Friday, March 11, 2011

တခဏ

0
ခဏတွေ့ခဲ့တဲ့ ဘဝတကွေ့မှာ
သူ့ရဲ့ အကြည့်တချက်နဲ့ စည်းချက်မညီတော့တဲ့
ငါ့ရင်ခုန်သံတွေ ကြိုးညိုဖို့
ကံကြမ္မာရေ ဖန်တရာတေအောင် မတွေ့ရရင်နေပါစေ
သံသရာတကွေ့မှာ ခဏတော့ တွေ့လိုက်ချင်သေးတယ် ....။

Monday, March 07, 2011

ဦးအောင်ဆန်း၏ မိခင် ဗိုလ်ချုပ်မိခင် (တက္ကသိုလ်ဆုမြိုင်)

0
ဒီဘလော့မှ ကူးယူဖော်ပြပါသည်ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘခင်ကြီးဖြစ်သူ (၀ါ) မြန်မာနိုင်ငံ၏ ဗိသုကာ ဆရာကြီးဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အမေစုတည်းဟူသော ကျေးဇူးရှင် မိခင်ကြီး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတဦး ဖြစ်လာသည်ဟု ယူဆက မှားမည်မဟုတ်ပေ။ ဗိုလ်ချုပ် ၏ အထုပ္ပတ္တိကို ရေးသားရာ၌ ဗိုလ်ချုပ်၏ မိခင် အမေစု၏ အထုပ္ပတ္တိ ပါရှိမှသာ ပြည့်စုံသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် အမေစု၏ အထုပ္ပတ္တိကို တတ်နိုင်သမျှ ရှာဖွေ စုဆောင်း၍ မြ၀တီမှ တင်ဆက်ရပါကြောင်း။