Friday, May 21, 2010

computer အကြောင်း သိကောင်းစရာများ

12
computer အကြောင်း သိကောင်းစရာများ ဆိုလို့ ကျနော့်ကို ဒီကောင်ဘာလဲ ဆရာကြီးလား လို့မထင်လိုက်ပါနဲ့ ကျနော် ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်သိတဲ့ ကျနော်တတ်တဲ့ အရာ တွေကို မသိသေးသူများ သိအောင်လို့ရယ်၊ ကျနော့်လိုပဲ ဘယ်ကျောင်းမှ မတက်နိုင်၊ ဘာပညာမှလဲ မတတ်၊ computer အကြောင်းကလဲ သိချင်၊ သင်ပေးမဲ့သူလဲ မရှိဆိုတော့ ကျနော်လိုလူမျိုးတွေ အတွက် ရည်ရွယ်တာပါ။ computer အကြောင်း စလေ့လာတုန်းကဆိုရင် ...... တကယ်ပါ ကျနော့်ကိုဘယ်သူမှ မသင်ပေးခဲ့ပါဘူး၊ ကြားဆရာ၊ မြင်ဆရာတွေတော့ ရှိတာပေါ့နော်၊ သင်ဆရာရယ်လို့ မရှိခဲ့ပါဘူး။ ကိုယ်တိုင်ကလဲ စိတ်ဝင်စားတော့ လိုက်လေ့လာရင်းနဲ့ အခုဆို ဆရာဖြစ်မှန်း မသိ ဖြစ်နေပါပြီ (ကိုယ့်ဟာကိုယ် ကျောင်းဆင်းပြီး၊ ကိုယ့်ဟာကိုယ် ပြန်ပြီးဘွဲ့ပေးလိုက်တာပါ။)
ကဲ .... ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ .... အမှားတွေ့ရင်လဲ ဝေဖန်နိုင်ပါတယ်။ အမှန်ဆိုရင်လဲ နည်းပညာတွေ ယူသွားကြပေါ့ဗျာ......။ အခြေခံလေးတွေ အဓိထားပြီး ရေးသွားမှာပါ။

Thursday, May 20, 2010

ဘလော့ဂါ သိုင်းလောက

16
၁။ ။ဘာ................... ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ခွေးရူးပျံသိုင်းကျမ်း အခိုးခံရတယ်.. ဟုတ်လား...။ပြီးတော့ တာဝန်ကျတဲ့လူကို ဖင်ကြော၊ရင်ကြော တွေပါအတွင်းအားသုံးပြီး ပိတ်သွားတယ်... ဟုတ်လား.....။"ညကတာဝန်ဘယ်သူကျလဲ" "တောင်ပေါ်သားတာဝန်ကျပါတယ်။" "ဘယ်လိုဖြစ်တာလဲ ဂမူးရူးဒိုး သိုင်းမှာဆရာတဆူဖြစ်တဲ့လူရဲ့ တာဝန်ကျတဲ့ ညမှ သိုင်းကျမ်းကြီး အခိုးခံရတယ်လို့ဗျာ... ပြောနေကြာတယ် သွားကြည့်ရအောင်ဗျာ...
" ဟုတ်ကဲ့.. ဟုတ်ကဲ့"