Friday, October 24, 2008

သင်ခန်းစာ

7
အစွဲအလမ်းမရှိတဲ့ငါက
မာနတွေ မြေမြုပ်ပြီး မင်းကိုချစ်ခဲ့တာ
တကယ်ဆို မင်းသိဖို့ကောင်းတယ် ချစ်သူ။
ငါ့ဘေးမှာ မင်းမရှိတော့တဲ့နောက်
ဖဲဝိုင်းကို အမှီပြုရင်း
အချိန်ကိုကုန်လွန်စေခဲ့သူပါ။
တချိန်တုန်းက ငါမကစားတတ်တဲ့
ဖဲကစားနည်းကို ကစားတတ်အောင်
မင်း.... သင်ပေးသွာခဲ့တာလေ
ခုတော့ ငါ့မှာ မင်းကိုလွမ်းတဲ့စိတ်ကြောင့်
ဖဲသမားကြီး လုံးလုံး ဖြစ်နေပါပြီ ချစ်သူရယ်...။


7 Response to သင်ခန်းစာ

24 October 2008 at 21:46

အဲဒီကောင်မလေးကသင်ပေးတာ တော်တော်ဆိုးတယ်နော်
ပြော ဘယ်သူလည်း ဘယ်ကလည်း
ကိုအိမ်ကို ဖဲသမားဖြစ်အောင်လုပ်တဲ့သူ
ဟင်း..
ဒီလိုဘာဘဲ ကိုအိမ်ေ၇.. စိတ်ရဲ့ထွက်ပေါက်ဆိုတာ
:P

24 October 2008 at 21:54

ဖဲသမားကြီးဖြစ်နေပါပြီ အချစ်ရယ်
တခါတလေ..၀ဲများတောင်ကုတ်နိုင်ပါဘူး
ပုဆိုးနဲ့ အကျီ ပေါင်ဖို့မရှိတော့လို့
အိမ်ပေါ်က ခေါင်းနဲ့ဆင်းခဲ့ရတာလဲများပြီ အချစ်ရယ်။

အလှတရား။

24 October 2008 at 22:01

နောက်တစ်ခါ ဖဲရိုက်ရင် ကျနော့်ကိုလည်းခေါ်ဦး
အဟဲ အတူတူရိုက်ရအောင်လို့

24 October 2008 at 22:43

ဦးအိမ်ကလည်း သူဖဲရိုက်ချင်တိုင်း အလွမ်းပေါ် ပုံချနေတယ် မသိရင်ခက်မယ် ဟဲဟဲ :P :P :P

24 October 2008 at 22:52

ဟုတ်တယ် သဉ္ဇာပြောတာဟုတ်တယ်ဗျိုး။ ဘာရိုက်မှာလဲ။ ဖဲဝိုင်း ဘလော့ ထောင်လိုက်မယ်လေ။ ဖဲတွေအကြောင်းပဲရေးကြတာပေါ့။ အဟိဟိ။

25 October 2008 at 10:10

သူ့ဖာသာ သူ ဖဲရိုက်တာ များ
အပြစ်ပုံချလိုက်သေးတယ်..

အော်..ဒါလဲ ယောကျာင်္းပဲလေ

25 October 2008 at 23:37

တိန်လုပ်ပြန်ပြီ...အိမ်တို့ ကတော့..:)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း