Wednesday, March 24, 2010

ဘ ၁၀၀

18
အိမ်တို့ အခုတလော ဘယ်တွေရောက်ပြီး၊ ဘာတွေလုပ်လို့၊ ဘယ်ကိုများ သဝေထိုးနေသလဲလို့ ဘယ်သူမှ ဘာမှလာမမေး ကြဘူး။ အင်းလေ .... ဒါကလဲ ဘယ်သူမှ ဘာမှအရေးမစိုက်လို့တော့ မဟုတ်ဘူးလို့ ဘယ်တော့မှ မထင်ပါဘူး၊ ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘာမှလာမမေးတာလဲ ဖြစ်ကောင်းဖြစ်မှာပါ။ ဘယ်သူပဲ ဘာလာမေးမေး၊ မမေးမေး ဘယ်တော့မှ ကောင်းမပြောတဲ့ သူဆိုတော၊့ ဘာပဲ လာမေးမေး၊ ဘာမဟုတ်တဲ့ ပေါက်ကရတွေ ပြောမယ်ဆိုတာ ဘယ်သူပဲ ဖြစ်ဖြစ် ကြိုသိနေကြလို့ နေမှာပါ။