Sunday, October 19, 2008

အဘွားအတွက် အမှတ်တရ

14
မ၀ါဝါခိုင်မင်း ကအဘွားအမှတ်တရလေးရေးပေးပါဆိုလို့ ရေးမယ်စိတ်ကူးလိုက်တော့ အကြံတခုရတာနဲ့ ကျနော်မှာ ရှိနေတဲ့ အဘွားရဲ့
ဓာတ်ပုံတွေနဲ့ သူ့ရဲ့ မင်းကတော် ဇာတ်လမ်းခွေရယ်၊အားလူးမဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောခဲ့တဲ့သူ့ဘ၀ဇာတ်ကြောင်းရယ်၊
ကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ကျေးဇူးပါပဲ မ၀ါရေ အမပြောမှ ကျွန်တော်လဲ အကြံရတာဆိုတော့ အမကိုပဲကျေးဇူးအထူးတင်ရှိပါတယ်။ အရင်ကလဲ အဲဒီအကြံရတယ်
ဒါပေမဲ့ကြွားသလိုမျိုးကြီးဖြစ်နေမှာစိုးတာနဲ့ မတင်ဖြစ်ခဲ့ပါဘူး။ အခုတော့ အမနဲ့ဒရင်းတို့က ဗရုတ်သုတ်ခအကျဆုံးနေ့များအကြောင်း တက်တော့ အဘွားအကြောင်းက ကျနော်ဘ၀ထဲက အမှတ်တရတခုဆိုတော့ သူအကြောင်းရေးလိုက်တာပါ ဒါနဲ့ မ၀ါသိတော့ အဘွားအကြောင်းရေးဖို့ပြောတာနဲ့ ကျနော်ကိုယ်တိုင်ရေးရင် ပြည့်စုံမှာ မဟုတ်လို့ ကျနော့်မှာ ရှိတဲ့အဘွားရဲ့ အမှတ်တရလေးတွေ
တင်ပေးလိုက်ပါတယ်ခင်ဗျား။

အဘိုးနဲ့အဘွားပုံပါ အဘိုးကတော့ရှုမ၀ဦးကြည်မောင်



ဒါကတော့ ငယ်ရွယ်စဉ်ကပုံလေးပါ



ဒီပုံလေးကတော့ ရုရှားကိုပညာသွားသင်တုန်းက ရုရှားမှာရိုက်ခဲ့တာပါ



ဒါကတော့ ၂.၁၀.၇၆ မှာအကယ်ဒမီယူတုန်းကပုံလေးပါ ကျနော်ထင်တယ် ရွှေချည်ငွေချည်တန်းပါလို့ ဆိုတဲ့ရုပ်ရှင်နဲ့ရတာလို့



ဒါကလဲ အကယ်ဒမီရတုန်းကပုံပါ ရွှေရင်သိမ်းသစ်လို့ထင်တာပဲ ခင်ဗျ



ဒီပုံလေးကတော့ ရာမလက်ခဏာကတုန်းကပါ



ဒါလဲရာမလက်ခဏာကတုန်းကပုံးလေးပါပဲ



ဒါလဲရာမလက်ခဏာကတုန်းကပါပဲ




ဒီပုံကတော့ အမေများအဖွဲ့ပုံပါ အဲဒီမှာ အဘွားကခေါင်းဆောင်ပါ





ဒီဟာလေးကတော့ မင်းကတော်ကက်ဆက်ခွေဇာတ်လမ်းလေးပါ ဒီအခွေမှာအဘွားက အမေအဖြစ် ဒေါ်ခင်အဖြစ်အသံသရုပ်ထားပါတယ် မျက်ရည်ခိုင်မှနားထောင်နော် ဇာတ်လေးကသနားစရာဇာတ်ပါ



ဒါလေးကတော့ ဘယ်ဟောပြောပွဲမှာလဲ မသိဘူးဟောခဲ့တဲ့ အားလူးမဆိုတဲ့ခေါင်းစဉ်နဲ့ သူ့ဘ၀အကြောင်းပါ ဒါလေးကိုနားထောင်
ကြည့်ရင်ရယ်ရပါတယ် အိမ့်အဘွားလို့မပြောရဘူးဆိုတာ နားထောင်ကြည့်ရင်သိမှာပါ ခင်ဗျာ။ ရုပ်ရှင်လောကလဲ အကြောင်းသိချင်ရင်နားထောင်လေ့လာနိုင်ပါတယ်။ ပြီးတော့သူဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကိုဟာသလေးနှောပြီး ဟောထားတာဆိုတော့ နားထောင်ရတာမပျင်းဘူး နားထောင်လို့ကောင်းတယ်။

အပိုင်း ၁
အားလူး -ဒေါ်မေနွဲ့

အပိုင်း ၂

အာလူး - ဒေါ်မေနွဲ့

အဘွား၏နောက်ဆုံးခရီး



အားလုံးကိုအထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


14 Response to အဘွားအတွက် အမှတ်တရ

19 October 2008 at 20:55

"အဘွားအတွက် အမှတ်တရ"
အိမ်ရေ----
လာဖတ်ပါတယ်ရှင်---
လက်စသတ်တော့--အိမ် တို့က အနုပညာရှင်
အသိုင်းအဝိုင်းက--ကိုး--
မင်းသမီးကြီး ရဲ့ မြေးဆိုတော့ အိမ် ---ရော ရုပ်ရှင် ရိုက်ဘူးလား--
အဘိုးကလည်းစာပေအနုပညာရှင်ဆိုတော့--
အိမ် က ဒါကြောင့် အနုပညာဝါသနာပါတာ
ဖြစ်လိမ့်မယ်---
ဆက်ရေးပါ--အားပေးနေပါတယ်--
အဘွားအကြောင်းရေးတော့--မသက်ဇင် လည်း--အဘွားကို ပိုသတိရသွားတယ်--
အဘွားနဲ့ ကြီး ခဲ့ရလို့လေ---
ခင်မင်လျက်

19 October 2008 at 22:18

အိမ်ရေ
အိမ့် အဘွားကို အစ်မတို့ လဲ အရမ်းချစ်ကြတယ် ..
အမြဲပြုံးနေတတ်တဲ့ အဘွားကိုလေ
အဘွား ချစ်တဲ့ ပရိတ်သတ်က ပို့ တဲ့ မေတာတွေနဲ့ အဘွား ငြိမ်းချမ်းမှာပါနော်

19 October 2008 at 22:39

အင်း အကိုအိမ်က လျှိုထားတာကိုးဗျ ခုမှသိလိုက်ရတယ် အဘွားကတော်တော်ချောတာပဲဗျ
အကိုကော ၀ါသနာမပါဘူးလား အဘွားလိုပေါ့
တင်ပေးတာသိလိုက်ရလို့ ၀မ်းသာတယ်အကိုအိမ်ရေ
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

19 October 2008 at 22:41

ကောင်းပါတယ်ဗျာ။ အခုလို ဓာတ်ပုံလေးတွေဖော်ပြပေးတာ။ တချိန်က မြန်မာ့ရုပ်ရှင်က အဆင့်အတန်းမီတယ်ဗျ။ အကယ်ဒမီ ဆိုတာကလည်း တကယ်ကြီးကိုတော်ကြတာဗျ။ ကောင်းတယ်ဗျာ။ ရှိသေးရင်လုပ်ပါဦး။ :)

19 October 2008 at 22:51

ဦးအိမ်ကြီး.. ဘွားက ငယ်ငယ်ကတည်းက တော်တော်ချောတာပဲနော်
ဘွားကို ပရိတ်သတ်တွေက အရမ်းချစ်ကြတာလေ...
ဦးအိမ်က ဘွားဒေါ်မေနွဲ့ရဲ့ မြေးမှန်း ခုမှသိတယ်

19 October 2008 at 23:24

ွှအိမ်ရေလာလည်သွားတယ်ဗျာ....။ အဘွားအကြောင်း
လည်းသေချာဖတ်သွားပါတယ်...။ အားပေးနေပါတယ်..။

20 October 2008 at 00:58

အိမ်လေးရေ.........အဟမ်းဟမ်း......
အော်.........ဂလိုလား........
မင်းသားလုပ်ဖို့အစီစဉ်ရှိရင်လဲ ပြောဦးနော်........
အားပေးရမှာပေါ့..........အချင်းချင်းဆိုတော့
ပိုက်ပိုက်ယူရဘူးနော်......အဟဲ

20 October 2008 at 14:58

အော်.. အခုမှပဲသိတော့တယ်... အမေဒေါ်မေရှင်ရဲ့မြေးကိုး... ဟင်းဟင်း..
လျိုထားတယ်ပေါ့လေ... လက်စသတ်တော့ ရွေတော်မျိုးတော်တွေကိုး...
ဟီးဟီး... အနုပညာလမ်းမှာ ဆက်လျောက်နိုင်ပါစေ...

ဒါကြောင့်ဦးဦးအိန် က ဒီလောက်တော်တာကိုး.. ဟီးဟီး...
မင်းသားလုပ်ရင်ပြော... ထုတ်လုပ်သူလုပ်ပေးမလို့... ဟာားဟား...

အခုလိုအဘွားရဲ့ အကြောင်းလေးနဲ့ ဓာတ်ပုံလေးတွေ ကို ဖော်ပြပေးတာ
ကျေးဇူးပါ...

20 October 2008 at 15:50

မောင်လေးအိမ် ရေ..
အမ၀ါ အခုမှလာဖတ်ရတယ်မောင်လေးရေ..
နောက်ကျသွားတာဆောတီးပါနော်။အမ အလုပ်များနေ
လို့ပါ။ အော်..မောင်လေးက အမေ ဒေါ်မေနွဲ့ ရဲ့မြေးကိုး။
သရုပ်ဆောင်အလွန်ကောင်းတဲ့ အကယ်ဒမီရုပ်ရှင်မင်းသ
မီးကြီးကို အမ တို့ မမေ့နိုင်ပါဘူးလေ။ အော်.. အမေ
ဒေါ်မေနွဲ့တောင်ဆုံးသွားခဲ့ပြီကို..အမ မသိခဲ့ဘူး။
မောင်လေးရဲ့ အဘွားဆိုလို့ တခြားမင်းသမီးကြီးတွေကို
တွေးနေမိတာ။ နိုင်ငံကျော်ရုပ်ရှင် မင်းသမီးကြီးရဲ့မြေး
ပါလား။ မောင်လေးလဲ ရုပ်ရှင်ရိုက်ပေါ့။ ဘလော့ဂါ ပရိ
သတ်တွေ အများကြီးရှိတာပဲ။း)
ဓါတ်ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ တင်ပြပေးတာ ကျေး
ဇူးပါ မောင်လေးအိမ် ရေ ။

ခင်တဲ့
မ၀ါ

20 October 2008 at 21:06

မောင်လေးအိမ်ရေ.. အဟမ်းဟမ်း
မင်းသမီးကြီးမြေးဆိုတော့ မောင်လေးတွေဘာတွေ ပစ်ပြီးခေါ်ထားတာ။
ဂုဏ်ယူပါတယ်မောင်လေးရေနော်။ ကျေးဇူးလည်းတင်ပါတယ် အခုလို အနုပညာရှင်တွေကို ဖော်ထုတ်ပေးလို့။

21 October 2008 at 12:25

ညီလေးအိမ်နွဲ့..

ဘွားကို ဂုဏ်ပြုရင်း အိမ့်နာမည်ကို ဘွားနာမည်လေးတစ်ခုတိုးပြီးခေါ်မယ်နော်..
ဘွားရဲ့ ကက်ဆက်ခွေဇာတ်လမ်းလေး ကိုလည်း နားထောင်သွားတယ်..
အိမ်နွဲ့လည်း ရုပ်ရှင်ရိုက်တော့လေ.. အားပေးမှာပေါ့.. :)

ခင်တဲ့

21 October 2008 at 13:44

အိမ်က အနုပညာ မျိုးရိုးက ဆင်းသက်လာတာပဲ။ အဘွားအကြောင်းကို ခုလို ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်း လေး တွေ ဝေေ၀ဆာဆာနဲ့  ဖော်ပြပေးတာ တကယ့်ကို ကောင်းပါတယ်ဗျာ။ ဒါနဲ့  အိမ်ရော ဘယ်တော့ ရုပ်ရှင် ရိုက်မှာလဲ။ မြေထဲပင်လယ်က ရှုခင်းလှလှလေးတွေ နောက်ခံထားပြီး ခေါမဒဏ္ဍာရီထဲက နတ်သမီးလေး တွေနဲ့  အာခီးလီးစ်အကြာင်းကို အိမ်ကိုမင်းသား တင်ရိုက်မယ်ဗျာ။ ဖြစ်တယ်ဟုတ်။ :) တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့ မသွားပါသည်။

23 October 2008 at 21:39

အပေါ်က.အစ်ကိုတွေအစ်မတွေပြောသလိုပဲဗျာ...
ကိုတိုက်ကြီးအဲဘွာတေးကိုအိမ်နွဲ.ဟုတ်သေးဘူးကိုအိမ်
အတွက်လှိုက်လှိုက်လှဲလှဲကြီးဂုဏ်ယူသွားပါတယ်ဗျား

12 November 2008 at 10:52

အဟဲ ညီလေး အိမ် အကို့ကို မှတ်မိသေးရဲ့လား အရင်က ပြောမှား ဆိုမှားရှိခဲ့ရင်လဲ ဗွေမယူပါနဲ့နော် စိတ်ထဲက ပါလို့ မဟုတ်ပါဘူး
ဟဲ ဖားထားတာ မင်းသားတွေ ဘာတွေလုပ်ခဲ့ ရင် မန်နေဂျာလောက် ခန့်ပေးဖို့ စဉ်းစားပေးနိုင်အောင်ပေါ့.....။

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း