Sunday, October 26, 2008

စာမူခ

11
တချိန်တုန်းက
အေးအေးလူလူ
ကိုယ်ထူ ကိုယ်ထ
ကိုယ့်ဘ၀နဲ့ကိုယ်အေးဆေးခဲ့ပါတယ်။

ဘလော့လ်ကိုလဲမသိ
စာရေးခြင်းလဲမရှိ
တကယ့်ကိုအေးချမ်းခဲ့ပါတယ်။
ယခုတော့ စာတစ်ပုဒ်အတွက်
တွေးပူကြံဆ စဉ်းစားမရလို့
အိပ်ပျက်တဲ့ ညများများစွာကို ဖြတ်သန်းရင်း
အိပ်ရေးဆာတဲ့ မျက်လုံးများ
ပိုင်ဆိုင်ခဲ့ရပါတယ်။

ဘလော့လ်ဂါခြင်း
မိတ်ဖွဲ့ခင်မင်
ပျော်ရွှင်ချင်တဲ့ ဆန္ဒနဲ့
စာရေးရင်း
ကျွန်တော့်ရဲ့ စာတစ်ပုဒ်အတွက်
စီဘောက်စ်မှာလဲမအော်ကြ
ကွန်မန့်လဲမရ
လိုချင်တာပဲပြောလိုက်မယ်
အိုး...............ဗျ
ပေးကြပါဗျ စာမူခ...။

11 Response to စာမူခ

27 October 2008 at 00:32

ဟားဟား နိပ်ဟ ကောင်းလိုက်တာ ကဗျာလေး
အကိုအိမ်ကတော့ဗျာ လုပ်ချလိုက်ပြန်ပြီ နောက်တစ်ခါ
ဇွတ်ပဲ အကို့အိမ် ဟိုကနေမကောင်းဘူးတဲ့ဗျ ဟဟ

27 October 2008 at 04:10

စာမူခပေးသွားပါတယ်ဗျာ :)

27 October 2008 at 06:49

မောင်လေးရေ..စာမူခတော့ရဘူး.. ရေးသာရေး. အဟတ်

ခင်တဲ့
မ၀ါ

27 October 2008 at 09:29

ဘာမှ စာမူခတောင်းမနေနဲ့
အားလုံးအားလုံး ဘဝတူတွေပါပဲ ဟဲဟဲ

27 October 2008 at 20:02

ဝေးးးးးးးးးး ကောင်းနေပါလား
ဘ၀တူတွေသူကတမူထူးပြီး စာမူကများတောင်းနေသေး
ဟာဟာဟားးးးး

27 October 2008 at 20:03

ရော့ရော့ ဒေါ်လာ၂ထောင်ပေးသွားတယ်။ စာမူခ ဆက်ရေးနော် နောက်မှ ကောင်းရင်ကောင်းသလို တိုးပြီးပေးသွားမယ်။ :P

31 October 2008 at 13:30

ရော့အင့် စာမူခ နှစ်ကျပ်တစ်မတ်...
သုံးသာသုံး မကုန်အောင်သုံး... :P

5 November 2008 at 00:33

အတူတူချင်းကို စာမူခ စွတ်တောင်းနေတယ်ကြားလို့  လာချောင်းတာ။ တထောကြီးရရင် နဲနဲလောက် ပြန်ချေးပါလား။ အခုတော့ ချေးလို့ ကောင်းအောင် စတိသဘောနဲ့  စာမူခပေးသွားတယ်။ ပြန်ချေးရမှာနော်။ ငှဲငှဲ။

Anonymous
10 November 2008 at 21:34

ရော့အင့် နှစ်မတ်..... :P

12 November 2008 at 10:32

ဟေး အဲလောက်ကြီး အော်ကြီး ဟစ်ကျယ် မတောင်းနဲ့လေ တိုးတိုးသက်သာ လုပ်ပါဟ အခုလောလောဆယ်တော့ အော်သံကြားလို့ ကမန်းကတန်းထလာတာ ပိုက်ဆံ ပါမလာ သေးဘူး နောက်တော့မှ ကိုယ်ရတဲ့ စာမူခထဲက နဲနဲ ပြန်မျှပေးမယ် ဟုတ်ပလား...
ဒါပေမယ့် ပြောသာပြောရ ကိုယ်လဲ စာမူခ မရ..။

8 December 2008 at 18:20

တော်တော်ကောင်းတဲ့အူကံပဲ ကွန့်မန့်ပေးရမှာ အရမ်းပျင်းတတ်တယ် အနော်တောင် မနေနိုင်တော့ဘူး ပေးခဲ့ရပီ
လူလည် အိမ်...း)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း