Sunday, January 16, 2011

ရန်စ ငအိမ်

3
ဒီနေ့တော့ ပျင်းရိလာတာနဲ့ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်ပင်းကြိုးတပ်ပြီး လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ ဒီမှာက ဒီလိုပဲ ဘာစတိုင်လဲတော့ မသိဘူး ခွေးနဲ့ လမ်းလျှောက်ထွက်ရင် စမတ်ကျကျဝတ်စားတတ်ကြသလို၊ အားကစားဝတ်စုံလေး ဝတ်ပြီး သွားလာတတ်ကြပါတယ်။ ဒီတော့ ကျနော်လဲ အိမ်မှာမွေးထားတဲ့ ခွေးကိုကြိုးလေးတပ်ပြီး လမ်းသလားဖို့ ပြင်ဆင်လိုက်ပါတယ်။