Saturday, January 23, 2010

အလှသမားမဟုတ်တဲ့ ဘဝသမား ကျနော်

32
တခါတလေ ကိုယ့်ဘဝကိုယ် စိတ်ကုန်မိတယ်ဗျာ.. တနေ့တနေ့ အလုပ် လုပ်လိုက်၊ နားချိန်တန်နားလိုက်နဲ့ စက်ရုပ်တရုပ်လို လည်ပါတ်နေရတယ်။ တခါတလေ အားရပါးရကြီးကို နားပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျနော်က ပညာတတ်လဲမဟုတ်၊ သူဌေးလဲ မဟုတ်၊ ကိုယ်လက်ရှိလုပ်နေတာကလဲ သူများခိုင်းတာလုပ်၊ သူများစေရာ သွားပြီး၊ သူများ စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးနေရတဲ့ အလုပ်ဆိုတော့ စိတ်ထဲသာ ရှိတာပါ.. နားလို့ မရပါဘူး။ သူများတွေ ပျော်နေ၊ ပါးနေတာမြင်တွေ့နေရရင် စိတ်ထဲ ဝမ်းနည်းမိသလိုလို ဒေါသဖြစ်မိသလိုလို၊ မနာလိုဖြစ်မိသလိုလို ခံစားရတယ်ဗျာ...။
ဘဝကပဲဆိုးသလား၊ ကံကပဲဆိုးသလား ဆိုတာ........