တကယ်တော့ အချစ်ဆိုတာ ပူလောင်တတ်တဲ့အရာပဲဗျ။ ၅၂၈နဲ့ချစ်တဲ့အချစ်ပဲဖြစ်ဖြစ်၊ ၁၅၀၀နဲ့ချစ်တဲ့ အချစ်ပဲဖြစ်ဖြစ် လူကိုပူလောင်စေပါတယ်။ အဲ.... ၅၂၈ကျတော့ ၁၅၀၀လောက် မပူလောင်ပေမဲ့လည်း သူ့ဟာနဲ့သူတော့ပူပင်သောကရောက်စေပါတယ်၊ ဥပမာပေါ့ဗျာ။ ။
ငါ့သား၊ငါ့သမီး၊ ငါ့အဖေ၊ငါ့အမေ၊ ငါ့ညီ၊ငါ့အကို၊ငါ့မောင်ငါ့အမ၊စသည်ဖြင့်နေမှကောင်းရဲ့လား၊ စာမေးပွဲမှဖြေနိုင်ရဲ့လား၊စီးပွားရေးမှ ပြေလည်ရဲ့လား၊စသည်ဖြင့်ပူပင်သောကရောက်စေတယ်ဗျ။ အဲ.... ၁၅၀၀ကျတော့ ကိလေသာတဏှကပါလာပြီ။ ငါ့ရည်းစား ဘယ်ကောင်နဲ့ တွဲနေလဲ၊ ငါ့ရည်းစား ဘယ်ကောင်မနဲ့တွဲနေလည်း၊ ဒီလိုမျိုးလည်း ဖြစ်တတ်သလို၊ ဒီနေ့တွေ့ရင်သူ့ပါးလေးတော့ နမ်းလိုက်ဦးမှ၊ ဒီနေ့တွေ့ရင် သူ့အနမ်းလေးတော့ ခံလိုက်ဦးမှစသည်ဖြင့်ပေါ့ဗျာ ပူလောင်တတ်သဗျ။ သူချစ်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ပဲဖြစ်ဖြစ်ဘယ်အရာမှမကောင်း
ဘူး၊ စိတ်ကိုပူလောင်စေတယ်။ဒီလိုပဲ ရယူပိုင်ဆိုင်ခြင်းလဲ မကောင်းဘူး၊ ပေးဆပ်ခြင်းလဲမကောင်းဘူး။
ပုထုစဉ်တွေဆိုတော့လဲ ခက်သားလားဗျာ။ဒီလိုပူမှန်းသိရက်နဲ့ပဲ ဒီအချစ်ဆိုတာ
ကြီးကို လိုချင်တပ်မက်ကြတယ်။ ပိုးဖလံလေးတွေလိုပါပဲ မီးကိုပူမှန်းသိရက်နဲ့ရှေ့ဆက်တိုးကြတယ်။
တချို့လဲမသိလို့ တိုးကြတယ်။ ပိုးဖလံလေးတွေမီးထဲကိုဘာကြောင့်တိုးသလဲ??????????
သူတို့စိတ်ထဲမှာ မီးနားနီးလေ ပိုအလင်းရလေထင်နေကြတာကိုးဗျ၊ ကိုယ့်ရဲ့ခန္ဓာတဖြေးဖြေး လောင်ကျွမ်းခံလိုက်
ရတာတော့ သတိမထားမိလိုက်ကြဘူးဗျ၊ အဲ...... သိလိုက်တဲ့အချိန်ကြတော့ နောက်ကျနေပြီလေ။
လူတွေလဲဒီလိုပဲ အချစ်ကို လောကနိဗ္ဗာန်ကြီးတခုလို ထင်နေကြတယ်၊ တကယ့်တကယ် နိဗ္ဗာန်ရောက်
ကြောင်းကျတော့ ဘာမှမလုပ်ပဲလိုချင်ကြတယ်။ ဘာမဟုတ်တဲ့ အချစ်ကိုကျတော့ မရရင်သေမလိုပဲဖြစ်တတ်
ကြတယ်။
ကဲ..... ပြောပြကြပါဦးဗျ အချစ်ဟာ ကောင်းသေးလား။ အင်း.............. ကျနော်လဲ ဒါမျိုးတွေစဉ်းစားမိတော့
ဗျာ...... အာသဝေါတောင်ကုန်သွားပြ၊ီ တဏှလေးနည်းနည်းကျန်နေလို့ အဲဒီအချစ်ဆိုတာကြီးကိုပဲ ပူမှန်းသိရက်
ရှေ့ဆက်တိုးလိုက်ဦးမယ်ဗျာ :D

16 Response to ကျွန်တော်သိသော အချစ်ဆိုတာ...........
ကျတော်လဲ ပူမှန်းသိသိကြီးနဲ့ ဇွတ်တိုးမိနေတာခက်တယ်ဗျ။
ဇွတ်တိုးလေ ပူလေ ပူလေဇွတ်တိုးမိလေ
ဒါနဲ့ပဲ သံသရာလည်နေတယ်။
ဖူးးးးး ဖူးးးးးးး ဖူးးး
မီးထဲ ဆက်တိုးမယ် ဆိုတဲ့လူ တိုး တိုး.. နောက်ပြန်လှည့်မကြည့်နဲ့.. ပူရင်လဲမအော်နဲ့.. ထွက်လဲမပြေးနဲ့ .. ဟိဟိ.. အဲဒါမှ မှတ်မှာ
အချစ်ဆိုတာ အရမ်းပဲ ပူလောင်တယ်ဆိုတာ အခုကိုယ်တိုင်ကြုံနေရပြီဗျ။တော်တော် ဆိုးတယ်ဗျာ ။အရမ်းလဲ ကြောက်သွားမိပြီ။ သိလိုက်ရတာ တခုကတော့ မိန်းမ = ပိုက်ဆံ တဲ့ (အမျိုးသမီးအားလုံးမဟုတ်ပါ ။တချို့သော ..ကျွန်တော် ချစ်ခဲ့မိသော အမျိုးသမီး )
များနေပြီ ဟုတ်မလိုလိုနဲ့ ဖတ်ရတာ ကောင်းနေမှ
အောက်ရောက်တော့ ဖောက်ဖောက်လာတယ်ဆရာသမား
လုပ်လိုက်လို့ကတော့ဗျာ အဖျားရှူးတွေကြည့်ပဲ ဟဟ
မောင်အိမ် ကောင်းခန်းရောက်ရင်ဖျက်လိုဖျက်စိးလုပ်လုပ်ပစ်တယ်
ဗရုပ် ကတော့ ..လေ ကျပါ့ မောင်တော်ကတော့
ဟဟ ဟုတ်မလိုလိုနဲ့.. မပြောတော့ဘူး.း)
ဖတ်သွားတယ်.
အချစ်ဆိုတာပူလောင်ပါတယ် ကောင်လေးရယ်.
ဝေးဝေးသာရှောင်..ဟုတ်လား.
အချစ်ဟာ မီးပဲ
ိပိုးဖလံမျိုး မီးကိုတိုးး ရှောင်နော့် အစ်ကို
မီးဘေးရှောင်မလောင်ခင်တားးး ရန်သူထိုမီး သူခိုး ဓားပြထက်ဆိုးတဲ့ ရန်သူပါး)
အဲဒီပူလောင်မှုတွေကို ဘယ်လို အေးချမ်းအောင်လုပ်နိုင်မလဲ ?.. မချစ်နဲ့ပေါ့လို့တော့ မဖြေနဲ။ လူဆိုတာ အချစ်နဲ့ မကင်းနိုင်တဲ့ သတ္တဝါတွေ ...
ရှေ့ဆက်တိုးမယ်ပေါ့လေ
အကိုအိမ်ပြောသလိုပဲပေါ့
ပူမှန်းသိရက်နဲ့နော်
အပူအနည်းငယ်မျှသာခံစားရပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
အမှန်တွေ ဘာလို့ ရှောက်ရေးနေတာလဲဂျ..
ရိုက်ခံရတော့မယ်...
:P
နိဗ္ဗာန်လည်းရောက်ချင်ပါတယ်.. ဦးဦးအိမ်ရယ်။ လောလောဆယ်တော့ အချစ်နဲ့ ပျော်မွေ့တုန်းပဲ။ တကယ့်အချစ်က စိတ်ချမ်းသာရပါတယ် ဦးအိမ်ရဲ့။
ရယူခြင်း၊ ပေးဆပ်ခြင်းမရှိတဲ့ တကယ့်အချစ်ဆိုရင်ပေါ့လေ :)။
မီးနဲ့မတူတဲ့မီး.....
အဲ့ဒီမီးထဲကို တိုးဝင်မှာမဟုတ်ပါဘူး...
တစ်ခါတည်း ပျော်ဝင်ပြီး..
အတူတူ.. တောက်လောင်နေမှာပါ....
အချစ်နဲ့ ကင်းတဲ့ သူ...လောကမှာမရှိကြပါဘူး..
လူတွေဟာတချိန်မဟုတ်ရင်တချိန်မှာတော့အချစ်နဲ့ တွေ့ 
ကြတာပဲ..ပူမှန်းသိသိနဲ့ ဝင်တိုးတယ်ဆိုတာတော့
အပြတ်ကိုထောက်ခံတယ်..
ချင်းချင်းဆိုရင်ချစ်နေရရင်ပြီးရောဘေဘီဆိုသလိုပဲပေါ့..
ချစ်နေရရင်ကိုကျေနပ်နေတာ..အဟိ.. :)
အကိုအိမ်ရေ...
ပူမှန်းသိရက်နဲ့ ကိုင်ချင်တယ်ဆိုရင် လက်ခုလေးနဲ့ ကိုင်ပေါ့...
အပူသက်သာလို သက်သာငြား... :)
အချစ်ကပူလောင်တာ မှန်ပါတယ်
ဝေးဝေးနေနိုင်ရင် အကောင်းဆုံးပါပဲ
ပုထုဇဉ် လူသားတစ်ယောက်အစစ်ဆိုရင် တိုးနေရဦးမှာပဲဗျာ။
ဖွင့်ဆိုချက်တွေ ကောင်းတယ်။
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း