Saturday, December 27, 2008

ဖြစ်ရပ်မှန်

29
ဟုတ်ကဲ့ ပထမဦးစွာအနေနဲ့ ကျနော်စိတ်ဓာတ်ကျနေတာကို လာရောက်အားပေးခဲ့တဲ့ ဘလော့ညီအကို မောင်နှမတွေကိုရော အပြင်ကလူတွေကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။ တကယ်ကိုပဲ စိတ်ထဲရင်ထဲရှိတာတွေ ပြောသွား
ကြတော့ အရမ်းကိုပဲကျေနပ်ဝမ်းမြောက်ပီတိ ဂွမ်းဆီထိတအိအိနဲ့ကို ခံစားရပါတယ်။အခုလို ဂရုတစိုက်လေးနဲ့အား
ပေးသွားတာကို ကျနော်မမေ့နိုင်တော့ပါဘူးဗျာ။ တကယ်ပါ ဘယ်တော့မှ မေ့မရတော့ပါဘူးဗျာ။
အခုလိုကျေးဇူးတင်ရှိကြောင်း ပြောကြားပြီးပြီဆိုတော့ အမှန်ကိုပြောပြမယ်နော် မပြောခင် ထပ်တောင်းပန်ပါ
တယ် ညီအကိုမောင်နှမတွေရဲ့ စေတနာစကားကို စော်ကားလိုစိတ်နဲ့လုံးဝမဟုတ်ပါဘူးဆိုတာထပ်လောင်းပြောပါ
ရစေဗျာ။တကယ်ပါ လုံးလုံးအဲဒီစိတ်မရှိပါဘူး ပျော်စေချင်တဲ့ဆန္ဒလေးတခုပဲရှိပါတယ်။ ဒီအပျော်လေးက တခြား
အပျော်တွေနဲ့မတူပဲ ဒေါသထွက်ရအခက်၊ ဆဲဆိုပြောရအခက်နဲ့ ဝေခွဲရခက်စွာ ရယ်မောသွားမှာပါ။
ဆိုတော့ဗျာ...... အဟီး.... ပြောပြမယ်နော် စိတ်မဆိုးရဘူး စိတ်ဆိုးရင်ဘူဒါးကြီးကိုက်တတ်တယ်သိလား :D
ရေးမယ်နော်. စိတ်ဆိုးရဘူး။ဒီလိုပါဟိုမရောက် ဒီမရောက်ကျွန်တော်ဆိုတဲ့ပို့စ်ကိုအမှန်တော့ကျတော်သူများတွေ
ကိုအားကျပြီးရေးလိုက်တာပါခင်ဗျ။ ဒီလိုပါ မိန်းကလေးဘလော့အတော်များများကို ဘယ်ကမှန်းမသိတဲ့သူတွေ
ဝင်ရောက်နှောင့်ယှက်ပြီး မကြားဝံ့မနာသာတွေ ပြောဆိုသွားကြတာကို ကျန်တဲ့ ဘလော့ဂါတွေက၀ိုင်းအားပေး
ကြတာလေးတွေ တွေ့ရတော့ သူတို့လိုပဲ ကျနော်လဲ ဂရုစိုက်ခံချင်တာပေါ့နော် :D ဒါနဲ့စောင့်ကြည့်တယ် ကိုယ့်
လာပြီး စော်ကားမဲ့သူကမလာဘူးဗျ။သူတို့က ကျနော် မိန်းကလေးမဟုတ်မှန်းသိလို့လား ဒါမှမဟုတ် သူတို့ထက်
အဆဲသန်တယ်၊ ရန်စမီးရှာတတ်တယ်၊ သူတို့ပြောလဲ ကျနော်လိုကောင်က အရေထူပြီးသားဆိုတော့ ဘာမှမထူး
ဘူးဆိုတာသိလို့လားတော့ မပြောတတ်ဘူးဗျာ ဘယ်သူမှကို ဘာမှမပြောကြတာ လာလည်တဲ့သူအားလုံးကလဲ
လူယဉ်ကျေးသားသမီးတွေချည်းပဲ ဆိုတော့စကားတွေကယဉ်းကျေးကြတယ်လေ( :D ဖားထားတာ)ဒီတော့
စကားစဆွဲထုတ်ပြီး ပြဿာနာကရှာလို့ မဖြစ်ပြန်ဘူးဗျ တော်ကြာ ရှိတဲ့ ပရိတ်သတ်လေးလျော့သွားမှာလဲ စိုးရသေးတယ်လေ။ ဒါပေမဲ့ စိတ်တော့ မလျော့သေးဘူး ဂရုတစိုက်နဲ့ အားပေးစကားကလဲ ကြားချင်သေးတာဆို
တော့ဗျာ......။
ဒါနဲ့ အကြံတခုရတာနဲ့ ဟိုမရောက်ဒီမရောက်ကျနော် ဆိုတဲ့ပို့စ်လေးတင်ဖြစ်သွားတာဗျ။ :D :D:D
ကျနော့်အကြံမကောင်းဘူးလားဗျာ ဘလော့သူတွေကို နာမည်အမျိုးနဲ့ လိုက်နှောင့်ယှက်တဲ့သူတွေကိုဆော်သွား
သလို ကိုယ်လိုချင်တာလေးလဲ ရသွားတယ်လေ ဟီ။
ဒီလိုလေ ကျနော့်ဆီလာတဲ့သူတွေကလဲလူယဉ်ကျေးသားသမီးတွေချည်းပဲ ဆိုတော့ စကားတွေက ယဉ်းကျေး ကြတယ်လေဆိုတော့ သူတို့တွေက လူယုတ်မာတွေလို့ တဖက်လှည့်နဲ့ ပြောလိုက်တာပဲမဟုတ်လားဗျာ။
ဒီလိုလေးလဲ လှည့်ပတ်ပေးရသေးတယ် အပြောခံရသက်သာအောင်လေဗျာ ဟုတ်တယ်ဟုတ်........... :D

29 Response to ဖြစ်ရပ်မှန်

27 December 2008 at 02:46

ဟင်း ဟင်း လူယဉ်ကျေးသားသမီးလေးဆိုတာပါလို့ပေါ့
စောစောက ပြောပါလား ညီ့ နာမည်ပြောင်လေးနဲ့
လာကောသွားမှာပေါ့ ဟုတ်ဘူးလား
ဘာညာသာရကာပေါ့ အခုတော့ စိတ်ပူသွားတာပဲ
စိတ်ပူကခ မုန့်ဝယ်ကျွေး ဒါပဲ
ပြီးတော့ မြို့တက်ပြီး ကဲနေတယ်ပေါ့ ဒီကညီလေးကတော့
ဘာတွေများဖြစ်နေလဲ စီဘောက်လာလာအော်ရတာ
ဟွန်း နောက်တခါ ဘာဖြစ်ဖြစ် ဂရုစိုက်တော့ဝူး
ဒါပဲ

Anonymous
27 December 2008 at 07:51

အောင်မာ......လုပ်ထည့်လိုက်ရနာသွားမယ်
ထုထည့်လိုက်ရ ဖုသွားမယ်
အုပ်ထည့်လိုက်ရ မှည့်သွားမယ်
ကြောက်မလားလို့ ခြောက်ကြည့်တာ ကိုအိမ်ရေ့ တစ်ခါခါတော့ ကိုယ်ကဂရုမစိုက်ဘူးလို့ထင်မိပေမယ့် ဖွင့်မပြောပဲ ဂရုစိုက်တက်တဲ့သူတွေရှိပါတယ်။အဲ့ဒီတော့ကား နောက်နောင် ကိုယ့်ညီကိုမောင်နှမတွေ စိတ်ဆင်းရဲရမယ့် စကားမျိုးမပြောပါနဲ့လို့ အမှန်ဝန်ခံရရင်တော့ အဲ့ပို့စ်လေးဖတ်ပြီး စိတ်မကောင်းပါ ကိုယ့်အဖြစ်နဲ့လည်းတိုက်ဆိုင်လို့ ။ဘာပဲဖြစ်ဖြစ် ရှေ့ဆက်အဆင်ပြေ ပျော်ရွှင်ပါစေ ဘလော့ရပ်ဝန်းမှာ ဆက်လက် ပေါသွပ်ကြတာပေါ့ =) ဝေးလား မောင်ရိုးးး ၀ါးးးးးးးးးးးးးးးးးးးးးးးးးးးးးး

27 December 2008 at 11:01

နာထင်နေတယ်... အဟားဟား... နာထင်တဲ့အတိုင်းပဲ... လန်ကျုတ်ပါလို့... အဟတ်...

တော်ဘီ..နောက်ကိုထော်ဒေါ့ဖူး.... ဟွန့်.. လူဆိုး ..သူခိုး...ဂျပိုး.. :P လူကြီးကို တော်တော်နောက်... ဟတ်ဟတ်...

လူလိမ္မာသားသမီးလေးဆိုတော့ လူမိုက်တွေကို ခွင့်လွတ်ရတာပေါ့လေ.. မင်္ဂလာတစ်ပါး ဖြစ်သွားအောင်လို့... ဟားဟား.. :P :P

သတိထားနေဦးနော်... တော်နေ တကယ်လာဆဲနေကြဦးမယ်.. လူယုတ်မာတွေက ... ဟတ်ဟတ်.. :P

27 December 2008 at 11:26

အံမယ်လေးတော် ကျုပ်တို့ကစိုးရိမ်နေတာ ဘယ်နေ့မျက်စိရှုပ်တာသက်သာမလဲလို့ဟွန့်
မပြောလိုက်ချင်ဘူး ပြောကိုမပြောချင်ဘူး.....
မပြောချင်လဲ...ပြောရဦးမယ်...
နောက်တစ်ခါလုပ်ချင်သေးရင်....အမလာဆဲပေးမယ်ဟုတ်ပြီးလာ
လက်တို့လိုက်ပေါ့..ဟွန်းလူချိုး

27 December 2008 at 12:23

ဆက်ရေးပါနော်
အိမ်မရှိယင် ဘလော့က ဂိမ်သွားမယ်
အိုကေ

27 December 2008 at 12:36

တော်သေးတာပေါ့ဗျာ...
မဟုတ်ဘူးဆိုရင်ဘဲ..ကျေနပ်ပါတယ်ဗျာ...

27 December 2008 at 14:06

ကောင်းရော.. သူများတွေကို စိတ်ပူအောင်လုပ်တယ်.. နောက်တခါဆိုရင်တော့ နာမယ်..

27 December 2008 at 14:40

လာခဲ့ပါ ဒုတ်သာကောက်ခဲ့ပါ နာမယ်...

Anonymous
27 December 2008 at 14:45

ဘူဒါးကြီးရှိုဒါ ဘာဂျီးလဲငင်??း(
ဘူတာကြီးပဲကြားဖူးပါဒယ်။

27 December 2008 at 14:54

အောင်ညလေးလေး... သူကပဲ ဂရုစိုက်ခံချင်ရသေးတယ်
ဟွန့်...ကြောချင်ဘူး.....။

ခုတော့ကျေနပ်သွားပြီပေါ့ ဟုတ်လား..။
သည်တစ်ခါတော့ လူလိမ္မာပီပီသသ ခွင့်လွှတ်လိုက်မယ်
နောက်တစ်ခါဆို နာပြီသာမှတ်...။

27 December 2008 at 14:56

ကြည့်စမ်း..ဒီကအဟုတ်မှတ်လို့.တက်လည်းတက်ပါ့.ဟွန်း..ပြောချင်ဘူးနော်.

Anonymous
27 December 2008 at 17:00

အော်ဂလိုလား ဒီတစ်ခါတော့ ချစ်ခြင်းတို့ထိပြီ ။ ပြန်အလှိမ့်ခံလိုက်ရလို့လေ ။ ကောင်းပါပြီဗျာ နောက်တစ်ခါသာ မိန်းကလေးအုပ်စုထဲ ထည့်ထည့်မရေးပါနဲ့ ။

27 December 2008 at 17:42

အီတော်မီလွယ်တာပဲ
ဂရုစိုက်ခံရချင်လို့တဲ့ ... ဟင်းဟင်းဟင်း
နောက်တစ်ခါဆို အကိုအိမ်ကိုယုံတော့ဝူး

27 December 2008 at 18:31

ဘယ်သူလဲဝေ့ အော် သူခမျာ သနားပါတယ်...... သူများအားပေးတာခံချင်ချာပေါ့ဝေ့... စိတ်ရှိုးပါဘူးဝေ့.... ဟားဟား အကိုရေ ကျနော် သိနေတယ်နော့် ဟွန်းဟွန်း ဟွန်း..........

27 December 2008 at 19:16

အော်..ဖြစ်ပုံ..ဖြစ်ပုံ... မောင်အိမ်ရယ် .. အဖေ နဲ့ အမေကိုလဲ ဒုက္ခပေး ၊ ဘလော့ဂါ မောင်နှမတွေကိုပါ
စိတ်ဒုက္ခပေး ... တော်တော် ဆိုးတဲ့ ကောင်ကလေးပါ
လားကွဲ့။ ဟဲဟဲ.. တို့က လူဂျီး.. မို့လို့ လူကြီးလေသံနဲ့
ပြောသွားတယ်. နောက်ဆို နာမယ်။ ရှေ့ဆက် ဘာပြောပြော မယုံတော့ဘူး။ ဒါပဲ ...

27 December 2008 at 19:54

အိမ်တော့နော်..နာတော့မယ်..ဒီကောင်လေး..လူကြီးကိုစိတ်ပူအောင်လုပ်နေတယ်..ဟွန်း..မခေါ်တော့ဘူး.. :P

27 December 2008 at 20:42

အဟီး အကို အိုင်ဒီယာကတော့ ကောင်းတယ်ဗျာ
ဒီလူဂျီး ကမဟုတ်ကဟုတ်က ဆိုခေါင်းထဲကထွက်တယ်
!@#$%&^%)%)__*^$*)
ဟီးဟီး ဘာမှမဟုတ်ဝူးအပြောခံချင်တယ်ဆိုလို့ စတာနော်စိတ်ဆိုးရဘူး ဘူဒါးကြီးကိုက်လိမ့်မယ်

Anonymous
27 December 2008 at 21:28

ဟာဗျာ.. ဒီလိုမှန်းသိ ဒီပို့စ်အရင်ဖတ်ပါတယ် အရင်တည်းက မဖတ်ရသေးတဲ့ပို့စ်အဟောင်းတွေအရင်ဖတ်တတ်တဲ့ အကျင့်ကရှိနေလို့ ဟိုပို့စ်အရင်ဖတ်ပြီး အားတောင်ပေးမိသေးတယ်။ ဒီလိုမှန်းသိ မပြောပါဘူး... ဟွန်း အစ်ကိုအိမ် တော်တော်ဆိုး...

28 December 2008 at 00:20

ဒီလိုလား..ကောင်းရော..ဆော်ပါဗျာ..


တက်လူငယ်...

Anonymous
28 December 2008 at 01:08

ဦးဦးအိမ် အရှုတ်ပရုတ်။ ဘာမှန်းရဲတိဘူး။ မရဘူး။ ဦးဦးဂျယ်ပြောသရို စိတ်ပူခ အလျော်ပေး။

28 December 2008 at 05:37

ဒီလူ တော်တော်နောက်တာပဲ ။ လူကြီးတွေ စိတ်ပူအောင်လုပ်ရဘူးလေ။ အိမ်ပြန်တော့ သွားသွား ။ လိမ္မာတယ် ကောင်လေးက ။ :P
JK

28 December 2008 at 08:12

ဂလိုလား
ဒါဆိုနာလဲ ဘလော့မပိတ်တော့ဘူး
အစက အိမ်နဲ့တူတူ ဘလော့ပိတ်မလို့ဟာ
လူဇိုးပဲ

28 December 2008 at 08:44

အော. အဲလိုလား သူများသကာ ဆီကဂရုစိုက်တာ ခံချင်တာနဲ့ အဲလိုလုပ်တယ်.. တော်တော်ဆိုးတဲ့ အိမ် ..သွား... လူဆိုး. သူခိုး ဂျပိုး . ဒါးမြ ...ခါးပိုက်နှိုက်.. ဟိ..ဘာကျန်သေးလဲ.. :P

28 December 2008 at 10:49

ကိုအိမ်ကြီးကတော့ လုပ်ပြီ။
ဟ ...........ဟား။
ဟုတ်သားပဲနော်။
ဂရုစိုက်ခံချင်တာတော့ ယောင်္ကျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေးပါပဲ။
အမှန်ကို အမှန်အတိုင်းပြောတော့လည်း ကောင်းတာပေါ့။
နောက်ဆို တတ်နိုင်သလောက် ကိုအိမ်ကြီးကို ဂရုစိုက်ပါ့မယ်။
ဟိ ဟိ၊ မူကြိုကလေးလိုမျိုးလေ။
ဒါမစားနဲ့၊ ဟိုကို မသွားနဲ့၊ ဒီမှာ ထိုင်၊ ဟိုမှာ ရပ်။ ဟိ ဟိ၊ အဲလိုမျိုး ဂရုစိုက်မယ်သိလား။

Anonymous
28 December 2008 at 11:23

ဘာမှ ဓာတ်မကျနဲ့ ဆက်လုပ် ကိုအိမ်

29 December 2008 at 02:49

တကူတက ဂရုစိုက်ပြီး ပြေးလာပြောတာ။ တားတားလေးက လိမ္မာတယ်နော် နောက်ဆို ဒါမျိုးလုပ်ရဘူးနော်။ ဘလော့ဂါ မောင်နှမတွေ စိတ်ပူအောင် လုပ်ရဖူးနော်။ အေး ပြောမရဆိုမရ ဆိုရင်တော့ လာမဆဲဖူးကွ တိုင်ကီထဲ ဂရုတစိုက် အလုံပိတ်ပြီး ပင်လယ်ထဲ မြှောပစ်မယ် ဘာမှတ်လဲ။

29 December 2008 at 11:34

လာလည်တယ်ဗျ..
ကျွန်တော်လည်း ဘလော့စလုပ်နေတယ်..
တွဲခေါ်ပါအုံး..အဆင်မပြေတာတွေများနေတယ်
စာတွေရေးထားတာတော့အများကြီးရှိတယ်
ဘလော့ကိုစိတ်တိုင်းမကျသေးတာနဲ့
http://toadkyee.blogspot.com/
ကြည့်ပေးပါအုံး..ကလေးတော့ဆန်နေမယ်..
ဟာသတွေကိုအသားပေးမှာ..ကျေးဇူး

29 December 2008 at 12:41

ဟိုပို့စ်ကို မမန့်ခင် ဒီပို့စ်ကို ဖတ်မိသွားလို့နော်...
ဟင်းဟင်းဟင်းးး
ထမင်းမပါ... :P

Anonymous
29 December 2008 at 14:39

အိမ် အစုတ်ပလုတ်လေးပါလား
အကောင်းမှတ်ပြီးအားတွေပေးလို့
လူကြီးတွေကို အရှုးလုပ်တယ်
နယူးရီးယာည ကြမှ အော်မငိုနဲ့ တွေ့မယ်
ကြိမ်းပြီးသွားလို့ ပြန်ပြီ...

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း