Saturday, December 20, 2008

ဘလော့သူလေးများဆီသို့ ပေးစာ

19
ချစ်ရသူ
မင်းကိုငါချစ်တာ မာသာထရီစာလို မာယာပလီပလာတွေမပါ ပါဘူး။
မယုံရင်ကျန်ကျောင်းလိုမှန်ပြောင်းသုံးပြီးကြည့်လိုက်စမ်းပါ(နှလုံသားထဲကို)
မင်းကိုချစ်တဲ့သူတွေကြားထဲ ဂျုးလီးယက်ဆီဇာလို အလုအယက်စီပါလို့ မပြောပါနဲ့
ပါဒကြီးမှာမွေးလို့ မာနကြိးတတ်လို့ပါ။
တကယ်ဆိုငါဟာမင်းကို ဘင်လာဒင်လိုကြင်နာချင်တဲ့သူရယ်ပါ ချစ်သူ။
မင်းဘေးနားမှာ ဒိုင်ယာနာလိုထိုင်ကာသာနေလိုက် ချင်ပါရဲ့
အဲဒီအခါကျရင် ဂျော့စ်ဘွတ်လို လောကွတ်လေးတော့ လုပ်ပါနော်
အာရာဖတ်လို ဘာလာကပ်တာလဲဆိုပြီးအော်မထုတ်လိုက်ပါနဲ့ စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ပါ
မဟုတ်ရင် ပေါင်ချိန်ကို ဗျောင်လိမ်တာထက်ဆိုးသွားလိမ့်မယ်။
တကယ်တော့ငါဟာ အိုဝင်လို အပျိုမြင်တိုင်းမငမ်းတတ်ပါဘူးကွယ်။
မင်းကိုရမယ်ဆိုရင် ကောလင်းပါဝဲလ်လို တောတွင်းတောင်ထဲမှာနေပြီး
ထယ်စောက်လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါ့မယ်။
မင်းအတွက် prado ၀ယ်မပေးနိုင်ပေမဲ့ ဆရာခိုတော့ ၀ယ်လိမ်းပေးနိုင်ပါသေးတယ်။
ကွန်ဒိုမှာ မထားနိုင်ပေမဲ့ သွန်ဆိုသွန်ပေးပါ့မယ်(ရေအိုး)
မင်းကသာ ထွားဝူးချွမ်းလိုသွားယူစမ်းလို့ ခိုင်းရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နှိုက်ရဲပါတယ်(လိပ်ဥ)
ဒါကို ဆနဖန်စ္စကိုလို အကြံအဖန်တွေ လို့မထင်ပါနဲ့နော်။
လန်ဒန်လို အမှန်အကန်ပဲဆိုတာယုံကြည်ပြီး နီကိုရဲလို ဒီလိုပဲဝေါလည်ချောင်ပတ်မလုပ်ပါနဲ့တော့
ကိုယ်အချစ်တွေကို ဘက်ဟမ်းလို လက်ကမ်းပြီးသာကြိုလိုက်ပါတော့ကွယ်။
ဒီစာလေးကတော်တော်ကြာပြီဗျ မေးကတဆင့်ရထားတာ။ အခုတော့ ပို့စ်တင်ပေးလိုက်ပါတယ် မဖတ်ရသေးသူများ ဖတ်ဖူးသွားအောင် ပြီးတော့ ဘလော့သူလေးတွေကိုလဲ စားပေးရင်းပေါ့ ဟိဟိ
အွန်လိုင်းရည်းစားစာပေါ့ဗျာ :D :D

19 Response to ဘလော့သူလေးများဆီသို့ ပေးစာ

20 December 2008 at 06:13

နောက်ပြီးရှိသေးတယ် အိမ်ရဲ့..

အိမ်လိုတော့ တဂိမ်ဂိမ် မအော်တတ်ပါဘူး..
လို့လေ..ဟဟ.. ကာရံလိုက်အောင်ပြောလိုက်တာ.
လွန်တာရှိရင် ၀န္တာမိပါ။ :D

20 December 2008 at 08:14

မောင်မျိုးဆီမှာ တွေ့တာ ဟတ်ဟတ်
လာပါဆိုလာလို့ ရှာရာပိုဗာတို့လာဖတ်တာပါ
ဘလော့သူလေးတွေကိုလဲ စားပေးရင်းပေါ့ ဟိဟိ ဆိုပါလား
ဘလော့ဂါသူတွေကို စားမယ်ဆိုတဲ့ ဆရာကြီး မောင်အိမ် ဘလော့ဂါသူလေးတွေနဲ့ နောင်ဂျိန်ပလေးရတော့မယ်ထင်တယ်

20 December 2008 at 09:36

Mr. Home.. ကတော့ လုပ်ပြန်ပြီ တစ်မျိုး.. ဟိဟိ .. လျှောက်လွှာတင် ခိုင်းတာဝိုင်းသမ ခံရတော့ ခုစာပေးပြန်ပြီ.. :P

20 December 2008 at 19:01

ကိုအိမ် ဆားချက်တယ်ဗျိုးးးးးး

20 December 2008 at 20:10

ဘလော့ဂ်သူလေးက လက်ဝါးကို အီးမေးလ်အတက်မင့်နဲ့ ပြန်မပို့လိုက်ဘူးလား :)

21 December 2008 at 02:00

တော်ပြီ ... ဒီလိုရည်းစားစာ ရရင်တော့ ကောင်မလေး ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်တယ်.. ဘလော့ကာ ကိုကိုတို
ရှောင်နော်.. ဟိဟိ.. ဖွခဲ့လိုက်တာ... :P :P

ရေးလည်းရေးတတ်တယ် ဦးဦးအိန်ကတော့... ဟင်း... :P

21 December 2008 at 17:39

အခုနောက်ပိုင်း ပို့စ်လေးတွေက ကာရံလေးတွေမိသလို
ဟာသလေးတွေလည်း ဖြစ်စေတာမို့ အားလုံးကို ကြိုက်တယ်..

Anonymous
21 December 2008 at 19:08

အတွေးလေးကို သဘောကျတယ်ဗျာ..။

21 December 2008 at 21:06

၇ိးစားစာတောင်ကူးတာ မကြိုက်ပေါင်
ကိုယ့်ဟာကိုေ၇းဒါဆို အဖေပေးဖို့အဆင်သင့် ဒါဘဲ
ဟဟဟဟဟ
မျက်နှာကိုပြောင်တယ် တစ်ကဲ့လူနော်

Anonymous
22 December 2008 at 11:03

အကိုစာရေးတဲ့ စတိုင် တော်တော်သွက်တယ်ဗျာ အားကျတယ်

ဟို ခေတ်သစ် အဇာတသတ်ဆိုတဲ့ ပို့စ်တုန်းကလည်း
ဖတ်ပြီးရယ်လိုက်ရတာ ဟီးးးးဟီးးးးးးး

နောက်လည်းဖတ်ချင်ပါသေးတယ် အကိုအိမ်ရေ

Anonymous
22 December 2008 at 12:56

မရယ်ပဲနဲ့ ကိုမနေနိုင်ဘူး ကိုအိမ်က ဟာသရေးတော်တယ်း) လန်ဒန်ဆိုတော့ အမှန်ကန်ပေါ့ ဟိဟိ

22 December 2008 at 14:57

ပုလုကွေးက အခုပေးခဲ့တယ်..ကွန်မန့်တွေ..

ပို့စ်လေးလို့ ကာရန်လိုက်ကြည့်တာ

22 December 2008 at 16:48

ဖတ်ဖူးသွားပြီ
ကာရံတွေကလှတယ်နော်
တော်ပါ၏ရှင်
သွားကြီးဖြီးပြီးတော့ သိပ်မရယ်ပြပါနဲ့ :P
ဖတ်လို့ကောင်းတယ်
ကျေးဇူးတင်ပါတယ်နော်

22 December 2008 at 21:18

ကိုအိမ်ရေ... ကြာပါတယ်ဗျာ... ကျွန်တော်တို့ အငြိမ့်က.ကြရအောင်..။ကျုပ်တို့ မင်းသားမလုပ်တာတော့သေချာတယ်နော..။

23 December 2008 at 00:35

ရေးထားတဲ့သူက ကာရံတွေတော့ ရှာကြံရေးတတ်ပါ့ဗျာ။

24 December 2008 at 08:58

တတ်လဲတတ်နိုင်လွန်းတယ်ဗျာ ။ ရယ်ရတာလွန်ရော
ဘွန်တောပဲ ။ :D

27 December 2008 at 12:21

အိမ်ကြီးအိမ်ကောင်းနဲ့တင်တောင်းရင်တော့
အဟောင်းပစ်အသစ်လာပေါ့
အိုကေ
ကောင်းလိုက်တဲ့ရည်းစားစာ
နီနီဝင်း

29 December 2008 at 11:51

အကိုအိမ်တို့ကတော့ မလွယ်ဘူးဟေ့...
တစ်နည်းမဟန်လို့ နောက်တစ်နည်း ကြံလိုက်တာပေါ့လေ...
ဟုတ်စ... :P

11 January 2009 at 11:26

Undate တွေက အဖိုးတ်တယ်ဆိုတာ တယ်မှန်သကိုး... ဆားချက်တဲ့ ပိုစ့် မိုက်ပါ့ရှင်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း