Sunday, October 26, 2008

ဘလော့လ်ဂါဒုက္ခ

16
ဟိုးအရင် စာပေခေတ်က
တစ်ရာမပေး စာမရေးဘူး
တစ်သောင်းမပေး တစ်ကြောင်း မရေးဘူး
ဒီဘက်ခေတ်မှာ စာရေးဖို့ ဘလော့လ်ပေါ်လာ
ရေးသာရေးနေကြ
တစ်ပြားမှမရ ငါတို့ဘဝ
အိတ်ထဲကပင်စိုက်နေရ
အော်..... ဘလော့လ်ဂါ ဒုက္ခ။

စာမူခ

11
တချိန်တုန်းက
အေးအေးလူလူ
ကိုယ်ထူ ကိုယ်ထ
ကိုယ့်ဘ၀နဲ့ကိုယ်အေးဆေးခဲ့ပါတယ်။

ဘလော့လ်ကိုလဲမသိ
စာရေးခြင်းလဲမရှိ
တကယ့်ကိုအေးချမ်းခဲ့ပါတယ်။
ယခုတော့ စာတစ်ပုဒ်အတွက်
တွေးပူကြံဆ စဉ်းစားမရလို့
အိပ်ပျက်တဲ့ ညများများစွာကို ဖြတ်သန်းရင်း
အိပ်ရေးဆာတဲ့ မျက်လုံးများ
ပိုင်ဆိုင်ခဲ့ရပါတယ်။

ဘလော့လ်ဂါခြင်း
မိတ်ဖွဲ့ခင်မင်
ပျော်ရွှင်ချင်တဲ့ ဆန္ဒနဲ့
စာရေးရင်း
ကျွန်တော့်ရဲ့ စာတစ်ပုဒ်အတွက်
စီဘောက်စ်မှာလဲမအော်ကြ
ကွန်မန့်လဲမရ
လိုချင်တာပဲပြောလိုက်မယ်
အိုး...............ဗျ
ပေးကြပါဗျ စာမူခ...။