Wednesday, October 22, 2008

ယနေ့ခေတ်သမီးအို

12
အချက်အပြုတ်........... မောင့်အလုပ်။
ထင်းမီးသွေးဝယ်........ မောင်ပဲကွယ်။
ဆန်ဆီဆားလဲ........... မောင်ပါပဲ။
ကလေးထိန်းကျောင်း॥ မောင်ပဲကောင်း။
အဖွတ်အလျှော်.......... မောင်ပဲနော်။
သို့သော်...သို့သော်.......
အလှပြင်ဆိုင်.............. ခင်ပဲထိုင်။
ဗိုလ်ချူပ်ဈေးသွား........ မောင်မတား။
ဆလင်းဘတ်အသစ်.... ခင့်အတွက်ဖြစ်။
ဘာပဲပြောပြော........... ခင့်သဘော။
09:56 khin: Hello bro....good...i am so happy to read when i arrive ur home..here is for you...and you can paste and share to all.
ယနေ့ခေတ်သမီးအို လို့ခေါင်းစဉ်တပ်လိုက်တာ ၀ါးလုံးချေးသုတ်ရမ်းသလိုများဖြစ်သွားရင် ခွင့်လွှတ်ပါ အိမ်ထောင်သည် မမတို့ခင်ဗျား။ တခြားခေါင်းစဉ်ကိုစဉ်းစားတာပဲ ခေါင်းထဲမပေါ်လို့ စဉ်းစားလို့ ရတာလေးပဲ ခေါင်းစဉ်တပ်လိုက်တာပါဗျာ။ ပေးပို့လိုက်တဲ့ မခင်ဝါ၀င်းကလဲ စာသားကိုသာပေးပြီး ခေါင်းစဉ်မပေးလိုက်ဘူးခင်ဗျ။ တိုက်ဆိုင်နေရင်တော့ အသာလေးသာငြိမ်နေလိုက်ပေါ့နော် :D



12 Response to ယနေ့ခေတ်သမီးအို

22 October 2008 at 01:53

ကိုအိမ်
ခင်ဗျားတော်တော်ပြဿနာရှာတယ်
နည်းနည်းတော့ specify လုပ်ပြီးပြောဗျ
ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိပါတယ်
ဘာညာပေါ့..

အင်း..သတိထားရမယ်ဗျို့

22 October 2008 at 04:12

အမကတော့အဲ့ဒီစကားတွေကိုလက်ကိုင်ထားတာကြာလှပေါ့
ဒါကြောင့်မို့ထင်တယ်...ခုထိမစွံသေးတာ..ဟတ်ဟတ်
မောင်လေးလဲ...ကျင့်သုံးသင့်တယ်နော်......ဟိဟိ

22 October 2008 at 16:25

ဟီးဟီး နဲနဲတော့မှန်တယ်. ၉၀ ရာခိုင်နှုန်းလောက်. :P

ခင်တဲ့
မ၀ါ

22 October 2008 at 20:39

အဲ့ဒါတွေကြောင်လို့ သားသားခုထိ လူပျိုကြီးလုပ်နေတာ (ဟီးဟီး ကိုယ်ဖာသာ ကိုယ်မစွန်တာလွဲချလိုက်တာ)

22 October 2008 at 20:53

တို့ချစ်ချစ်က ဒီလိုဟုတ်ဘူး။ ဟိဟိ။ ပိုဆိုးတယ်။ :)

22 October 2008 at 23:58

အကိုရေ ကျနော့်မိန်းမ က အဲလိုဟုတ်ဘူး အဟီး
မရှိတာကိုတမ်းတရတာ ပျော်စရာကောင်းလိုက်တာ
ဟားဟား လူပျိုကြီးပဲလုပ်တော့မယ်ဗျာ

23 October 2008 at 08:26

ဟားဟား တမီးအိုဒွေအတွက်ဖဲချိုတော့ မက်မက်တို့လို တမီးပျိုလေးဒွေ
အတွက်မဟုတ်လို့.. တော်တေးဒါပေါ့.. ဦးဦးအိန်ယဲ့။ ဟီးဟိး.. :P :P :P

မောင်ရေ... ဟင်းအိုးလေးတချက်လောက်ကြည့်လိုက်ပါဦး
ဟိုမှာ အငယ်ကောင် သေးပေါက်ချနေတယ်မောင်ရေ.. အဲဒါဟင်းအိုးလေး
ကြည့်ပြိးရင် သေးဝတ်လေးပါလဲပေးလိုက်ဦးနော်..မောင်..။


မောင်ရေ.. ခင်လေ ဒီစိန်နားကပ်လေးလှလို့ဝယ်လိုက်တယ်နော်မောင်...
လှရဲ့လားကြည့်ပါဦးမောင်ရဲ့။ ဟတ်ဟတ်.. .:P :P :P :P

Anonymous
23 October 2008 at 09:03

ဟီး... အမှန်ပဲဗျို့.. အဲလိုယောက်ျားမျိုးတော့ မဖြစ်ချင်ဘူးဗျို့..။ သူပြောလိုက်မှ မိန်းမတောင် မယူရဲလောက်အောင်ပဲ..ဟာဟ..။

23 October 2008 at 09:12

အိမ်ရေ
ကြားဖူးသလောက်တော့ အိမ်ထောင်ရှင်အမျိုးသား ၇၅% လောက်က အိမ်ရှင်မကိုပဲ ဦးစားပေးတတ်ကြတယ်တဲ့ အဲဒါကြောင့်ဖြစ်မှာပါ-

23 October 2008 at 10:05

ဟေ့ဟေ့ဟေ့
ဘာတွေဖြစ်နေကြတာတုန်း.....
အိမ်ထောင်ရှင်အမျိုးသားတွေက (တာဝန်ကျေပွန်သူများ) အဲဒီတာဝန်ကိုပဲ ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နေကြတာပဲမဟုတ်လားလို့.....


ယနေ့ခေတ်သမီးပျိုများလည်း ယနေ့ခေတ်သမီးအိုတွေဆီက
ပညာသင်ထားရမယ် ဟဲဟဲ...

12 November 2008 at 10:44

အင်း ဒီပုံ အတိုင်းဆိုရင်တော့ ဒီအတိုင်း ငြိမ်ခံ နေလို့ မဖြစ်ခြေဘူး ဒို့အမျိုးသားတွေ အမျိုးသမီးတွေနဲ့တန်းတူညီတူ အခွင့်အရေး ရဖို့ ပြင်းပြင်းထန်ထန် တောင်းဆို တိုက်ပွဲ ဝင်ကြ မှ ဖြစ်မယ် အိမ်ရေ...
ကိုယ် ပါဝင် တိုက်ပွဲ ဝင်ဖို့ကတော့ ဟဲ အိမ်က မိန်းမ နဲ့ အရင် တိုင်ပင် ကြည့်လိုက်ပါအုံးမယ် ..

အရေးတော်ပုံ အောင်ရမည်..။

13 November 2008 at 22:15

မေချက်တာပိုကောင်းပါတယ် မောင်ကစားပေးနော်...
ထင်းမီးသွေးဆိုင်ကမေနဲ့ပိုရင်းနှီးတယ် မောင်ရဲ့...
ဆန်ဆီဆားလဲမပူနဲ့ မောင်နားနားနေနေ နေပါ...
ကလေးကအမေချစ်ပါမောင် မပူနဲ့နော်...
လျှော်ထားတာမပြောင်ဘူး မေ့ပေး...
ဒါပေမယ့် ... ဒါပေမယ့် ...
မှန်နားဝဲတာ မောင်ပါပဲ
ပလာဇာမှာလဲ တွေ့စမြဲမောင် ...
ဘောဘင်အသစ် အင်္ကျီမှာချိတ်လို့
ဘာပဲဆိုဆို မောင့်အသံကကောင်းပါတယ်လေ ...။
ဒါကလက်ဆောင်ပေးတာပါ ...
အဲလိုမိန်းမကောင်းလေးတွေရှိပါတယ်လေ အမှားပါရင်ခွင့်လွှတ်ပါနော်

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း