ပါဘူး၊ လူတိုင်းကြုံတွေ့နေရတဲ့ ဘဝပါ။ ဒါဆို ဘာလို့ လျှာရှည်ပြီး ရှင်းပြနေသလဲဆိုရင်တော့ .. ဟုတ်ကဲ့ ပြစရာ အကြောင်းမရှိလို့ပါ။ ပြီးတော့ အထင်ကြီးခံရ နဲလား ...။