Saturday, January 23, 2010

အလှသမားမဟုတ်တဲ့ ဘဝသမား ကျနော်

32
တခါတလေ ကိုယ့်ဘဝကိုယ် စိတ်ကုန်မိတယ်ဗျာ.. တနေ့တနေ့ အလုပ် လုပ်လိုက်၊ နားချိန်တန်နားလိုက်နဲ့ စက်ရုပ်တရုပ်လို လည်ပါတ်နေရတယ်။ တခါတလေ အားရပါးရကြီးကို နားပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျနော်က ပညာတတ်လဲမဟုတ်၊ သူဌေးလဲ မဟုတ်၊ ကိုယ်လက်ရှိလုပ်နေတာကလဲ သူများခိုင်းတာလုပ်၊ သူများစေရာ သွားပြီး၊ သူများ စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးနေရတဲ့ အလုပ်ဆိုတော့ စိတ်ထဲသာ ရှိတာပါ.. နားလို့ မရပါဘူး။ သူများတွေ ပျော်နေ၊ ပါးနေတာမြင်တွေ့နေရရင် စိတ်ထဲ ဝမ်းနည်းမိသလိုလို ဒေါသဖြစ်မိသလိုလို၊ မနာလိုဖြစ်မိသလိုလို ခံစားရတယ်ဗျာ...။
ဘဝကပဲဆိုးသလား၊ ကံကပဲဆိုးသလား ဆိုတာ........

မနက်မိုးလင်းတာနဲ့ အခုလို အလုပ်မျိုး တခုမဟုတ်တခုက စလုပ်ရပါတယ်။



အဲလို မအားမလပ်ဖြစ်ပြီး နားတဲ့ အချိန်ရောက်ရင်တော့ ဒါလေးနဲ့ အပန်းဖြေရတာပါပဲဗျာ...။



တခါတလေလဲ အခုလိုရေကူးပြီး အပန်းဖြေတတ်ပါတယ်.။



အရမ်းပင်းပန်းတဲ့ အခါမှာ ဒါလေးတခွက်လောက်သောက်ပါတယ်၊ အမြဲမသောက်ပါဘူး။



တခါတလေ ပျင်းရိငြီးငွေ့လာတဲ့ အခါမှာတော့ ဟောဒီ မာစီဒီး( အက်စ်၄၀၀၊ ဟိုက်ဘတ်)ကားစုတ်လေးနဲ့ ဦးတည်ချက် မရှိလျှောက်သွားနေမိ ပြန်တယ်။



တခါတလေလဲ အခုလို ကမ်းခြေမှာ ဘာရယ်မဟုတ်ဘူး သွားထိုင်နေမိတတ်တယ်။



အဲလိုနဲ့ နေဝင်မိုးချုပ်လာတော့ ကိုယ်နဲ့ ဘဝခြင်းတူတဲ့ အဖော်မရှိဘဲ တကိုယ်ထဲ ရပ်တည်နေရတဲ့ အိမ်စုတ်ကလေးဆီ ပြန်လည်ချီတက်ရင်း... နေ့သစ် အတွက် အားမာန်သစ်တွေ မွေးဖွားဖို့ အိပ်စက်အနားယူ လိုက်ပါတယ်....။





ကြည့်ပါ ဘယ်လောက်သနားစရာကောင်းလဲ အိမ်ဆိုတဲ့ ကျနော်ဟာ၊ အခုလိုဘဝကို ပင်ပန်း ဆင်းရဲပြီး၊ ပျင်းရိငြီးငွေ့ဖွယ် ကောင်းအောင် တကိုယ်ထဲနိုင်ငံရပ်ခြားမှာ ရုန်းကန်ရင်း၊ စာလာဖတ်သူ မိတ်ဆွေတွေကို၊ ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာတွေကို ဘလော့ပေါ်မှာ တင်ပြနေရင်း ... ဘဝကိုဖြတ်သန်းနေရပါကြောင်း... ။


32 Response to အလှသမားမဟုတ်တဲ့ ဘဝသမား ကျနော်

23 January 2010 at 05:02

သနားချင်လိုက်တာ။

23 January 2010 at 05:03

အောက်ဆုံးပုံလေးအကြိုက်ဆုံးဘဲ။

23 January 2010 at 05:07

ဟုတ်ပါ့ဗျာ ဖတ်ရင်းနဲ့ တောင် သနားလာတယ်.

23 January 2010 at 07:27

သနားလိုက်ထှာာာာာာာ ဂျွတ်ဂျွတ် ကျွတ်ကျွတ် မျှော့မျှော့ ဟဟဟဟဟဟ

23 January 2010 at 08:52

သနားလွန်းလို့ ဘေလိုနှစ်သိမ့်ရမှန်းတောင်မသိတော့ဘူး။ စကားလုံးမရှိဘဲ ပြန်သွားပြီ

23 January 2010 at 10:10

သနားတယ်ဗျာ အိမ်စုတ်လေးနဲ့ နေရပြီ ကားစုတ်လေး စီးပြီး ကွန်ပျူတာစုတ်လေး ကိုင်သုံးနေရတား)) ကျနော့်ဆို အဲ့ထက် ဆိုးသေးးးးးးးးးးးးးးးး
အစစအရာရာ အဆင်ပြေပါစေး)

လေးစားလျက်
တောင်ပေါ်သား

23 January 2010 at 12:09

တနားချရာ ရေး ဘာ ရားးးး

ရော့ ... ရော့... ငါးပြား .. မုန့် ဝယ် ချား နော်..

23 January 2010 at 14:26

ငိုချင်လိုက်တာ..သနားစရာ ကောင်းပါတယ်။ အဖော်မရှိရှာဘူး။ အမြဲတမ်း မျက်နှာမှာ အမဲတွေ ကပ်နေတယ်..:P

23 January 2010 at 15:59

ဟုတ်တယ်ဗျ...
မျက်နှပေါ်က အမည်းရောင်တွေက ဘာတွေလဲ...

းဝ)

23 January 2010 at 16:10

ကိုအိမ်ဘ၀က အ၇မ်းကိုသနားစရာပါလား သနားလွန်းလို့ အမြင်ပါကပ်တယ် မျက်နာမှာလဲ
အမဲတွေနဲ့ တော်တော်ချစ်ဖို့ကောင်းတာပဲနော် မျက်နာလေးလှီးဖြတ်လိုက်ပါလားဟင်.း)

.
23 January 2010 at 20:49

သနားရမှာလားး ပာင်

23 January 2010 at 22:00

ထမင်းကျန် ဟင်းကျန်လေးတွေ ကျွေးချင်လောက်အောင် သနားတယ်ဗျာ။ မနက်တည်းက ကုန်းကုန်းကြီး လုပ်နေတာကိုး။ ကားပြီးတော့လည်း စီးရသေးတယ် ကမ်းခြေမှာလည်း ပန်းခွေသွားချနေသေးတယ်။ သနားလိုက်တာ..ငါတယ်..။

24 January 2010 at 11:50

ပြုံးသွားတယ်ရှင်

24 January 2010 at 14:13

သနားရေးချ သနား ဝစ္စနှစ်လုံးပေါက်သနား.....
ညက်နှာဂ မည်းမည်းဂြီးတွေနဲ့ ရှိုတော့ အရမ်းရဒါပဲ.........

24 January 2010 at 14:19

မဆုမွန်က ပြုံးသွားတယ်ဒဲ့
ကျွန်ဒေါ်က ပြူးပါပြူးသွားတယ် (မျက်လုံး, မျက်လုံး)

:P
24 January 2010 at 15:31

me: သနားလွန်းလို့ သောကမျက်ရည် ဗူးသီးလု့းလောက်ကျလာပြီ


ဘဝကို ရုန်းကန်ရတာ ဓာတ်ပုံမှာပေါ်လွင်တယ်နော်၊ မျက်စိမျက်နှာကို ပျက်နေတာပဲ ။

24 January 2010 at 22:27

သနားတယ်..... တကယ် အဟုတ်ကြီးကို သနားတယ်.... သနားလွန်းလို့ .... ထသတ်ချင်စရာ... မနာလိုလို့ လေ... ခိ =)

26 January 2010 at 16:47

ဒါဆိုလည်း ရွာက ကျနော့ ၈ လွှာကတိုက်ခန်းနဲ့ ရှမ်းစတားယူဗျာ။ ကျနော့ကို အဲဒါတွေပေး။ မြန်မာပြည်မှာပဲ အေးဆေး အနားယူတော့။

27 January 2010 at 16:26

မသနားပါ :P အိမ်ဘက်မလာဘူးနော် ဟွန်းတွေ့မယ် ဂဲနဲ့ပေါက်မယ်...

29 January 2010 at 23:00

သနားရမလား အားကျရမလား
ဘာလုပ်ရမှန်းတောင် မသိတော့ဘူး

29 January 2010 at 23:18

အမ်..... အဲဒီလို အိမ်နဲ့ကားနဲ့ လူက သူ့ကိုယ်သူ သနားစရာဆိုတော့ ကိုယ့်ဘ၀ကိုကိုယ်ဘယ်လိုပြောရမှန်းမသိအောင်တောင် စိတ်မကောင်းဖြစ်သွားမိတယ်...: :(

31 January 2010 at 16:09

ကိုဂျီးကတော့ ....
ပေါ်တင်ဘလိုင်းကြီး ကြွားတယ်ဟ .. =P

1 February 2010 at 18:10

ဒါဘာသဘောလဲကွ
မင်းကိုခင်လို့ ငါ့ပုံတွေ ပို့ပေးထားတာကို အတန်တန်မှာတယ် ဘလော့ပေါ်မတင်နဲ့ဆိုတာ ကိုတင်ဖြစ်အောင်တင်တယ်။ဒါမျိုးတော့မရဘူး
၁၆ လစာ ဒေါ်လာ ၈သိန်းနဲ့ နှစ်နာကြေး ၁ သန်း ပေးလိုက်ပြီ။ တခါတည်းအလုပ်က ထွက်ပေတော့ကိုယ့်လူရေ။

1 February 2010 at 18:12

မျက်နာပျက်အောင်လုပ်လို့ အိမ်ရိပ်တောင်မနင်းနဲ့တော့ ကိုယ့်လူ...။

ကိုတိုးလေး
1 February 2010 at 20:23

ကိုအိမ်ရေ သနားရမှာလား အားကျရမှန်းတောင် ဝေခွဲမရလို့ ယောင်လည်လည်နဲ့ပဲပြန်သွားပြီခင်ဗျာ။

5 February 2010 at 10:50

ကိုအိမ်ဆိုလို့ ဘယ်သူများလည်း မှတ်တယ်။ လတ်စသတ်တော့ ဘင်လာဒင် ဖြစ်နေတာကိုး။ ကားလဲ အာဖဂန်မှာ ကတည်းက ငှားသွားတာ။ ငှားခမပေးနိုင်လဲ ကားတော့ လာပြန်ပေးဦး မောင်ရင်ရေ။

မငုံ
5 February 2010 at 20:12

ကျွတ်..ကျွတ် ကျွတ် သနားလိုက်တာ။ မနက်ဖြန်ဘဏ်ကနေ ယူရို ၁သန်းလွှဲလိုက်မယ်။ သန်ဘက်ခါအတွက် အသုံးစရိတ်ပေါ့နော်။ ချွေတာနော်. ;))

7 February 2010 at 02:24

ဓာတ်ပုံတင်ပြီး ကိုယ့်ရုပ်ကိုယ် သေချာ မပြရဲတဲ့ ဘဝကိုတော့ အရမ်းသနားသွားပြီး

7 February 2010 at 23:16

တော်တော် သနား စရာကောင်းရှာတာပဲး)

20 February 2010 at 03:47

ဝါးးးးးးးးးးးး ဟဟားးးးးးးးးးးးးးးးး
သနားလိုက်တာဗျာာာာာ
လိမ်လိမ်မာမာနေပေါ့။ ရော့... ဒေါ်လာ ၁သိန်း။ ဟဲဟဲ
ဟင်....ချောလဲချောဘူး။ ခစ်ခစ်

ငွေအိမ်စံ
26 March 2010 at 11:26

two more smile :) :) :)

7 April 2010 at 06:56

ကြုံလဲမကြုံပဲ ကြွားတယ်တော့် ။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း