Monday, December 29, 2008

စိတ်ကူးအတွေးများ

28
ကိုဂျယ်ကြီးကစလိုက်တဲ့ ပြဿာနာက အခုတော့သူတစ်ယောက် ထဲတောင်မဟုတ်တော့ဘူးနေ့အိမ်မက်မယ်ဂုမိ နဲ့မွန် မနီနီဝင်းတို့ပါ ၀ိုင်းတက်ထားကြတယ်ဗျာ။ ခက်တာက ကျနော်စိတ်
ကူးယဉ်ခဲ့တာတွေက များတော့ဘယ်ဟာရေးရမှန်းမသိဘူးဖြစ်နေတယ်ဗျ။ ဘာဖြစ်ဖြစ် ရေးရတော့မှာဆိုတော့ ရေးလိုက်ပါတယ်ဗျာ။
ကျနော်ဟာ ဘာကောင်မှသာမဟုတ်တာ စိတ်ကူးအတွေးကတော့ မြင့်မှမြင့်ပဲ။ဘယ်လိုပြောရမလဲဆိုတော့ လူ
နေချုံကြား၊ စိတ်နေဘုံဖျားဆိုတာလိုပေါ့ဗျာ။
တွီ..တွီ..တွီ..ဟယ်လို....... အော်..အင်းပြောသက်ကလေး(သက်မွန်မြင့်).....အော် လျှော့ပင်းထွက်မလို့လား
သွားလေ အိမ်မှာ


ဒီ၃စီးကျန်တယ်မဟုတ်လား ကြိုက်တဲ့ကားယူသွားလေ။ ပိုက်ဆံလား ကိုယ်မနက်ကပဲ ချက်လက်မှတ်နဲ့ ယူရို၃
သန်းရေးပေးခဲ့တယ်လေ မတွေ့ဘူးလား.. ကိုယ့်အလုပ်စားပွဲပေါ်မှာ တင်ခဲ့တယ် စာရွက်ဖိတဲ့စိန်တုံးနဲ့တောင်
သေသေချာချာဖိခဲ့တာ။အိုကေနော်........ ဒီနေ့လား..... သိပ်အဆင်မပြေပါဘူးကွာမနက်ကကုပ္မဏီအသွားလမ်း
မှာ ကားကဘာဖြစ်တယ်ပြောတတ်ဘူး စိတ်မရှည်တာနဲ့လမ်းမှာတွေ့တဲ့ကောင်းလေးကို ပေးလိုက်တယ်။
(သူများပေးလိုက်တဲ့ကားလေးပါ မပေးခင်အမှတ်တရ ဓာတ်ပုံလေးရိုက်ခဲ့လို့ အခုလိုပြနိုင်တာပါ)
ဟ... ဘာနှမျောစရာလဲကွာ ကားကဟောင်းနေပြီပဲ ကိုယ်လဲမစီးချင်တော့တာနဲ့အတော်ဖြစ်သွားတယ်။အဲဒါနဲ့
လမ်းမှာတွေ့တဲ့ ဆိုက်ကျဲဒိုးပဲ(ဆိုက်ကား)ပဲတားပြီးစီသွားတော့တယ်။ ညနေအပြန်လားမပူပါနဲ့ကိုယ့်ရဲ့သက်တော်
စောင့် ရဟတ်ယဉ်နဲ့ပဲပြန်လာခဲ့မယ်။

ဆေးလား သောက်ဖြစ်ပါတယ် အခုနေ့လည်တော့ မသောက်ရသေးဘူး မိတင်းရှိလို့ ထမင်းတောင်မစားရသေး
ဘူးကွာ။စိတ်ပူပါနဲ့ကွာ သောက်မှာပါ..... ကိုယ်တိုင် လာဆေးတိုက်မလို့..... ကောင်းတာပေါ့မိန်းမရ မင်းတိုက်
တဲ့ဆေးဆိုပိုပြီးတောင် အာနိသင်ရှိတာပေါ့ကွ လာခဲ့နော်စောင့်နေမယ်...ဘိုင်... အိုင်လက်ဖ်ယူ.......။
ကဲ............ လူကြီးမင်းများအနေနဲ့ ဘာများတင်ပြစရာ ရှိပါသလဲ မရှိဘူးဆိုရင် အဆုံးသတ်လိုက်ကြရအောင်
ဟုတ်ကဲ့... အားလုံကို အထူးပဲကျေးဇူးတင်ပါတယ် နောင်ကိုလဲ ကျနော်တို့ကုပ္မဏီကို ယခုထက်ပိုပြီးဆိုးတက်
အောင် လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကြံပေးအရာရှိ မစ္စတာဂျော့စ်ဘုရှ်ရေ ကျနော်ပင်ပန်းနေလို့ ကျနော့်အလုပ်ခန်းထဲ သွားနားလိုက်ဦးမယ်ဗျာ။
ခင်ဗျားပဲ ကြည့်လုပ်လိုက်ပါ လိုအပ်တာတော့ လာပြောဗျာ... သွားဦးမယ်။
ဒေါက်. .ဒေါက.် .ဒေါက်... ဘယ်သူလဲ အော်....ဆရာမလာလေ .............
အိမ်ကလေးရေ ဆေးသောက်ရမယ်နော် အချိန်ကျပြီ။
ဟာဗျာသောက်ချင်ဘူး ချာမတိုက်ရင်သောက်ဘူး သက်မွန်မြင့်ခုနကပဲဖုန်းဆက်တယ် သူကိုယ်တိုင် လာ
တိုက်မယ်တဲ့ သူ့ကိုစောင့်မယ်။
အိမ်ကလေးကလိမ္မာပါတယ်ကွာသောက်လိုက်နော် သက်မွန်မြင့်ကရှုတင်ရှိလို့တဲ့ အခုပဲဖုန်းဆက်လို့ ဆ၇ာမလာတိုက်တာပေါ့ကွယ် ပြောမရရင် ချုပ်ထားမှာနော်ဒါပဲ............။
သောက်ဘူးဗျာ။ ကဲပြောမရရင်တော့ ဆရာတို့ရေ လာချုပ်ပေးပါဦးဒီမှာ မသောက်ဘူးလုပ်နေလို့။
ဘယ်ကောင်လဲကွ ငါလိုသက်မွန်မြင့်ယောကျာင်္း ကုပ္မဏီပိုင်ရှင်သူဌေးကို ဆေးလာချုပ်တိုက်မှာ။ဘယ်မှာလဲငါ့
ရဲ့သက်တော်စောင့်တွေ ဒီဆရာမဆိုတာကို ငါ့အခန်းထဲက ခေါ်ထုတ်သွားစမ်းကွာ မျက်စေ့ရှုပ်တယ်....။
ဟာ...ဟာ...ဟေ့ကောင်တွေလူမှားနေပြီကွ လွှတ်စမ်း ငါ့ကို လွှတ်စမ်း
အား.......... ကယ်တော်မူကြပါဗျို့......................
ဒေါက် ဒေါက် ဒေါက်ကနေစပြီး စိတ်ကူးအတွေးတွေ မဟုတ်ပါဘူး။ အပေါ်ကစာတွေဖတ်ပြီးကျနော့်ကိုအရှုးလို့
ဝိုင်းပြောမယ်မှန်းသိလို့ ကိုယ့်ဟာကိုယ် ကြိုရေးလိုက်တာပါ။ :D :D

28 Response to စိတ်ကူးအတွေးများ

29 December 2008 at 23:07

ကိုအိမ်ကတော့ လုပ်ပီ စိတ်ကူးတာပဲ
ကြိုက်တာယဉ်ပေါ့ ရပါ့
ဂွတ်၏ ဂွတ်၏ ပထမဆုံး လာဖတ်တယ်

Anonymous
29 December 2008 at 23:08

အလကားရတာပဲ ယဉ်သာယဉ် စိတ်ကူးပြောပါတယ် ကားတစ်စီးလောက် ခဏငှား လမ်းထိပ်မှာ ကွမ်းယာသွားဝယ်မလို့ =)

29 December 2008 at 23:11

ကိုအိမ်ရေ စိတ်ကူးကတော့ ကောင်းပါ့ ကားသစ်လေးနဲ့ သက်မွန်မြင့်လေးနဲ့ စကားမစပ် အဲဒါ ကျနော် အရင် ကောင်မလေးဗျ ဟီးးးးးးး

Anonymous
30 December 2008 at 00:44

အောင်မာ အောင်မာ.. မသက်နာမည်ကို အလွဲသုံးစားလုပ်နေလိုက်ကြတာ။ တွေ့မယ်.. ဒီစာတွေအားလုံး ကော်ပီပြီး မသက်မေးလ်ကို ပို့လိုက်ပြီ။ ဟွင်း.. ဟွင်း.. နာတွ.. ဘယ်လိုတုန့်ပြန်မလဲတော့ မကြာမီ.. လာမည်.. မျှော်.. ငှဲငှဲ။းP

30 December 2008 at 01:27

ရပ်ဖို့နားဖို့မစဉ်းစားနဲ့
တက်ထားတယ်
စိတ်ကူးယဉ်တယ် တဲ့
ရေးအုံး

30 December 2008 at 01:43

စိတ်ကူးယဉ်ထားတာ ပက်ပက်စက်စက်ပါပဲလား
ပိုးစိုးပက်စက်ရယ်ရတယ်
ကားတွေကလန်ထွက်နေတာပဲ
အိမ်ယဉ်တဲ့စိတ်ကူးကတယ်လဲရူးပါလား
ဂွတ်တယ်
ဆက်လက်ရေးဖွဲ့ပါနော်
အားပေးတယ်

30 December 2008 at 02:10

ကိုအိမ်ကြီးလိုကျနော်လဲယဉ်ကြည့်ဦးမှပဲ...မိုက်တယ်ဗျာ နှိပ်သဟ...

Anonymous
30 December 2008 at 03:14

ဦးဦးအိမ်... ဖြစ်ရမယ်... pyschosis လား၊ neuosisလား... တစ်ခုခုပဲနေမှာ..... :P :P :P

30 December 2008 at 07:37

ဟ ဟား၊ စိတ်ကူးယဉ်တာကတော့ ရှယ်ပဲ။ ကားတစ်စီးလောက် ပေးပါလား။ ပြိုင်ကားလိုချင်လို့။ သက်တော်စောင့်တစ်ယောက်ကော....... နော်။
ဟိ ဟိ၊ ကိုအိမ်ကြီးကို ဆရာမ ဆေးမတိုက်ခင်ပေးနော်။ တော်ကြာ မေ့သွားအုန်းမယ်။ :P ;P

30 December 2008 at 08:50

ရေလည်မိုက်တယ်ကွာ
တပတ်အတွင်းရေးပေးလို့ သက်မွန်မြင့်နဲ့ တကယ်ဖူးစာစုံနေရင် ဘိုလိုလုပ်မလဲ
ဘလော့ဆက်မရေးတော့ဘူးလား ပြောပါဦး
နောက်ဆုံးဆေးသောက်မထားဘူးထင်တယ်ပြောမလို့ဟာ သူကဦးအောင်ပြောထားလို့ ဟားဟား
အကြံပိုင်တယ်

30 December 2008 at 09:24

ကိုယ့်ကိုယ်ကို သိတယ်ဆိုတော့ အခြေအနေက မဆိုးပါဘူးလေ... :P

Anonymous
30 December 2008 at 10:54

ရေးလည်းရေးတတ်ပါပေတယ် အိမ်ရယ်
အူတွေလည်းနာ နောက်ဆုံးကိုယ့်အခြေအနေကိုသိတယ် ဆိုတော့ ဟီး မဆိုးသေးဘူး...

30 December 2008 at 12:17

သာဓု၊
သာဓု၊သာဓု၊
သာဓု၊သာဓု၊သာဓု၊............

Anonymous
30 December 2008 at 12:22

ငါ့ သက်သက်လေး နေမှ ကောင်းရဲ့လား တိဝူး.. ကိုအိမ်ရာ.. လုပ်ရက်တယ်ဂျာ... ခွင့်လွတ်တယ်.. ၀ဟဲ ဟဲ..

30 December 2008 at 12:46

သိသားပဲနော်
စိတ်ကူးယဉ်တာကတော့ ရှယ်ကိုယဉ်တာ
သက်ကလေးတဲ့ ဟင်းးးးးးးးးးးးးးး
ကားတွေကလည်း မနဲ
ပိုက်ပိုက်သာပေးပြီး စိတ်ကူးယဉ်ရလို့ကတော့ အကိုအိမ်တို့ မွဲမှာပဲ :P
ပို့စ်ရေးထားပုံကတော့ မိုက်တယ်
ရယ်သွားပါရယ်ဂျို့ :P

30 December 2008 at 13:02

ဖတ်ရတာ တယ်အရသာရှိတယ်ဗျာ..

:P

Anonymous
30 December 2008 at 14:15

ဟားဟားဟား ရီရတာအူတောင်နာတယ်။ :D

30 December 2008 at 16:13

အမလေး အမလေး.. ကျုပ်အိပ်က ကားတွေ ပျောက်သွားပါတယ် မှတ်တာ .. ဒီအိမ်မှာ ရောက်နေတာကိုး.. ဟားဟား....

အေးအေး..ခဏတော့ ယူထား.. ဟုတ်ပြီလား.. အိမ်မှာ ထားဖို့ကလည်း ပါကင် နေရာ အခက်အခဲရှိတော့ ခဏတော့ သိမ်းထားပေးပေါ့ နော်... ဟိဟိ... :P :P

30 December 2008 at 17:13

ပညာရှိရှာတယ်တော့ ကောင်လေးက..
သူများတွေ မအော်ခင်ကြိုတင်အော်တယ်ပေါ့
မေ မကြိုက်လို့ပြစ်ခဲ့တဲ့ကားသူစီးနေတာကို..
ဟီဟီ

31 December 2008 at 01:01

ဟိဟိ လာဖတ်သွားတယ် တော်ပါသေးရဲ့ အနော် လက်ဆောင်ပေးမယ့်ကားများပါနေလားလို့ ပြေးလာကြည့်တာ LAS VEGAS ရောက်ရင် ၀င်ခဲ့ပါအုံး Mandalay Bay မှာ ဧည့်ခံမလို့

31 December 2008 at 02:50

အဟဲ ကားတစ်စီးလောက်လိုချင်လို့  ငှားမလား။ တခြားဟုတ်ဘူး သက်သက်ကို အဲဒီကားစီးပြီး တော်ကီသွားပွားမလို့  ဘယ်လိုလဲ ငှဲငှဲ။

Anonymous
31 December 2008 at 05:12

ရယ်ရတယ်ဗျို့ ။

31 December 2008 at 11:48

အင်း... ပေါ့ပေါ့လေးနဲ့ ပေါသွားတာ မိုက်တယ်ဗျာ..

Anonymous
1 January 2009 at 12:41

ဟာဟ အကိုအိမ်ကြီး ကတော့ကွာ တကယ်ရယ် ရတယ်။

အဲဒီစိတ်ကူးထဲကအတိုင်းဖြစ်ရင် ကျနော်ကတော့ ကျန်တာမလိုချင်ဘူး စာရွတ်ဖိတဲ့ စိန်တုံးပဲ လာတောင်းမှာ ( ကလေးတွေနဲ့ ဂေါ်လီ ပစ် မလို့ :P )

2 January 2009 at 02:32

ဖတ်ရတာ ပျော်စရာကောင်းသားဗျ အဟတ်
ကိုအိမ်ကြီး နည်းနည်းတော့လျှော့ဗျို့

2 January 2009 at 07:54

တော်တော်ရီရတဲ့စိတ်ကူး Mr. Home တို့ကသူများနဲ့မတူလိုက်ရမှ.. ဟီးဟီး..
တစ်စီးလောက်ပေးပါလား.. ဟင်..

4 January 2009 at 20:29

ဟဟဟ
အရမ်းရီရတယ်..တော်တယ်ကွာ အိမ်ကတော့ ဒါကြောင့် ငါ့သူငယ်ချင်းဖြစ်နေတာ..ဟိဟိ
ငါလည်းစိတ်ကူးယဉ်ထားတယ်

ဝက်ဝံလေး
21 August 2009 at 17:02

ဟေ့လူကြီး ဖတ်ပြီးရယ် သွားတယ် ဗျ ခွီးးးခွီးးးးး

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း