Thursday, May 20, 2010

ဘလော့ဂါ သိုင်းလောက

16
၁။ ။ဘာ................... ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ခွေးရူးပျံသိုင်းကျမ်း အခိုးခံရတယ်.. ဟုတ်လား...။ပြီးတော့ တာဝန်ကျတဲ့လူကို ဖင်ကြော၊ရင်ကြော တွေပါအတွင်းအားသုံးပြီး ပိတ်သွားတယ်... ဟုတ်လား.....။"ညကတာဝန်ဘယ်သူကျလဲ" "တောင်ပေါ်သားတာဝန်ကျပါတယ်။" "ဘယ်လိုဖြစ်တာလဲ ဂမူးရူးဒိုး သိုင်းမှာဆရာတဆူဖြစ်တဲ့လူရဲ့ တာဝန်ကျတဲ့ ညမှ သိုင်းကျမ်းကြီး အခိုးခံရတယ်လို့ဗျာ... ပြောနေကြာတယ် သွားကြည့်ရအောင်ဗျာ...
" ဟုတ်ကဲ့.. ဟုတ်ကဲ့"

.................................................................
"ဘယ်လိုဖြစ်ရတာလဲ ဆရာသမားရယ်"
"ညက အရမ်းအေးတာရော အပေါင်းအသင်းကောင်းလို့ပါ ကျနော် အရက်သောက်လိုက်ပါတယ်။ ကျနော်နဲ့ သောက်တဲ့ အပေါင်းအသင်းထဲမှာ အနက်ရောင် သိုင်းလောက ကလူတွေ ပါမှန်းကျနော်မသိလိုက်ဘူး"
"ဘာ.... အနက်ရောင်သိုင်းလောက ကလူတွေ ဟုတ်လား....."
"သေချာတော့ ကျနော်လဲ မသိဘူး..၊ ကျနော်ထင်တာ ပြောတာပါ"
"ဘာကြောင့်ထင်ရတာလဲဗျ"
''ဒီလိုပါ ကျနော်အပေါင်းအသင်းတွေနဲ့ အရက်သောက်ပြီးလို့ လမ်းခွဲလာပါတယ်။ ပြီးတော့ တာဝန်ကျတဲ့ နေရာဆီမလာခင်မှာ အရမ်းအေးမှန်းသိလို့ အိမ်ဝင်ပြီး အသားကပ်ဘောင်းဘီ ဝင်ယူပါသေးတယ်။ တာဝန်ကျတဲ့ နေရာရောက်တော့ ဝတ်ထားတဲ့ ရှမ်းဘောင်းဘီကို ချွတ်ပြီး အသားကပ်ဘောင်းဘီဝတ်ပါတယ်..၊ ပြီးတော့မှ ရှမ်းဘောင်းဘီဝတ်ပါတယ်။ ဝတ်ပြီးတော့ အရမ်းလဲအေး၊ အရက်ကလဲမူးနေတာနဲ့ တမှေးလောက် မှေးမယ်ဆိုပြီး မှေးလိုက်တာ ခုမနက်အိပ်ယာထတော့ ကျနော့် အောက်ပိုင်းတွေ လုံးဝ လှုပ်မရတော့ဘူးဗျ။ ကျနော့်အထင်ကတော့ ဒီကောင်တွေ သိုင်းကျမ်းကြီးကို မခိုးခင်မှာ စိတ်ချလက်ချဖြစ်အောင် ကျနော်အိပ်နေတုန်းမှာ ကျနော့်ကို ရင်ကြော၊ ဖင်ကြောတွေ ပိတ်သွားတယ်ထင်တယ်။ အခု လုံးဝ လှုပ်မရတော့ဘူးဗျ အဟင့်ဟင့်ဟင့်.. ကယ်နိုင်ရင် ကယ်ပါဦးဗျာ"
"ခင်ဗျားတို့ တယ်ခက်တဲ့လူတွေပဲဗျာ.. ဒီလောက်အရေးကြီးတဲ့ အလုပ် လုပ်ရမယ်ဆိုတာ သိရဲ့သားနဲ့အရက်သောက်ရတယ်လို့ဗျာ...၊ သောက်ရင်၊စားရင်လဲ ကြည့်သောက်ပါလို့ သေချာမှာထားရက်နဲ့ ခုတော့ အဖြူရောင် သိုင်းလောက ကလူတွေ မေးရင် ဘယ်လိုဖြေကြမလဲ.........."
"ကျနော်လဲ ကြည့်သောက်တာပဲဗျာ မျက်လုံးမှိတ်သောက်မှ မဟုတ်တာပဲ"
"ခုတော့ ခလုတ်ထိလို့ အဖိတတာလား"
"ခလုတ်ထိလို့ အမိတာတယ် လုပ်စမ်းပါဗျ"
"ခင်ဗျားမသိရင် ငြိမ်ငြိမ်နေပါကိုမီးအိမ်ငယ် ခလုတ်ထိမှ အမိတတယ်ဆိုရအောင် ကျုပ်က မိန်းမမှ မဟုတ်တာ၊ ယောကျာင်္းဗျ၊ ယောကျာင်္း နားလည်လား မတစ်ထောင် တကောင်ဘွား ယောကျာင်္းနှာသမား..... အဲလေ... ယောကျာင်္ဇာနည်ဘွားဗျ။"
"တယ်ခက်တဲ့လူပဲ"...
"ကဲကဲ ခင်ဗျားကို ဘယ်အကြောတွေ ပိတ်သွားလဲ ကြည့်ရအောင် ခင်ဗျား သိုးမွှေးစောင် ဖယ်လိုက်ဗျာ.." "ကိုအိမ်..ဖင်ကြော၊တင်ကြောတွေ ဖွင့်ရင် ကြည့်ဖွင့်ပါနော် မတော်တာတွေ ဖွင့်မိမှ ကိုယ်ကျိုးနဲမှာဗျ ပြီးတော့ လူကြားလို့လဲ မကောင်းဘူးလေ နော်.. နော်လို့"
"ကျုပ်သိပါတယ်ဗျာ ခင်ဗျား စောင်သာ ဖယ်လိုက်ပါ..။"
" ဟာ"... "ဟင်" "အဟီးဟီး"
"ဆောတီးဗျာ ကျနော်ညက မူးမူးနဲ့ ရှမ်းဘောင်းဘီခြေတဖက်ထဲကို ခြေနှစ်ချောင်း ထိုးထည့်ပြီး အိပ်ပျော်သွားတာ မသိလိုက်ဘူးဗျာ အဟီးဟီး
"သြော်... ကျေးဇူးရှင် ခင်းဗျား လုပ်ပုံက ရန်သူတွေတောင် ချုပ်စရာ မလိုအောင် တမှေးဆိုပြီး ကုလားသေ၊ ကုလားမောလဲ အိပ်နေတဲ့ အပြင် ကိုယ့်ဘောင်းဘီနဲ့ကိုယ် ပြန်ချုပ်မိရက်သား ဖြစ်နေပါလားဗျ။ ခင်ဗျားအဖြစ်က တကယ့်ကို လူကြားလို့မှ မကောင်းပါလား... ကဲကဲ ဖြစ်လာမှတော့ ဘာမှ မတတ်နိုင်ဘူး၊ လုပ်စရာရှိတာ လုပ်ရအောင်၊မြန်မြန်ထဗျို့"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂ ။ ။ ဒီသိုင်းကျမ်းကြီးကို အလွန်တရာမှလိုချင်သူတွေကတော့...................................................................
ကဲဟေ့... အဖြူရောင် သိုင်းလောကမှာတော့ ခွေးရူးပျံသိုင်းကျမ်း အခိုးခံရတယ်တဲ့ဟေ့..။ ဒီတော့ တို့တွေ ခိုးသွားတဲ့ကောင်နောက် ခြေရာခံပြီး တို့တွေ အနှစ်နှစ်၊အလလက လိုချင်နေတဲ့ သိုင်းကျမ်းကို လိုက်ရှာယူကြစို့ဟေ့..........။
ဒီစကားကို အနက်ရောင်သိုင်းလောက ကဆရာကြီးတဆူ ဖြစ်တဲ့ကိုဂျုလိုင်အိပ်မက်ပါ။ သူ့ပုံစံက မျက်နှာမှာ အစဉ်းကြောင်းကြီးတွေနဲ့ ခါးမှာလဲ ကြာပွတ်တချောင်း၊ ဝက်သားခုတ်ဓါးမတလက်နဲ့ ခန္ဓာထွားထွားနဲ့ တကယ်ကြောက်စရာ အတိပါပဲ။ တချို့ကတော့ ထင်မှာပဲ မျက်နှာက အစင်းကြောင်းကြီးတွေက ရန်သူတွေနဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့လို့ ရခဲ့တဲ့ ဒဏ်ရာ၊ဒဏ်ချက်တွေလို့... အမှန်ကတော့ သူဟာ အမေရိကန်က ဇောရိုးကို အားကျပြီး ကြာပွတ်တချောင်းနဲ့ လက်သရမ်းတာမှာ ကြာပွတ်ပြန်အသိမ်းမှာ အသိမ်းမတော်တော့ ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်မိရင်း ရခဲ့တဲ့ ဒဏ်ရာတွေပါ။ ဒါကိုပဲသူက ဘယ်သူနဲ့ တိုက်ခိုက်တုန်းက ရခဲ့တာလေး ဘာလေးနဲ့ ကြွားလုံးထုတ်ပါတတ်ပါတယ်။ ဝက်သားခုတ်ဓါးမကတော့ ရာဇဝင်နဲ့ပါ၊ အဲဒီဓါးနဲ့ ယောကျာင်္းမဟုတ်၊ မိန်းမမဟုတ်တဲ့ ဂျီဖုန်းတွေကို လိုက်ခုတ်ဖူးလို့ပါ။

သူနဲ့ တွဲဖော်တွဲဖက်တွေကတော့ကိုရဲရင့်နီ .. သူ့ပုံစံကလဲ ရှောင်ရင်ထိပ်ဖူး မှာဆရာတဆူလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့တိုက်ခိုက်တဲ့ အခါ မရှောင်ပဲနေရင် လုံးဝကို မထိတာ၊ ရှောင်လို့ကတော့ သေချာပြီ ထိပ်ဖူးရင်းဖူး၊ မဖူးရင်ကွဲသွားမယ်၊ အဲဒီလောက်ကိုတော်တာ၊ အမြဲအဝတ်ဗလာကျင်းနဲ့ ခန္ဓာကိုယ်က ထွားထွား၊ နာမည်နဲ့လိုက်အောင် အသားအရည်ကလဲ ရဲပဒေါင်းခတ်နေတာ ဆေးနီကန်ထဲ လိမ့်ကျထားသလားတောင် ထင်ရတယ်။

နောက်တယောက်ကတော့ကိုဖိုးစိန်သူကတော့ ခေါမပြည်ရောက်နေတော့ ခေါမစစ်သားအတိုင်းပဲ ဝတ်စားထားတာများ ရုတ်တရက်ကြည့်လိုက်ရင် စကတ်ဝတ်ထားတဲ့ မာမီကြီးလိုလို၊ ဘာလိုလို၊ တော်သေးတာက အရပ်အမောင်းနဲ့ ရုပ်ရည်ကရှိနေလို့ပေါ့၊ ဒါပေမဲ့ အာရှဘက်မှာတော့ အထူးအဆန်းပေါ့ဗျာ။အောက်မှာ ခေါမ စစ်သားပုံ မမြင်ဖူးသူများ ကြည့်ရအောင် ပြထားပါတယ်။ သူကလဲ ဇကမသေးပါဘူး။

နောက်တယောက်ကတော့ကိုဖိုးဂျယ်ပါ။ သူ့ကိုယ်သူ ဗရုစ်လီသေလို့ ဝင်စားတာလို့် လူတွေကြားအမြဲပြောတတ်သူပါ။ ဟုတ်လဲဟုတ်မှာပါ။ သူ့ကြည့်လိုက်တိုင်း နှာခေါင်းတပွတ်ပွတ်နဲ့ ဗရုစ်လီစတိုင်ဖမ်းတတ်ပါတယ်။ အမှန်က သူ့မှာထိပ်ကပ်နာ ဖြစ်နေတာကို လူသိမှာစိုးလို့ ဖုံးကွယ်ထားတာပါ။

နောက်တဦးကတော့ဗီလိန်ပါ။သူကတော့ နာမည်နဲ့လိုက်အောင် ကျင့်ကြံတတ်သူပါ။ တဖက်ရန်သူကို မနိုင်တော့မှန်းသိရင် အဆိပ်ဗုံးတွေ ဘာတွေ သုံးပြီး တိုက်ခိုက်တတ်ပါတယ်။ သူ့ရဲ့ အဓိကလက်နက်ပုန်းကတော့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ခွေးလှားသီး အမှုန့်တွေပါ။ သူနဲ့ထိပ်တိုက်တွေ့ဖူးသူတိုင်း ကျောကော့ပြေးရပြီး နီးရာ ရေကန်၊ ဘုံဘိုင်တွေမှာ အဆိပ်ဖြေရပါတယ်။
ထိုအနက်ရောင်သိုင်းလောကမှ ဆရားကြီး၅ဆူနဲ့ အဖြူရောင်သိုင်းလောကမှ ဆရာကြီးတို့ ရှေ့ဆက်ဘယ်လို ဖြစ်ကြမယ်ဆိုတာ ဆက်လက်ဖတ်ရူနိုင်ရန်....................မျှော်........။



16 Response to ဘလော့ဂါ သိုင်းလောက

20 May 2010 at 18:14

ဘယ်လို သိုင်းကွက်တွေလာမလဲ သိချင်လိုက်တာ..
ဘောင်ဘီတစ်ဘက်ထဲ ခြေ၂ချောင်းထိုးထားတာတော့ ရယ်မိတယ်..:P

20 May 2010 at 18:27

ဝက်သားခုတ်တဲ့ ဓါးနဲ့ ခုတ်ခံချရင်တော့ ဘောပြား ဖြစ်ဖို့ လိုတယ်နော်။ သိတယ် မဟုတ်လား။ သိမှာပါ။ သတိတော့ထားပေါ့ကွာ။

20 May 2010 at 20:51

ဆက်ပါ ...
ဆက်ပါ ...
စောင့်မျှော် နေပါမည် ....

20 May 2010 at 20:53

သိုင်းဆရာကြီးကိုအိမ်ကျတော့ ဘာသိုင်းကျွမ်းလဲ မရေးထားသေးဘူး။ ဧကန္တတော့ ထိုင်ကန်တော့ ထွက်ပြေးသိုင်း ဖြစ်ရမယ် ဟိဟိ.

20 May 2010 at 20:54

ဆက်ပါ ...
ဆက်ပါ ...
ဆက်လက် ဖတ်ပါမည် ...

20 May 2010 at 20:55

ယောင်္ကျားမဟုတ် မိန်းမမဟုတ်တွေကို ခုတ်တဲ့ ၀က်သားခုတ် ဓားမဆိုတော့ ရှေ့ပိုင်းက ခုတ်ခဲ့တဲ့ ၀က်တွေကလဲ အထီးမဟုတ် အမမဟုတ် ဖြစ်လောက်တယ် :P ဆရာ့ရဲ့ ကိုယ်ပိုင် သိုင်းကွက်လေးလဲ လုပ်ပါအုံးဗျ

20 May 2010 at 22:07

ကိုဗီလိန်ရဲ့ အဆိပ်မှုန့်တွေကိုတော့ တော်တော်ကြိုက်တယ်ဗျို့ :D

20 May 2010 at 23:33

အယ် အူတက်ပါပြီ ရီလိုက်ရတာ
ကိုအိမ်ရေ နောက်ဆုံး ဗီလိန်ကို ခွေးလှားသီးအစား အီးပေါက်သိုင်းထည့်ပေးလိုက်ပါ့လား ဟားဟားးးးးးးးးးးးးးးးး

21 May 2010 at 08:01

ဖိုးစိန်ရဲ့ ခေါမစစ်သားပုံကို မြင်ယောင်ရင်း
ဆက်ရန်ကိုစောင့်မျှော်နေပါမယ်

21 May 2010 at 09:01

အစ်........
ယစ်..........
ဂစ်..............
ဗျစ်..................
ဟာ.... ထွက်ကျသွားပြီ။ :P

အိမ်လွမ်းသူ
21 May 2010 at 10:13

မျှော်နေပါမယ် အဖြူရောင်သိုင်းသမာတွေရော သူတို့ပုံစံတွေ မဖော်ပြတောဘူလာ
ကောင်းလိုက်တာ ရီ၇တယ်

21 May 2010 at 23:08

ဆရာလေးကတော့ လုပ်တော့မယ်ဗျာ
ရယ်ရတယ် ဆက်ရေးပါဦး
မြန်မြန်လေး ရေးနော်

ဖိုးဂျယ်

ဖိုးသင်္ကြန်
22 May 2010 at 12:03

မင်းသမီးလဲ ပါဘူး
အနည်းဆုံး မီးသမင်း ၁၀လက်လောက်ပါမှ သိုင်းဝတ္ထုမည်တော့မပေါ့ ရှီးရွှံ့ (ဂိုဏ်းတူအကို)ရ။

23 May 2010 at 15:19

သိုင်းတွေကလည်း အထူးအဆန်းတွေကြီးပဲ မကြားဘူးတာတွေ ကြားနေရတယ် ကိုအိမ် :P

27 May 2010 at 08:52

ဘာလို့ သိုင်းသမားတွေက အထီးတွေချည်း ဖြစ်နေရတာတုံး

27 May 2010 at 08:52
This comment has been removed by the author.

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း