Saturday, January 03, 2009

နှစ်တစ်နှစ်ရဲ့နောက်ဆုံးည

30
ကိုရှင်းသန့်တက်ထားတယ်ဆိုလို့ ရေးလိုက်ပါတယ်ဗျာ သူတက်ထားတာကနှစ်တစ်နှစ်ရဲ့နောက်ဆုံးညတဲ့ အခုရေးလိုက်တာ ဆိုင်လား မဆိုင်လားတော့ မသိဘူး ဇွတ်ချရေးလိုက်ပါတယ်ခင်ဗျာ။
သူများတွေတော့ အတော်ပျော်ကြမှာပဲ။နိုင်ငံတကာမှာလဲ ပျော်ပွဲရွှင်ပွဲကြီးတွေနဲ့ တကယ်လဲပျော်ဖို့ကောင်းပါ
တယ်။တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ ညဟာ နေ့ခင်းအလား ရောင်စုံမီးတွေထွန်းညှိလို့။နှစ်သစ်ကိုကူးသွားတော့
လဲမီးရှုးမီးပန်းကြီးတွေ ပစ်ဖောက်လို့ နှစ်သစ်ကို ကြိုဆိုကြပြန်ပါတယ်။
ကျနော်ကတော့ အိမ်အိုလေးထဲမှာပဲ တစ်ယောက်ထဲ နှစ်ဘယ်အချိန်ကသစ်သွားလိုက်မှန်းတောင် မသိလိုက်
ပါဘူး။ကျနော့်အတွက်တော့ အားလုံးရဲ့ အဝေးမှာ တကိုယ်ထဲအထီးကျန်စွာနေရတဲ့သူဆိုတော့ နှစ်သစ်မှရယ်
မဟုတ်ဘူး နေ့သစ်တိုင်းကို အဖော်မပါတကိုယ်ထဲ ကြိုဆိုခဲ့ရတာဆိုတော့ မထူးဆန်းတော့ဘူးပေါ့ဗျာ။
ပြီးတော့ နေ့သစ်တခါရောက်တိုင်း၊ နှစ်သစ်တခါကူးတိုင်း စဉ်းစားမိတာကတော့ .................................................
အော်.......... ငါသေဖို့ တစ်ရက်၊ တစ်နှစ်နီးလာပါပကော..... လို့ပဲတွေးမိတယ်ဗျ။တွေးမိတိုင်းလဲ တုန်လှုပ်ချောက်
ခြားမိတယ်ဗျာ။ ကိုယ့်ဘက်က သေဖို့ ဘာမှအဆင်သင့် မဖြစ်သေးဘူးလေဗျာ။သေရမှာကြောက်လို့တော့မဟုတ်
ပါဘူး လူဆိုတာသေမျိုးပါ တနေ့တော့ လူသားအားလုံးဟာ မိမိပိုင်ဆိုင်တာမှန်သမျှကို ကျောခိုင်းစွန့်ခွာသွားကြ
ရမှာပါ။ ဒါပေမဲ့ပေါ့........... သမိုင်းပေးတာဝန်မကျေသေးဘူးလေဗျာ ဒါလေးတော့ လူသားတစ်ယောက်အနေနဲ့
ကျေပြွန်စွာ ထမ်းဆောင်သွားချင်တာပေါ့နော် နို့မို့ဆို အသေမဖြောင့်ပဲနေမှာ။ ဒီသမိုင်းပေးတာဝန်မကျေပြွန်ရင်
ကျနော့်မျိုးရိုးဂုဏ်သိက္ခာညှိးမှာလဲ စိုးရသေးတာကိုးဗျ နော်မဟုတ်ဘူးလား။မြန်မာလူမျိုးတစ်ယောက်အနေနဲ့လည်းကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်အောင် တာဝန်ထမ်းရမှာ ကျနော်တို့တာဝန်ပဲလေဗျာ။

အဲဒါဘာလဲသိလား....................... ....ကျနော်မိန်းမယူတော့မယ်လို့ပြောတာ ဟီးဟီးဟီး
ဟုတ်တယ်လေ လူသားတစ်ယောက်ရဲ့သမိုင်းပေးတာဝန်က မျိုးဆက်တွေထားခဲ့ရမှာလေ နို့်မို့ဆို လူမျိုးတုံးသွားမှာပေါ့ဗျ ။ဟုတ်ပါတယ်နော်........ ငှီးငှီးငှီး။ ဒါပေမဲ့အခုထိရှာမတွေ့သေးတာခက်တယ်ဗျာ။ :D :D :D

30 Response to နှစ်တစ်နှစ်ရဲ့နောက်ဆုံးည

3 January 2009 at 08:01

နှစ်တစ်နှစ်ရဲ့နောက်ဆုံးညလေး လာဖတ်သွားတယ်နော်။ ကိုအိမ် တစ်ယောက်တည်းပဲအထီးကျန်တယ်ဆိုတာကတော့လည်း ဘဝပေးအခြေအနေအရအဝေးမှာနေအရတစ်ယောက်တည်းနေနေရတာပဲမဟုတ်လား။ သမိုင်းပေးတာဝန်အရ မိန်းမယူမယ်ဆိုတော့လည်းကောင်းတာပေါ့ဗျာ။ဟီးးးးးး ပျော်ရွှင်ဖွယ်ရာနှစ်သစ်လေးဖြစ်ပါစေဗျာ။ နှစ်သစ်မှာချစ်တဲ့သူနဲ့အတူတူနေနိုင်ပါစေဗျာ

3 January 2009 at 09:23

အိမ် ရဲ့ ပုံကိုမြင်ပြီး ကြောင်မလေးတွေ ဝေးဝေးရှောင်
ကြပြီထင်ပါရဲ့.. ရည်းစားရဘို့ မီလွယ်ဘူးထင်ပါရဲ့ အိမ်
ရယ်.. ဟီးးးးးးးးးးးးးးးးးး

နှစ်သစ်နဲ့ အတူ ပျော်ရွှင်ပါစေ။
ချောမောလှပ လိမ္မာပြီး ချစ်စရာကောင်းသော ချစ်သူ
ညီမလေးတစ်ယောက်နဲ့ အမြန်ဆုံး ဆုံနိုင်ပါစေ။ :D

အစ်မ၀ါ

3 January 2009 at 10:42

တာဝန်တွေကျေပွန်စွာထမ်းဆောင်နိုင်ပါစေနော်
ချစ်သူချောချောလေးနဲ့ဆုံတွေ့နိုင်ပါစေ

3 January 2009 at 10:43

လာရောက်ခဲ့သူများထဲ မှာ 05554 ဖြစ်နေတာနဲ့ နောက်တစ်ခေါက်ထပ်လာလိုက်တယ။်
ငါကွ 05555

3 January 2009 at 10:45

အဲဒါမျိုးပေါ့ မုန်ဆီကြော်နဲ့နှူတ်ခမ်း အနာနဲ့တည့်ပါ့မလားဆိုတာ
ဟော မိန်းမလဲ ယြူ့ပီးရော။။။
ကလေးမရရင် ဘယ်နှယ့်လုပ်မလဲ..မျိုးဆက်အတွက်..ဟိ

Anonymous
3 January 2009 at 10:46

မောင်ငယ်အိမ် အတွက် ညခင်း စလိုက်ရှိုးက ကိုရီးယားမင်းသမီးလေး တွေ နှစ်သစ်လက်ဆောင် အဖြစ်ပေးတယ်...လာယူ ဟီးးး
သမိုင်းပေးတာဝန် အမြန်ကျေအောင်လို့
နှစ်သစ်မှာပျော်ရွှင်ပါစေ။

3 January 2009 at 11:02

နှစ်သစ်မှာ သမိုင်ပေးတာဝန်ကိုကျေပွန်နိုင်ပါစေရှင်
ချစ်သူလည်းရပါစေ ( ဥစ္စာချော၊ ရုပ်ပေါ ) လေး :P

Anonymous
3 January 2009 at 11:50

လေးစားပါတယ် နိုင်ငံ့သားကောင်း ပီသတယ်း)

3 January 2009 at 12:04

အွန့်.. ဖတ်ရတာ ဟုတ်မလိုလိုနဲ့ နောက်ကျ မိန်းမယူတော့မယ်တဲ့... ဖြစ်ပုံ..ဖြစ်ပုံ... သာဓုခေါ်ပေးရမယ့်သူတောင် ဘယ်လိုလုပ်ပေးရမှန်းမသိတော့ဘူး... ဟတ်ဟတ်။.. :P


ဟတ်ဟတ်... မိန်းမယူတော့မယ်တဲ့... ရုပ်ကြမ်းကြီးနဲ့ နွဲ့တော့မယ်... ဟတ်ဟတ်.... ဒါဆို သွားပါပြီ 2009တော့... အင်း... ဗေဒင်ဆရာလက္ခဏာဆရာတွေက ပြောတာပဲ.... 2009မှာ ရုပ်အဆိုးဆုံး လူကြမ်းမင်းသားတွေ စွံမယ်ပြောတာပဲ...ဟဲဟဲ... ဘာမှ မပူနဲ့ ဦးဦးအိန်... ဟတ်ဟတ်... :P :P

ဟိုတခါကလည်း မဒမ်ချင်ပန်ရာဇီလေးနဲ့ မဂ်လာဆောင်ပြီး ပြီ မဟုတ်လား... အခုထပ်ဆောင်ဦးမလို့လား ... :P

တော်နေ မျိုးဆက်လေးက မဒမ်အိမ်လို ရုပ်ဆိုးပြီး ဦးဦးအိန်လို ပေါနေမှခက်မယ်နော်... :P :P


2009မှာ ဦးအိန် အမြန်ဆုံး စွံပြီး (မျက်စိမဟုတ်နော်..:P)ဇနီးကောင်း တယောက်ကို ပိုင်ဆိုင်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... မျိုးဆက်တွေလည်း အများကြီး ပိုင်ဆိုင်ရရှိနိုင်ပါစေ....... :P

Anonymous
3 January 2009 at 12:55

ကိုအိမ် ပြောသလို၁နှစ်ကုန်ရင် ၁နှစ် အသက်ကြီးလာပြီး သေဖို့နီးလာတယ်ဆိုတာ မှန်ပါတယ်
ကိုအိမ်လည်း အမြန်စွံ့ပါစေ

3 January 2009 at 13:03

ဒါမှ တို့မြန်မာကွ.. ဟဟား

3 January 2009 at 13:36

သြော် ကိုအိမ်လဲ သမိုင်းပေးတဲ့ တာဝန်ကို တော်တော် ထမ်းဆောင်ချင်စိတ်တွေ များနေပေါ့ ဟား ဟား နှစ်သစ်လေးမှာ အမြန်ဆုံး ဒီတာဝန်ကြီးကို ထမ်းဆောင်နိုင်ပါစေကြောင်း အကိုရေ

Anonymous
3 January 2009 at 15:07

ကိုကြီးအိမ်ရေ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားအောင် ဆိုပြီး အရမ်းကြီးလည်း မကြိုးစားနဲ့အုံးနော် ဟီဟိ :p ။
တော်နေ .... ဘလော့ဂါ ဆုရနေမှာ ဆိုးလို့ :P ။

လကားနောက်တာပါခင်ဗျာ
ကိုကြီးအိမ် ရဲ့ ရူပါနဲ့ ဆို သက်သက် လို ပုံမျိုး ၊ယောက် ၂၀ လောက်ရနိုင်ပါတယ် ဗျ ။ စိတ်ဓါတ်မကျပါနဲ့ ဟီးးးးးး ။

တက်ခ်တာ ဖြေပေးတဲ့အတွက်လေး အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။ ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် ။ :P

3 January 2009 at 15:22

အမျိုးသားရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ပါစေ...

3 January 2009 at 18:05

အော် အော် အမျိုးသားတာဝန်ကျေချင် သူကြီးပေါ့
ခက်တာက တာဝန်ထမ်းဆောင်စရာ မရှိတာ
ဟုတ်တယ်ဟုတ် ဟီးးးး
ဘာမှ မဟုတ်ဘူး စဖတ်တည်းက သိသားပဲ
ကြော်ငြာနေမှန်း နှစ်သစ်မှာ ကြော်ငြာလိုက်တာပေါ့လေ
အမြန်ဆုံးပြည့်ဝပါစေ အကိုအိမ်ရေ

3 January 2009 at 18:29

ဘာများလဲလို့ ........ ဟင်း (ထမင်းမဟုတ်ပါကြောင်း :P )
အကိုအိမ်ပြောတာလဲ ဟုတ်ပါတယ်
ဆုတောင်းပေးပါတယ်ရှင်
ချစ်တဲ့သူနဲ့ လက်တွဲခိုင်ပါစေလို့
:)

3 January 2009 at 19:03

အဟဲ ကျနော့်ကိုလည်းခေါ်ဗျ အကိုအိမ် ဟားဟား

3 January 2009 at 19:22

ကိုအိမ်ရေ..
အစ်ကိုက ချောပြီးသားပါဗျ..အစ်ကို ဂျီးများနေလို့ဖြစ်မှာပါ။ ဒါမှမဟုတ် ရတာမလို လိုတာမရ ဖြစ်နေလားမသိဘူး။ အစ်ကို အမြန်ဆုံးတာဝန်ကျေပါစေ..

တာဝန်မကျေသေးတဲ့
ပုလုကွေး

3 January 2009 at 23:27

မောင်လေးအိမ်ရေ...အဆင်ပြေစေချင်ရင်အမဆီမှာလာကြည့်
ကြိုက်ရင်တော့တစ်မျိုးလာမယ်ပေါ့..ဟဟဟ

4 January 2009 at 07:40

ဖြစ်ပါ့မလား ကြည့်ကြတ်လုပ်ဦးနော် ကိုအိမ်။
မျက်နှာပျက်စရာတွေ ဖြစ်နေမယ်။ အကောင်အထည်မပေါ်မှ။ :P

4 January 2009 at 14:47

ဟေ့လူကြီး
အတည်ပေါက်ရေးထားရင် ကျုပ်တော့ ကြောက်တယ်
နောက်တစ်ပိုစ့်ရေးပြီး မဟုတ်တော့ဘူးဆိုမှာ စိုးလို့။
:D

4 January 2009 at 16:59

အိမ်စွံပါစေကြောင်းဆုမွန်ကောင်းတောင်းပေးမယ်
ဝိတ်လျှော့လိုက်ရင်အိုကေမယ်ထင်တာပဲ
ဒီလောက်ပျော်နေမှတော့မယ်မဒီတွေကရွံ့ကြောက်နဲ့
ဖြစ်နေကြတာထင်ပ.........
နှစ်သစ်မှာအိမ်စွံပါစေ။

Anonymous
5 January 2009 at 00:31

အမ်း.. လူနောက်ကြီး။ ခံလိုက်ရပြန်ပြီ။ အတည်အောက်မေ့ပြီး ဖတ်လာတာ... အဟင့်။ မြန်မြန်သမိုင်းပေးတာဝန်ထမ်းဆောင်နိုင်ပါစေချင့်။

5 January 2009 at 10:11

ဒီတာဝန်မျိုး ကတော့ကျေသင့်တယ်ဗျာ
ဟီးဟီး ကျနော်တို့ကတော့ တဝက်သေချာနေပီ
ကျနော်ယူမှာ ကိုပြောတာ ကောင်မလေး ကတော့မသေချာသေးဘူး ဟီးဟီး

Anonymous
5 January 2009 at 19:07

နောက်ဆုံးမှာအကောင်းဆုံးဦးဖိုးကျားပေးခဲ့တာဝန်တစ်ခုကိုရွေးမိခဲ့ပီပေါ့ ဂွတ်ပါတယ်

5 January 2009 at 22:18

သမိုင်းပေးတာဝန် ကျေပွန်ရအောင် ရှာပြီး ပို့  ပေးလိုက်မယ်ဗျာ။ စိတ်သာချ မယ်ကုဝဏ် ဖဲရှုံးနေတုန်း သံပရာသီးကိုက်ထားတဲ့ပုံနဲ့  တစ်ယောက် ရှာတွေ.ထားတယ် ဘယ်လိုလဲ ငှဲငှဲ။ စိတ်ကူးမလွဲနဲ့  သဘောဖြူ အူစင်း သူ့ ခမျာ ကိုအိမ် ထားရာနေစေရာသွား။ စကားလဲမများဘူး ဟီး အနေတာကိုး။ ဘာပြောပြော ပြသနာမရှာဘူး နားမှမကြားရတာကိုး။ ဟေဟေး ရတုန်းယူထား ချေးမများနဲ့  ကိုအိမ်ရေ။

5 January 2009 at 23:58

ဟ ဟ ထင်တော့ထင်သား။
ကြုံတိုင်းကြေငြာကတော့ ဝင်မှဝင်၊ ကိုအိမ်ကြီးက။ :P

သမိုင်းပေးတာဝန်မြန်မြန် ကျေပွန်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ :P

7 January 2009 at 12:59

သမိုင်းပေး တာဝန်က ဘာလဲဆိုတာ "ဆက်ဖတ်ရန် >>" မနှိပ်ခင်ကတည်းက ရိပ်စားမိလိုက်ပါရဲ့...
တာဝန်ကျေပွန်ပါစေ...

Anonymous
9 January 2009 at 21:52

ကောင်းပြီ ကောင်းရက်နဲ့ဖတ်လာတာ... နောက်ဆုံးကျတော့ ဂလိုကိုး.....
ကိုင်း ကိုင်း.. နာ့အစ်ကိုကြီး အိမ်တစ်ယောက် သမိုင်းပေးတာဝန်ကို မြန်မြန်ကြီးထမ်းဆောင်နိုင်ပါစေဗျို့...

23 January 2009 at 15:45

အကြံကောင်းလေးကို လက်ကိုင်ထားပြီး အကောင်အထည်မဖော်နိုင်ရှာသေးဘူး....
သနားပါတယ် .... :P :P

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း