Thursday, April 08, 2010

စနိုးတာဝါ(သို့) ကျနော်ပြောချင်တဲ့ ကျနော့်အကြောင်း ၁၃

21
ကျနော်ပြောပြချင်တဲ့ ကျနော့်အကြောင်း ရေးတာ ဒါနဲ့ဆို ၁၃ပုဒ်ရှိပါပြီ။ ဒါပေမဲ့ အခုကျနော်ရေးမဲ့ အကြောင်းက ဟိုး..လွန်ခဲ့တဲ့ ၁၁နှစ် နိုင်ငံခြားကိုရောက်ခါစ အချိန်မှာ ဖြစ်ပျက်ခဲ့တာလေးပါ။ ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး.... အကြောင်းကတော့ ရှက်လို့ပါ .... ပြီးတော့လဲ လူမသိ၊ သူမသိဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုတော့လဲ ... လူမသိ၊ သူမသိပဲ သိမ်းထားလိုက်ချင်တာလဲ ပါတာပေါ့လေ... ပြောပြရအောင်ကလဲ အတော့်ကို ရှက်စရာ ကောင်းတယ်၊ အခုလိုရေးဖြစ်ဖို့ကလဲ အတော်လေး အားယူရပါတယ်၊