Friday, October 24, 2008

ကန္တာရခရီးသည်

7
နေပြင်းပြင်း
ကောင်းကင်ထက်က
ငှက်ငယ်လဒ
သံဆိုးနှောနေ
ရင်မှာ လှိုက်ဖို
ရှိုက်ရှိုက်ငိုမိ
တမ်းတပူဆွေး
သံဆိုးတေးကြောင့်
ရင်မှာမချိ
ငိုကျွေးရတယ် လဒရယ်။


7 Response to ကန္တာရခရီးသည်

24 October 2008 at 21:40

လဒကိုအပြစ်ပုံချတာ တော့မကောင်းပါဘူးဟယ်
လဒအသံက ဆွေးစရာလည်းကောင်းပါဘူးဟာ
ဟီဟီ
ဒီနေ့တော့ အိမ်တွေအကုန်လုံးလည်း zoo တွေေ၇ာက်နေသလို ဗီးလိန်ကလည်း မြွေတဲ့
ဒီကလည်းလဒတဲ့ တော်ပြီ အိပ်တော့မယ်

24 October 2008 at 21:45

လဒမြည်ကြွေး
သံဆိုးတေးကြောင့်
ကိုအိမ့်ရင်မှာ
မချိပါလျက်
ချွေးတစက်စက်
ယိုစိမ့်ထွက်ကြောင့်
ပိုက်ထွေးညင်သာ
ချော့နိုင်ပါဘူး
ပျံပါလေလော့ လဒငယ်။


အလှတရား

24 October 2008 at 22:02

လွမ်းစရာရှားလို့ လဒ ကိုများလွမ်းရတယ်လို့ အကိုရာ
ကျနော် ကောင်မလေးတစ်ယောက်ရှာပေးမယ် အဟဲ
လွမ်းသာလွမ်း

24 October 2008 at 22:48

ခံစားရမလိုလို ရယ်ရမလိုလိုနဲ့
ဖြစ်မှ ဖြစ်ရလေ ဦးအိမ်ရယ်
လဒ တဲ့....

24 October 2008 at 22:49

ဟ လဒကိုမပြောကြပါနဲ့ဗျာ။
သူ က သူတော်ကောင်းငှက်။
ပါဏာတိပါတာကံလုံတယ်ဗျ။
သေမှစားတာ မသေမချင်းထိုင်စောင့်တဲ့ငှက်ဗျ။

Anonymous
26 October 2008 at 18:33

ရယ်ရတယ်ဗျို့.....

အစ်ကို အိမ်နဲ့ တွေ့မှ လဒလည်း ကဗျာအစပ် ခံရတယ်. သူ့အတွက် ဂုဏ်ယူစရာပဲ...

26 October 2008 at 22:08

“ငိုကျွေးရတယ် လဒရယ်”း)... အရေးအဖွဲ့က ကောင်းသလို ဟာသရသကိုပါ ရောပြီး ခံစားလိုက်ရပါတယ်။ ကဗျာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ အိမ်ရေ...

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း