Friday, August 21, 2009

အဆစ်

26
ဈေးဝယ်ရင် အဆစ်တောင်းတတ်တာမျိုး ကြုံဖူးကြမှာပါ။ တချို့လဲ ကိုယ်တိုင် ဈေးဝယ်ရင်း အဆစ်တောင်းဖူးကြ မှာပါ။ ဒီလိုအဆစ်တောင်းကြတာကလဲ ဈေးဝယ်သူဘက်က ပြောမယ်ဆိုရင် တချို့က အလေးခိုးသလို၊ တချို့ကျ ဈေးတင်တတ်ကြတော့ ဝယ်သူအနေနဲ့က အလေးခိုးတာလဲ မသိ၊ ဈေးတင်ထားတယ်ဆိုတာလဲ မသိဘူးလေ ဒီတော့ ဝယ်သူစိတ်ထဲ ဝယ်လဲဝယ်ချင်တယ်၊ မတန်မှန်းလဲ သိတယ်၊ အကယ်၍ အလေးခိုးထားတို့၊ ဈေးတင်ထားတာတို့ ရှိခဲ့ရင်လဲ ထေမိ၊ကာမိအောင် လုပ်တဲ့သဘောနဲ့ အဆစ်တောင်းတာတို့ ဈေးဆစ်တာတို့ လုပ်တတ်ကြပါတယ်။
အဲဒီလိုပဲ ရောင်းသူဘက်ကလဲ အမြတ်များများ ကျန်အောင်ရယ်၊ တချို့ဈေးဝယ်တွေက အဆစ်တောင်းတာတို့၊ ဈေးဆစ်တာတို့၊ အလေးခိုးမခိုး ကြည့်တာတို့၊ ဈေးမှန်ကို သိနေတာတို့ကြောင့် သူတို့ဘက်ကလဲ ထေမိ၊ကာမိပြီး အမြတ်ကျန်အောင် နည်းမျိုးစုံ သုံးကြပါတယ်။
ဒါကလဲ ပြောမယ်ဆို သူတို့လဲ ဒါနဲ့ စီးပွားရှာနေတာဆိုတော့ အပြစ်တော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ ဝယ်သူဘက်ကလဲ ပေးရတာနဲ့တန်အောင် နည်းမျိုးစုံသုံးပြီး ဈေးဆစ်တာတို့ အဆစ်တောင်းတာတို့ စသည်ဖြင့်ပေါ့ဗျာ လုပ်တတ်ကြပါတယ်။


ဒါပေမဲ့ ဈေးဆစ်တယ်ဆိုတာ၊ ဈေးခေါ်တယ်ဆိုတာ သူ့နေရာနဲ့သူပါ။ တချို့နေရာတွေမှာတော့ ဈေးမဆစ်ကောင်းတာ ရှိသလို၊ ဈေးဆစ်လို့ မရတာတွေလဲ ရှိပါတယ်။ ဥပမာပေါ့ဗျာ ရောင်းသူကလဲ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရောင်းတာကို ဈေးစစ်တာမျိုးတို့၊ ဒီပစ္စည်း ဒီလောက်တန်မှန်းသိရဲ့သားနဲ့ ပေါချောင်ကောင်း ရမလားလို့ ဈေးနှိုက်ကြည့်တာမျိုးတို့.... ဒါက သဘောပြောတာပါ။ ဘာပဲဖြစ်ဖြစ်လေ ဝယ်သူအနေနဲ့ကတော့ ဈေးနဲလေ ပိုကောင်းလေပေါ့ဗျာ ဟုတ်ဘူးလား...။ အလကားရရင် အလကားတောင် လိုချင်ကြတာဆိုတော့.......။
ကျနော်ကြုံခဲ့တာကျတော့ဗျာ... ဈေးဆစ်တာ အဆစ်ပေးလိုက်လို့ ကျနော်ကိုယ်တိုင်က အဲဒီအဆစ်ဆိုတာကြီးကို ခါးခါးသီးသီးငြင်းခဲ့ပြီး ဈေးရောင်းသူ တောင်းသလောက် ပေးခဲ့ရပါရောလားဗျာ..။ တကယ်ဗျ... ရောင်းသူက ရက်ရက်ရောရောနဲ့ အဆစ်တခုပေးတာကို ကျနော်ကိုယ်တိုင် ကြောက်လန့်တကြားနဲ့ ခါးခါးသီးသီးငြင်းခဲ့တာဗျ။
ပြောပြရရင်တော့ဗျာ........................................
ကျနော် အသက်၁၉ကျော်လောက်မှာ ကျနော့်အဖွားရဲ့ အမ ဆုံးပါးသွားပါတယ်။ ကျနော်တို့ရဲ့ ဂျီးဒေါ်ခေါ်မလား မသိဘူး၊ ကျနော်တို့ကတော့ ဘွားကြီးလို့ပဲ ခေါ်တယ် ထားပါတော့ဗျာ....။ သူ့မှာက သားထောက်၊သမီးခံ မရှိဘူးဗျ သူနဲ့ သူ့အမျိုးသားနှစ်ယောက်ဘဲ ရှိပါတယ် နေတာက သကျွင်္န်း၁၆ရပ်ကွက်မှာပါ။ ဒီတော့ဗျာ ကျနော့်အဖွားက မွေးထားတဲ့ သူတွေကိုပဲ သူချစ်ခဲ့ရတယ်ဆိုပါတော့... ။ ကျနော်နဲ့တော့ မတည့်ဘူးဗျ ဆိုးလို့တဲ့လေ။ ဒါပေမဲ့ သူဆုံးပါးခါနီး ၁နှစ်လောက်မှာ (ကျန်းကျန်းမာမာပါပဲ အဲဒီအချိန်မှာ) ကျနော်နဲ့ အတော့်ကို အစည်းကပ်သွားတယ်ပဲ ဆိုပါတော့။ ဒီလိုနဲ့ သူဆုံးပါးသွားတော့ သူ့အသုဘအတွက် ဦးစီး ဦးဆောင်လုပ်ဖို့ လူကလိုလာတယ်။ သူ့အမျိုးသားကလဲ အသက်အတော်ကြီးနေပြီဆိုတော့ ကျနော့်အဖွားကိုပဲ ကြည့်ကောင်းသလို လုပ်ပါ ဆိုပြီး လွှဲလိုက်ပါတယ်။ ဒီတော့ ဒီကိစ္စအကုန်လုံးကို အဖွားဦးဆောင်ပြီး ဘယ်သူဘာလုပ်၊ ဘယ်ဝါ ဘာလုပ်ပါ ဆိုပြီး စီမံခန့်ခွဲတာပေါ့ဗျာ။ ဒီလိုစီမန်ခန့်ခွဲတော့ ကျနော့်တာဝန်က ဘာလဲဆိုတော့ ရန်ကုန်မှာ ရှိတဲ့အမျိုးအကုန်လုံးဆီကို လျှောက်သတင်းပို့ဖို့နဲ့ ယပ်တောင်အော်ဒါမှာ ဦးချစ်ထွန်း၊ ဒါမှမဟုတ် ဦးချစ်ထွေး ဆီမှာ အခေါင်းမှာဖို့တာဝန်ကျပါတယ်။
တာဝန်ကျပြီဆိုတော့ ဖုန်းရှိတဲ့အိမ်ကို ဖုန်းဆက်တန်ဆက်၊ မရှိတဲ့အိမ်ကို လူကိုယ်တိုင်သွားတန်သွား၊ ယပ်တောင်အော်ဒါသွားမှာနဲ့ အလုပ်ကို ရှုပ်ရောဗျာ။ ယပ်တောင်အော်ဒါမှာတဲ့ နေရာရောက်လို့ ဈေးမေးတော့ မြက်ယပ်တောင်က ဘယ်ဈေး၊ ပလတ်စတစ်က ဘယ်ဈေးနဲ့ပြောတော့ ကျနော့်ကို အသိတယောက်ပြောလိုက်တဲ့ဈေးနဲ့က အတော့်ကို ကွာနေပြီဗျ ဒီတော့ ဈေးညိုဘာညာနဲ့လုပ်ရတာပေါ့။ ဈေးကလဲ တော်ရုံကွာတာ မဟုတ်ဘူးဗျ ၁၀၀၀လောက်ကွာနေတာ(အဲဒီတုန်းက ၁၀၀၀ဆိုတာ အတော်တန်ဖိုးရှိပါတယ်) ကလေးဆိုပြီး ညုပ်ချတာလားတော့ မသိဘူးဗျ။ဒါပေမဲ့ ကျနော်လဲ ဈေးနှုန်းသိပြီးသားဆိုတော့ သူတို့ လုပ်လို့မရဘူးလေ။ နောက်ဆုံး ဈေးတည့်သွားတယ်ပဲ ဆိုပါစို့ လူလဲ အတော် ဒေါသဖြစ်ရပါတယ်။
ဒီလိုနဲ့ အခေါင်းမှာဖို့ ဦးချစ်ထွန်းဆီရောက်တော့၊ ကျွန်းသားဆို ဘယ်ဈေး၊ ထင်းရူးသားဆို ဘယ်ဈေး၊ဘာညာနဲ့ ညိုရပြန်ရော( အံမယ် သူတို့ကလဲ အချဉ်မဟုတ်ဘူးနော် အယ်လ်ဘမ်တခုယူလာပြီး အခေါင်းပုံတွေ ပြပြီး ဘယ်ဟာ ဘယ်ဈေးလို့ပြောတာဗျား) ဒါနဲ့ ကျနော်ကြားဖူးထားတာပေါ့နော်.... အသုဘရှင်တွေက ဘယ်အခေါင်းပဲ ရွေးရွေး သူတို့က မီးင်္သဂြိုလ်ဖို့ စက်ထဲရောက်ပြီ ဆိုတာနဲ့ အခေါင်းကို ဖယ်ထုတ်၊ အလောင်းပေါ်မှာရှိတဲ့ အဝတ်အစားအကောင်းတို့ ဘာတို့ဆို ချွတ်ယူပြီးမှ မီးင်္သဂြိုလ်တယ်လို့ ကြားဖူးပါတယ်။ သေချာတော့ မသိပါဘူး သူများပြောတာ ကြားဖူးတာပါ။
အဲဒီလိုမျိုး ကြားဖူးနေတော့ ကျနော်စဉ်းစားတယ် အခေါင်းကို သာမာန်အခေါင်းလောက်ပဲ ဝယ်မယ်ပေါ့ဗျာ။ ဒီတော့ ဈေးဆစ်ရပြီလေ...... ဈေးဆစ်တော့ .......
"ဦးလေး တောင်းတာများတယ်ဗျာ ၃၅၀၀ကို နဲနဲတော့ လျော့ပါဦးဗျာ......"
" ဟ..ကောင်လေးရ အခေါင်းက ထင်းရူးသားဆိုပေမဲ့ အပေါ်ဖုံးမှာ မှန်တပ်ထားတယ် အခေါင်းပါတ်လည် အပြည့် ပလတ်စတစ် အကောင်းစား အုပ်ပြီး အလှဆင်ပေးထားတယ်၊ ဖဲကြိုး တပ်ပေးထားတယ်။ လှမလှ မင်းကိုယ်တိုင် ဓာတ်ပုံထဲမှာ မြင်တဲ့ အတိုင်းပဲလေ၊ ပြီးတော့ ထင်းရူးသားဆိုပြီး အထင်မသေးနဲ့ သူလဲ ဈေးမသေးဘူးကွ၊ ငါတို့မှာလဲ အလုပ်သမားခ၊ သစ်ခွဲခ၊ ဘာညာနဲ့ ရှိသေးတယ်ကွ....။ "
"ဟုတ်ပါတယ်ဗျာ.... ကျနော်တို့ အနေနဲ့ကလဲ မီးရှို့ပစ်ရမှာဗျ ဒါပေမဲ့ လူမြင်ကောင်းအောင် လုပ်ရဦးမယ် မဟုတ်လား ပြီးတော့ ဒီအခေါင်းကို ခဏပဲ မြင်ရမှာဗျ။ "
" မင်းကွာ ကိုယ်စီးလာတဲ့ကားမှ အားမနာဘူး...။ ဒါဖြင့် ဒီလိုလုပ် ငါတော့ တပြားမှလျှော့လို့ မဖြစ်ဘူး ဒီတော့ မင်းကို ငါ အဆစ်ပေးလိုက်မယ် ဟောဟိုမှာ တွေ့လား အခေါင်းတခုလုပ်နေတာ ..... အေး... အဲဒါသာယူသွားပေတော့......။ "
" ဂွီ... အဲလေ..ဗျီ...မှားပြန်ပြီ... ဗျာ.... အဟီးဟီး ဦးလေးက နောက်နေပြန်ပါပြီဗျာ.... ကဲကဲ... ရော့..ရော့ ..ဦးလေး ပြောတဲ့၃၅၀၀ တပြားမှမလျှော့ဘူးသိလား..... ရေကြည့်ဦးနော်....။ တနင်္လာနေ့ င်္သဂြိုလ်မှာနော် သွားပြီနော် ဦးလေး အဟီးဟီး...။ "
" ဟေ့...ကောင်လေး မင်းကို အဆစ်ပေးတဲ့ အခေါင်း ယူသွားဦးလေ....ဟေး...ဟေး ..ကောင်လေး.... အော်.. ဒီကောင်လေးနှယ် ပြေးတာမှ တန်းနေတာပဲ ခြေထောက် မော်တာ တပ်သွားသလားတောင် ထင်ရတယ်။ "
ကဲ..... ဈေးဆစ်တာတို့ ...အဆစ်တောင်းတို့မှာ ကြည့်တောင်းနော် တော်ကြာကျနော့်လို ဖြစ်နေမယ်ဗျ..။ တရုတ်လူမျိုးတွေက သူတို့မင်္ဂလာဆောင်ရင် င်္သချိုင်းမှာ မြေဝယ်ပြီးသားလို့ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ မသိဘူး။ အခုလို အဆစ်သွားတောင်းရင် ကျနော့်လိုဖြစ်နေမှ င်္သချိုင်းမြေဝယ်စရာ မလိုဘဲ အိမ်ပေါ်မှာတင် အခေါင်းကို တင်ထားလို့ ရနေမှာဗျ... အဟေဟေဟေ အဲလိုသာဆို မုန့်ဟင်းခါး လာဝါးမဲ့သူတွေက ဗိုက်တပြင်ပြင်နဲ့ အိမ်ဝမှာ လာစောင့်နေမှာဗျ....။

26 Response to အဆစ်

21 August 2009 at 22:12

အနော်လဲဘလော့ဂါတွေလိုပဲ..1 ယူကြည့်မယ်.အဟက်
ဖတ်ပြီးပြီ ဖက်တီးပုတ်ရေ..
အဆစ်တော့မတောင်းတော့ပါဘူး..:P

21 August 2009 at 23:05

ကိုအိမ်ရေ... မီးလေး စိတ်ညစ်နေတာတောင် ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး...
ကျေးဇူးပါ...

21 August 2009 at 23:09

အဆစ်တောင်းလည်း ကာလံဒေသံရှိတာပေါ့နော်

21 August 2009 at 23:34

ရော် ခက်တာပဲ အခေါင်းကို အစစ်ပေးနေတာ ယူလိုက်ပြီးတာပဲ... ပြီးရင် တခြားနေရာမှာ... ပြန်ရောင်း ဒါမှမဟုတ် လိုနေတဲ့သူကို လှူလိုက်ပေါ့ဗျာ။

အဟား... =)

ကျွန်တော်က အဆစ်တောင်းတာတော့ ၀ါသနာ မပါဘူး ခင်ဗျ။ ဈေးဝယ်စရာရှိရင် လိုတဲ့ပစ္စည်း မှန်ရင် ဈေးလည်း မဆစ်ဘူး။ ဒီအတိုင်းပဲ ၀ယ်လိုက်တာ များတယ်။ မလိုတဲ့ဟာဆိုရင် အလကားပေးတောင် မယူချင်ဘူး။ ထားစရာ နေရာ မရှိလို့။

21 August 2009 at 23:48

ယူထားလိုက်ရမှာဗျ။
တစ်ခါဝယ် တစ်လုံးဆို နောက် ဆိုင်ခွဲတောင် ဖွင့်လို့ရလောက်ရဲ့။

လာ အားပေးတော့ဘူးနော့

22 August 2009 at 00:07

ပက်လက်ထားတော့ အခေါင်းနဲ့တူပေမယ့် ထောင်ထား လိုက်ရင် ဘီဒို ဖြစ်သွားတာပေါ့ဗျ..အလယ်က အကန့် လေးတွေလုပ်ထားလိုက်ရင် သူငယ်ချင်း အင်္ကျီတထပ်
ဘောင်းဘီပုဆိုး တထပ်တောင် ထားလို့ရသေးတယ်။
နေရာကျန်သေးရင် ရည်စားစာတွေတောင်
သိမ်းလို့ရတယ်..။အပိုပေးတာများ ငြင်းရတယ်လို့။

စာကြွင်း။ကျွန်ုပ်တွင် ဘီဒိုမလိုအပ်ပါ...။

22 August 2009 at 00:08

ကွန်မန့်ကအပေါ်မှာပေးပြီးပြီ ဒါက အပိုလိုချင်တဲ့ သူငယ်ချင်းအတွက် အဆစ်ထပ်ပေးတာ...။

22 August 2009 at 00:29

ကိုအိမ်ကလည်း အဲဒီတုန်းက အဆစ်ကို လက်ခံထားလိုက်ရင် ခုပေါက်ဈေးနဲ့ဆို တော်၂ အဆင်ပြေမှာ ကို မယူဘူး :P

22 August 2009 at 01:37

အမယေးးးးး အဲအစစ်ကြီးတော့လိုချင်ဝူးးး ဖြစ်မဖြစ်ရလေနော်

22 August 2009 at 03:19

အဖုံးဖြုတ်လိုက်ရင် နွားစာခွက် လုပ်လို့ရသေးတယ်
အခုမှသတိရလို့ လာထပ်ပြောတာ...။
ရေလုံလို့ကတော့ သူငယ်ချင်း လှေလုပ်စီးလို့တောင် ရတယ်...။စိတ်ကူးမလွဲနဲ့....။
နောက်ထပ်ဘယ်လိုအသုံးချလို့ရသေးလည်းစဉ်းစားပြီး လာပြောအုံးမယ်...။
မှောက်လိုက်ရင် စာပွဲအရှည်လေးလည်းရတယ်...။
နောက်ဆုံးထင်းအဖြစ်သုံးလို့ရသေးတယ်...။

ကဲအသုံချပုံတွေ သိပြီဆိုတော့ လွတ်တဲ့ငါး ကြီးကြောင်း သိပြီမဟုတ်လား...။

22 August 2009 at 04:12

ကျနော့်ကိုအဲလိုပေးလို့ ကတော့ ယူတယ်ဗျို့


ယူပြီးရင် မသာပွဲစားတွေဆီ ပြန်ရောင်းစားမယ်လေးး

မကောင်းဘူးလားးး

ကိုပိုင်ပြောတဲ့ အတိုင်း ဆိုရင်လဲ တော်တော်လေး အသုံးဝင်တာပဲ ..အဟီးးးး


စီးပွားရေး အမြင်တွေ နဲ့ ကြည့်သွားပါတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

22 August 2009 at 08:56

မြတ်စွာဘုရား

ဒီအဆစ်တော့ မလိုချင်ဘူး။ နမိတ်ကောင်းဘူးတော့။
း(

ဒီတစ်ခါတော့ အိမ်ရဲ့ ဆုံးဖြတ်ချက်မှန်သွားတယ်။ အလကားရနည်းလားဆိုပြီး ယူလာခဲ့ရင် သေပြီ။
း)

22 August 2009 at 10:12

အဟား သွားဆစ်တာကိုးဗျး) အဆစ်မတော် တခေါင်းဆိုတာ ဒီလိုနေမယ် အကိုရ နောက်ဆို သတိထား
း)


လေးစားလျက်
တောင်ပေါ်သား

22 August 2009 at 13:38

အေးလေ ဟိုလူကြီးက အဆစ်လဲ ပေးရသေးတယ် ခင်ဗျားဗျာ ယူလိုက်တာမဟုတ်ဘူး ဟိဟိ

22 August 2009 at 15:42

ဟားဟားဟား
လိုချင်အုန်း အဆစ်...

အမှန်က "အလကားရရင် အလကားတောင် လိုချင်ကြတယ်" ဆိုတဲ့ ဗမာလူမျိုးတွေရဲ့ စိတ်ဓာတ်ကိုက မကောင်းတာ...

တန်ရာတန်ကြေးဆိုတာ ရင်းနှီးမြုပ်နှံမှုတခုကို အသိအမှတ်ပြုတဲ့သဘောပါ...

ပေါင်တတ်ကရယ်လေးဆယ် ငါးဆယ် ရှာကြံရေးတတ်ပါပေ့...

းဝ)

22 August 2009 at 15:42

မြစ်ကျိုးကို အားကျလို့ အဆစ်ထည့်ပေးခဲ့တယ်...

းဝ)

22 August 2009 at 17:45

ယူခဲ့တာ မဟုတ်..သူ့ခမျာ စေတနာနဲ့ပေးတာကို..ဟိ

22 August 2009 at 21:18

ကိုအိမ်ရေ.... နောင့် ကတော့ ငယ်ငယ်ထဲက ဈေးဆစ်တဲ့ အဖြစ်ကို အင်မတန်မှ အားနာတာပဲ.... သူများတွေ ဈေးဝယ်သွားလို့ အဖော်လိုက်ပေးရင်လဲ မဆစ်နဲ့နော် လို့ ကြိုမှာထားတယ်... မျက်နှာပူလို့....း))

22 August 2009 at 22:01

ဟာဟ... ပေးတဲ့သူက ပေးတာတောင် မယူဘူး။ ဒါမျိုးဆို သေရမှာတော်တော်ကြောက်နေတယ် ဟုတ်လား... ဟွန့်
ပြောချင်ဘူးပြောချင်ဘူး... အပိုပေးတာကို သိမ်းထားပေါ့ ။ နောက်သေတဲ့အခါကျ ကိုယ့်မိသားစုက ကိုယ့်အတွက် ၀ယ်စရာမလိုတော့ဘူး.. (အော်..အသုံးဝင်ပုံပြောပါတယ်..ဟိဟိ.)..:P

22 August 2009 at 22:20

တောင်းသင့်တဲ့ နေရာကတော့ တောင်းရမှာပဲ ကိုအိမ်ရ.. ဥပမာ မိန်းမယူရင် ဘ၀ဆိုတာတိုက်ပွဲ.. ခယ်မဆိုတာ ... ဟဲ ဟဲ ... :P အဲ့လိုအဆစ်မျိုးတော့ မတောင်းနဲ့ ခေါင်းပြုတ်သွားလိမ့်မယ်လို့ပြောတာပါ :)

24 August 2009 at 12:46

ကိုဂျီးအိမ်က ဖက်တီးပုပ်ကြီးလားဗျ။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က မြင်လိုက်တယ်။ ဟိ။ ( အပေါ်ဆုံးက ကွန်းမန့်တွင်။ )

ကိုကျိုးကတော့ လုပ်တော့မယ် ပေါက်ကရ။ သူကျတော့ မလိုဘူးတဲ့။ ဟားဟား။

အာ ညံ့ပါ့ ကိုဂျီးရာ။ ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့ ခေတ်ကြီးမှာ အပိုရ နဲလား။ ခုနေ ကိုဂျီး ဂိန်ရင် အခေါင်းမှာရတဲ့ အလုပ်တစ်ခုလျော့နည်းလားနော်။နောက်ပြီး ပိုက်ဆံကုန်လဲ သက်သာဦးမယ်။ ဟီးဟီး။

ပြေးပြီဗျိုးး။ မျက်နှာကြီးနီပြီး လိုက်ရိုက်တော့မယ်။ ဟားဟား။ =]

24 August 2009 at 17:41

ဈေးကို ဈေးမှန်ထက် ပိုတောင်းတတ်တဲ့ အကျင့်။
ဈေးမဆစ်ပဲ မဝယ်တတ်တဲ့ အကျင့်။
ဒီ ၂ ကျင့်က မြန်မာတွေ ရဲ့ စိတ်ထဲမှာ အရိုးစွဲနေပါပြီ။ သူ့ကီးနဲ့ သူ ကိုက်နေပေမယ့်။ ကောင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်တာ အမှန်ပဲဗျ။

25 August 2009 at 10:11

အပေါ်က 1 to 49 က မနောမနပ်စ် ပေးထားတဲ့  ချဲနံပါတ်တွေလားဗျိုး ။
သူလဲ အဆစ်ပေးသွားတာ ဖြစ်မယ် ။။
ထိုးလိုက်။ ပေါက်ကိုပေါက်မယ် ..ဂဏန်းတွေ ဂလောက် အများကြီးဆို ပြေးမလွတ်ဖူး ။ ဟဲဟဲ ..

အဆစ်တောင်းလို့ ရတာ မဟုတ်ပေမဲ့  အဲ့ လို ခေါင်းတလားတွေကို ကိုယ်မသေခင်တည်းက ပြင်ထားတာ တွေ့ ဖူးတယ် ။ အမ တို့ ငယ်ငယ်က ရှမ်းပြည် အင်းလေးနားက ရွှေဥဒေါင်းတောင် ဆရာတော်ဘုရားကြီးရဲ့ ကျောင်းမှာ သူပျံလွန်တော်မမူခင်တည်းက လုပ်ထားပြီးသားလေ ။
အမတို့ ကလည်း မျောက်ရှုံးလေးတွေဆိုတော့ အဲ့ ဒီထဲ ဝင်အိပ်ပြီး ဆော့ခဲ့ ကြသေးတာ ။
များသောအားဖြင့် အခေါင်းဆိုတာ ကို အ.မင်္ဂလာလို့  ယူဆကြတယ် ။ ဒါပေမဲ့ ကိုယ့်အတွက်ပြင်ဆင်ထားစရာရှိတာကို သတိပေးနေသလို သဘောဆောင်တယ် လို့ ယူဆရင်တော့ ဘာမှ ကြောက်စရာ မရှိဘူးလို့ ထင်ပါတယ် ။

အဆစ်ပေးတာထက်စာရင် အစစ်ပေးတာ ပိုကြိုက်တယ်.. အဲ့ ဒါဆို အတုတွေ ပြေးပေရော..
အဲ ..မဆိုင်တာတွေ ရှည်မိပြီ..

ခင်မင်လျှက်
မကိကီ..

25 August 2009 at 10:37

အစစ်ပိုရတဲ့ခေါင်းလေးတော့ သိမ်းမထားဘူုး အဆင်သင့်ဘဲ အခုဆို........ဟဟဟဟဟ

25 August 2009 at 19:31

ဟားဟား ကိုအိမ်တို့ ကတော့ ဖြစ်လိုက်ရင်
ဟုတ်ပါ့ အဲလူတွေ ချမ်းသာတာလည်းမပြောနဲ့ 
အေးမြသာယာပါစေ
ရန်ကုန်သား
:D

မငုံ
25 August 2009 at 22:59

အဆစ်တောင်းရဲတော့ဘူး။ :)

Post a Comment

အခုလို တကူးတက လာရောက် ဝေဖန်၊မြှောက်ပင့်၊အားပေး၊အချွန်နဲ့မ
အဲဒီထဲက တခုတခုနဲ့ လာရောက်ရေးသားသည်ကို အထူးစပါယ်ရှယ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း