ဟုတ်ကဲ့ ပထမဦးစွာအနေနဲ့ ကျနော်စိတ်ဓာတ်ကျနေတာကို လာရောက်အားပေးခဲ့တဲ့ ဘလော့ညီအကို မောင်နှမတွေကိုရော အပြင်ကလူတွေကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။ တကယ်ကိုပဲ စိတ်ထဲရင်ထဲရှိတာတွေ ပြောသွား
ကြတော့ အရမ်းကိုပဲကျေနပ်ဝမ်းမြောက်ပီတိ ဂွမ်းဆီထိတအိအိနဲ့ကို ခံစားရပါတယ်။အခုလို ဂရုတစိုက်လေးနဲ့အားပေးသွားတာကို ကျနော်မမေ့နိုင်တော့ပါဘူးဗျာ။ တကယ်ပါ ဘယ်တော့မှ မေ့မရတော့ပါဘူးဗျာ။
အခုလိုကျေးဇူးတင်ရှိကြောင်း ပြောကြားပြီးပြီဆိုတော့ အမှန်ကိုပြောပြမယ်နော် မပြောခင် ထပ်တောင်းပန်ပါ
တယ် ညီအကိုမောင်နှမတွေရဲ့ စေတနာစကားကို စော်ကားလိုစိတ်နဲ့လုံးဝမဟုတ်ပါဘူးဆိုတာထပ်လောင်းပြောပါ
ရစေဗျာ။တကယ်ပါ လုံးလုံးအဲဒီစိတ်မရှိပါဘူး ပျော်စေချင်တဲ့ဆန္ဒလေးတခုပဲရှိပါတယ်။ ဒီအပျော်လေးက တခြား
အပျော်တွေနဲ့မတူပဲ ဒေါသထွက်ရအခက်၊ ဆဲဆိုပြောရအခက်နဲ့ ဝေခွဲရခက်စွာ ရယ်မောသွားမှာပါ။
ဆိုတော့ဗျာ...... အဟီး.... ပြောပြမယ်နော် စိတ်မဆိုးရဘူး စိတ်ဆိုးရင်ဘူဒါးကြီးကိုက်တတ်တယ်သိလား :D
ရေးမယ်နော်. စိတ်ဆိုးရဘူး။ဒီလိုပါဟိုမရောက် ဒီမရောက်ကျွန်တော်ဆိုတဲ့ပို့စ်ကိုအမှန်တော့ကျတော်သူများတွေ
ကိုအားကျပြီးရေးလိုက်တာပါခင်ဗျ။ ဒီလိုပါ မိန်းကလေးဘလော့အတော်များများကို ဘယ်ကမှန်းမသိတဲ့သူတွေ
ဝင်ရောက်နှောင့်ယှက်ပြီး မကြားဝံ့မနာသာတွေ ပြောဆိုသွားကြတာကို ကျန်တဲ့ ဘလော့ဂါတွေက၀ိုင်းအားပေး
ကြတာလေးတွေ တွေ့ရတော့ သူတို့လိုပဲ ကျနော်လဲ ဂရုစိုက်ခံချင်တာပေါ့နော် :D ဒါနဲ့စောင့်ကြည့်တယ် ကိုယ့်
လာပြီး စော်ကားမဲ့သူကမလာဘူးဗျ။သူတို့က ကျနော် မိန်းကလေးမဟုတ်မှန်းသိလို့လား ဒါမှမဟုတ် သူတို့ထက်
အဆဲသန်တယ်၊ ရန်စမီးရှာတတ်တယ်၊ သူတို့ပြောလဲ ကျနော်လိုကောင်က အရေထူပြီးသားဆိုတော့ ဘာမှမထူး
ဘူးဆိုတာသိလို့လားတော့ မပြောတတ်ဘူးဗျာ ဘယ်သူမှကို ဘာမှမပြောကြတာ လာလည်တဲ့သူအားလုံးကလဲ
လူယဉ်ကျေးသားသမီးတွေချည်းပဲ ဆိုတော့စကားတွေကယဉ်းကျေးကြတယ်လေ( :D ဖားထားတာ)ဒီတော့
စကားစဆွဲထုတ်ပြီး ပြဿာနာကရှာလို့ မဖြစ်ပြန်ဘူးဗျ တော်ကြာ ရှိတဲ့ ပရိတ်သတ်လေးလျော့သွားမှာလဲ စိုးရသေးတယ်လေ။ ဒါပေမဲ့ စိတ်တော့ မလျော့သေးဘူး ဂရုတစိုက်နဲ့ အားပေးစကားကလဲ ကြားချင်သေးတာဆို
တော့ဗျာ......။
ဒါနဲ့ အကြံတခုရတာနဲ့ ဟိုမရောက်ဒီမရောက်ကျနော် ဆိုတဲ့ပို့စ်လေးတင်ဖြစ်သွားတာဗျ။ :D :D:D
ကျနော့်အကြံမကောင်းဘူးလားဗျာ ဘလော့သူတွေကို နာမည်အမျိုးနဲ့ လိုက်နှောင့်ယှက်တဲ့သူတွေကိုဆော်သွား
သလို ကိုယ်လိုချင်တာလေးလဲ ရသွားတယ်လေ ဟီ။
ဒီလိုလေ ကျနော့်ဆီလာတဲ့သူတွေကလဲလူယဉ်ကျေးသားသမီးတွေချည်းပဲ ဆိုတော့ စကားတွေက ယဉ်းကျေး ကြတယ်လေဆိုတော့ သူတို့တွေက လူယုတ်မာတွေလို့ တဖက်လှည့်နဲ့ ပြောလိုက်တာပဲမဟုတ်လားဗျာ။
ဒီလိုလေးလဲ လှည့်ပတ်ပေးရသေးတယ် အပြောခံရသက်သာအောင်လေဗျာ ဟုတ်တယ်ဟုတ်........... :D