အရိုးသားဆုံးနဲ့ အမှန်ဆုံးပြောပါဆိုရင်တော့ ... ဟုတ်ကဲ့ ရေးစရာအကြောင်းအရာ မရှိတော့လို့ပါ။ မရှိတော့ဘူးဆိုတော့ မရေးတော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ ရေးမှာပါ .. ကိုယ့်ခေါင်းထဲ ရေးစရာပေါ်လာရင်ပေါ့လေ။ ဒါပေမဲ့ ဘယ်တော့လဲ ဆိုတာတော့ မသိဘူး ခင်ဗျ။ ကိုယ်တွေက တကယ့် စာရေးဆရာတွေ မဟုတ်တော့ သူတို့လို စာတပုဒ် တပုဒ်ကို ဟောခနဲ ဟောခနဲ စက်နဲ့ လှည့်ထုတ်လိုက်သလား ထင်ရလောက်အောင် ပါရမီ မပါ ပါဘူး။ ကိုယ်ဥာဏ်မှီသလောက် ကလေးကို ကိုယ်ခံစားရသလို၊ နားလည်သလိုလေး ရေးရတာဆိုတော့ ဘယ်အချိန် ဘယ်ကာလဆိုတာတော့ အတိအကျတော့ မရှိဘူးပေါ့ဗျာ။
နောက်တခုက အရင်လို ဘလော့တွေက စည်စည်ကားကား မဟုတ်တော့တာလဲ ပါပါတယ်။ ဒါကလဲ ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မစည်ကားတော့တာနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီစာရေးခြင်း အလုပ်ဟာ ကျနော့်ဝါသနာတခု မဟုတ်ပေမဲ့ ဒီဘလော့လေးကို တွယ်တာမိတာတော့ အမှန်ပါ။ ဘဝရဲ့ မှတ်တိုင်တခုဆိုလဲ မမှားဘူးပေါ့။ ကိုယ့်ခံစားချက်ကလေးတွေကို ရင်ဖွင့်ရာ နေရာဆိုလဲ မမှားဘူး ပြောရမှာပါ။ ဆိုတော့ကာ .... ကျနော် ဆက်ရေးနေဦးမှာပါ ဘယ်တော့လဲ ဆိုတာတော့ မမေးပါနဲ့ ကိုယ်တိုင်လဲ မသိလို့ပါ။ ဘာပဲဖြစ်ဖြစ် ယနေ့အထိ လာအားပေးနေကြတဲ့ သူများအားလုံးကို အထူးကျေးဇူတင်ပါတယ်။

1 Response to ကြာပြီ
ဟုတ်ကဲ့ ကျနော်လဲ ရည်းစားမရှိ .အပေါင်းအသင်းတွေနဲ့ဝေး
အခန်းငယ်လေးထဲမှာတစ်ယောက်ထဲ ဆွေးနေတဲ့အခုချိန်လေးမှာ အတိုကြီးလို့ပဲ blog လေးတစ်ခု ကိုပဲချစ်သူလုပ် ၊ ခံစားချက်တွေဖွင့်ဟ၊သိတာလေးတွေဝေမျှ .. ဟုတ်ကဲ့ အဲလို့လေးလုပ်ချင်ပါသဖြင့်ကူညီပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။အကူညီပါtharchit0@gmail.com.....ဒီထက်မက အောင်မြင်ပါစေဗျ...ခံစားချက်လေကိုနားလည်နိုင်မယ်ထင်ပါတယ်ခင်ဗျ......
Post a Comment
အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း