ရုပ်ဆိုးတဲ့ မဟ၀ှာ။
ဖိနပ်မှာ ထူထူပိန်း
ဘယ်ညာကို ယိမ်းနွဲ့ပါလို့
အထိန်းမဲ့ကြမ်းပမာ
ပရမ်းပတာ လှုပ်ရမ်း၊
နှုတ်ခမ်းမှာ ညိုရောင်ကဲသကွဲ့
မည်းတဲ့ရုပ်ကြမ်း။
မျက်နှာမှာ သိပ်မြတ်နိုးတဲ့
မိတ်ကပ်သရိုး ထူထူတင်၊
လူသူပင်မမြင်ရဲ
သရဲနှင့်ဆင်။
ထမီမှာ ပေါင်တခြမ်း
ယောင်ရမ်းလို့ မြင်မတော်၊
လေအဝှေ့မှာ ၀ဲခြောက်တွေ
မြင်မှာစိုးပါဘိ
မကြောက်ဘဲ ရင်ပါဖော်။
အနောက်ကဲ သင်မျှော်မြင်
ထင်ပေါ်ချင် စရိုက်များ၊
ကိုယ့်ရုပ်မှ ကိုယ်အားမနာ
ဗိုက်သားဖော် စရိုက်ပျက်လျှင်လ
မိုက်မှားသနော် အရှိုက်ခက်ပေလိမ့်
ရမက်ဝေ အရှက်ပွားလို့
ခွေးဆွဲလိမ့်မယ်ဗျား.........။

12 Response to ရုပ်ဆိုးမလေး မောင့်ချစ်သူ
အမလေးတော် မိန်းကလေးတွေကိုနော်
နောက်တော့ လည်းဒါတွေကိုဘဲ ကြိုက်ကျတာဟုတ်
၇ိုး၇ိုးလေးဝတ်နေရင်ဟင်းပြောပါလိမ့် တောဂိုက်ကြီးဆိုပြီးတော့ ဟွန်း
ခင်ဗျားဗျာ
ကိုယ့်ချစ်သူအကြောင်းကိုယ်ဖော်ရတယ်လို့
ရှက်ဖူးလား..ဟားဟား။
အကြိုက်ဆုံးပဲ ဒီလိုကဗျာမျိုးတွေအကြိုက်ဆုံးပဲ
အားပေးတယ်အကိုရေ ရေးဗျ ကောင်းတယ်
ခံစားချက်တွေဖွင့်ထုတ်လာပြီထင်ပါ့ဗျာ အဟဲ
ဟဟဟ
အိမ်ကလည်း မဟုတ်က ဟုတ်က ရေးရမယ်ဆို ထိပ်ဆုံးက အဟိဟိ။
ဘီလိုဂျီးလဲဂျာ....
တညိုးကြီးပါရား........
ဟီးဟီး ...
ရေးထားတာ ရယ်ရတယ်...
ဟားဟားဟား
ဟားဟား တကယ်လားဗျို့..ေ၇းထားတာက.. ဟီးဟီး
ကြည့်စမ်း.. ဦးဦးအိန် တို့က မလှနဲ့ မယဉ် နဲ့ မမြင့်နဲ့ မတင့် တို့ ရဲ့ အကြောင်းတွေ ကို
အတင်းတုတ်ထားတယ်တော့.... တိုင်ပြောမယ်..တိုင်ပြောမယ်... အမယ်.. ဘာတဲ့
မလှမယဉ်.. မမြင် မတင့်
ရုပ်ဆိုးတဲ့ မဟ၀ှာ တဲ့.... ဟီးဟိ..:P :P :P
ဟတ်ဟတ်ဟတ်... ရယ်ရတယ်.. ကဗျာလေးက .. ဟားဟား
အဲလို ကိုယ့်ရည်းစား ရဲ့ ဂုဏ်ကိုဖော်ရလားဦးဦးရ.. သူတို့တွေ သိရင်တော့
ဦးဦးကိုထောင်းလိမ့်မယ်... အမလေး..အမလေ.... ဦးဦးအတွက်တော့
မတွေးဝံ့စရာနော်... ဟင်းဟင်း...
ဟာသကဗျာလေး လဲ ရတာပဲလား.. ဦးဥိးက...အားပေးပါတယ်ဗျို့.. ဒူးသာဒူး..
:P :P :)
ဟယ်...
အကိုအိမ်ရဲ့ ချစ်သူက အမိုက်စားလေးပဲ...
အစတုန်းက လျှိုထားတာပေါ့လေ... ဟုတ်လား... :P
အင်း--မှတ်ချက်ပေးရရင်တော့---
အိမ်--ဟာ လောက ကြီးမှာ ပျော်ပျော်နေ သေခဲ--ဆိုတာ ကို လက်ခံထားပုံရပါတယ်---
ကဗျာတွေကိုဖတ်ကြည့်ပြီးပြောမိတာပါ--
မှားရင် စိတ်မဆိုးပါနဲ့--
တနေ့-အသက်အရွယ်--အချိန်ကာလနဲ့--ချစ်တတ်ပြီ-ခံစား တတ်လာ ပြီဆိုတဲ့နေ့မှာ--
အိမ်ရဲ့ အလွမ်း အဆွေးကဗျာတွေကို လာဖတ် ပါအုံးမယ်---
ခင်မင်လျက်
မသက်ဇင်
အသစ်စက်စက်(၄)ပိုဒ်လုံးဖတ်သွားပါတယ် အမြောက်စကားနဲ့ပဲ ဝေဖန်ရမှာပဲ ဘာဖြစ်လို့လဲဆိုတော့ အားလုံးမြောက်ကြိုက်ကြတယ်လေ အချွန်နဲ့တော့မထိုး -- အဲလေ မ မတော့ဘူး ရယ်ရတာကိုကကောင်ပါတယ်ကိုအိမ်
ဖတ်သွားပြီးပြုံးသွားပါတယ်။။။
ချစ်သူအလှဖွဲ့ ကျသူများပေမယ့်
ဒါမျိုးလေးလဲရှိသင့်တယ်...:)
အဲဒါ နံပါတ် ဘယ်လောက်မြောက် ကောင်မလေး အကြောင်းလဲ ကွ မသက်ဇင် ကတော့ မသိရှာဘူး မောင်အိမ်ကို မချစ်တတ်သေးဘူး ထင်နေရှာတယ် ဟိ ဟိ..။
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း