ဒီလိုနဲ့ တရက် အဲဒီကျောင်း ရှိရာ သွားကြတော့ အောက်ပါအတိုင်း ကိုလင်းထက်ကနေပြီး သူသိသမျှ ဒီကျောင်းရဲ့ သမိုင်း အကျဉ်းချုပ်လေးကို ပြောပြသွားပါတယ်။ ကျနော်တို့ သွားတဲ့နေ့က ပိတ်ရက်ဖြစ်နေတာကြောင့် အထဲဝင်ကြည့်ခွင့် မရခဲ့ပါဘူး။
ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်မြို့ကြီးအနီးက အဲဘတ်မြို့လေးမှာ ဦးနေဝင်းအလည်လာတိုင်း တည်းတဲ့ ဟိုတယ်တခုရှိပါတယ်။ အဲဒီဟိုတယ်မှာလဲ သူ့ရဲ့ဓာတ်ပုံကို ချိတ်ဆွဲထားတယ်လို့ ဆိုပါတယ်။ ဟိုတယ်ပိုင်ရှင်က ဒီဟိုတယ်ကို လာတည်းနေကျ သူဌေးကြီး ဆိုပြီး အမှတ်တရ ဓာတ်ပုံရိုက် ချိတ်ဆွဲ ခဲ့တာလို့် သိရပါတယ်။ အဲဒီဓာတ်ပုံ ရှိတယ်ဆိုတာကလဲ ဟိုတယ်မှာ အလုပ် လုပ်ခဲ့ဖူးသော မြန်မာများ မြင်တွေ့ခဲ့ကြလို့ တဆင့်စကား၊ တဆင့်နားနဲ့ ပြန်ကြားရတာပါ။ ကျနော် အဲဒီဟိုတယ်ဆီ သွားတော့ နွေရာသီမှ ဖွင့်လှစ်တဲ့ ဟိုတယ်ဖြစ်နေလို့ အထဲဝင်ခွင့် မကြုံခဲ့ရပါဘူး။ အဲဒီလိုသူလာလည်တိုင်း ဘုရားရှိခိုးစရာ မရှိလို့ဆိုပြီး ယခုဖော်ပြပါ ပုံထဲက ကျောင်းတဆောင် ကိုဆောက်လုပ်ခဲ့ပါတယ်။ ယတြာချေတာလဲ ဖြစ်နိုင်တာပါပဲ။ ကျောင်းအမည်ကတော့ မေတ္တာပေါင်းကူးဗိမာန်ပါ။ အရင်ကတော့ တရုတ်ဘုန်းကြီးများ ဝင်ရောက် သီတင်းသုံးနေထိုင်တယ်လို့ သိရပါတယ်။ ယခုလောလောဆယ်တော့ ဘယ်သူမှ မနေဘဲ ဂျာမဏီအစိုးရမှ ထိန်းသိမ်းထားတယ်လို့လဲ သိရပါတယ်။
ယခုလိုနိုင်ငံရပ်ခြားမှာ မြန်မာစာလုံးအကြီးနဲ့ မြန်မာမှု၊ မြန်မာ့ဟန်ကို မြင်တွေ့လိုက်ရတော့ အံ့သြမိပါတယ်။ ဆက်ပြီး အံ့သြမိတာက ဦးနေဝင်းဟာ ပြည်သူပိုင်ငွေတွေနဲ့ ဥရောပနိုင်ငံတွေမှာ အိမ်ကြီး အိမ်ကောင်းတွေ၊ ရဲတိုက်ကြီးတွေ ဝယ်ယူနေထိုင်ခဲ့တယ်ဆိုတာ အရင်ကတော့ ပုံပြင်တပုဒ်လို ထင်ခဲ့မိပေမဲ့ လက်တွေ့မြင်လိုက်ရတော့ ယုံကြည်သွားပါတယ်။

20 Response to ခရီးသွားမှတ်တမ်း
မှတ်သားသွားပါတယ်....ဂျာမနီတစ်ခေါက်
ရောက်ခဲ့ရင် သွားလို့ရအောင်ပေါ့ဗျာ။
အိမ်ရေ..
လောင်းတိုင်း နိုးဆီး...
အဆင်ပြေမယ်..နေကောင်းလိမ့်မယ်. အရင်လိုပဲ
ပျော်ပျော်ရွှင်ရွှင်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အစ်မလည်း အိမ်လည် သိတ်မထွက်ဖြစ်လို့ မရောက်ဖြစ်တာပါ။ကိုယ့်မောင်နှမတွေ အားလုံးကို မမေ့ပဲ သတိရနေပါတယ်။
ဒီပို့စ်လေး အိမ်မျှဝေပေးမှပဲ ဒီလိုအကြောင်းလေး
ရှိတယ်ဆိုတာ သိရတယ်။
ဂျာမဏီရောက်ရင် ၀င်လည်သေးတာပေါ့.း)
အစ်မ၀ါ
ဂျာမနီရောက်ရင် ဘွန်းသွားပြီး ဘီယာသောက်ဖြစ်မယ်ထင်တယ်...
သားက ကလေးဆိုတော့ အစားအသောက်ပဲ မက်တာလေ
သွားချင်သေးတယ် ကိုအိမ်ရေ..
မြန်မာဆန်ဆန် အိမ်တစ်ခုကို နှင်းတွေကြား တွေ့လိုက်ရတာ တစ်မျိုးဘဲ..တစ်ခုခုခံစားရသလိုဘဲ..။
စိတ်ဝင်စားစရာပဲကိုအိမ်ရ...
အရင်က မကြားဖူးဘူး...
ဂျာမဏီရောက်ရင် သွားကြည့်သေးတာပေါ့...
းဝ)
ကျေးဇူးတင်ပါတယ် အိမ်ရေ
ဂျာမနီ ရောက်ရင် သွားဖြစ်အောင်ကိုသွားမယ်
မှတ်သားသွားပါ၏။
အော် အဲ့ဂလိုလဲ ရှိသေးတယ်ပေါ့ ခုမှ သိရတယ် နောက်လာမဲ့ အပိုင်းတွေ သိချင်သေးသဗျ
လေးစားလျက်
တောင်ပေါ်သား
ခရီးသွားမှတ်တမ်းလေးကို စိတ်ဝင်စားမိတယ်ဗျာ... ဓါတ်ပုံတွေပါ တင်ပေးတာ ကျေးဇူး.။
ခရီးသွားမှတ်တမ်းလာဖတ်ပါတယ် ဗဟုသုတတိုးသွားပြီ
ခရီးသွားမှတ်တမ်းက ဆက်ရန် တွေ ရှိသေးလား
နှင်းဖြူဖြူတွေနဲ့ မြန်မာ့ပန်းကနုတ်ကို မြင်လိုက် ရတာ မြင်ကွင်းက ထူးဆန်းနေတယ်နော်။
အကောင်းဘက်ကပဲ လှည့်တွေး ကြတာပေါ့
နိင်ငံငွေတွေ အပျောက်ရိုက်တာထက်စာရင် မြန်မာမှု အမှတ်တရ လေး ကျန်နေသေးတာ တော်ပါသေးတယ်ဗျာ။
ဒီအတိုင်းလည်း ပြောင် နေတာပဲမဟုတ်လား
ဒီလိုမျိုးကျတော့လဲ ကိုကိုအိမ်တို့က .. . လွင်မိုးခရီးသွားနေသည်လိုပဲ ဗဟုသုတတွေ သယ်ဆောင်လာတတ်ပြန်ပကောဗျာ။ ချီးကျူးပါတယ်။ ပုံကိုလဲ သေချာရိုက်လာတာ ကျေးဇူးပဲ။ ဒီလိုမှ ရိုက်မပြရင် တစ်သက်မြင်ဖူးမယ် မထင်တော့ဘူး။ အော်..တဂ်အကြွေးကတော့ အေးဆေးနော်။ အာပွားးး
နှင်းဝေနေတဲ့ မြေလွှာထက်က မြန်မာမှူပုံစံ အဆောက်အဦးကို ဓါတ်ပုံတွေနဲ့ အတိအကျ ဖော်ပြပေးတော့ မရောက်ဖူး မမြင်ဖူး မကြားဖူးတဲ့သူတွေ အတွက် အတော်ကို အမြင်ကျယ် အသိတိုးစေပါတယ်။
ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
သူများတွေလို သွားဖို့တော့အဆင်မပြေပေမယ့် ဓါတ်ပုံတွေ အသေအချာငေးသွားပါတယ်။ ဝေမျှတာကျေးဇူး။ အဆင်ပြေပျော်ရွှင်ပါစေ။
ကျေးဇူးပါ ..
ကိုအိမ်ရေ သမီးပျိုတို့ဖလိုက်ဂျာမနီ မရောက်တာနာတာပဲ ပိုက်ဆံအများကြီးရှိရင် အလက်စကာ မှာ မြန်မာအိမ်သွားဆောက်ဦးမယ်
ကျေးဇူး ကိုအိမ်ရေ
အားပေးနေမယ်နော်
သမီးပျို
ဟုတ်ပါ့ နှင်းတွေကြားမှာ မြန်မာဟန်ဗိသုကာလက်ရာကို မြင်ရတာ တစ်မျိုးပဲ အစပ်အဟပ်မတည့်သလိုလို၊ သဘောပဲကျရတော့မလိုလို
ဆရာလေးရေ ဇရပ်တွေ လာကြည့်တယ်း)
ဟယ် ...
အဲ့ဒါ တကယ် ..
ဗဟုသုတ တစ်ခုတော့ ရသွားပြန်ပြီ .. >>>
မှတ်တမ်းလေးကို စိတ်ဝင်စားမိတယ်ဗျာ ဓါတ်ပုံလေးတွေတော့မမြင်ရတော့ဘူး.. ပုံတွေပြန်တင်လို့ရရင်ကောင်းမယ်..
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း