Saturday, December 20, 2008

ဘလော့သူလေးများဆီသို့ ပေးစာ

19
ချစ်ရသူ
မင်းကိုငါချစ်တာ မာသာထရီစာလို မာယာပလီပလာတွေမပါ ပါဘူး။
မယုံရင်ကျန်ကျောင်းလိုမှန်ပြောင်းသုံးပြီးကြည့်လိုက်စမ်းပါ(နှလုံသားထဲကို)
မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျုးလီးယက်ဆီဇာလို အလုအယက်စီပါလို့ မပြောပါနဲ့
ပါဒကြီးမှာမွေးလို့ မာနကြိးတတ်လို့ပါ။
တကယ်ဆိုငါဟာမင်းကို ဘင်လာဒင်လိုကြင်နာချင်တဲ့သူရယ်ပါ ချစ်သူ။
မင်းဘေးနားမှာ ဒိုင်ယာနာလိုထိုင်ကာသာနေလိုက် ချင်ပါရဲ့
အဲဒီအခါကျရင် ဂျော့စ်ဘွတ်လို လောကွတ်လေးတော့ လုပ်ပါနော်
အာရာဖတ်လို ဘာလာကပ်တာလဲဆိုပြီးအော်မထုတ်လိုက်ပါနဲ့ စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ
မဟုတ်ရင် ပေါင်ချိန်ကို ဗျောင်လိမ်တာထက်ဆိုးသွားလိမ့်မယ်။
တကယ်တော့ငါဟာ အိုဝင်လို အပျိုမြင်တိုင်းမငမ်းတတ်ပါဘူးကွယ်။
မင်းကိုရမယ်ဆိုရင် ကောလင်းပါဝဲလ်လို တောတွင်းတောင်ထဲမှာနေပြီး
ထယ်စောက်လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ်။
မင်းအတွက် prado ၀ယ်မပေးနိုင်ပေမဲ့ ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါသေးတယ်။
ကွန်ဒိုမှာ မထားနိုင်ပေမဲ့ သွန်ဆိုသွန်ပေးပါ့မယ်(ရေအိုး)
မင်းကသာ ထွားဝူးချွမ်းလိုသွားယူစမ်းလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နှိုက်ရဲပါတယ်(လိပ်ဥ)
ဒါကို ဆနဖန်စ္စကိုလို အကြံအဖန်တွေ လို့မထင်ပါနဲ့နော်။
လန်ဒန်လို အမှန်အကန်ပဲဆိုတာယုံကြည်ပြီး နီကိုရဲလို ဒီလိုပဲဝေါလည်ချောင်ပတ်မလုပ်ပါနဲ့တော့
ကိုယ်အချစ်တွေကို ဘက်ဟမ်းလို လက်ကမ်းပြီးသာကြိုလိုက်ပါတော့ကွယ်။
ဒီစာလေးကတော်တော်ကြာပြီဗျ မေးကတဆင့်ရထားတာ။ အခုတော့ ပို့စ်တင်ပေးလိုက်ပါတယ် မဖတ်ရသေးသူများ ဖတ်ဖူးသွားအောင် ပြီးတော့ ဘလော့သူလေးတွေကိုလဲ စားပေးရင်းပေါ့ ဟိဟိ
အွန်လိုင်းရည်းစားစာပေါ့ဗျာ :D :D

Thursday, December 18, 2008

အမေ့လက်ရာ

21
ကိုးလလွယ် ဆယ်လဖွား
အမေ့ရဲ့သားကျွန်တော်ဟာ
လူမှန်းမသိခင်တုန်းက
ကျွေးသမျှမကြိုက်ရင်ထွေးထုတ်
လူမှန်းသိလာတော့လဲ
ကျွေးသမျှမကြိုက်ရင်ဂျီး(ချေး)များခဲ့တဲ့
ကျွန်တော်
အခုတော့..............
အမေမရှိတဲ့ ဝေးတမြေမှာ
သား ကျွန်တော်ဟာ
ဘ၀ပင်လယ်ကြီးထဲ
လှေငယ်ကို ရွက်ကုန်ဖွင့်
ကံကြမ္မာရဲ့ လှိုင်းတပိုးတွေကို
အလူးအလဲ ခုခံကာကွယ်ရင်း
အမေနဲ့ အတူရှိစဉ်ကလို
စားဖို့အတွက် ပွားလို့မရတော့ဘူး အမေ
ရှိတာနဲ့ဖြစ်သလို စားရင်း
လောကဓံကို ကြံ့ကြံ့ခံနေတဲ့ ကျွန်တော်
အခုချိန်မှာ အမေ့လက်ရာလေးကို
ပြန်မြင်ယောင်မိပြီး သရေကျမိတာ
ကျွန်တော့်အမှားများလား
အမေ........။

Tuesday, December 16, 2008

ကျွန်တော်သိသော အချစ်ဆိုတာ...........

16
အင်း..... အားလုံးကပြန်ရေးပေးဖို့ပြောနေတာဆိုတော့ ကျနော်မြင်တာလေးပြောပြရတော့မှာပေါ့နော်။
တကယ်တော့ အချစ်ဆိုတာ ပူလောင်တတ်တဲ့အရာပဲဗျ။ ၅၂၈နဲ့ချစ်တဲ့အချစ်ပဲဖြစ်ဖြစ်၊ ၁၅၀၀နဲ့ချစ်တဲ့ အချစ်ပဲဖြစ်ဖြစ် လူကိုပူလောင်စေပါတယ်။ အဲ.... ၅၂၈ကျတော့ ၁၅၀၀လောက် မပူလောင်ပေမဲ့လည်း သူ့ဟာနဲ့သူတော့ပူပင်သောကရောက်စေပါတယ်၊ ဥပမာပေါ့ဗျာ။ ။
ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ :D

Monday, December 15, 2008

အချစ်ဆိုတာဘာလဲ

10

ကျွန်တော် သိသောအချစ်ဆိုတာတဲ့ခေါင်းစဉ်နဲ့ကိုရဲရင့်နီ နဲ့မနီနီဝင်းတက်ထားကြ
တာကြာပါပြီ စဉ်းစားလို့ မရတာရော အချစ်ဆိုတာကို နားမလည်တာရောကြောင့် မရေးဖြစ်တာပါ။ အဲဒါကြောင့်
မနိုင်နိုင်းစနေရဲ့ ပို့လေးကို တင်ပေးလိုက်တာပါ။ဟီး.... အချောင်ခိုလိုက်ပါတယ် ဒီတခါတော့။
တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။