Sunday, October 26, 2008

ဘလော့လ်ဂါဒုက္ခ

16
ဟိုးအရင် စာပေခေတ်က
တစ်ရာမပေး စာမရေးဘူး
တစ်သောင်းမပေး တစ်ကြောင်း မရေးဘူး
ဒီဘက်ခေတ်မှာ စာရေးဖို့ ဘလော့လ်ပေါ်လာ
ရေးသာရေးနေကြ
တစ်ပြားမှမရ ငါတို့ဘဝ
အိတ်ထဲကပင်စိုက်နေရ
အော်..... ဘလော့လ်ဂါ ဒုက္ခ။

16 Response to ဘလော့လ်ဂါဒုက္ခ

27 October 2008 at 00:34

ဟိုက် သေပြီဆရာနဲ့တိုးတော့မယ်ထင်တယ် နော် အကိုအိမ် ခဏနေဦး ကျနော်သွားပြောလိုက်ဦးမယ်
အကိုအိမ်ကိုစာမူခပေးကြပါလို့ ဟဲဟဲ

27 October 2008 at 09:47

ဒီဒုက္ခကို ပျော်ပျော်ကြီး ခံယူနေကြသူများပါရှင့်.....
ဘယ်သူကမှ အတင်းအကျပ်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ခံယူထားကြတာ..
မယုံဘူးလား.. ဦးအိမ်ကိုမေးကြည့် ဟိဟိဟိ

28 October 2008 at 08:13

“အိပ်ရေးပျက်ကာ အလုပ်နောက်ကျ
ဘော့စ်ရဲ့ အဟောက် အမြဲခံရ
အဲဒါ ဘလော့ဂါဒုက္ခ“

ဟဲဟဲ အကိုရေ မှန်တယ်ဗျို့.. စာမူခလာပေးတယ်နော်

28 October 2008 at 09:01

ရေးသာရေးနေကြ
တစ်ပြားမှမရ ငါတို့ဘဝ
အိတ်ထဲကပင်စိုက်နေရ
အော်..... ဘလော့လ်ဂါ ဒုက္ခ။

အိမ်ရေ---
ကောင်းလိုက်တဲ့ ကဗျာပါလား--
တကယ့် ကို သဘာဝ ကျပါပေတယ်---
ဆက်ရေးပါ--အတွေးကောင်းတယ်--
ခင်မင်လျက်
မသက်ဇင်

28 October 2008 at 16:58

လုပ်ချလိုက်ပြန်ပြီ
အမှန်တွေ

28 October 2008 at 20:03

ဦးဦးအိန်ရေ.. မက်မက်အတွက်လည်း ထပ်စိုက်
လိုက်ပါဦး.. ဟီးဟီး.... :P :P

29 October 2008 at 15:48

ဝုတ်ပ ဒွတ်ခ..

ပျော်ပျော်ကြီး ရေးကြတာပေါ့မောင်လေးအိမ်ရာ.
ကဗျာလေးကောင်းပါ၏။

30 October 2008 at 16:07

ဟားဟား.. မှန်ပ... သိပ်ကောင်းတဲ့နောက်ဆုံးပေါ်ဒုက္ခပဲဗျ... ဟီး

5 November 2008 at 00:35

မျက်လုံးပျက်လို့  ခါးချိရ
စာမေးပွဲပါကျ
အဲဒါ ဘလော့ဂါ ဒုက္ခ။ ငှဲငှဲ
ပေးပါ စာမူခ။

6 November 2008 at 13:39

ဟုတ်ပတော်...
ကိုတောင်ပေါ်သားပြောသလိုတော့
အမြဲပဲအဟောက်ခံနေရတာ အကျင့်တော့ဖြစ်နေပြီး
ဟတ်ဟတ်...ပျော်ရွှင်ပါစေမောင်လေးရေ

Anonymous
10 November 2008 at 09:52

အဟုတ်ပဲဗျို့..။:P

Anonymous
10 November 2008 at 21:43

မှန်၏ .....
:P

12 November 2008 at 10:28

အဟီး ဒီလောကထဲ ခေါ်လာမိတဲ့ ကိုယ့်အမှားပါ ဒါပေမယ့် ဆောရီးလို့ ပြောစရာ မလိုဘူးထင်ပါတယ် အဲဒီ ဒုက္ခ ကိုပဲ ပျော်နေတာ မဟုတ်လား ဟက် ဟက်...။

14 November 2008 at 20:50

"ဘလော့သံသရာ"


မျက်မှန်ပါဝါတိုး

စာမကျက်ဖြစ်တော့
စာတွေကမရ။

တစ်ခါတစ်ခါစိတ်ကုန်
စိတ်ရှုပ်။

မရေးတော့ဘူးပေါ့။
ဆုံးဖြတ်။
ပြီးပြန်ရေးတာပဲ။

17 November 2008 at 00:10

ရေးသာရေးနေကြ
တစ်ပြားမှမရ ငါတို့ဘဝ
အိတ်ထဲကပင်စိုက်နေရ
အော်..... ဘလော့လ်ဂါ ဒုက္ခ။

မှန်လိုက်လေဗျာ။ ဒီဒုက္ခတွေက မသေးဘူးဗျ။ ဝါသနာကိုက ဖြတ်မရဘူးဗျို့။

17 November 2008 at 16:21

***ဘလော့ဂါဖတ်စာ***
(၁)
စောစောထ
သွားမတိုက်
မျက်နှာမသစ်
ဘလော့ဖွင့်
စီဘုံးစစ်
Comments စစ်
Visitorsစစ်
ပြန်လျှောက်လည်
message ရေး
မင်္ဂလာပါ
ကျေးဇူးပါ
နှုတ်ဆက်
ပြန်လာ
တစ်ခေါက်ပြန်ဖတ်
အမှားတွေပြင်
နာရီကြည့်
ရသေးတယ်
နောက်အိမ်တွေလည်
မဖြစ်မနေ နှုတ်ဆက်တယ်
ညီမလေးဝေ ဒေါက် ဒေါက်ဒေါက်
ညီမလေးသက်တန့် မင်္ဂလာပါ
ညီမလေး Dream ရေ ကော်ဖီဗျို့
ညီမလေးမီးငယ် နေကောင်းလား
မောင်လေးဥယျာဉ်မှူး ရေ ဒေါက်ဒေါက်ဒေါက်
မောင်လေး ကိုစွမ်း ရေ မင်္ဂလာပါ
ကိုဇင်ယော်ရေ လာတယ်ဗျို့
မျောက်နက်ဝန်းရေ အဆင်ပြေလား
ပြန်လာ မျက်နှာသစ်
breakfast eat
စီဘုံးပြန်စစ်
Commentsပြန်စစ်
Visitors ပြန်စစ်
နာရီကြည့် ကွက်တိ
အဟိ...း)




(၂)

အလှပြင်
အ၀တ်လဲ
အလုပ်သွား
အလုပ်ပြန်
မနားအား
Computer ဖွင့်
G talk ဖွင့်
Online မယ်
အများကြီးကွယ်
နှုတ်မဆက်အား
ဘိုင်းဘိုင်
G talk Off
ဘလော့ဖွင့်
စီဘုံးစစ်
Comment စစ်
Visitorsစစ်
ခဏလည်
တရေးအိပ်
အိပ်ရာနိုး
ပြန်စစ်
တက်ဂ်ထားတယ်
မမရယ်
ဒွတ်ခပဲ
ဘာတွေလဲ
အမြန်ပြေး
သွားကြည့်
စာစီ
How to write ?
ဦးနှောက်စား
ခဏထား
(၃)

ညစာပြင်
ထမင်းစား
လျှောက်လည်
နှုတ်ဆက်
blogging
ပြန်စစ်
မအိပ်ခင်လည်
ထပ်နှုတ်ဆက်
ဇက်ကြောတက် ညောင်းချိ
နာရီကြည့်
၁နာရီရှိ
စိတ်ညစ်တယ်
အိပ်တော့မယ်
မောင်နှမများ
သံယောဇဉ်ထား
အိပ်မရ
ဒုက္ခ
အဲဒါဘလော့ဂါကွ။


အိမ် ရေ.. အဲဒါ အမ ရေးထားတဲ့ ဘလော့ဂါဖတ်စာလေးပဲ..း)
ဘလော့ဂါဒုက္ခ နဲ့ ဘလော့ဂါဖတ်စာပေါ့..ဟဟ

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း